Friday, July 16, 2010

မိုးရဲ့ အကျင့်

မိုးရဲ့ အကျင့်စရိုက်လေးတွေပါ။ မကောင်းတာကို သိလို့ ပြင်လိုက်တာလည်းရှိပါတယ်။ ပြင်မရတာတွေလည်းရှိနေပါတယ်။ ငယ်ငယ်ကဆို မိုးရဲ့အသုံးဆောင်တွေ တခြားတစ်ယောက် ယူသုံးတာမကြိုက်တတ်ဖူး။ ကြိုက်တယ်ဆိုရင် သူတို့ ကိုအသစ်ဝယ်ပေးပြီး ကိုယ်သုံးတဲ့ဟာ ကိုတော့ ဘယ်တော့မှမပေးတတ်ဖူး။ ဒါနဲ့အဒေါ်တွေက အားနာလို့ အဟောင်းပဲပေးပါ အသစ်မပေးပါနဲ့ဆိုလည်းမရဖူး ကိုယ်သုံးတာကိုက မပေးချင်တာ။ ညီမတွေက ယူသုံးမိလည်း ဆူတတ်ပါတယ်။ ခွင့်မပြုပဲ ယူသုံးရင်လည်း သိသွားရင် အရမ်းစိတ်ဆိုးတတ်ပါတယ်။

ဒါကြောင့်မိုးကို အဲဒီချက်နဲ့ပက်သက်ရင် အိမ်ကမကြိုက်ဖူး။ နောက်မိုးအသုံးဆောင်ဆို ယူမသုံးမိအောင်လည်း သတိထားနေကြပါတယ်။ ခုရန်ကုန်တစ်ခေါက်ပြန်တော့ မိုးရဲ့ အခန်းထဲအားလုံးက မိုးထားတဲ့အတိုင်းလေးပဲ စိတ်တောင်မကောင်းဖြစ်သွားမိပါတယ်။ အဖေဝယ် ပေးထားတဲ့ နာရီလေး အန်ဆွဲထဲမှာထည့်ထားခဲ့မိတာ အဲဒီနေရာလေးမှာအတိုင်းပဲ။ ညီမလေးတွေလဲယူမပတ်ဖြစ်တော့ တော်တော်စိတ် မကောင်းဖြစ်မိပါတယ်။ သူတို့ က မိုးက အရင်လိုစိတ်ပဲရှိတယ် ထင်နေကြတာကြောင့်ဖြစ်မှာပါ။

ခုတော့ အဆောင်မှာ ကိုယ့်အသုံးဆောင်တွေဘာတွေယူသုံးလည်း စိတ်မဆိုးဖြစ်တော့ဖူးပေါ့။ အဲဒါသူ့ ဘာသာ ဖြစ် သွားတာ ဘာလို့ လည်းတော့မသိတော့ပါဖူး။ အ၇င်ကတော့ အဲဒီလိုမဟုတ်ဖူး ကိုယ်စားတဲ့ပန်ကန်တို့ ခွက်တို့ ဆိုအဲဒါနဲ့ပဲစားတာ အဲဒီလိုအစွဲကြီးတတ်ပါတယ်။ ခုတော့ အဲဒီလို အစွဲတွေမရှိတော့ဖူးဆိုတော့ သိသာတာက ကိုယ့်အသုံးဆောင်ယူသုံးလို့  စိတ်တိုမိတဲ့ စိတ်ကလေးမရှိတော့တာ လည်း စိတ်ထဲမှာ ပေါ့သွားက မကောင်းစိတ်တစ်ခုကို ပျောက်ဖြစ်လိုက်နိုင်သလိုပါပဲ။

နောက်အိမ်မှာ မိုးကိုစိတ်ဆိုးစိတ်ကောက်အောင်လုပ်ရင် ထမင်းမစားဖူး ဆန္ဒပြတတ်ပါတယ်။ ဘာမှမစားတော့ဖူး အခန်းတခါးကြီးပိတ်ပြီး နေတတ်ပါတယ်။ အမေကိုစိတ်ကောက်ရင် အမေချက်တာလုံးဝမစားတော့ဖူး။ အဒေါ်ကို စိတ်ကောက်ရင် အဒေါ်ချက်တာ မစားတော့ ဖူး ပေါ့။ တစ်ခါ စိတ်ကောက်မိတဲ့ ရက်က လကုန်ခါနီးဆိုတော့ မိုးလစာကလည်းမရှိတော့ တောင်းဖို့ ကလည်းမတောင်းချင် စိတ်ကောက် တော့ ထမင်းလည်းမစား ဒါနဲ့ ရေသောက်ဗိုက်မှောက် အိပ်ခဲ့ရပါတယ်။ အမေက လာချော့လည်းမစားဖူး ပေါ့။ တစ်ခါတည်းချော့ရင်တော့ ဘယ်တော့မှမစားဖူး ၃ ခါထိအသာ လေးစောင့်နေတတ်တယ်။ ၃ ခါပြည့်ရင်တော့ ပါသွားရော။ ဒါကြောင့် အစာအိမ်ထိသွား တာလား တော့မသိပါဖူး။

နောက်တစ်ခု ဆေးသောက်ရတာမကြိုက်ဖူးဆိုတော့ ဆေးထိုးတာပိုကြောက်တတ်တာပေါ့။ တစ်ခါပါ အဖျားတွေကအရမ်းတက်နေတော့  ဆရာဝန်က ဆေးထိုးမှရမယ်ပေါ့ မိုးကတော့ ဘယ်လိုအခြေနေမှာဖြစ်ဖြစ် သောက်ဆေးပဲတောင်းတက်တယ်။ ဒါနဲ့ဆရာဝင်က ထိုးမှဖြစ်မယ်ဆိုတော့ လွတ်သွားအောင် ရုန်းလိုက်တာ ဆရာဝန်ကိုကန်မိ ဆေးထိုးအပ်တွေလဲကျပေါ့။ အမေလည်းမျက်နှာ တော်တော်ပျက်ရပါတယ် မိုးအတွက်နဲ့ အဲဒီဆရာဝန်နာမည်ခုထိ မှတ်မိနေပါသေးတယ်။ ဒေါက်တာအေးချိုတဲ့။ အားတော့နာပါတယ် စိတ်လည်းမကောင်းပေမဲ့ ဆေးထိုးကြောက်လို့ ။ ဒါနဲ့ လက်မှာဆိုမနာဖူးဆိုပြီးချော့ပြောတော့ အားနာတာကြောင့် လက်ခံလိုက်တာ ဆေးခန်းတစ်ခန်းလုံး လန့်သွားအောင် ငယ်သံပါအောင် အော်တော့တာပါပဲ။

နောက်တစ်ခုခုဖြစ်ပြီဆို ဥပမာ ညီမလေးပြုတ်ကျတာဆိုရင် ပြုတ်ကျတဲ့သူထက် မိုးအသံကိုပိုကြောက်ကြပါတယ်။ အလန့်တကြားနဲ့ ((((((((((အား))))))))))) လို့ အော်ပြီးရင် သူ့ တွက်စိတ်မကောင်းဖြစ်ငို ဖြစ်တဲ့သူကိုကော မိုးကိုကောနှစ်ယောက်လုံးထိန်းရတဲ့တွက် အိမ်ကလုတွေ မသက်သာပါဖူး။ နောက်ပျော်ရင်လည်း ဒီလိုပါပဲ တစ်ခါ အိမ်က သိန်းထီပေါက်တာ ၅သောင်းပါ။ ပျော်လို့ မိုးထခုန်ပြီး အော်လိုက်တာ တခြားအိမ်က သိန်၅၀၀ ထင်သွားပါတယ်။ တခြားချိန်မှာ မိုးစကားပြောသံသိပ်နည်းပေမဲ့ ပျော်ရင်ဖြစ်ဖြစ် လန့်ရင်ဖြစ်ဖြစ် အသံကျယ်သွားတတ်ပါတယ်။ အဲဒီသံကို အိမ်က တော်တော်လေးလန့် ပါတယ် ခုထိလည်းပြင်မရသေးပါဖူး။ ခုတော့ အဲဒီအသံလေးကို အိမ်က သတိရနေတယ်ပြောတာပါပဲ။ နောက်တော့မှ ဆက်ရေးပါအုံးမယ် စိတ်ပျက်ပြီးဖတ်ရတယ်ဆိုလဲ ဒီမှာတင်ပဲရပ်ပါတော့မည်။း)

အားလုံးဘေးရန်ကင်းကွာလို့ ကျမ်းမာပျော်ရွှင်ပြီး ရည်မှန်းချက်များအောင်မြင်တဲ့အပြင် သာယာချမ်းမြေ့တဲ့ဘဝကို ပိုင်နိုင်ကြပါစေရှင်းးး
သာယာချမ်းမြေ့ပါစေနော်
မိုး





















11 comments:

  1. ပြီးအောင်ဆက်ရေးပါဗျိုးးးး

    ReplyDelete
  2. ငယ်ငယ်ကဆို ဘာလည်းဟင်.... ဆက်ပြောလေ...

    ReplyDelete
  3. :)))... အတော်ဆိုးတဲ့ မမမိုး...

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  4. တဖြည်းဖြည်းတော့ သိလာဘီ :P

    ReplyDelete
  5. ဆက်ရေးပါဦး မိုးရဲ့။ ပေါင်းကြည့် အကြောင်းသိ ဆိုတာထက် ဘလော့ဂ်ဖတ်ကြည့် အကြောင်းသိက ပိုမှန်မယ်နော်။ တဖြည်းဖြည်းနဲ့ ပေါ်လာပြီ။ :P

    ReplyDelete
  6. တစ်ခါတစ်ခါမှာ ပတ်ဝန်းကျင်ကြောင့် အော်ရီဂျင်နယ်အကျင့်တွေ ပျောက်သွားတတ်ပြီး တစ်ခါတစ်ရံမှာ ပတ်ဝန်းကျင်ကြောင့်ဘဲ ဘရန့်နယူးအကျင့်တွေ ရလာတတ်တယ်။

    တံငါနားနီး တံငါ၊ ဘုတ်ဆုံနားနီး ဘုတ်ဆုံပေါ့းဝ)

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  7. မင်္ဂလာပါ မိုးရေ..

    ဆက်ပါအုံး။

    စိတ်ကောင်ရင် ထမင်းစားလက်စတောင် ဆက်မစားတော့ဘဲ စိတ်ကောက်တတ်တာ..အဲဒါလေးတော့ ကိုမျိုး နဲ့ တူပါ့။ အခုတော့ အဲဒီအကျင့်လေးတွေ မရှိတော့ပါဘူး... ငယ်ငယ်တုန်းက စိတ်ကောက်လို့ ထမင်းမစားရတဲ့ အကြိမ် တော်တော်များခဲ့တယ်... :) :) :) :)...

    ခင်မင်စွာဖြင့်
    ကိုမျိုး (အညာမြေ)

    ReplyDelete
  8. မိုးရေ....ဒီလိုလား ဟုတ်ပီ ဟုတ်ပီ ဒီိလိုအော်တတ်တာသိရတော့ တစ်ခုခုဖြစ်ရင် ဝေးဝေး ရှောင်နေလို့ရပြီး ဟီး စတာ

    ခင်တဲ့(ချိုကျ)

    ReplyDelete
  9. ဟဟဟ....အတူတူ လမ်းလျှောက်သွားရင် သတိထားမှ။ ဟုတ်ပ....မဇွန်ပြောသလိုပဲ ဘလော့မှာ ဖတ်မှပဲ ပေါ်လာပြီ အဖြစ်မှန်တွေး)))

    ReplyDelete
  10. တဖြည်းဖြည်းနဲ့တော့ သိလာပါပြီလေ။

    ReplyDelete
  11. သိထားရတာပေါ့ မိုးရေ..

    ReplyDelete