Tuesday, September 28, 2010

" က "



မိုးရေးလိုက်တာ ကကြီး ဟုတ်ပါတယ်။ ဒါက စာဖတ်သူတွေက မိုးရေးတဲ့အနေထားတိုင်းလိုက်ဖတ်လို့  ဒီလိုမြင် တာပေါ့နော်။ အကယ်လို့ များ ထောင့်လေးထောင့်ကများကြည့်မယ်ဆိုရင် "ယ" " င်" နောက် အင်္ဂလိပ်စာလုံး "3" နဲ့တောင်တူသေး။ ဒါဆို မတူတဲ့အနေထားကမြင် တဲ့သူတွေကို မှားတယ်ပြောမလား မိုးစဉ်းစားကြည့်ပါတယ်။ ဒါနဲ့ သူတို့ဘက်ကကြည့်နေရင်လည်း ဟုတ်နေတာပါပဲနော် ဒါဆိုမိုး သူတို့ "က"ကြီး မှန်းသိအောင် မိုးမရေးတတ်တာ မိုးရဲ့လိုအပ်ချက်ပေါ့။ ဒါကြောင့်လည်း စာအုပ်တွေမှာ လူတိုင်း အမှန်တိုင်း တစ်သား တည်းမြင်နိုင်ဖို့ မျဉ်းကြောင်းလေးတွေရှိနေပါလား စဉ်းစားမိပါတယ်။ မျဉ်းမရှိတဲ့ စာအုပ်တစ်အုပ် မှာဆို ရှုထောင့် အမျိုးမျိုးကကြည့်ပြီးမှ ဒါဟာ "က"ပါလို့  မှတ်ချက်ချဖို့ အတွက်ကျတော့ စာရွက်ကို အတည့် ဖတ်နိုင်မှ သိမှာပေါ့နော်။ ဒါဆို စာရွက်ဟာ အပေါ်အောက်ခွဲဖို့ တွက်ရှေ့ မျက်နှာဖုန်းကိုကြည့်ရ ပြန်တယ်လေ။ ဒါစာအုပ်တစ်အုပ်ဖြစ်ခဲ့မယ်ဆိုရင်ခွဲရလွယ်ပါသေးတယ်။ စာရွက် တစ်ရွက်တည်း ဆိုရင် တော့မိုးတို့ သူရေးတဲ့ စာလုံးတစ်လုံးတည်းကိုကြည့်ပြီး ခန့်မှန်းရင်မှားသွားမှာပေါ့စာလုံး တစ်လုံးထဲကို ကြည့်ပြီးမှားတယ်လို့ မဆုးံဖြတ် လိုက်ပဲ သူဘာကိုရည်ရွယ်တာလဲဆိုတာ သိနိုင်အောင်ကြိုးစားရ မယ်ဆိုတာ နားလည်လာပြန်ရော။

မိုးတို့ ခုတွေ့ ကြုံနေရတာစာရွက်လေးတွေပါ စာအုပ်တစ်အုပ်ဖြစ်ဖို့ တွက် စာရွက်တိုင်း ဟာအရေးပါတာပေါ့။ မိုးတို့စာအုပ်တစ်အုပ်ချူပ်နေ တယ်ဆိုပါစို့  စာရွက်တွေကို သတိ လေးနဲ့တော့စီနေတာပါပဲ ဒါပေမဲ့တစ်ခါတစ်လေပြောင်းပြန်ဖြစ်နေတတ်ပါတယ် ဒါကိုသိလိုက်တာ နဲ့ပြန်တည့်မယ် နောက်မချုပ်မှီပြန် စစ်ပြီးမှသိလိုက်လို့ ပြန်တည့်မယ် နောက်ဆုံးချုပ်ပြီးမှသိလို့ပြန်တည့်မယ်ဒီထိက အလုပ်ရှုပ်တာလေး ပဲရှိသေးတာ စာအုပ် တစ်အုပ်ကောင်း ထုတ်နိုင်သေးတယ်ပေါ့။ ထုပ်ဝေပြီးမှ မှားမှန်းသိ လည်းပြင်မရတော့ဖူး အားလုံးကိုလိုက်သိမ်းပြီးမှ ပြင်ပြင်ဖို့ မဖြစ်နိုင်တော့ဖူးပေါ့။ ဒါကြောင့် စာအုပ်ကို မထုပ်ခင်က သေချာအထပ် ထပ်စစ်ဆေးသင့်တာ နားလည်လာရပါတယ်။ စာမျက် နှာတစ်မျက်နှာနံပါတ် ၁ နဲ့ ၁၀ မှားခဲ့ရင် ၂နေရာလုံးလိုက်ပြင်ရတာသိလာခဲ့ပါတယ်။ နောက်ဆုံးမစာအုပ်မတင်သွင်းခင်ထိတော့ ပြင်ဆင်ခွင့်တွေ ကိုယ့်မှာ ရှိသေးတယ်။ နောက်ဆုံးတင်သွင်းပြီးသွားရင်တော့ ဘာမှမတက်နိုင်တဲ့ခြေနေတစ်ခုမှ ဆိုးကျိုး တွေတွေ့လာနိုင်ပါတယ်။

ငယ်ငယ်တုန်းကတော့ လက်ရေးမလှရင် အဲဒီစာမျက်နှာမျိုးကို ဆုတ်ဖြဲလိုက်ပြီး မိုးအသစ်ပြန်ပြင်ရေးခဲ့ဖူးပါတယ်။ ဒါလည်းလက်တွေ့ စာအုပ်ပရင့်တာကြေသွားတော့ နောက်တစ်ခုပရင့်လိုက် သလိုပါပဲ။ ဒါဆို အစတည်းကသတိနဲ့စလှအောင်ရေးမယ် ပေါ့ စက်ချို့ ယွင်းမှုကြောင့်ဖြစ်လာတဲ့အမှားတွေလည်းရှိမယ်။ အမှားတစ်ခုကို စောစောထဲကသိရင် သိလိုက်တာနဲ့ ချက်ခြင်းပြင် လိုက်တာမျိုး အမှားတစ်ခုကို တိုက်ဆိုင်မှုရှိမှပြင်လိုက်ရတာ မျိုးတွေရှိပါတယ်။ ဒါတွေက ဘဝစာမျက်နှာတစ်ခုအနေနဲ့ဆိုရင်တော့ မရဏမင်းက ဘယ်နေ့ခေါ်မယ် မှန်းမသိတော့ကပ်ပြီးပြင်ဆင်ခွင့်မရသလို မလှပတဲ့စာမျက်နှာတွေကိုလည်း ဆုတ်ဖြဲပျောက် ပစ်လို့မရ ပြန်ဖူးပေါ့ အမြဲသတိလေးနဲ့တော့ လှအောင်ရေးရမှာပါပဲနော်။ တစ်ခါတစ်ခါ ခဲဖြတ်နဲ့ဖြတ်တဲ့အမှား တစ်ခါတစ်ခါ ကော်ရရှင်နဲ့ဖြတ်တဲ့ အမှားတွေလည်းရှိတာပါပဲ။ စတည်းကသတိလေးနဲ့မှန်အောင်ထိန်း ရေးနိုင်တဲ့ စာမျက်နှာတွေလောက်တော့မလှပနိုင်ပေမဲ့လည်း ပြင်လို့ရတဲ့အမှားလောက်ပဲမှားနိုင်အောင် ကြိုးစားနေထိုင်သွားရမှာပါပဲ။ မိုးအရေးသားတွေအစီစဉ်မတည့်တာတော့ခွင့်လွတ်ပါနော်။
မိုးစာဖတ်အားနည်းတော့ အရေးသားတွေမလှပဖူး ရင်ထဲခံစားချက်တိုင်းလေးပဲရေးမိတတ်ပါတယ်။

(ရုံးမှာ ပရောဂျက်တစ်ခုပြီးရင် လုပ်ငန်းအစဆုံးစာအုပ်ချုပ်ပြီးတင်ပေးရင်း) လျှောက်စဉ်းစားမိတာလေးရေးမိ သွားတာပါ။

၇ရက်သားသမီးများအားလုံးကျမ်းမာရွှင်လန်းပြီးစိတ်ရောကိုယ်ပါချမ်းသာလို့ ဘဝရည်မှန်းချက်များလည်းအမြန်ဆုံးပြည့်စုံနိုင်ကြပါစေ...

သာယာချမ်းမြေ့ပါစေရှင်း
မိုး

11 comments:

  1. သောစေယျံSeptember 28, 2010 at 4:46 PM

    မမိုး
    အမှားတိုင်း ရဲ့နောက်မှာ အမှန်တွေလဲရှိပါတယ် မမိုးအရေးအသားတွေကြည့်ရတာ သတိ ဆိုတဲ့ စကားလုံးကိုတော်တော်သုံးတယ်နော် အတွေးအခေါ်ကောင်းတွေလဲရှိတယ် မမိုး က
    သောစေယျံ ကိုလာတဲ့အတွက်ကျေးဇူးပဲ သောစေယျံကိုနောက်လဲလာခဲ့ပါအုံး

    ReplyDelete
  2. စာမျက်နှာပေါ်က အမှားတွေကို ကော်ရက်ရှင်တွေ၊ ခဲဖျက်တွေနဲ့ ဖျက်လို့ ရပေမဲ့ ဘ၀စာမျက်နှာပေါ်က အမှားတွေကိုတော့ ဖျက်မရတဲ့အခါ စိတ်ညစ်ဖို့ ကောင်းလှပါတယ်ညီမလေးရေ
    အချိန်တွေကို နောက်ပြန်ဆွဲဆုတ်လို့ရရင် ဆွဲလိုက်ချင်ပါတယ်။
    ဘ၀ထဲက ပြင်မရ ဖျက်မရတဲ့ အမှားတွေကိုတော့ သင်ခန်းစာကောင်းကောင်း ယူတတ်အောင် ကြိုးစားကြမယ်လေနော်။

    ReplyDelete
  3. ဟုတ်ပါတယ် မမိုးရေ....ဘဝမှာ မှားခဲ့ရင် ဘာမှ လုပ်လို့မရတော့ဘူး..။
    အဲ တစ်ခုပဲလုပ်လို့ရတော့တယ်...။မှားသမျှ ခါးစည်းခံဖို့ပေါ့...။
    ပုံ/ အမှားတွေကို ခါးတင်မဟုတ် ရင်ပါစည်းပြီး ခံနေသူတစ်ဦးး)

    ReplyDelete
  4. အမှား...အမှား...
    အသက်နဲ့အမျှ အမှားတွေကလည်း အများကြီးဘဲ မမိုးရေ...

    ReplyDelete
  5. လူမှန်ရင် အမှားနဲ့ မကင်းပါဘူးလေ။ ဒီလိုဘဲ မှားတတ်ပါတယ်။

    ReplyDelete
  6. အမလည်း စာရေးကောင်းတာကို
    ကျနော် သတိထားမိတယ်။
    ဒါပေမဲ့ စာလုံးတွေက အရမ်းသေးလွန်တယ်။
    နောက်ပြီး နောက်ခံအရောင်နဲ့ စာလုံးအရောင်က
    ခပ်ဆင်ဆင်ဖြစ်နေတော့ ဖတ်ရတာ သိပ်အဆင်မပြေဘူး။
    စိတ်မဆိုးပါနဲ့ဗျာ။ အကြုံပေးကြည့်တာပါ။
    အဆင်ပြေရင် ပြင်စေချင်မိပါတယ်။

    ReplyDelete
  7. အကြံပြုပေးတာ ကျေးဇူးပါနော် christ မိုးလည်းပြောင်းချင်နေတာ အချိန်မရလို့ ပါ။ ဖြစ်နိုင်ရင့် ဘလော့လင့်လေးပေးထားခဲ့နိုင်မလား။ လာလည်တာဝင်လို့ မရလို့ ပါ။

    ReplyDelete
  8. ဟုတ်တယ် မိုးရေ..... တကယ်တော့ အရာရာကို သတိနဲ့ အသိနဲ့ ဆင်ခြင်ပြီးလုပ်ခဲ့ရင် လုပ်သွားကြရင် ကောင်းမှာ။ ဒါပေမယ့် ပုထုဇဉ်ဆိုတဲ့ လူသားဘဝ အမှားမကင်းကြလေတော့ ကျွန်တော်တို့တွေ သတိတို့ အသိတို့ ပိုရှာသင့်ပြီပေါ့နော်။

    ခင်တဲ့ (ချိုကျ)

    ReplyDelete
  9. သူ့အမြင်ကိုယ့်အမြင်ပေါ့လေ။ ကကြီးအနေနဲ့ဘဲဖြစ်ဖြစ် ယ အနေနဲ့ဘဲဖြစ်ဖြစ် ကြည့်တဲ့သူရဲ့ မျက်စိထဲမှာ သူ့ဘက်ကဘဲ အမှန်ထင်မြင်တတ်ကြပါတယ်။ ဒါလဲ လောကနိယာမတရားတစ်ခုပါ။ ဒါပေမဲ့ ဘ၀ကို စာအုပ်ချုပ်သလို စာမျက်နှာလေးတွေတော့ မှန်ဖို့လိုတာပေါ့နော။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  10. အင်း....သတိတော့ထားတာပဲ။ ဒါပေမယ့် လူဆိုတော့ တစ်ခါတစ်လေတော့လည်း သတိထားနေရင်းကကိုပဲ မှားတတ်ပြန်ရော။ အဲဒီတော့ အမှားကိုအမှားမှန်းသိတာနဲ့ပြန်ပြင်....
    နောက်တစ်ခါမမှားအောင်ထပ်သတိထား....အဲလိုနဲ့ပဲ လုံးဝကြီးမဟုတ်တောင် တတ်နိုင်သမျှတော့ အမှားနည်းအောင်ကြိုးစားတော့နေကြရမှာပဲပေါ့ မိုးရယ်....

    ReplyDelete
  11. လမ်းများများလျှောက်တဲ့ လူဟာ တစ်ခါတစ်လေတော့ ခလုတ်တိုက်မိမှာပဲလေ။
    ခလုတ် အတိုက်မခံချင်ရင် ထိုင်နေဖို့ ပဲရှိမယ်။
    အလုပ် လုပ်တဲ့သူဟာ အမှားတော့ ရှိမှာပါ။ မလုပ်တဲ့သူကတော့ အားလုံးအသိပဲလေ ...
    မှားခဲ့ရင် ကိုယ့်အမှားကို ၀န်ခံရဲဖို့၊ အမှားထဲက ပညာယူဖို့၊ နောက်တစ်ခါမမှားတော့ဖို့ တော့ လိုမယ်လို့ ကျွန်တော်ထင်ပါတယ်...
    (ကျွန်တော်လည်း အိမ်ပြန်သွား လို့ အရောက်အပေါက်နဲ ခဲ့ပါတယ်)

    ReplyDelete