Saturday, November 27, 2010

ပန်းခင်းလမ်း



ထူးဆန်းလိုက်တာ အင်ကြင်းပန်းပင်တွေတစ်လမ်းလုံးဖူးပွင့်ဝေနေလိုက်တာများ အံ့အားသင့်ကြည့်မိနေစဉ် အဝေးတစ်နေရာမှာ အပင်တွေကို ပေါင်းသင်ရေလောင်းလုပ်နေတဲ့သူကိုတွေ့ မိလိုက်တယ်။ အံ့အားသင့် စွာကြည့်မိရင်း ရင်ထဲတစ်မျိုခံစားမိချိန် လန့် ခနဲ့ဖြစ်သွားမိတယ်။ သြော် ဒါအိမ်မက်ပါလားး

နံနက်စောစော တစ်လမ်းလုံးပန်းတွေပွင့်နေတာများ ဝေဆာလိုက်တာ ပန်းခင်းထဲရောက်သွားသလိုပါပဲ ဟောတော့ ပန်းတွေ ခေါင်းပေါ်ကြွေကျနေပြီး ပျော်လိုက်တာ ပန်းတွေတစ်ပွေ့ တစ်ပိုက်ကြီးကောက်ရင်း အော် ဟိုမှာလည်း နှင်းဆီပန်း ပန်းရောင်လေး တော့ ကြွေကျနေတာ ပန်းတွေအမြန်လိုက်ကောက်ရင်း လက်ထဲတွင်လည်း စံပါယ်ပန်းတွေပြည့်လို့  ဒီနေ့ဘာလို့ များ ပန်းတိုင်း ဟာဝေဆာပြီး ပွင့်နေတာပါလိမ့် ကြည့်လိုက်တော့လည်း ကိုယ်နဲ့ဝိုင်းကောက်မည့်သူမတွေ့  တစ်ယောက်တည်း အပြေး အလွှား လိုက်ကောက်နေမိတယ်။ လက်ထဲကစံပါယ်ပန်းကိုကြည့်မိရင် ဖျက်ကနဲ့လန့်သွားချိန် မိုးလင်းနေပြီပဲ....

ခုတလော ထူးဆန်းလိုက်တာ ပန်းတွေပဲအိမ်မက်ထဲမြင်မက်မိတယ်။ အိမ်မက်ဟာ အိမ်မက်ဆိုပေမဲ့လည်း သာယာတဲ့အိမ်မက်လေးဖြစ်လို့ ကြည်နူးမိပါတယ်။ အိမ်မက်ဟာ ကောင်းသောအတိတ်နိမိတ်ဆောင်ခဲ့မယ်ဆိုရင်လည်း အမိမြေကြီးမှာ မွေးရနံသင်းပျံစွာပွင့်မယ့် ပန်းတွေအမြန်သာပွင့်နိုင်ပါစေသားးးးး

(၇)ရက်သားသမီးများအားလုံး ဘေးအန္တရာယ်ကင်းလို့ အေးချမ်းပါစေ...


သာယာချမ်းမြေ့ပါစေရှင်း
မိုး

6 comments:

  1. ကျွန်တော်တို့များ ဘာအိမ်မက်မှ မက်ပေါင်ဗျာ....။ခေါင်းချလိုက်တာနဲ့ တမှေးပဲ..။မိုးလင်းမှနိုးတော့တာ...။ထီလေးဘာလေး ထိုးလေဗျာ..။
    ပေါက်ရင်လည်း မုန့်ဝယ်ကြွေးဖို့မမေ့နဲ့ဦး..။

    ReplyDelete
  2. လှပတဲ့အိမ်မက်လေးပေါ့ မိုးရေ။

    ReplyDelete
  3. ထပ်တူ ဆုတောင်းသွားပါတယ် ..း)
    အိပ်မက် လှလှလေးတွေနဲ့ မနက်ခင်းတိုင်း လှပပါစေ ..း)

    ReplyDelete
  4. အိပ်မက်လှလှတွေ အမြဲတမ်းမက်နိုင်ပါစေ မိုးရေ။
    တို့အားလုံးအတွက်ရော ချစ်တဲ့မြန်မာပြည်ကြီးအတွက်ရောပေါ့... ဆုတောင်းသွားတယ်။

    ReplyDelete
  5. ဒီလိုအိပ်မက်လေးဆိုရင်တော့ မနိုးတမ်းသာ မက်လိုက်ချင်ပါတယ်. သိပ်ကြည်နူးဖို့ကောင်းမှာဘဲနော်
    ပန်းကလေးတွေတွေ့ရတယ်ဆိုတော့ ကျက်သရေရှိပါတယ် ညီမလေးရေ..
    အတိတ်နမိတ်ကောင်းလေးအတွက် ရှေ့ဆက် ပျော်ရွှင်စရာ အချိန်ကောင်းလေးတွေနဲ့ တွေ့ကြုံပါစေနော်

    ReplyDelete
  6. သြော်....အင်ကြင်းပန်းကိုအိပ်မက်မက်မှတော့ မိုးကံကောင်းပြီလို့သာမှတ်လိုက်တော့....။း))

    ReplyDelete