Friday, February 26, 2010

မင်းအတွက်ဆို

မင်းရဲ့  နူးညံ့တဲ့  ခြေဖ၀ါးလေး မနာကျင်စေဖို့ 
သက်သောင့် သက်သာ ဖိနပ်လေးပဲဖြစ်လိုက်ချင်တယ်

မင်းရဲ့  အသားရည်တွေကို နေဒဏ် မိုးဒဏ်
ကာကွယ်ပေးမဲ့  ထီးကောင်းတစ်လက်ပဲဖြစ်လိုက်ချင်တယ်

မင်းရဲ့  သိချင်တဲ့ အချိန် ကို ကြည့် ကြည့် နေတဲ့ 
မင်းလက်မှာပတ်ထားတဲ့  နာရီလေးပဲဖြစ်လိုက်ချင်တယ်

မင်းရဲ့  ကိုယ်သင်းရနံလေး သင်းနေစေဖို့ 
မင်းနှစ်သက်မဲ့  ရေမွှေးလေးပဲဖြစ်လိုက်ချင်တယ်

မင်းရဲ့  ဦးခေါင်းလေး အမြဲသပ်ရပ်နေဖို့ 
ဘီးလေးတစ်ချောင်းပဲ ဖြစ်လိုက်ချင်တယ်

မင်း အိပ်တဲ့ ခါ အိမ်မက်လှလှမက်နိုင်ဖို့ တွက်
နူးညံ့တဲ့  ခေါင်းအုံးလေးနဲ့  အိပ်ယာလေးပဲဖြစ်လိုက်ချင်တယ်

မင်းအမြဲ လန်းဆန်းနေဖို့  အောက်ဆီဂျင်ပဲဖြစ်လိုက်ချင်တယ်

မင်းတွက်ဆို အားလုံးကို အမြဲ ပေးဆပ်ဖို့ ရှိတယ်
မင်းလေးပျော်ရွှင်စေမယ် (သီချင်းညည်းတာ) ဟိဟိ


မှတ်ချက်။ ပထမဦးဆုံး ရေးလိုက်တဲ့  ကဗျာလေးပါ။
မမြင်ဖူး မဆုံဖူးသေးတဲ့  မင်းသားလေးတွက်ပေါ့ 
အဲဒီလို ရူးသွပ်ခြင်း

အားလုံးသာယာချမ်းမြေ့ပါစေနော်
မိုး

4 comments:

  1. မင်္ဂလာပါ..

    မင်း အတွက်ဆို အမြဲ အစဉ်သင့် ပေါ့လေ။ :) :)..

    ကဗျာလေး နူးညံ့လွန်းလို့ မောင်စိန်ဝင်း (ပုတီးကုန်း).. အဲ..ဟုတ်သေးဘူး... မိုး (စင်ကာပူ) လို့ တင်စားလိုက်ချင်ပါတော့တယ် ဗျာ...

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  2. ဟိ... ဒုတိယမြောက် စိတ်ကူးယဉ်ခြင်း....း)))))

    ReplyDelete
  3. ပေးဆပ်မယ်ပေါ့ ..း)

    ReplyDelete
  4. မင်းအတွက်ဆို အမြဲထာဝရပေးဆပ်ချင်သူ မိုးပေါ့နော်...း)

    ReplyDelete