Monday, February 22, 2010

အမှတ်တရ ရက်စွဲများ

ဘာလိုလိုနဲ့  ရုံးပိတ်ရက်တွေတောင် ကုန်သွားလိုက်တာ မြန်ပေါ့ ။
ဒီရုံးပိတ်ရက်လေးကတော့  မိုးဘ၀မှာ တစ်သက်မေ့နိုင်တော့ မှာ မဟုတ်ပါဖူး ။
ဒီရုံးပိတ်ရက်လေးက မောင်နှမတွေနဲ့  အတူပျော်ခဲ့ တာကြောင့် ပေါ့ ။
ခုလိုမောင်နှမတွေနဲ့  ဆုံတွေ့ ခွင့် ရလို့ လည်း ကံတရားကို ကျေးဇူးတင်မိပါတယ်။
မိုးဘ၀မှာ မိသားစုနဲ့ မောင်နှမတွေနဲ့  သိပ်မနေခဲ့ ရတဲ့ သူဆိုတော့ 
ခုလိုနေခွင့် ရတာ သိပ်ပျော်ပါတယ်။

လောကမှာ ဘာမှမတည်မြဲဖူးလေ။ တစ်နေ့ နေ့ တော့ ကွဲကွာရမှာပါပဲ။
ကံစီမံရာပေါ့လေ ပြောရမယ်ဆိုရင်တော့  ရေစက်ရှိသလောက်
ဆုံတွေ့ နေကြအုံးမှာပေါ့ လေ။ ဒါကြောင့်  ရှိနေတဲ့ချိန်လေးကို တန်ဖိုးထားပါတယ်။
မိုးသိပ်တန်ဖိုးထားရတဲ့ မိုး မိသားစုကိုတောင်မိုးခွဲခဲ့ ရတာပဲလေ။ ခွဲခွါပြီးရင်
တစ်ခုခုကြောင့် နောင်တဆိုတာမရင်ချင်လို့  မိုးမိသားစုတွေကိုလည်း
ကိုယ်တက်နိုင်သလောက် အမြဲလုပ်ပေးခဲ့ ပါတယ်။ မိဘတွေကို ခုထိ
ငွေနဲ့ ကျေးဇူးမဆပ်နိုင် နိုင်သေးပေမဲ့  မိဘရဲ့ အလုပ်တော်တော်များများမိုး
ကူလုပ်ပေးခွင့် ရခဲ့ ပါတယ်။

မိသားစုပဲဖြစ်ဖြစ် သူငယ်ချင်းပဲဖြစ်ဖြစ် အသိမိတ်ဆွေပဲ ဖြစ်ဖြစ်ပေါ့ 
သူတို့ လိုအပ်တဲ့ ဟာ မိုးရှေ့မှာပြောမိရင် မိုးတက်နိုင်တဲ့ဟာဆိုရင်
မိုးလုပ်ပေးလေ့ ရှိပါတယ်။ အဲဒါကတော့  မိုးရဲ့  အကျင့် တစ်ခုပေါ့ နော်။
သူတို့  စီကဘာမှ မမျှော်လင့်ပါဖူး အဲဒီလိုလုပ်ပေးခွင်ရတာကိုပဲ
ပျော်နေသူတစ်ယေက်ပါ။ မိုးကဟန်မဆောင်တတ်ဖူး ဟန်ဆောင်တဲ့သူကို
လည်းမကြိုက်ဖူး ဒါမေမဲ့ လည်း ပတ်ဝန်းကျင်မှာ ဟန်ဆောင်မှူတွေနဲ့ 
တွေ့နေတုန်းပါပဲ ဒါကလည်း မသေခင်ထိတွေ့နေမဲ့  အရာတွေပဲလေ။
ဒီလို ဟန်ဆောင်မှုတွေကြားထဲက မှ …………...............................................
ဟန်ဆောင်ကင်းတဲ့  မောင်နှမတွေနဲ့ ဆုံဖြစ်လို့  ကံကောင်းတယ်ပြောရမလားပဲ .......

မိုးဟင်းချက်တာ တူးသွားလို့  တူးတာဘာဖြစ်လဲ ဒါမှ အိမ်ထမင်းအိမ်ဟင်း………
အိမ်ထမင်း အိမ်ဟင်းဆိုတာ ကောင်းတာလည်းရှိမယ် မကောင်းတာလဲရှိမယ်လို့ ………
အားပေးတာမဟုတ်ပဲ တကယ်စိတ်ရင်းနဲ့ ပြောခဲ့ တဲ့  မောင်နှမတစ်ယောက်ရဲ့ 
အသံကြောင့် မိုးအဖေကို သတိရသွားတယ်။ မိုးချက်တဲ့ ပဲဝါလေးဟင်း
ဟင်းချိုရိုးရိုးလေးကို အရမ်းကောင်းတယ် ပြောတဲ့ အဖေကိုပေါ့ ။



ဦးစားပေးရမဲ့ သူတွေနဲ့ တွေ့  လာလို့မောင်နှမတွေနဲ့  တွေ့ ဖို့ အချိန်နည်းသွားရင်တော့ 
လည်းပျော်ရွှင် ပါစေဆုတောင်းရင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မောင်နှမများ အားလုံး သာယာချမ်းမြေ့ပြီးပြည့်စုံတဲ့ မိသားစုဘ၀ကိုပိုင်ဆိုင်ကြပါစေ…………..


သေရင်ဘာမှပါမသွားတဲ့  လောကကြီးမှာ
ဘာများမက်မောစရာ ရှိလို့ လဲ
တိုတောင်းလှတဲ့ လူ့ လောကမှာ
တွေ့ ကြုံဆုံခိုက်လေး မှာ တစ်ဦးကိုယ်တစ်ဦး
အားပေး ကူညီရင်းပေါ့  ဘ၀ခရီးတွေဆက်ရဦးမှာပါပဲ
ကံမကုန်လို့  ပြန်ဆုံဖြစ်ရင်လည်း
သာယာချမ်းမြေ့ပြီး ပြည့်စုံတဲ့မိသားစုဘ၀လေးနဲ့ 
ပြုံးပျော်တာကိုပဲ မြင်ချင်မိတယ်
သာယာချမ်းမြေ့ပါစေ သူငယ်ချင်းများ

3 comments:

  1. အမရေ
    ညီမကတော့ ထင်တယ်
    ခုလို ပျော်နေရမယ့် အချိန်တွေ အများကြီးရှိဦးမယ်လို့ ..း))
    အမြဲ ပျော်ရွှင်နေနိုင်ပါစေ ..း)

    ReplyDelete
  2. အဟင့် အဟင့်............ ဗြဲ................... ဝါး.................

    ReplyDelete
  3. မမိုးစာက တစ်ခုခုကို ကြိုပြောနေသလိုပဲ... ဟုတ်လား... အဲလိုပဲ ခံစားမိလို့ပါ....း))) ဦးစားပေးရမယ့်သူတွေ့နေပြီပေါ့....း)))

    ReplyDelete