Wednesday, February 29, 2012

ဖေဖေကြီးး)




ဖေဖေကြီး
ဖေဖေ မေမေ မာပါစေ…
မေမေ့စကား အလေးထား
ဖေဖေ့စကား သမီလေးစား ငယ်ငယ်က ငယ်ဖူးခဲ့တာလေး။

တို့ ဖေဖေ အကြောင်း တို့ မေမေအကြောင်း ရေးရမယ်ဆို မိဘမရှိတဲ့သူတွေတွက် အားနာမိပါတယ်။ မိဘကျေးဇူးမြင့်မိုရ်ဦးတဲ့ စွန့်ပစ်ခံရတဲ့ သူတွေတွက် ဒီစကားသူတို့လေးတွေဘယ်လက်ခံလိမ့်မလဲ။ ဘာဖြစ်ဖြစ်လောကမှာ စိုက်တာမချစ်စု သီးတာရင်ကွဲဖြစ်စရာကြောင်းမရှိတော့ မိမိစိုက်တာ မိမိတွက်ပါပဲ။ ကောင်းကံပျိုးမိတော့ ကောင်းသောကံသီးနှံစားရတာပေါ့။ မိုးအမြဲစဉ်းစားမိတာပါ။ အဖေနဲ့ အတူရှိတဲ့နှစ် အလွန်နည်းခဲ့ပါတယ်။ ဘယ်ဘဝကများ သူများမိသားစု ခွဲတာလဲ အကောင် ပုစိလေးတွေအုံတွေကိုခွဲ မိတာ။အတိတ်အတိတ်ဘဝက ပြုခဲ့သောကံတွေကြောင့်ပဲလား။ မိဘမောင်နှနဲ့တကွဲတပြားဖြစ်နေရတာ။ တကယ်တော့ ဒီလမ်းကိုယ့်ဘာသာရွေးခဲ့မိတာပဲ။

ခုတလော မိဘနှစ်ပါးကို တအားသတိရနေမိပါတယ်။ ကြီးလာလေလေ မိဘတွေ ဘာမှမယ်မယ်ရရ ကျေးဇူးမဆပ်လိုက်ရပဲ တခုခုဖြစ်သွားမှာစိုးရိမ်မိတယ်။ မိုးငယ်ငယ်တည်းက ဟင်းချက်သင်တာကြီးလာရင်အဖ့ကို ထမင်းချက်ကျွေးမယ် ဆိုတဲ့ဆန္ဒ အဖေ့ကိုစားချင်တာလေးတွေချက်ကျွေးမယ် နေ့လည်မုန့်လေး တွေလုပ်ကျွေးမယ် ဒီစိတ်ကူးလေးတွေ တကယ့်လက်တွေမှာ လက်ချိုးတွက်လို့ ရသလောက်သာ ရှိခဲ့ဖူး ပါတယ်။ ဒီတခါရန်ကုန်ပြန်တော့ ကိုယ်တိုင်နေ့ တိုင်းချက်ကျွေးမယ်စိတ်ကူးခဲ့ပေမယ့် အပြင်အလုပ်တွေ လုပ်ရင်းသာ အချိန်ကုန်ခဲ့ပြီး အဖေနဲ့စကားတောင်ဝအောင်မပြောခဲ့ရဖူး။ ပင်ပန်းတိုင်းအဖေ့ ကိုသတိ ရတာမဟုတ်ပါဖူး။ အလုပ်ပင်ပန်းရင် အဖေလည်းဒီလိုပဲ ခံစားခဲ့ဖူးမှာပဲ စဉ်းစားမိတယ်။ အဖေတစ်ခါမှ ပင်ပန်းတယ်မပြောဖူးဖူး။ အဖေ့သမီးကတော့ ဒီစကားအမြဲပြောတတ်တာ။ အဖေ နေမကောင်းတိုင်း အဖေသာရှိရင် ဆေးခန်းခေါ်သွားတာ အဖေပါပဲ။ ခုတော့ နေမကောင်းတောင် မဖြစ်ရဲပါဖူး သမီးကိုယ့်ကိုယ် ကိုဂရုစိုက်တတ်နေပါပြီ။ အဖေလည်းဒီလိုဘဝတွေဖြတ်သန်းခဲ့ဖူးတာ အဖေ လည်းအရမ်းခံစားခဲ့မှာနော်။ သတိရလိုက်တာ။ ဒါပေမယ့် တခါတလေနေမကောင်းရင် ခေါ်မိတာတော့ အမေဖြစ်နေပြန် တယ်။ အမေအမေ့ရေနွေးအိတ်လေး ခုတော့ ဒီမှာရေနွေး အိတ်တောင်မရှိ ပါဖူး။ ဗိုက်အောင့်ရုံးတက် ထမင်းချိန် အမှန်ရင်အောင့်တတ်တဲ့ဗိုက်လေးတောင် အောင့်ဖို့ အချိန်မပေးနိုင် ပါဖူးအမေ။

အခုတလော အရမ်းသတိရ နေမိတယ် ပျော်စရာဆိုလည်း ပျော်ရကောင်း မှန်းမသိတော့သလို ဝမ်းနည်းစရာဆိုလည်း အရင်ကလောက် မခံစားရတော့သလိုပါပဲ။ သိပ်များများ မမျှော်လင့်ပါဖူး။ မိဘနှစ်ပါ သက်ရှည်ကျန်းမာပြီး ကောင်းမွန်စွာ
ကျေးဇူးဆပ်ခွင့်ရရင်ကျေနပ်ပါပြီ။


အဖေ သမီးလေ အလုပ်မရှိပဲ တစ်လလောက်များ ကြားထဲမှာလစ်ဟာသွားမှာ ကြောက်နေမိတာ။ အဖေဆို မိသားစုတက် ဘယ်လောက်များပူပင်သောကရောက်လိုက်မလဲနော် အဖေလည်းဒီလိုဘဝတွေ ကိုဖြတ် သန်းခဲ့ဖူးမှာပါ။ သမီးကတော့ တစ်ယောက်တည်းကိုယ့်ကိုယ်ရပ်တည်ရတာနဲ့တင် တော်တော်လေးနား လည်မိပါတယ်။ မိဘတွေရဲ့ခံစားချက်ဆိုပိုဆိုးမှာပေါ့နော်။ မိသားတစုလုံးရဲ့တာဝန်ဆို အဖေ့ရဲ့ ခံစားချက်နဲ့နှိုင်းရင် သမီးခံစားတာမပြောပလောက်ပါဖူး။ တလတွင်းအလုပ်မရမှာပူပေမယ့် သမီး အင်တာဗျူးသွားတဲ့ချိန် အိမ်ကိုဖုန်းနဲ့ကန်တော့တော့ အမေ့ဆုတောင်းသံကြောင့်လား သမီးစိတ်မလှုပ် ရှားတတ်တော့ဖူး။ အရင်ကနဲ့မတူတော့ဖူး ရင်လည်းမတုန်တော့ဖူး အေးချမ်းချမ်းနဲ့အောင်မြင်ခဲ့တာ မိဘရဲ့အေးမြတဲ့မေတ္တာဓါတ်ကြောင့် သမီးရင် ထဲအေးမြခြင်း တွေစီဆင်းခဲ့ပါပြီ။ ရန်ကုန်မှာ ရှာတဲ့ငွေထဲက မိဘကိုကော်ဖီမစ်လေးကန်တော့ သင်တန်းတက်ဖို့ မိဘထံကငွေ ပြန်တောင်း ဒီဘဝတွေကိုမနှစ်သက် တော့လည်း တနယ်စီခြားမိဘနဲ့သားသမီးတိုင်း စိတ်ထဲရှိသည့်တိုင်း ကျေပွန်စွာကျေးဇူးဆပ်ခွင့်ရကြပါစေ…

ပြောချင်တဲ့စကားတွေဒီမှာပဲရင်ဖွင့်လိုက်မိတာပါ။ မိဘတွေဆိုစိတ်မကောင်းဖြစ်မှာကြောင့် ဘာမှမပြောဖြစ်ပါဖူး။

၇ရက်သားသမီးများအားလုံး ဘေးရန်ကင်းပြီးကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေ…

ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်းးးးး
မိုး


မိုးငယ်ငယ်တည်းက တိုးတိုးလေးဆိုတဲ့သီချင်းလေး ဆိုပြမယ်နော်
ဖေဖေကြီး ဖေဖေကြီး ဖေဖေကြီးကိုချစ်တယ်း)

4 comments:

  1. မမိုးရေ.. မမိုးဖေဖေနဲ့.. နွေးထွေးတဲ့ဘ၀လေး အမြဲရနေပါစေဗျာ.. တိုက်တိုက်ဆိုင်ဆိုင်.... ညက အိပ်ရာဝင်တုန်း.. အဖေ့ကို သတိရနေသေးတယ်..... ကျွန်တော်နဲ့မတူတဲ့အချက်က .... အဖေ့ကို သတိရတယ်ဆိုတာ.. အဖေဆုံးတုန်းကပုံလေးကို သတိရတာကိုပြောတာပါ.... ဖေဖေကြီးကို ချစ်တယ်ဆိုတာ... ကျွန်တော့်အတွက် ပါးစပ်ကပဲပြောနိုင်တော့ပေမယ့်.. မမိုးကတော့ လက်တွေ့ပြောနိုင်ပါစေလို့.. ဆုတောင်းပေးပါတယ်ဗျာ....

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  2. ဖေဖေကြီး ဖေဖေကြီး ဖေဖေကြီးကိုချစ်တယ်း)

    အားလုံး ခံစားချက်တွေ တူတူပါပဲ မိုးရေ....

    မိဘအပေါ်သိတတ်၊ နားလည်တတ်တဲ့ သားသမီးတွေဟာ ဆင်းရဲဒုက္ခတွေ ကျရောက်မှာ မဟုတ်ဘူးလို့ ဂျင်းတော့ ယုံကြည်တယ်။

    ReplyDelete
  3. မိုးရေ... စေတနာသာလျှင် ကံမည်ပါတယ် တဲ့... ကျေးဇူးဆပ်ချင်တဲ့ စေတနာလည်းရှိသလို၊ တကယ်လည်း အလုပ် လုပ်ပြီး မိဘ ကို ပြန်စောင့်ရှောက်ပေးနိုင်နေတာပဲ။ မိုးသတိရသလို မိုးရဲ့မိဘ များကလည်း သမီး ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းပေးနေမှာ မလွဲပါဘူး။ တခုစိတ်ဝင်တစားနဲ့ စဉ်းစားကြည့်မိတာက သူတို့ မိုးအတွက်ဆုတောင်းပေးတာ .. မိုး ရှိက တခုခု ရပါစေတော့ရယ်လို့ မျှော်လင့်ချက်ကြီး တခွဲသား နဲ့ မဟုတ်တာ အသေအခြာပဲ။ မေတ္တာဆိုတာ အဲဒါပါပဲ အင်မတန်မှလည်း အေးချမ်းသလို့၊ ထိရောက်လှပါတယ်။ မိဘကို စောင့်ရှောက် တဲ့ မိုး အစစအရာရာ အဆင်ပြေဖို့ ထပ်ဆုတောင်းပေးပါတယ်။

    ReplyDelete
  4. ကျေးဇူးတင်ပါတယ်>>> KLLZ
    ခံစားချက်တွေမှန်ပေမယ့် လှပကျော့ရှင်းမှူမရှိတဲ့စာတစ်ပုဒ်ကို သေချာဖတ်စဉ်းစားပြီးမန့်ပေးတဲ့တွက်ပါ။
    မိုးအကိုတွေ မတွေ့ တာတော်ကြာပေါ့ သတိရပါတယ်။ နေကောင်းတယ်ဟုတ်။ ဆုတောင်းပေးတဲ့KLLZလည်း ရည်မှန်းချက်တွေအမြန်အောင်မြင်ပြီးသာယာချမ်းမြေ့တဲ့ဘဝကိုပိုင်ဆိုင်ပါစေရှင်း။
    P.S ဘဝရဲ့ကျန်ရှိတဲ့ချိန်ကိုမိမိမြတ်နိုးတဲ့သူနှင့်အတူ ဖြတ်သန်းရင်း သာသနာပြုနိုင်ပါစေ.... မိုးကိုကြီးတစ်ယောက်သောသူနဲ့အမြန့် အမြန်ဆုံးရွှေလက်တွဲနိုင်ပါစေ..


    မိုး

    ReplyDelete