Thursday, April 1, 2010

မေမေ ရေးတဲ့ဖူးစာ

သမီးသိပ်ချစ်တဲ့  အဖေ နဲ့ အမေ မောင်လေး ညီမလေး အဒေါ်တွေ ဦးလေးတွေ အားလုံးကိုယ်၏ကျမ်းမာခြင်း စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံ ပါစေရန်ဒီနေရာမှ ဆုတောင်းလိုက်ပါတယ်။ ယခင်က သူငယ်ချင်းများ ယခုမှခင်တဲ့သူငယ်ချင်းများကိုလည်း ဒီနေရာကနေပဲ ကျမ်းမာ ချမ်းသာပါစေရန်ဆုတောင်းလိုက်ပါတယ်နော်။
လူ့ လောကမှာ ဘယ်အရာမှ မတည်မြဲဖူးလေ။ တွေ့ ဆုံကြုံကွဲပေါ့  အားလုံးကဒီလိုပဲလေ။ မိသားစုမောင်နှမတွေကို ဘယ်လောက်ချစ်တယ်ပြောပြော တစ်နေ့ တော့ အချိန်တန် အရွယ်ရောက်လာရင် ကွဲရမှာပါပဲလေ ဒီလိုပါပဲ မိုးလည်းသူငယ်ချင်းတွေနဲ့ ဆုံခဲ့ရတဲ့အချိန်တွေက သိပ်နည်းပေမဲ့လို့  သူတို့ ကိုတော့ သယောဇဉ်ဖြစ်မိတာအမှန် ဒါပေမဲ့ မခွဲချင်လည်း ခွဲရအုံးမှာပါပဲလေ။ တကယ်တော့ သူငယ်ချင်းတွေစီကို ခုတစ်လော ခဏ ခဏ ရောက်ဖြစ်နေတယ်လေ။ အကြောင်းကတော့ သိပ်မကြာခင်မှာ မိုးသူတို့ နဲ့ ခွဲရမှာမို့ လို့ ပါပဲ ကြိုသိရင် သူတို့ တွေ စိတ်မကောင်းဖြစ်မှာမို့ လို့ မပြောဖြစ်ခဲ့ဖူး။ ခုတော့အချိန်တွေလည်းနီးပြီမို့  ဒီကနေပဲ နှတ်ဆက်လိုက်ပါတယ်နော်။

အမှန်တော့ မိုးမကြာခင်လက်ထက်ရတော့မှာပါ ။ မိဘတွေနဲ့ လည်း ဝေးရမယ် သူငယ်ချင်းတွေနဲ့ လည်းဝေရမဲ့ နိုင်ငံမို့ စိတ်လုံးဝ မဝင်စားခဲ့ဖူးလေ မနေ့ ကထိအရမ်းစိတ်ညစ်နေခဲ့တာ မိုးမှာလည်းချစ်သူမရှိတော့ မိဘတွေက စီစဉ်ပေးတာလည်းလက်မခံခဲ့ပါဖူး။ အိမ်ကဓါတ်ပုံကြည့် ခိုင်းတော့လည်းစိတ်မပါတာနဲ့  မကြည့်ချင်ပဲအတင်ြး်ငင်းးခဲ့တယ်လေ။ခုတော့မရှောင်နိုင်တဲ့ ကံတရားကိုလက်ခံလိုက်ရပြီ ပြောရမလား ဒီတစ်သက် ကိုယ်တကယ်မချစ်ရင် လက်မထက်ဖူးလို့ စဉ်းစားထားတာလေ။ မနေ့ ညက ညီမလေး အီးမေးလ်ပို့ ထားလို့  ဖွင့် လိုက်တာ ဓါတ်ပုံကိုတွေ့ လိုက်တယ် မိုးလုံးဝမထင်ထားဖူး မိုးရဲ့ စိတ်ကုးထဲကမင်းသားလေးနဲ့  ဒီလိုဆုံလိမ့် မယ်လို့ ပေါ့  ဒါနဲ့ မိုးအိမ်ကို ချက်ခြင်းဖုန်းခေါ်လိုက်တယ် အမေစီစဉ်တာလက်ခံမယ်လို့ ပေါ့ ။တကယ်တော့  မိုးအလုပ်ကို မိုးအရမ်းချစ်တယ် ဒါပေမဲ့ သူအတွက်ဆို အရာရာစွန့် လွတ်ချင်စိတ်ဖြစ်သွားတယ် ။ တကယ်တော့  မိုးအရမ်းသွားချင်ခဲ့တဲ့ နိုင်ငံ တစ်နိုင်က သူ့ နဲ့ လက်ထက်ပြီးနေရမဲ့ နိုင်ငံ ဖြစ်လိမ့် မယ်လို့  တစ်ခါမှ မတွေးမိခဲ့ဖူး နောက်တော့  ကိုယ်စိတ်ကူးထဲကအတိုင်း မင်းသားလေးနဲ့ တစ်ပုံစံတည်းဖြစ်နေလို့  တော်တော်လည်းပျော်တယ် လောကကြီးကိုလည်းကျေးဇူးတင်မိတယ်။

သူငယ်ချင်းများအားလုံး တစ်ခဏတာ တွေ့ ခဲ့ပေမဲ့  မိုးတကယ် ခင်လည်းခင်တယ် ချစ်လည်းချစ်ပါတယ် ။
အားလုံး သာယာချမ်းမြေ့ကြပါစေနော်
မိုး

10 comments:

  1. သူလဲ ဖူးတယ်ပေါ့ .. အဟတ် :P

    ReplyDelete
  2. အမယ်...း))... အပြတ်အသတ်ကို သာသွားပြီ ... ကြည့်စမ်း.... အစားအသောက်ပို့လိုက်ဖို့ မမေ့ပါနဲ့ မမမိုး....း)))

    ReplyDelete
  3. ဖူးတာ မဖူးတာ အချိန်တွေက ပြောပြမှာပါ။

    ReplyDelete
  4. ဟောဗျာ ... ကောင်းပါဧ။် ...
    မေမေရေးတဲ့ ဖူးစာက စိတ်ကူးထဲက အတိုင်းဆိုတော့ ကောင်းပါဧ။် ...

    တခါတလေတော့လည်း
    ဖူးစာဆိုတာ ... အဆန်းသားနော် ...း)

    ကဲကဲ ပျော်ပျော်ရွှင်ရွှင်နဲ့ လျှောက်လှမ်းနိုင်စေသတည်း ...
    ဆုတောင်းပေးပါဧ။်...

    ReplyDelete
  5. မင်္ဂလာပါ..

    ပျော်ရွှင်ချမ်းမြေ့သာယာ ပါစေလို့ ဆုမွန်ချွေလိုက်ပါတယ် ...

    ဟုတ်ပနော်.. နဖူးစာ ရွာမလည်ဘဲ.. အင်တာနက်ကနေ လည်လာတယ်... :) :) :)...

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  6. မိုးဆုတောင်းပေးနေကြအတိုင်း သာယာချမ်းမြေ့တဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေလို့။း)

    ReplyDelete
  7. ဪ ဓါတ်ပုံ တွေ့သွားပြီပေါ့လေ။
    ငါတို့ ကတော့ မထင် မထင်

    ReplyDelete
  8. ဟောဗျာ...ဘယ်လို....အင်း.....ကောင်းပါ၏ ။ ခင်တဲ့
    (ချိုကျ)

    ReplyDelete
  9. လက်ထပ် ကို လက်ထက် လို့ စာလုံးပေါင်းကို တွေ့တော့ မဟုတ်ဘူးဆိုတာ သိသွားတယ်.....:P

    ReplyDelete
  10. အခုမှဖတ်လိုက်ရပေမဲ့၊ ဖတ်နေရင် တစ်ကယ်တော့ ထင်မိတယ် ရက်စွဲကို ကြည့်တော့ ဖူးလ်မှန်းသိသွားဘီ :)

    ZaunG

    ReplyDelete