Monday, August 23, 2010

မေ့မရသောနေ့ တနေ့ 

တနင်္ဂနွေတစ်ပတ်ပေါ့ ဒီနေ့ရောက်ဖို့ တစ်လကြိုတင် တမ်းတမ်းတတပါပဲ။ ဒီနေ့မှာ တိုပါးရိုးဘုရားသွား ကုသိုလ်ကောင်းမှုလေးလုပ် ပြီးတော့ အဖေကျမ်းမာသက်ရှည်အောင် ဆုတောင်းရင်း အနည်းငယ်တော့ ဝမ်းနည်းမိတာအမှန်။ အဖေဘေးနားမှာနေပြီး ပျော်ရွှင်တဲ့မွေးနေ့ပွဲလေး မလုပ်ပေးနိုင်ခဲ့ပေမဲ့ အဝေးတနေရာကနေတော့ ဆုတောင်းပေးနေပါတယ် အဖေ။

ဘုရားက အပြန်လမ်းတစ်လျှောက် တွေးချင်ရာတွေးပေါ့ ငယ်ငယ်က အတွေးပေါင်းစုံခေါင်းထဲဝင်လာပါတယ်။ မိုးငယ်ငယ်က မိုးမောင်နှတွေကို မိဘတွေက ပိုဂရုစိုက်ရင်တော့ ဘယ်လိုမှမနေပေမဲ့ မိုးမိဘတွေ သူတခြားသူစိမ်းခလေးတွေကို ချီထားတာတို့  ချစ်နေတာတို့ တွေ့ရင်တော့ ထောင့်တစ်ထောင့်နားကပ်ပြီးငိုနေတတ်ပါတယ်။ မောင်နှမတွေမှာ မိုးကအကြီးဆုံးဖြစ်တော့ အငယ်တွေကို မိဘတွေက ပိုဦးစားပေးတတ်ကြတာ သဘာဝပါပဲ ဒါကိုငယ်ငယ် မိုးကိုသိပ်မချစ်ဖူးလို့  ခံစားချက်တစ်မျိုးဝင်ဖူးပါတယ်။ အဖေက အမြဲတမ်း ဘာဝယ်ဝယ်တန်းတူညီမျှရှိတတ်ပါတယ်။ ဂရုစိုက်တာတော့ မတူသလိုပါပဲ။ ဒါကလည်း ကြီးလာတော့ မေတ္တာဆိုတာ သူ့ လိုလိုဖြစ်လာတဲ့တွက် ဒီပေါ်မှာအမြင်ပြောင်းသွားခဲ့ပါတယ်။ ဘယ်သူ့ ပိုဂရုစိုက်စိုက် ပိုချစ်ချစ် မိုးတွက်အရေးမကြီးတော့ပဲ မိုးဘက်က မိဘမောင်နှမပေါ်ကောင်းဆုံး ကျေးဇူးပြုနိုင်တဲ့သူ ဖြစ်ဖို့ ကသာ မိုးတွက်အရေးကြီးဆုံးဖြစ်လာခဲ့ပါတယ်။

ကြီးလာတော့ မောင်နှမတွေ ဘက်ကတော့ တစ်မျိုးမြင်ပြန်ရော မိဘတွေက မိုးကိုပိုချစ်ကြတယ်ပေါ့ သူတို့ကတစ်ခါ ဒီလိုခံစားလာ ပြန် ရော။ အမှန်တော့ လိုအပ်တဲ့သူကို လိုအပ်တဲ့အချိန်မှာ အကောင်းဆုံးဖြစ်လုပ်ပေးလိုက်တာပါ။ ဒါကို ငယ်တဲ့သူတွေအနေနဲ့ ဥာဏ်မမှီပဲ အမြင်တွေက မှားတတ်ကြတာမျိုးပေါ့။ အဲဒီအမြင်မှားတဲ့ထဲမှာ မိုးလည်းတစ်ယောက်အပါဝင်ပါပဲ။ နည်းနည်းလေးဆုတာမပြောနဲ့ လေသံလေးမာမာနဲ့ပြောရင်တောင် ဝမ်းနည်းမျက်ရည်ကျတတ်တဲ့ မိုးပါ။ ငယ်ငယ်တုန်းကတော့ ငိုရင်အသံထွက်ပေမဲ့ ခုတော့လည်း မျက်ရည်သူများမြင်မှာ အလွန်ရှက်ပြီး မငိုမိအောင် အံကြိတ်ထားတတ်ပါတယ်။ ငယ်ငယ်တုန်းက အကြောင်းတွေသာ ပြောရရင် ပြီးတော့ မှာမဟုတ်တော့ပါဖူး။ အမှန်တော့ အဖေ့တွက် ဆုတောင်းပေးနေရင်း ဝမ်းနည်းလာမိတယ်။ ဒါနဲ့ ဘုရားမှာ လုတွေများကြီး မျက်ရည်ကျရင် သူများမြင်ရင်ရှက်ပါတယ်ဆိုနေ ထိန်းမရပဲ ထူးဆန်းစွာ တစ်ဖက်တည်းကျမိပါတယ်။ ဒီချိန်လောက်ဆို အဖေ့မွေးနေ့ကို ပျော်ရွှင်စွာ ဖြတ်သန်းမှာပါ စဉ်းစားမိရင်း ကျေနပ်မိပြန်ပါတယ်။ ခုချိန်မှာ အရေးကြီးဆုံး မိဘနှစ်ပါး ကျမ်းမာသက်ရှည်ဖို့ပဲ ဆုတောင်းမိပါတယ်။
အဖေ့မွေးနေ့ကတော့ နှစ်ပတ်လွန်ခဲ့ပါပြီ ခုမှတင်ဖြစ်ပါတယ။် မအားထာထက် အလုပ်ကခေါင်းစားတော့ စားရေးချင်စိတ်တော့ပျောက်ပြီး ဦးနှောက်ကလည်း ဟမ်းသွားသလိုလိုပါပဲ။ နဂိုတည်းကလည်း စားရေးကောင်းတာမဟုတ်တော့ ပိုဆိုးသွားပါပြီ။း)
မအားလပ်ကြတဲ့ကြားထဲက အချိန်ပေးပြီးစာလာဖတ်ကြသူများ အထုးကျေးဇူးတင်လျှက်ပါရှင်းးးးး
စာဖတ်သူများအပြင်အားလုံးကျမ်းမာသက်ရှည်ပြီး ဘေးကင်ရန်ကွာလို့သာယာချမ်းမြေ့ တဲ့ဘဝကိုပိုင်နိုင် ကြ ပါစေရှင်းးးးးးးး
အားလုံးသောမိဘများလည်း ကျမ်းမာသက်ရှည်ပြီး စိတ်နှလုံးရွှင်လန်းနိုင်ကြပါစေရန်တောင်းဆုပြုပါတယ။်
သာယာချမ်းမြေ့ပါစေနော်
မိုး

10 comments:

  1. အစ်မ အဖေ မွေးနေ့မှစ နောက်မွေးနေ့ပေါင်းများစွာတိုင် ကျန်းမာ သက်ရှည်ပြီး သာသနာ ပြုနိုင်ပါစေနော် ..

    ReplyDelete
  2. ဟုတ်တယ်...ခုချိန်မှာ မိဘနှစ်ပါး ကျမ်းမာသက်ရှည်ဖို့ပဲ ဆုတောင်းနေမိတယ်...။
    ခွဲခွာနေရတော့မှ မိဘကျေးဇူးကို ပိုမြင်လာတယ်...။မမိုး အဖေ မွေးနေ့မှသည်
    နောင်နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာခြင်း၊ကိုယ်ကျမ်းမာခြင်းနှင့် ပြည့်စုံပါစေ။

    ReplyDelete
  3. မိုးဖေဖေ မွေးနေ့မှသည် အသက်ရာကျော်တိုင်ပါစေ.
    ကျန်းမာသက်ရှည် ပျော်ရွှင်စွာ မိသားစုနဲ့ သက်ဆုံးတိုင် နေထိုင်သွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်..
    မိုးလဲ ကျန်းမာပျော်ရွှင်စွာ ဘ၀ရဲ့ လုပ်ငန်းဆောင်တာများ အပူအပင်ကင်းစွာ လုပ်ဆောင်နိုင်ပါစေ

    ReplyDelete
  4. မိုး ဖေဖေ အတွက် ကျနော်လည်း ဆုတောင်းပေးသွားတယ်နော် မိုးရေ.....။

    ခင်တဲ့(ချိုကျ)

    ReplyDelete
  5. သာယာချမ်းမြေ့ပါစေ မမိုးရေ...း)).. ငိုနဲ့ တိတ်..တိတ်...း)))


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  6. မိုးဖေဖေရေ..
    ကျန်မာပြီး ပျော်ပျော်ရွှင်ရွှင်..
    လိုတရ ဘဝလေးမှာ..
    ချစ်သမီးလေး မိုးနှင့်
    နောင်နှစ်ပေါင်းများစွာသော
    မွေးနေ့တွေတိုင်းမှာ...
    အတူတကွ ရှိနေနိုင်ပါစေ..
    မိုးနှင့်မိုးဖေဖေ အမြန်ဆုံး ဆုံစည်းနိုင်ပါစေ..

    ReplyDelete
  7. မမိုး အဖေ ကျန်းမာပျော်ရွင်စွာရှိပါစေနော်

    ဝေးနေပေမယ့် သတိရတယ်ဆိုတာနဲ့တင် အဖေ
    ကျေနပ်မယ်လို့ထင်ပါတယ် မမိုးရေ......

    ReplyDelete
  8. လာရောက်ဆုတောင်းပေကြသော မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်းးး အားလုံးလည်းကျမ်းမာရွှင်လန်းလို့ ကိုယ်ရောစိတ်ပါချမ်းသာကြပါစေ...
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete
  9. မွေးနေ့ မှသည် နောက်နှစ်ပေါင်း ၁၀၀ ထိတိုင်အောင် မမိုးအဖေ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ရှိပါစေလို့် ဆုတောင်းပေးပါတယ်.

    ReplyDelete
  10. မိုးရေ...နောက်ကျပေမယ့် ဆုတောင်းပေးပါတယ်ကွယ်။ မိုးဖေဖေတစ်ယောက် ကျန်းမာပျော်ရွှင်စွာနဲ့ ချစ်တဲ့သားသမီးတွေနဲ့အတူတူ အမြဲထာဝရ အေးချမ်းစွာ နေထိုင်သွားနိုင်ပါစေ....

    ReplyDelete