Thursday, April 29, 2010

တိုးတိုးလေးပြောမယ်နော်

ဒီရက်ပိုင်းမှာ မိုးလေဝသခြေနေကောင်းသလို လူသားတွေရဲ့ရင်ထဲမှာလည်း တစ်ယောက်တစ်မျိုး ခံစားချက်တွေနဲ့  အချိန်တွေကိုဖြတ်သန်းနေကြတာ တွေ့ ရ ၊ မြင်ရ ၊ ကြားရ ၊ ဖတ်ရနဲ့  ရင်ထဲမှာ လည်းမကောင်းဖူးပေါ့။

မိုးမှာက ငယ်ငယ်တည်းကအကျင့် တစ်ခုက တစ်ခုခုလိုချင်တာ ဖြစ်ချင်တာရှိရင် လိုချင်တဲ့အရာကို ရအောင်ကြိုးစားရင်းနဲ့  ဘုရားမှာလည်းရအောင်ဆုတောင်းတတ်တယ်။ ခုတော့ မိုးအတွက် ပြည့်စုံနေလို့တော့မဟုတ်ဖူး ဒါပေမဲ့  ဆုတောင်းရင်းမောသွားလို့  ဘာမှမဆုတောင်း တော့ဖူးပေါ့။ ဒါပေမဲ့ မဆုတောင်း ပဲကိုမနေနိုင်တဲ့မိုးကတော့ မိုးအတွက်မဟုတ်ပဲ တခြားသူတွက် ဆုတောင်းပေးနေတတ်တယ်လေ။

နောက်အကျင့်တစ်ခုကတော့ ညဘက်ဆို မိုးကောင်းကင်ကြီးကိုမော့ ကြည့်ပြီး ရင်ထဲကနေတိုးတိုးလေး ဖြစ်ချင်တာတွေကို ကြယ်ကလေးတွေကိုလည်းပြောပြတတ်ပါတယ်။

အခု မိုး ကြယ်လေးတွေကို တိုးတိုးလေးပြောနေတာ တိုးတိုးလေးပြောပြမယ်နော်

( ၇ ) ရက်သားသမီးများအားလုံး ခံစားနေရတဲ့ ခံစားချက်တွေဟာ ပျော်ရွှင်သာယာချမ်းမြေ့မှုအဖြစ်သို. ပြောင်းနိုင်ပါစေသားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
လူသားတိုင်းသာယာချမ်းမြေ့တဲ့ဘဝကိုပိုင်နိုင်ပါစေဆုတောင်းရင်းးးးးးးးးး

စာဖတ်သူများကိုကျေးဇူးတင်လျှက်
မိုး

17 comments:

  1. မိုးလည်းပဲ ထာဝရ သာယာ ချမ်းမြေ့တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ...

    အင်ကြင်း

    ReplyDelete
  2. တောင်းတဲ့ ဆု တွေ ပြည့်ပါစေ မိုးရေ..

    ReplyDelete
  3. လူလည်မမ....း)))))... မမလည်း သာယာချမ်းမြည့်ပါစေဗျာ.....း)))))

    ReplyDelete
  4. မင်္ဂလာပါ....

    တိုးတိုးလေးပြောလို့ မကြားလိုက်ရဘူး။ :) :) :)..

    ခင်မင်စွာဖြင့်
    ကိုမျိုး (အညာမြေ)

    ReplyDelete
  5. ဆုတောင်းပေးသူရော၊ အတောင်းခံရသူများပါ သာယာချမ်းမြေ့ ပျော်ရွှင်ပါစေသော်ဝ်။း)

    ReplyDelete
  6. ဆုတောင်းတိုင်းလဲ ပြည့်မှ မပြည့်နိုင်တာ
    မတောင်းတာကမှ ပိုအဆင်ပြေအုံးမယ်

    ReplyDelete
  7. ပျော်ရွင်ပါစေ မိုးရေ။

    ReplyDelete
  8. အဆိုးနဲ့ အကောင်းဒွန်တွဲနေတဲ့ လောကကြီးမှာ
    ဆုတောင်းပြည့်ဖို့ဆိုတာကတော့ လွယ်ဘူး :(

    ReplyDelete
  9. ဟုတ်ပါတယ် ဆုတောင်းပြည့်ဖို့ ဆိုတာမလွယ်ပါဖူးလေ။
    ဒါပေမဲ့  ဆုတောင်းတိုင်းမပြည့်ဖူးလို့ လည်း တရားသေတော့ပြောလို့ ရဖူးနော်
    လောကကြီးမှာ အကြီးမားဆုံးက မေတ်တာ ပါပဲမောင်လေးရေးးးးးး
    ပိုးပိုးဟပ်လေးးးးးးးးးရေးးးးးးးးးး
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete
  10. အစ်မရဲ့ ဆုတောင်းသံတွေကြောင့် ကျွန်တော်တို့ အားလုံးပျော်ရွှင်ရပါစေဗျာ ...
    အားလည်းနာပါတယ် ... ကျွန်တော့်ဆီလာတိုင်း စိတ်မကောင်းဖြစ်ပြီး ပြန်သွားရတယ်ဆိုလို့ တောင်းပန်ပါတယ် ...

    အမြဲလာလာပြီး အားပေးတဲ့ အတွက် ကျေးဇူးပါဗျာ ...

    ပျော်ရွှင်ချမ်းမြေ့ပါစေ ...

    ခင်မင်လေးစားတဲ့
    ညလင်းအိမ်

    ReplyDelete
  11. ဘာာာာာာာာာာာာာာာာာာာာာာာာာာာာာာ မကြားရဘူးးးးးးးးးးးး

    ကျယ်ကျယ်ပြောဘာာာာာာာာာာာာာာာာာ


    အန်းးးးးးးးးးးးးအင်းးးးးအန်းးးးးဘယ်သူ.....က ဘယ်သူ့အတွက်

    ဘာဆုတွေ တောင်းနေတာလဲ...........နာ့အတွက်ကျတော့ တောင်းပေးဖူးပေါ့ရေ....ဟတ်ရားးးးးးးးးးးး



း))

    ReplyDelete
  12. တောင်းတဲ့ဆုနဲ့ အားလုံးအတွက်ပြည့်နိုင်ပါစေ မိုးရေ...
    ခင်တဲ့(ချိုကျ)

    ReplyDelete
  13. ပုံမှန်May 6, 2010 at 7:48 PM

    ကြယ်လေးတွေက မကြားဘူးတဲ့ နောက်တစ်ခါအော်ပြောလိုက်နော်...ဟားဟား

    ReplyDelete
  14. ညီမ မိုးအပါအဝင် ၇ရက်သားသမီးတွေ အားလုံးဆုတောင်းပြည့်ပါစေလို့ ဆုထပ်တောင်းပေးလိုက်ပါတယ်။

    ReplyDelete
  15. အဲ .. တိုးတိုးလေးစာလာဖတ်တာ ခင်ည .. ဒါပေမယ့်စီဘောက်မှာရေးလို့ 
    မရလို့ ဒီမှာပဲ လာနှုတ်ဆက်တာခင်ည ..
    ပေးတဲ့ဆုနဲ့ ပြည့်ရပါစေခင်ည ..

    ReplyDelete
  16. တိုးတိုးပြောတာကို တိုးတိုးလာနားထောင်သွားပါတယ်

    ReplyDelete
  17. အားလုံးအတွက် ဆုတောင်းပေးတဲ့ မိုးလည်း ပျော်ရွှင်ပါစေ။ မိုးရဲ့ စိတ်ဓာတ်ကလေး ကို ချီးမွန်းပါတယ်။
    ခင်တဲ့
    ပေါ့ဆိမ့်

    ReplyDelete