Saturday, January 1, 2011

ချစ်ခြင်း နှင့် ခြစ်ခြင်း

“ ချစ်ခြင်း ” နှင့် “ခြစ်ခြင်း”

“ ချစ်ခြင်း ” နှင့် “ခြစ်ခြင်း” ကား

အသံတူသော်လည်း

အဓိပ္ပါယ် ခြားနားလှသည်။

“ ချစ်ခြင်း ” ၏ အနှစ်သာရကား

ပေါင်းစည်းခြင်း ဖြစ်၍

“ခြစ်ခြင်း” ၏ အနှစ်သာရကား

“ ပြိုကွဲခြင်း ” ဖြစ်သည်။

“ ချစ်ခြင်း ” သည်

“ ပြည့်စုံခြင်း ” ၌ အဆုံးသတ် ၍

“ ခြစ်ခြင်း ” သည်

“ပျက်စီးခြင်း ” ၌ နိဂုံးချုပ်သည်။

“ ချစ်ခြင်း ” သည်

အပြုသဘောကို ဆောင် ၍

“ ခြစ်ခြင်း ” သည်

အဖျက်သဘောကို ဆောင်သည်။

ကိုယ်၊ နှုတ်၊ စိတ်ဖြင့်

ကောင်းမှုကို ပြုခြင်းသည်

ကိုယ့်ကိုကိုယ် ချစ်ခြင်းဖြစ်သည်။

ကိုယ်၊ နှုတ်၊ စိတ်ဖြင့်

မကောင်းမှုကိုပြုခြင်းသည်

ကိုယ့်ကိုကိုယ် ခြစ်ခြင်းဖြစ်သည်။

အသင် စာရှုသူ…

သင့်ကိုယ်သင်

ယပင့်နဲ့ ချစ်မှာလား…

ရရစ်နဲ့ ခြစ်မှာလား…

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

ဒီကဗျာလေးကို အရင်ကလည်းဖတ်ဖူးကြမှာပါ။

ကိုယ်တိုင်ကလည်း နှစ်သက်မိတဲ့စာပေဆို အထပ်ထပ်ဖြစ်နေတတ်တမျိုးဖြစ်တာကြောင့်

ပိုစ့်တင်ဖြစ်သွားတာပါ။နှစ်သစ်ကို ကိုယ၊် နှုတ၊် စိတ် ဖြစ် ချစ်ခြင်းတွေနဲ့ ကြိုဆိုကြပါစို့ လား။

မိုးစာရေးရင် အမြဲစာလုံးပေါင်းမှားလေ့ရှိတတ်တာ ပြန်ပြင်ရမှာလည်း ပျင်းတာဝန်ခံပါတယ်။

ဘလော့ရေးတာ တစ်နှစ်ပြည့်ပါပြီ။ ဒီတစ်နှစ်ပတ်လုံး သည်းခံဖတ်ပေးကြသော စာဖတ်မိတ်ဆွေမောင်နှမများအားလုံးကို အထူကျေးဇူးတင်ရှိကြောင်းပြောပါရစေ။

ဖြစ်နိုင်ရင်ကောင်းတာလေးတွေတွေး ပြော ဆုတောင်းပေးချင်မိပါတယ်။ နှစ်သစ်မှာ အရပ် ဆယ်မျက်နှာမှာနေ နတ်လူသတ္တဝါအားလုံး ဘေးရန်ကင်းလို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ… ။လောကမှာ ကောင်းဆိုးနှစ်ဖြာ အမြဲယှဉ်တွဲနေတာမို မမျှော်လင့်ပဲ အခက်ခဲများ တွေ့ ကြုံခဲ့မယ်ဆိုရင်လည်း အခက်ခဲမရှိ အောင်မြင်မှန်ကန်စွာဖြေရှင်းနိုင်ကြပါစေလို့ တောင်းဆုပြုပါတယ်။

အားလုံးသာယာချမ်းမြေ့ကြပါစေရှင်

မိုး

4 comments:

  1. ညီမလေးလည်း ပျော်ရွှင်ချမ်းမြေ့ပါစေနော်
    ဆရာတော်ရဲ့ တရားကဗျာလေးကို ဝေငှတာ ကျေးဇူးပါ
    ပျော်ရွှင်ချမ်းမြေ့တဲ့ နှစ်သစ်ဖြစ်ပါစေနော်...
    ဖြစ်ချင်တဲ့ ဆန္ဒအားလုံး ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်

    ReplyDelete
  2. နှစ်သစ်မှာ ပျော်ရွင်ချမ်းမြေ့ပါစေဗျာ....။
    တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ.....ဘလော့ဂင်းနိုင်ပါစေကြောင်း...။

    ReplyDelete
  3. မိုးရေ...ဘလော့ဂ်သက်တမ်း တစ်နှစ်ပြည့်သွားပြီလား။ မဇွန်နဲ့ သိပ်မကွာဘူးနော်။

    တန်ဖိုးရှိတဲ့ စာစုလေးအတွက် ကျေးဇူးပါ မိုးရေ။

    ကုသိုလ်နဲ့အစပြုခဲ့တဲ့ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့မှုအပေါင်းနှင့် ပြည့်စုံပါစေ။း)

    ReplyDelete
  4. ဆွေလေးမွန်January 3, 2011 at 6:09 PM

    လာတာနောက်ကျပေမယ့် နှစ်သစ်မှာ အေးချမ်းပျော်ရွှင်ပါစေနော်။
    ဘလော့လေးမှာလဲ နောင်နှစ်ပေါင်းများစွာ တိုင်အောင် ဘလော့ဂင်းနိုင်ပါစေ လို့ ဆုတောင်းပေးခဲ့ပါတယ်။

    ReplyDelete