Tuesday, March 30, 2010

စင်္ကာပူရောက် ဘဝတွေ့ ကြုံ

မိုး စင်္ကာပူရောက်ပြီး တစ်နှစ်ကျော်အတွင်းမှာ ခံစားခဲ့ရတဲ့ ဘဝအတွေ့ အကြုံလေးတွေကို ရေးချင်နေမိတာကြာပါပြီ။ခုတလော သူငယ်ချင်းတချို့ အလုပ်တွက် စိတ်ညစ်တာလေးတွေတွေ့ ရလို့ သူတို့ တွေအတွက် ဒီစာလေးရေးဖြစ်သွားတာပါ။

လူတွေအားလုံးတော့ လည်းမဟုတ်ပါဖူး တော်တော်များများပေါ့ လေ တစ်ခုခုလုပ်တော့မယ်ဆို ဗေဒင်တွက်ဖြစ်ကြပါတယ်။မိုးလည်း စင်္ကာပူမလာခင် ဗေဒင်တွက်ခဲ့ပါတယ်။ဗေဒင်ဆရာကဟောလိုက်တယ် ခုချိန်မှာသွားရင်အခက်ခဲရှိတယ်။နှစ်ကုန်ပြီး ၂လပိုင်းလောက်
်မှသွားပါတဲ့ ဒါနဲ့ မိုးက ဗဒင်ကိုတွက်တယ်ဒါပေမဲ့အကုန်တော့မယုံဖူး နည်းနည်းဝါသနာပါလို့ တော့တွက်လိုက်တာပါပဲ။ မိုးကခေါင်းတော့ နည်းနည်းမာတယ်။သူပြောသလိုတော့နောင်နှစ်မှ မထွက်ခဲ့ဖူး။


ကိုယ်အစီစဉ်တိုင်းပဲ နှစ်မကုန်ခင်ပေါ့ 9/9/2008မှာစင်္ကာပုထွက်ခဲ့ပါတယ်။တိုက်ဆိုင်ချင်တော့ အဲဒီချိန်မှာ စင်္ကာပူမှာ စီးပွါးရေးမကောင်းတဲ့ချိန်နဲ့ အလုပ်ရှာရတာခက်တဲ့အချိန်သွားတိုက်နေတယ်လေ။အဲဒါနဲ့ စတေးတွက် ကျောင်းအပ်လိုက်ရပါတယ်။တော်တော်တော့ခံစားသွားတယ် ဘာဖြစ်လို့ လဲဆိုတော့ မိုးကျောင်းပြီးကတည်းက မိဘစီမှာ တက်နိုင်သမျှမယူနိုင်အောင်ကြိုးစားခဲ့တယ်။ခုတော့ မယူချင်ပေမဲ့လည်းအခြေနေအရ မိဘအထောက်ပံ့ ယူရအုံးမယ်ဆိုတဲ့ခံစားချက်ကြောင့် တော်တော်လေးခံစားခဲ့ရတယ်။ငယ်ငယ်တည်းက မုန့်ဖိုးတောင်တောင်ရမှာရှက်လို့ ပေးမှယူတယ် သတိမေ့လို့ မပေးရင်ဘယ်တော့မှမတောင်းဖူးလေ။အဲဒီလိုစိတ်ရှိတဲ့သူကိုမှ ဒီလိုဖြစ်ရတယ်ဆိုပြီးအရမ်းခံစားခဲ့ရတယ်။ ကျေးဇူးဆပ်ဖို့ နေနေသာသာ ပြန်တောင်းနေရပါလားလို့ ကိုယ့် ကိုကိုယ်တော်တော်လည်းရှက်မိတယ်။ဖြစ်နိုင်ရင် ယူတဲ့သူမဖြစ်ချင်ဖူး ပေါ့ ကိုယ်က ကျေးဇူးဆပ်နိုင်တဲ့သူ ပေးနိုင်တဲ့သူပဲဖြစ်ချင်တယ် ခုဖြစ်နေတာက တခြားစီ ဖြစ်နေတော့  အရမ်းခံရခက်တယ်။


ဒါနဲ့ ကျောင်းစတေးနဲ့ နေ အလုပ်ရှာ တော့လည်း အင်တာဗျူးတောင်မရ ၊ ရတော့လည်း ပီအာလား စင်္ကာပိုးရီးယမ်းလားနဲ့ မေးပြီး ဖုန်းပြန်ချသွားတယ်။အင်တာဗျူးရလို့ ဝမ်းသာအားရ သွားတော့လည်း သူတို့ ပြောတာနားမလည် တရုတ်သံနဲ့ဘာပြောမှန်းမသိ တော့ဘာလုပ်ပေးရမယ်မှန်းမသိပေါ့ ။အလုပ်ရှာတာခက်တာကတစ်ကြောင်း မိုးက အင်ဂျင်နီယာမဟုတ်တော့ ရှာတဲ့အလုပ်က အော်တိုကပ်နဲ့ ဆိုတော့ ပိုခက်ခဲ့တယ် တော်တော်များများက အင်ဂျင်နီယာရွေးသွားတာများတယ်လေ။အဆောင်က အမတွေကလည်း ညီမ အော်တိုကတ်နဲ့ ဆိုသိပ်မလွယ်ဖူးတဲ့ တခြားရှာကြည့် တဲ့လေ။ခေါင်းမာတဲ့သူမို့  အော်တိုကပ်နဲ့ ပဲရှာခဲ့တယ်။နောက်တော့ ၆လထိအလုပ်မရတာနဲ့  သူငယ်ချင်းကသူအေးဂျင့်နဲ့ အလုပ်ရသွားလို့  အဲဒီအေးဂျင့် နဲ့ ဆက်ပေးလိုက်တယ် အဲဒီနေ့ ပဲ အင်တာဗျူးဖို့ ခေါ်လာတယ် သွားဗျူးတာ သုံးယောက် အားလုံးမြန်မာတွေပဲ။မိုး အရွေးခံလိုက်ရတယ် ။ဒါနဲ့ အင်တာဗျူးအောင်ရင် $1000 ဆိုလို့ ပေးလိုက်တယ်။နောက်နေ့ ချက်ချင်းအလုပ်ဆင်းခိုင်းတယ်လေ။ဒါနဲ့ အက်စပတ်ကျရင် အကုန်ရှင်းပေါ့ ထုံးစံအတိုင်း အဲဒါနဲ့ အပရုလည်းဖြစ်ရော အကုန်ရှင်းလိုက်ရတယ် ကပ်မထုတ်ရသေးဖူး အလုပ်တွေများလို့ တဲ့ ဘော့ စ်ကပေးမသွားဖူး ဒါနဲ့ ၂ ပတ်အတွင်းမှာ ပျက်သနာရှာပြီး အလုပ်မလာဖို့ ပြောတယ်လေ။မိုး ရင်တွေတစ်ခုလုံးကျေမွသွားသလို ခံစားလိုက်ရတယ်။ကျောင်းစရိတ်ကုန်တာများလို့ အလုပ်အမြန်ရအောင်လုပ်မိပါတယ် ခုတစ်ခါနောက်ထပ် အိမ်ကို စိတ်ဆင်းရဲအောင်လုပ်မိပြန်ပြီပေါ့မျက်လုံးကန်းမလားတောင်ထင်ရတယ် မျက်လုံးတွေစပ် လောက်အောင်ငိုခဲ့ရယ်။ နှလုံးသွေးတွေ ရပ်လောက်အောင် အောင့်ခဲ့တယ်။ဘာဆက်လုပ်ရမလဲ ညံ့ တာက ကိုယ်ကိုတိုင်ဆိုတာသိလိုက်တဲ့ချိန်မှာ မှားသွားခဲ့ပြီ။ သူငယ်ချင်းက သူ့ ရဲ့ အေးဂျင့် လိမ်နေတာ ကိုဖုန်းဆက်ပြောတဲ့ချိန်မှာ အရမ်းနောက်ကျသွားခဲ့တယ်။မိုးညံ့ တာက သူတို့ ကျောင်းမထွက်သေးနဲ့အုံး ကျောင်းသား ကတ်ကိုင်ထားအုံးလို့ ပြောတော့ အော်အက်စပတ်တွက်သေချာမှ ကျောင်းသားကတ် သွားအပ်စေချင်တယ် ပေါ့  ရီဂျက်တွေလည်းများလို့ ဒီ လိုပြောတယ်ပဲထင်တာဒါပေမဲ့ ဒီလောက်ထိလိမ်ခံရလိမ့်မယ်လို့ မထင်ထားမိဖူး။ဒါနဲ့ကျောင်းကို ပြန်ငွေသွင်းပြီး ကျောင်းပြန်တက်ခဲ့ရတယ် အဲဒီတောတွင်း စိတ်ဓါတ်ကျနေတဲ့ပြင် အထင်သေးတဲ့မျက်စေ့ တွေနဲ့ ကြည့်ခံခဲ့ရတယ်လေ။တကယ်တော့ ကိုယ်က လိမ်ခံရဖို့ ရွေးခံလိုက်ရတဲ့သူဖြစ်သွားခဲ့တယ်။တကယ်တော့ s'pass တင်ပြီးနောက်နေ့ မှာပဲ ကင်န်ဆာလ်လုပ်ထားတာလေ အွန်လိုင်းမှာ အပရုဖြစ်တာပဲ ချက်မိလိုက်တာ နောက်ပိုင်းကမသိလိုက်ဖူး ဘာပြောပြော ကိုယ်ညံ့တာက ကတ်မရခင်ငွေပေးလိုက်မိတာပါပဲ ။

စိတ်တွေကျ စိတ်တွေလေ ကျောင်းကပြန်ရင် အိမ်မပြန်ချင်ဖူး တိုပိုင်းရိုး ကွိုင်ရင်မယ်တော် သွားလိုက် ဈေးပတ်လိုက်နဲ့ အချိန်ကုန်ခဲ့တယ်။ ရန်ကုန်ပြန်ဖို့ ပြောတဲ့သူကပြော တစ်ယောက်တစ်မျိုး ပြောကြတာပေါ့ ။အမှန်တော့ စင်္ကာပူမှာ အလုပ်ရဖို့ နေရာကောရှိလားလို့ တောင်စဉ်း စားဖူးတယ် ။ကိုယ်ကိုကိုယ်မယုံကြည်တဲ့စိတ်တွေဝင်လာခဲ့တယ်။ဒါနဲ့ ကျောင်းကသူငယ်ချင်းက သူဗေဒင်တွက်တာမှန်တယ်တဲ့ လိုက်တွက်ပါ လားပြောတော့ စိတ်ညစ်နေတဲ့ချိန် ထွက်ပေါက်တစ်ခုလိုပဲပေါ့ သွားတွက်မိတယ် ဗေဒင်ကပြောပြန်တယ် ဒီနှစ်ထဲမှာအလုပ်ရဖို့ အမြင်ဖူးတဲ့လေ ခုနေပြန်ပြီး ဒီမှာကုန်မဲ့ငွေက နောက်တစ်ခါပြန်လာလို့ ရပါတယ်တဲ့ အားပေးလိုက်တယ် ။ဒါနဲ့  မိုးအကျင့် က မရဖူးပြောရင်ကိုးးက လုပ်ကြည့် ချင်တယ်လေ။အဲဒီနေ့ ကစပြီး အော်တိုကပ်တစ်ခုတည်းမဟုတ်ဖူး အက်ဒမင် ပါလျှောက်တယ် ။စိတ်ကတော့ အောင်တိုကပ်ပဲလုပ်ချင်နေတယ်။ ဒါနဲ့ ၆ လပိုင်းမှာအလုပ်ရသွားခဲ့တယ် အောင်တိုကပ်နဲ့ ပါပဲ။ ဒါပေမဲ့ အက်စပတ်မထုတ်ဖူးခဲ့လို့ တဲ့ ရီဂျက် ကျောင်းစရိတ်သွင်းပြီးနောက်တစ်လမှ ကတ်ရတယ်။

ဒါပေမဲ့သိပ်မပျော်နိုင်ခဲ့ဖူး ခံစားရတာက အစမတန်ခံစားခဲ့ရလို့ ပါပဲ။ခုတော့ 10 လရှိနေပြီလေ ဒီအလုပ်ထဲမှာ အားလုံးလည်းကောင်းတယ် သူငယ်ချင်းတွေကိုလည်းသံယောဇဉ်ဖြစ်သွားလို့  နောက်အလုပ်တစ်ခုပြောင်းမလျှောက်ချင်ဖူးဖြစ်နေတယ် အလုပ်ကသိပ်အခြေတော့ မကောင်းလှဖူး ဒါပေမဲ့ သူတို့ အတွက်တက်နိုင်သလောက်ကြိုးစားလုပ်ပေးချင်တယ်လေ။

ဒါကြောင့်  မိုးသူငယ်ချင်းတွေကိုပြောချင်တာက ကိုယ်တကယ်စိတ်အားထက်သန်နေရင် ကြိုးစားရင်ဖြစ်တယ်ဆိုတာပါပဲ။

အလုပ်မရသေးသောသူငယ်ချင်းများ အားလုံးလိုချင်တဲ့အလုပ်နဲ့ လစာကောင်းနဲ့ အလုပ်ရပြီး ရတဲ့အလုပ်မှာမြဲလို့ ပျော်နိုင်ပါစေဆုတောင်းရင်း

အားလုံးသာယာချမ်းမြေ့ကြပါစေနော်
မိုး

9 comments:

  1. မိုးရေ...ဘဝဆိုတာ ဒီလိုပါပဲ။ အခက်အခဲတွေ ကြုံရလေ...ဘဝအရည်အသွေးပိုမြင့်မားလေလို့သာ မှတ်ယူထားပါ။ မဇွန်လည်း အခက်အခဲတွေကြုံခဲ့ရတာပဲ။ ဘာဖြစ်ဖြစ် စိတ်ဓါတ်မကျဖို့ အရေးကြီးတယ်။ ခုတော့ မိဘကို ပြန်လုပ်ကျွေးခွင့်ရသူအဖြစ် ပီတိဖြစ်လိုက်ပါနော်။ ခုလိုကိုယ်တွေ့စာလေးရေးပြီး သူငယ်တွေကို အားပေးတတ်တဲ့မိုးလည်း အစစအရာရာ အဆင်ပြေအောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့...

    ReplyDelete
  2. ဒီလိုပဲပေါ့ အမရယ် မုန်တိုင်းပြီးတော့လည်း လေပြည် လာတာပါပဲ ..း)

    အဆင်ပြေ ပျော်ရွှင်ပါစေး)

    ReplyDelete
  3. သာယာချမ်းမြေ့ပါစေ မိုးရေ...


    ဘယ်သူအတွက်ပဲ ဖြစ်ဖြစ် ရင်ထဲမှာ ဖြစ်စေချင်တာ... ကောင်းစေချင်တာ လူမခွဲခြားပါဘူး... အကုန်လုံးကို မေတ္တာနဲ့ အကောင်းတိုင်း ဖြစ်စေချင်တာလေ..


    အနေနီးတာနဲ့ ဝေးတာပဲကွာတာပါ။။ အကုန်လုံးက တူတူပါပဲ..

    ဒီလိုပါပဲ ဘဝဆိုတား)

    ReplyDelete
  4. မင်္ဂလာပါ မိုးရေ..

    ဒီပို့စ်လေးကို ဖတ်ပြီး မိုး အတွက် စိတ်ဓာတ်တွေ ကျသွားမှာလားဆိုပြီး စိုးရိမ်လိုက်ရတာ။
    ရအောင်လုပ်မယ်..ဖြစ်အောင်လုပ်မယ်.. မဖြစ်ဖြစ်အောင် လုပ်မယ် ဆိုတဲ့ စိတ်ကို အရမ်းလေးစားမိတာ အမှန်ပါ။
    အခက်အခဲတွေအားလုံး အောင်မြင်ချောမွေ့စွာ ဖြတ်သန်း အဆင်ပြေနိုင်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုမွန်ချွေလိုက်ပါတယ်...

    ခင်မင်စွာဖြင့်
ိကိုမျိုး

    ReplyDelete
  5. ကျေးဇူးဗျာ ... အားတွေ ဖြစ်သွားပါတယ် ...

    ReplyDelete
  6. မိုးရေ...စာလာဖတ်သွားတယ်နော်။ အခြေအနေမကောင်းမှန်းသိပေမယ့် တတ်နိုင်သလောက်ကြိးစားလုပ်ပေးချင်တဲ့ မိုးရဲ့စိတ်ဓါတ်ကို လေးစားပါတယ်။

    ReplyDelete
  7. စလုံးမှာ ရင်ဆိုင်ကြုံတွေ့နေရတာတွေပေါ့ဗျာ... အားမလျှော့ပါနဲ့ မမမိုးရေ... အခုလည်း မမမိုးအဆင်ပြေနေပါပြီ.....

    ReplyDelete
  8. တစ်ခါ တစ်ခါတော့လည်း ကံကိုယိုးမယ်ဖွဲ့ရတော့တာပေါ့ မိုးရေ...
    ဘာပဲဖြစ်ဖြစ် လဲရာက ပြန်ထရမှာလေ...
    ခု မိုးက လဲတာမှ မဟုတ်တာ...
    နေရာတစ်ခုမှာ ရပ်ဖို့ မခိုင်မြဲသေးတာပါ...
    ဒီတော့ အားမလျော့စတမ်းပေါ့

    တစ်ခုတော့ အကြံပေးပါရစေ မိုးရေ
    AutoCAD နဲ့လုပ်မယ်ဆိုရင် Software ပိုင်းကို အထူးလေ့လာထားရင်ပဲဖြစ်ဖြစ်၊ နောက် technical ပိုင်းကိုလည်း သိထားရင်ပဲဖြစ်ဖြစ် အဆင်ပြေမှာပါ... နှစ်ခုလုံးမျှရင် အကောင်းဆုံးပေါ့..

    ခင်မင်လေးစားစွာဖြင့်

    ReplyDelete
  9. စလုံးက အတွေ့အကြုံလေးတွေ ဖတ်လိုက်ရတယ်။
    ကြိုးစားသူ အတွက် အောင်မြင်မှုက မဝေးပါဘူး...။
    စိတ်ခိုင်ခိုင်နဲ့ ကိုယ့်ပန်းတိုင်ကို မျက်ခြေမပျက်စေနဲ့ပေါ့။
    ရှေ့လျှောက်လည်း အောင်မြင်ပါစေ...
    ခင်တဲ့
    ပေါ့ဆိမ့်

    ReplyDelete