Thursday, April 29, 2010

တိုးတိုးလေးပြောမယ်နော်

ဒီရက်ပိုင်းမှာ မိုးလေဝသခြေနေကောင်းသလို လူသားတွေရဲ့ရင်ထဲမှာလည်း တစ်ယောက်တစ်မျိုး ခံစားချက်တွေနဲ့  အချိန်တွေကိုဖြတ်သန်းနေကြတာ တွေ့ ရ ၊ မြင်ရ ၊ ကြားရ ၊ ဖတ်ရနဲ့  ရင်ထဲမှာ လည်းမကောင်းဖူးပေါ့။

မိုးမှာက ငယ်ငယ်တည်းကအကျင့် တစ်ခုက တစ်ခုခုလိုချင်တာ ဖြစ်ချင်တာရှိရင် လိုချင်တဲ့အရာကို ရအောင်ကြိုးစားရင်းနဲ့  ဘုရားမှာလည်းရအောင်ဆုတောင်းတတ်တယ်။ ခုတော့ မိုးအတွက် ပြည့်စုံနေလို့တော့မဟုတ်ဖူး ဒါပေမဲ့  ဆုတောင်းရင်းမောသွားလို့  ဘာမှမဆုတောင်း တော့ဖူးပေါ့။ ဒါပေမဲ့ မဆုတောင်း ပဲကိုမနေနိုင်တဲ့မိုးကတော့ မိုးအတွက်မဟုတ်ပဲ တခြားသူတွက် ဆုတောင်းပေးနေတတ်တယ်လေ။

နောက်အကျင့်တစ်ခုကတော့ ညဘက်ဆို မိုးကောင်းကင်ကြီးကိုမော့ ကြည့်ပြီး ရင်ထဲကနေတိုးတိုးလေး ဖြစ်ချင်တာတွေကို ကြယ်ကလေးတွေကိုလည်းပြောပြတတ်ပါတယ်။

အခု မိုး ကြယ်လေးတွေကို တိုးတိုးလေးပြောနေတာ တိုးတိုးလေးပြောပြမယ်နော်

( ၇ ) ရက်သားသမီးများအားလုံး ခံစားနေရတဲ့ ခံစားချက်တွေဟာ ပျော်ရွှင်သာယာချမ်းမြေ့မှုအဖြစ်သို. ပြောင်းနိုင်ပါစေသားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
လူသားတိုင်းသာယာချမ်းမြေ့တဲ့ဘဝကိုပိုင်နိုင်ပါစေဆုတောင်းရင်းးးးးးးးးး

စာဖတ်သူများကိုကျေးဇူးတင်လျှက်
မိုး

Wednesday, April 21, 2010

ဝဋ်ကြွေး

နှစ်သစ်မှာ ကိုယ်တိုင်းပြည်လေးကိုလွမ်းတဲ့စိတ်နဲ့  ကြိုဆိုမိမယ်ပေါ့ ဒီလိုပဲ တွေးခဲ့မိတာလေ။ အမှတ်မထင်ပဲ ကြွေကွဲစရာတွေနဲ့  ကြိုဖြစ်သွားတယ်လေ။ ကိုယ်အနေနဲ့  ဘာမှလည်းမလုပ်ပေးနိုင်ဖူး ဆုတောင်းပေးတာကလွဲလို့ ပေါ့။

ငယ်ဘဝကဆိုရင်တော့ နှစ်ဆန်းတစ်ရက်ပြီးနောက်တစ်ရက်ဟာ အောင်စာရင်းတွေတွက်တော့ ဘဝတွက် လှေခါးတစ်ထစ်တက်ခွင့်ပေးလိုက်သလိုပေါ့။ကိုယ်ကိုကိုယ် ပြန်စဉ်းစားပြီး အားမရဖူးဖြစ် နေတာတော့အမှန်ပါ။ ခုထိဘာမှလည်းတိုးတက်တာမရှိသလို ခံစားရတယ်လေ။ လူသားတစ်ယောက်အနေနဲ့  လူသားတွေရဲ့ အကျိုးကို ကိုယ်တက်နိုင်တဲ့ဘက်ကနေ သယ်ပိုးချင်တယ်။ လက်တွေ့ မှာတော့ ဘာမှအကောင်ထည်မဖော်နိုင်သေးဖူးဖြစ်နေတယ်လေ။

ကိုယ်ရဲ့စိတ်ကူးတွေ ရည်မှန်းချက်တွေကြောင့် မိသားစုတွေနဲ့ ခွဲခွါပြီး နေထိုင်သာနေရတယ်။ တစ်ခါတစ်လေ ကိုယ်ကိုကိုယ် စက်ရုပ်လားလို့  ခံစားမိတယ်လေ။ ဘေးပတ်ဝန်းကျင်မှာလည်း တာဝန်ကိုယ်စီနဲ့ စက်ရုပ်လေးတွေလှုပ်ရှားနေသလိုပါပဲ။ မိသားစုရင်ခွင်မဲ့နေတဲ့လူတွေလည်း တော်တော်များများလာတာတွေ့ ရတယ်။ ကြည့်ပြီးစိတ်မကောင်းဖူး ဘာမှလည်းမတက်နိုင်ဖူးလေ။ ဒါတွေဟာ လောဘတို့  ဂုဏ်ပကာသန အတွက်ပဲ တော့မဟုတ်ဖူးဆိုတာတော့ ကောင်းကောင်းသိထားပါတယ်။ အခြေနေအရပ်ရပ်ကြောင့်သာ ရပ်တည်နေကြရတာ ရင်ထဲမှာခံစားချက်ကိုယ်စီနဲ့ ပေါ့။

တစ်ခါတစ်လေ မောမောနဲ့ အလုပ်ကပြန်လာရင် ကိုယ့်အဆောင်ကသော့လေးဖွင့်ရင် သမီးမောပြီပြန်လာရင် တခါးဖွင့်ကြိုနေမဲ့  မိဘတွေကိုတွေ့ ချင်တယ်လေ။ အဖေလို့ အကြိမ်ကြိမ်ခေါ်ချင်တယ် ဘေးနားမှာသမီးလို့ ပြန်ထူးတဲ့အသံလေးကြားချင်တယ်။ အသက်ရှင်နေတဲ့အချိန်လေးမှာ ကိုယ့်ရဲ့မိသားစုတွေနဲ့ အတူဖြတ်သန်းချင်တယ်။ မိဘတွေကို ကိုယ်တိုင်ချက်ကျွေးချင်တယ်။ ဒါတွေမလုပ်နိုင်ဖူး ဖြစ်နေတာ ကိုယ်ရဲ့ လေဘတွေကြောင့်လား ပြန်စဉ်းစားနေမိတယ်လေ။ သေချာတာကတော့ မိဘတွေဘေးမှာနေပေမဲ့ လည်း ကိုယ်ရဲ့ အရည်ချင်းနဲ့ မိဘတွေစီကဘာမှမထောက်ပံ့ပဲ ခုလိုကိုယ့်ဘာသာရပ်တည်ဖို့တာ့လုံးဝမလွယ်ဖူး။
ခုကျေနပ်စရာကတော့ ကိုယ်ဘာသာ ကိုယ်ရပ်တည်နိုင်တာ တစ်ခုပဲရှိတယ်လေ။

ငယ်ငယ်တည်းက ဆုတောင်းတွေလည်းမပြည့်လာတော့ ခုနေဘာမှမဆုတောင်းချင်တော့ဖူးပေါ့။ ဒါကြောင့် တစ်ခါတစ်လေ ကိုယ်ကိုကိုယ်ပဲပြန်စဉ်းစားကြည့်တယ်လေ။ ဒါဟာဝဋ်ကြွေးတစ်ခုဖြစ်မှာပဲလို့ ပေါ့ ။ အရင်ဘဝရဲ့ အကုသိုလ်ကြောင့် လို့ ပဲသတ်မှတ်ပါတယ်။

ဒါကြာင့် ကိုယ့်လိုပဲ မိဘမေတ္တာငတ်နေတဲ့သူတွေကို မေတ္တာနဲ့ စောင့်ရှောက်ချင်မိတယ်လေ။ အဓိကတော့မိဘမဲ့ကလေးတွေကိုပေါ့။ ခုတော့ ကိုယ့်ရည်မှန်းချက်လေးတိုင်း တနင်္ဂနွေနေ့ တစ်ရက်ကိုတော့ အသုံးချခွင့်ရနေပြီပေါ့ ။ တကယ်ဖြစ်ချင်တဲ့ တကယ်လိုအပ်နေတဲ့  မိဘမဲ့လေးတွေကိုဖြည့်ဆည်းပေးချင်တာလေ။ ဆက်သွယ်ကောင်းကောင်းမရသေးပေမဲ့  ပြောထားပါတယ်။ လိုအပ်ရင် သူတို့ လေးတွေတွက်တစ်ပတ်တစ်ရက်တော့ အချိန်ပေးချင်တယ်။

စိတ်ညစ်ညစ်နဲ့  ပိုစ့်တစ်ခုရေးမိသွားပြီ။

အားလုံးသာယာချမ်းမြေ့ကြပါစေနော်
မိုး



Thursday, April 8, 2010

လွမ်းတယ်


နှစ်သစ်မှာ ၇ ရက်သားသမီးများအားလုံး ကျမ်းမာချမ်းသာ ပါစေရန်ဒီနေရာမှ တောင်းဆုပြုလိုက်ပါတယ်ရှင်း။


ခုချိန်မှာ အားလုံးလိုလို တန်ခူးလရဲ့ အငွေ့ သက်လေးနဲ့ အတူ သင်္ကြန်တွက် ကြိုတင်အစီစဉ်လေးတွေဆွဲကြ တချို့ သင်္ကြန်တွက် အလှပဆုံးဖြစ်အောင် ဝတ်ဖို့ စားဖို့  ရှော့ပင်ထွက်ကြနဲ့ ရန်ကုန်မှာတော့ အားလုံးလိုလိုတက်တက်ကြွကြွဖြစ်နေကြမှာ မြင်ရောင်မိပါတယ်။

ရန်ကုန်ကသူတွေ တက်ကြွနေချိန်မှာတော့  ကိုယ့်နိုင်ငံကိုယ့်လူမျိုးတွေနဲ့  အဝေးကိုရောက်နေသူတို့ အဖို့ တော့ အားလုံးဟာ လွမ်းမောစရာတွေပဲပေါ့ လေ။

ဘာမှ လွမ်းစရာအကြောင်းမရှိခဲ့ရင်တောင် အနည်းဆုံးတော့  ပိတောက်ပန်းလေးနဲ့  တရားစခန်းကိုလွမ်းနေမိတယ်လေ။ မိုးကသင်္ကြန်တစ်ခါမှ အလည်ပတ်မထွက်ဖူးတော့  အဲဒီအရသာကိုမသိဖူးပေါ့ ။ငယ်ငယ်ကတော့ လမ်းထဲမှာပဲ ရေထွက်ပက်ဖူးတယ်။ နောက်အသက် ၁၃နှစ်လောက်က သင်္ကြန်မှာ သီလရှင်ဝတ်ဖြစ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ သင်္ကြန်ဆို နှစ်တိုင်းလိုလို တရားစခန်းပဲဝင်ဖြစ်တယ်လေ။ တန်ခူးလမှာ လူတော်တော်များများကနှစ်သက်တဲ့ရက်နဲ့  မိုးနှစ်သက်တဲ့ရက်ကတော့ ကွာမယ်ထင်ပါတယ်။ မိုးအနှစ်သက်ဆုံးကတော့ နှစ်ဆန်းတစ်ရက်နေ့ ပေါ့ ။ အဲဒီနေ့ ဆို တရားစခန်းကနေမနေနိုင်တော့ဖူး ဘုန်းကြီးကျောင်းက သီလရှင်ဆရာလေးတွေကို တပည့် တော်ဒီနေ့  နေ့ ဝက်မှာထွက်မယ်လို့ လျှောက်ထားတတ်တယ်လေ။အဲဒီနေ့ ဆို အိမ်အမြန်ရောက်ချင်တာပဲသိတယ်။

မိုးတို့ လမ်းရဲ့  နှစ်လမ်းကျော်မှာ ၈ လမ်းပေါ့  အဲဒီမှာဓမာရုံရှိတယ်လေ။ မိုးတို့ ငယ်ငယ်လေးတည်းက မောင်လေးနဲ့ မိုး အမြဲတူတူဝတ်ရွတ်ခဲ့တဲ့ ဓမာရုံလေးပေါ့ ။ ဓမာရုံမှာသက်ကြီးပူဇော်ပွဲ နှစ်စဉ်လုပ်လေ့ရှိတယ်။အမြဲတမ်းအဲဒီပွဲကိုမှီလေ့ မရှိဖူးလေ။ တချို့ နှစ်တွေမှာ တရားစခန်းက ၃နာရီနောက်ပိုင်းမှ ထွက်ခွင့် ရလို့ ပါ။ ဘာဖြစ်ဖြစ် ၃နာရီအိမ်ရောက်မှ နေသာသွားတာ အကြောင်းက မိုးတို့ ရပ်ကွက်မှာ တစ်နှစ်မှာတစ်ကြိမ် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်တယ်လေ။ တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ ပေါ့ အဲဒီနေ့ မှတစ်နှစ်လုံးမတွေ့ ဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ လည်းဆုံဖြစ်ကြတော့ အရမ်းလည်းပျော်ရွှင်စရာကောင်းတဲ့နေ့ ပေါ့ ။

ခုချိန်မှာလွမ်းတာကတော့ ပန်းပိတောက်ကို ဘုရားကပ်ချင်တာရယ် နှစ်ဆန်းတစ်ရက်နေ့ ရယ်ကို အရမ်းလွမ်းတယ်။ မိုးကပန်းတွေကိုအရမ်းနှစ်သက်တယ်လေ။ ဒါပေမဲ့ ဘယ်တော့မှပန်လေ့မရှိဖူးပေါ့  အိမ်ရှေ့မှာပန်းပင်စိုက်တယ် အဲဒီပန်းလေးတွေသီပြီး ဘုရားကပ်လေ့ရှိတယ်။ ပန်းတိုင်းကသူအလှနဲ့ သူရှိကြတာမို့  ဘယ်ပန်းကိုပိုနှစ်သက်လည်းဆိုတာတော့မပြောတတ်ဖူးပေါ့ ။ မွှေးတဲ့ပန်းနဲ့  မမွှေးတဲ့ပန်း ရောကပ်လေ့ရှိတယ်။ ဘုရားစဉ်လေးမှာ ပန်းလေးတွေနဲ့  မွှေးမွှေးလေးနဲ့ ဝေဝေဆာဆာလေး မြင်နေရရင်ကိုစိတ်ထဲမှာချမ်းသာတဲ့အရသာကို ဘာနဲ့ မှမတူဖူးအဲဒီခံစားချက်လေးကို အရမ်းနှစ်သက်တယ်လေ။ အင်းဘာလိုလိုနဲ့  ၂ နှစ်ရှိပြီပေါ့ ဒီမှာပဲ သင်္ကြန်ကျတာ။လွမ်းလိုက်တာ အော် တစ်နှစ်မှာတစ်ခါပွင့် တဲ့ ပန်းပိတောက်ကို မမြင်ရတာ ၂နှစ်တောင်ပြည့်ပြီလေ။

နှစ်သစ်မှာ အားလုံးပျော်ရွှင်မှုအပြည့်နဲ့  သာယာချမ်းမြေ့နိုင်ပါစေနော်
မိုး

Friday, April 2, 2010

ရုပ်အတည်နဲ့ ပိုစ့် အတည်

မှတ်ချက် (မေမေရေးတဲ့ဖူးစာကိုဖတ်ပြီးမှ ဒီပိုစ့် လေးကို ဖတ်ဖို့ တောင်းဆိုပါတယ်ရှင်းးးးးးးး)

မနေ့ ကတင်လိုက် တဲ့ ဧပရယ်ဖူးရဲ့ ပိုစ့်လေးက တကယ်ရင်ထဲက ခံစားမိတဲ့အတိုင်း ရေးခဲ့တာပါ။ ဒါပေမဲ့ ဧပရယ်ဖူးဆိုတဲ့အတိုင်း ဖူးလိုက်တဲ့ စကားလေးတော့ ရှိပါတယ် အဲဒါကတော့ မိုးဓါတ်ပုံကြည့်တယ်ဆိုတာတွေကတော့ ဧပရယ်ဖူးပါ။ တကယ်တော့ မိုးဓါတ်ပုံလုံးဝမကြည့်ခဲ့ဖူးပေါ့  ကြည့်ရင်တောင် ဒီလောက်လွယ်လွယ်တော့ လက်ထက်ဖို့  မဆုံးဖြတ်နိုင်ပါဖူး။ အချစ်ဆိုတာ တကယ်တော့ ဒီလောက်မလွယ်ဖူးလေ အတယ်တော့အချစ်ဆိုတာ လွယ်တယ်လို့ လည်း ပြောမရသလို ခက်တယ်လို့ လည်းပြောမရပြန်ဖူးပေါ့ ။တကယ်ရိုးရှင်းတဲ့ သူဘာသာသူအလိုလို ရင်ထဲကထွကပေါ်လာတဲ့ ခံစားချက်တစ်ခုလို့ ယူဆထားပါတယ်။ လူတိုင်းက ကိုယ်ခံယူချက်နဲ့ ကိုယ်ပေါ့ တချို့ တွေမှာတော့ ကန့် သတ်ချက်တွေရှိမယ် တချို့ တွေမှာတော့သတ်မှတ်ထားတဲ့စံနှုန်းတွေရှိမယ် အမျိုးမျိုးပေါ့ လေ။

မိုးကတော့ အဲဒီလိုထဲမှာမပါဖူးပေါ့  ခံစားချက်တွေမှာအကြောင်းပြချက်တွေမရှိပဲ ရင်ထဲကသူ့ အလိုလိုထွက်ပေါ်လာတဲ့ ခံစားချက်ပဲ ခံစားချက်မှန်မယ်လို့  ယူဆတယ်လေ။မိုးကလောကကြီးကိုသာ ဘောင်ခတ်ကြည့် နေရပေမဲ့ လူတစ်ယောက်ကိုတော့ ဘောင်ခတ်ပြီမရွေးချင်ဖူး ကိုယ့် လာဘောင်ခတ်လည်းမကြိုက်ဖူးလေ ငယ်ငယ်တည်းက မိသားစုတွေရဲ့  အမိန့် တို့  အာဏာတို့  သြဇာတို့ နဲ့  ကြီးပြင်းခဲ့ရတော့ အဲဒါတွေကိုသိပ်မုန်းတယ်။ ဒါပေမဲ့ တချို့ အကြောင်းရာတွေကတော့လည်း လက်ခံပါတယ်။ စည်းကမ်းကိုတော့လိုက်နာတယ် ဒါပေမဲ့ သြဇာ အာဏာပေးတာတော့လုံးဝ မနှစ်သက်ဖူးပေါ့ ။

မိုးရဲ့  မေမေရေးတဲ့ဖူးစာကို ဖတ်ပြီးညီမလေးမိုးခါးတစ်ယောက်ကတော့ အနီးကပ်အတွင်းသိတွေမို့  ဖူးတယ်ဆိုတာချက်ချင်းသိလိုက်တယ်။ ကျန်တဲ့လူကြီးမင်းတွေကတော့ မိုးရုပ်တည်နဲ့ ပိုစ့် အတည်ရေးတယ်ထင်လို့  တောင်းဆုတွေချွေလိုက် မေးလ်ကနေဂုဏ်ပြုလိုက်နဲ့  အမပျော်နေလားမေးတဲ့သူကမေးနဲ့  ဒါကြောင့် ကြာကြာမဖူးချင်တော့ဖူး
တစ်နှစ်မှာ တစ်ကြိမ်ဖူးလိုက်တဲ့ပိုစ့်လေးကို နားလည်ပေးမယ်ထင်ပါတယ်။လူကြီးတွေကို အရူးလုပ်သလိုဖြစ်သွားရင်တောင်းပန်ပါတယ်နော်

အားလုံးနှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့် စုံပြီး သာယာချမ်းမြေ့တဲ့ဘဝကို ပိုင်နိုင်ကြပါစေဆုတောင်းရင်း
မိုး




Thursday, April 1, 2010

မေမေ ရေးတဲ့ဖူးစာ

သမီးသိပ်ချစ်တဲ့  အဖေ နဲ့ အမေ မောင်လေး ညီမလေး အဒေါ်တွေ ဦးလေးတွေ အားလုံးကိုယ်၏ကျမ်းမာခြင်း စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံ ပါစေရန်ဒီနေရာမှ ဆုတောင်းလိုက်ပါတယ်။ ယခင်က သူငယ်ချင်းများ ယခုမှခင်တဲ့သူငယ်ချင်းများကိုလည်း ဒီနေရာကနေပဲ ကျမ်းမာ ချမ်းသာပါစေရန်ဆုတောင်းလိုက်ပါတယ်နော်။
လူ့ လောကမှာ ဘယ်အရာမှ မတည်မြဲဖူးလေ။ တွေ့ ဆုံကြုံကွဲပေါ့  အားလုံးကဒီလိုပဲလေ။ မိသားစုမောင်နှမတွေကို ဘယ်လောက်ချစ်တယ်ပြောပြော တစ်နေ့ တော့ အချိန်တန် အရွယ်ရောက်လာရင် ကွဲရမှာပါပဲလေ ဒီလိုပါပဲ မိုးလည်းသူငယ်ချင်းတွေနဲ့ ဆုံခဲ့ရတဲ့အချိန်တွေက သိပ်နည်းပေမဲ့လို့  သူတို့ ကိုတော့ သယောဇဉ်ဖြစ်မိတာအမှန် ဒါပေမဲ့ မခွဲချင်လည်း ခွဲရအုံးမှာပါပဲလေ။ တကယ်တော့ သူငယ်ချင်းတွေစီကို ခုတစ်လော ခဏ ခဏ ရောက်ဖြစ်နေတယ်လေ။ အကြောင်းကတော့ သိပ်မကြာခင်မှာ မိုးသူတို့ နဲ့ ခွဲရမှာမို့ လို့ ပါပဲ ကြိုသိရင် သူတို့ တွေ စိတ်မကောင်းဖြစ်မှာမို့ လို့ မပြောဖြစ်ခဲ့ဖူး။ ခုတော့အချိန်တွေလည်းနီးပြီမို့  ဒီကနေပဲ နှတ်ဆက်လိုက်ပါတယ်နော်။

အမှန်တော့ မိုးမကြာခင်လက်ထက်ရတော့မှာပါ ။ မိဘတွေနဲ့ လည်း ဝေးရမယ် သူငယ်ချင်းတွေနဲ့ လည်းဝေရမဲ့ နိုင်ငံမို့ စိတ်လုံးဝ မဝင်စားခဲ့ဖူးလေ မနေ့ ကထိအရမ်းစိတ်ညစ်နေခဲ့တာ မိုးမှာလည်းချစ်သူမရှိတော့ မိဘတွေက စီစဉ်ပေးတာလည်းလက်မခံခဲ့ပါဖူး။ အိမ်ကဓါတ်ပုံကြည့် ခိုင်းတော့လည်းစိတ်မပါတာနဲ့  မကြည့်ချင်ပဲအတင်ြး်ငင်းးခဲ့တယ်လေ။ခုတော့မရှောင်နိုင်တဲ့ ကံတရားကိုလက်ခံလိုက်ရပြီ ပြောရမလား ဒီတစ်သက် ကိုယ်တကယ်မချစ်ရင် လက်မထက်ဖူးလို့ စဉ်းစားထားတာလေ။ မနေ့ ညက ညီမလေး အီးမေးလ်ပို့ ထားလို့  ဖွင့် လိုက်တာ ဓါတ်ပုံကိုတွေ့ လိုက်တယ် မိုးလုံးဝမထင်ထားဖူး မိုးရဲ့ စိတ်ကုးထဲကမင်းသားလေးနဲ့  ဒီလိုဆုံလိမ့် မယ်လို့ ပေါ့  ဒါနဲ့ မိုးအိမ်ကို ချက်ခြင်းဖုန်းခေါ်လိုက်တယ် အမေစီစဉ်တာလက်ခံမယ်လို့ ပေါ့ ။တကယ်တော့  မိုးအလုပ်ကို မိုးအရမ်းချစ်တယ် ဒါပေမဲ့ သူအတွက်ဆို အရာရာစွန့် လွတ်ချင်စိတ်ဖြစ်သွားတယ် ။ တကယ်တော့  မိုးအရမ်းသွားချင်ခဲ့တဲ့ နိုင်ငံ တစ်နိုင်က သူ့ နဲ့ လက်ထက်ပြီးနေရမဲ့ နိုင်ငံ ဖြစ်လိမ့် မယ်လို့  တစ်ခါမှ မတွေးမိခဲ့ဖူး နောက်တော့  ကိုယ်စိတ်ကူးထဲကအတိုင်း မင်းသားလေးနဲ့ တစ်ပုံစံတည်းဖြစ်နေလို့  တော်တော်လည်းပျော်တယ် လောကကြီးကိုလည်းကျေးဇူးတင်မိတယ်။

သူငယ်ချင်းများအားလုံး တစ်ခဏတာ တွေ့ ခဲ့ပေမဲ့  မိုးတကယ် ခင်လည်းခင်တယ် ချစ်လည်းချစ်ပါတယ် ။
အားလုံး သာယာချမ်းမြေ့ကြပါစေနော်
မိုး