Friday, July 30, 2010

ကျေးဇူးပါ

ကျေးဇူးပါဆိုတဲ့ စကားးကို ငယ်ငယ်ကတော့ ကလေးတစ်ယောက်ရဲ့ အသိစိတ်နဲ့ ယခုပြောတဲ့ ကျေးဇူးပါ ဆိုတဲ့စကား ခံစားချက်တွေ တော်တော်ကွာသွားတာ ကိုယ်ကိုကိုယ်ခံစားမိတာလေးရေးချင်လို့ ပါ။ ငယ်ငယ်က ကျေးဇူးပါဆိုတဲ့စကား ကပြောတာက ကလေးတစ် ယောက်အနေနဲ့ ကိုယ့်ကိုကူညီစောင့်ရှောက်လိုက်ရင် ကျေးဇူးတင်ပါတယ်လို့  ပြောမိပါတယ်။ ပြောတဲ့ထဲမှာ တချို့ ကို စကားနဲ့သာ ပြောလိုက်ပြီး အခွင့်သာရင်ပြန်ကျေးဇူးပြုချင်တဲ့ ကျေးဇူးတင်တာလည်းရှိပါတယ်။ တစ်ခါ တစ်ခါမှ ပါးစပ်ကနေ ကျေးဇူးတင်တယ်လို့ သာပြောလိုက်ရပေမဲ့ ကျေးဇူးပါလို့ ပါးစပ်လေးနဲ့ပြောလိုက်ရတာကိုက သိပ်အားနာခဲ့တာ မျိုးတွေလည်းရှိခဲ့ဖူး ပါတယ်။ တစ်ခါတစ်ခါမှ ပါးစပ်လေးနဲ့သာ ကျေးဇူးပါလို့ ပြောရတာမလုံလောက်ဖူးပေမဲ့ လောလောဆယ်တော့ နှတ်နဲ့ပဲပြော လိုက်ရတာ မျိုးလည်းရှိခဲ့ဖူးပါတယ်။

တကယ်တော့ ကျေးဇူးတရားတိုင်းကို ပြန်ဆပ်ခွင့်ရတာလည်း ကံကောင်းခြင်းတစ်မျိုးပဲလို့  မိုးကတော့ယူဆမိပါတယ်။ ကျေးဇူးတိုင်းကို ပြန်ဆပ်ခွင့် ရချင်မှရမှာ ရုတ်တရက်ကူညီပြီး ပြန်မတွေ့ တော့တဲ့အခါကျရင် ဆပ်ချင်ပေမဲ့ ဆပ်ခွင့်မရတဲ့အခါမျိုးတွေလည်းရှိခဲ့ဖူးပါတယ်။ အိမ်မှာ မိုးအဒေါ်အကြီးဆုံးတစ်ယောက်ပါ ကျေးဇူးဆိုတဲ့စကားကို အမြဲပြောလေ့ရှိပါတယ်။ အဲဒီတုန်းကတော့ မိုးက အဒေါ်ရဲ့ ခံစားချက်ကို အကုန်နားမလည်ခဲ့ဖူး ကျေးဇူးပဲနော်ပြောရင် စိတ်ထဲမှာ သူစိမ်းဆန်တယ်လို့  ယူဆခဲ့မိပါတယ်။ အဒေါ်က သူ့ ကိုဝိုင်းကူ လုပ်ပေးပြီး တိုင်းကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကို အမြဲပြောလေ့ရှိသူပေါ့။ မိုးက မိသားစုတွေကို ကျေးဇူးတင်တယ်ဆို တဲ့စကားမပြောဖူးတော့ မဟုတ်ပါဖူး အမြဲမဟုတ်ပေမဲ့ ပြောခဲ့ဖူးပါတယ်။

အရင်က အဒေါ်က ကျေးဇူးတင်တယ် ပြောရင် စိတ်ဆိုးတတ်တဲ့မိုးက ခုတော့ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကား မကြာခဏပြောလေ့ ရှိနေပါပြီ။ ဒါကလည်းနုတ်ကနေမဟုတ်ပဲ ရင်ထဲကတကယ်လှိုက်လှိုက် လှဲလှဲကျေးဇူးတင်မိပြီး ပြောခဲ့တာမျိုးပါ။ မိုးအကျင့်တစ်ခုက ဟန်ဆောင်တာလုံးဝမကြိုက်ဖူး စေတနာမပါရင် အပြုံးတစ်ပွင့်တောင် မပေးချင်တဲ့သူမျိုးပါ။ ကိုယ်ကိုတိုင်လည်း အဲဒီလိုအပြုံးမျိုှးမနှစ် သက်တာကြောင့်ပါ။ မပြုံးပြချင်ရင် မျက်နှာချင်းကိုမဆိုင်တတ်တဲ့သူမျိုးပါ။

အရင်ကထက် ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကို ပြောမိတာကလည်း တစ်ဖက်သားကူညီမှူမှာ ပေါ့ပေါ့ပါးပါးလေးဆိုပေမဲ့ ကိုယ့်တွက် တော့ တကယ်လေးလေးနက်နက်ခံစားမိတာကြောင့်လည်းပါတာပေါ့။ ဒီမှာက တစ်ယေက်နဲ့တစ်ယောက်မိသားစုဝင်တွေမရှိဖူး အားလုံး ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝတွေကိုယ်ကျောင်းပြီး ဘဝရဲ့အခက်ခဲပေါင်းများစွာကို ကိုယ့်ဘာသာ တစ်ယောက်ချင်းစီကြိတ်ပြီးဖြေ ရှင်းနေ ကြတာတွေဆိုတော့ အဲဒီလိုတွေကြားထဲမှာ ကိုယ့်အတွက်တစ်စက္ကန့်လေးပဲဖြစ်ဖြစ် အချိန်ပေးလိုက်မိတဲ့သူကို အထူးကျေးဇူး တင်မိ တာအမှန်ပါပဲ။ အားလုံးရဲ့အချိန်တိုင်းဟာ တန်ဖိုးရှိနေကြတာပဲလေ။ ကိုယ်အကူညီတောင်းလို့ မဟုတ်ပဲ ကိုယ့်ပေါ်ထားလိုက်တဲ့ စေတ နာလေးတွေ တွေ့ တဲ့အခါမှလည်း တကယ်မိသားစုလိုခံစားချက်တွေဖြစ်ပေါ်ခဲ့တာရှိခဲ့ဖူးပါတယ်။

မိုးတို့ အဆောင်မှာအန်တီဆို မိုးနှတ်ခမ်းကွဲတာတွေ့ လို့  ဆေးဝယ်လာပေးခဲ့ဖူးတယ်။ တကယ်တော့သူပေးလိုက်တာ သူ့ စိတ်ထဲတန် ဖိုးမရှိဖူး $ 3 လောက်ပဲသူထင်ချင်ထင်လိမ်မယ်ပေါ့။ ဒါပေမဲ့မိုးခံယူလိုက်တာ အမေတစ်ယောက်ရဲ့မေတ္တာမျိုးလို ခံစားမိပါတယ်။ ကျေးဇူး တင်တယ်လို့ မပြောရဲ့ လောက်အောင်ရင်ထဲမှာ ကျေးဇူးတင်နေမိပါတယ်။ ဒီမှာက တစ်ယေက်နဲ့တစ်ယောက်သတိတရ ဝယ်ပေးတာ ထက် ဂရုစိုက်တောင်မကြည့်မိကြတာဆိုတာကြောင့်ပါ။

ရုံးမှာသူငယ်ချင်းတစ်ယောက်ပါ မိုးခြေထောက်ဖိနပ်ပေါက်တာ သူဆေးလိမ်းပေးတယ်လေ ကျေးဇူးပါလို့ ပြောလိုက်ပေမဲ့ မိုးရင်ထဲမှာသူ့ ကို တကယ့်ညီမတစ်ယောက်လိုခံစားမိပါတယ်။ လောကကြီးမှာ လူတွေအမျိုးမျိုး စိတ်တွေအမျိုးအမျိုးမှာ တစ်ယောက်နဲ့တစ်ယောက် သွေးသားရင်ချာမဟုတ်ကြပေမဲ့လည်း လူသားချင်းထားလိုက်တဲ့ ဖြူစင်တဲ့စေတနာတွေကတော့ တန်ဖိုးဖြတ်မရပါဖူး။ တစ်ခါတစ်ခါမှာ ရင်ထဲကထုတ်ပြောခွင့်မရလိုက်ပဲ ရင်ထဲကနေပဲကျေးဇူးတင်လိုက်ရတာမျိုးတွေလည်းရှိပါတယ်။

လောကမှာ နေရာအမျိုးမျိုး လူအမျိုးမျိုး စိတ်ဓါတ်တွေလည်းအမျိုးမျိုးပေါ့လေ။ အကြောင်းရာအမျိုးမျိုးတွေ တွေကြုံပြီးတဲ့အခါမှာ လူ့ အကြောင်းတွေလည်း သိနားလည်ခွင့်ရခဲ့တယ်ပေါ့။ လောကမှာ ဒါမျိုးတွေလည်းရှိပါလားလို့ သိခွင့်ရလို့  သိအောင်လုပ်ပေးတဲ့သူ တွေကိုလည်းကျေးဇူးတင်မိပါတယ်။ ဒါကြောင့် မှန်းဆလို့မရတဲ့ လောကကြီးထဲမှာ ဖြူစင်တဲ့ မေတ္တာ စေတနာလေးတွေကိုရတဲ့ချိန်မှာ တကယ်ကို လေးလေးနက်နက်နဲ့ကျေးဇူးတင်မိပါတယ်။

မိုးအလုပ်နဲ့ ကား၅မှတ်တိုင်လောက်စီးရင် ရုံးရောက်ပါတယ်။ မိုးတွေရွာတဲ့နေ့ဆို ဘက်စ်ကားကသိပ်မရပ်တာကများပါတယ်။ မိုးရွာတဲ့နေဆိုများသောအားဖြစ် မိုး ရုံးကိုကားငှားသွားရတာ ကများ ပါတယ်။ ကားမှတ်တိုင်နဲ့ ရုံးက ၅မှတ်တိုင်လောက်ပဲဝေးတာကြောင့် ပုံမှန်အားဖြစ် $ 4 ကျော်ပဲကျတတ်ပါတယ်။ တချို့ ကားဆရာတွေလည်း အရမ်းကျေးဇူးတင်စရာကောင်းပါတယ်။ လမ်းကို ကွေ့ ပတ်မ မောင်းပဲ အမြန်ရောက်စေချင်တဲ့စေတနာဆိုတာ ထုတ်မပြောပေမဲ့လည်း သူတို့ ရဲ့လုပ်ရပ်တွေက အကောင်းဆုံးသက်သေတွေပါပဲ။

ဒီနေ့ မိုးတွေရွာနေတော့ လုကလည်းပြည့်နေတော့ ကားကလုံးဝမရပ်ဖူးပေါ့။ ဒါနဲ့ တက်ကစီ ငှားတာလည်းမရတော်ေ တ်ာကြာ မှရပါ တယ်။ ကားဆရာက သွားရမဲ့လမ်းက ၂ လမ်းပဲရှိပါတယ်။ ဒါပေမဲ့ ကားဆရာက အဲဒီ၂ လမ်းမရွေးတော့ မိုးကပြောပါတယ်။ လမ်းမှားနေပြီ ဆိုတာသိလိုက်တာနဲ့ ဒါနဲ့သူကမီးပွိုင့်တွေအရမ်းကြပ်နေလို့တဲ့ တကယ်တော့ မောင်းရတာတောင် ခေါင်း ကိုက်လာပြီတဲ့ သူရွေးတဲ့လမ်း က ရုံးနဲ့တခြားစီပါပဲ။ နောက်ကျနေတဲ့ထဲ စိတ်တော်တော်ရှုပ်သွားမိတယ်။ ဒါနဲ့သူဘယ်လိုမောင်းမယ်ကြည့် လိုက်တော့ ပတ်ပြီးတော့ မောင်းသွားတာ တကယ်သွားရမဲ့လမ်းပဲ ပြန်ရောက်ခဲ့ပါတယ်။ ဒါနဲ့မိုးသိလိုက်ပါတယ်။ အစတည်းက ဒီလမ်းကတိုတိုလေးကို ပိုရှည်သွား အောင်ပတ်မောင်းလိုက်တာ ဒါပေမဲ့ဘာမှမပြောတော့ပါဖူး ပြောလည်းထူးမှာ မဟုတ်မှန်းသိနေလို့ ပါ။ ဒါနဲ့ မိုးစိတ်ထဲမှာ အင်းကားပေါ် ကဆင်းရင် ကျေးဇူးတင်တယ်ဆိုတဲ့စကားပြောနေကျပါပဲ ဒါပေမဲ့စိတ်ကမပြောချင်ဖူးဖြစ်နေပါတယ်။ ဒါနဲ့မပြောဖူးဆိုပြီး စိတ်ထဲမှာထား ထားခဲ့ပါတယ်။အော် လောကမှာလူတွေအမျိုးမျိုး စိတ်အမျိုးမျိုးမို့  သူ့ သဘောသူဆောင်နေတာပါပဲ။

ပိုစ့်တွေလိုက်ဖတ်ပြီး မိုးမသိတာတွေ ပိုစ်ကနေပြီး သိခွင့်ရ ဖတ်ခွင့်ရလို့ လည်းနားလည်ခွင့်ရ တဲ့အတွက်အားလုံးကို ကျေးဇူးတင်ပါကြောင်းဒီကနေပဲပြောပါရစေနော်....

အားလုံးဘေးရန်ကင်းပြီး သက်ရှည်ကျန်းမာတဲ့အပြင် သာယာချမ်းမြေ့တဲ့ဘဝကိုပိုင်နိုင်ကြပါစေရှင်းးးးးးးး

သာယာချမ်းမြေ့ပါစေနော်
မိုး
















6 comments:

  1. မိုးရေ အစ်မလည်း တစ်ချို့တက္ကစီသမားတွေကို ကျေးဇူးတင်စကား မဆိုချင်အောင်ဖြစ်ခဲ့ဖူးတယ်။ ၀တ္တရားအရ ပြောတာနဲ့ ရင်ထဲကလှိုက်လှိုက်လှဲလှဲ ပြောရတာ ဘယ်တူပါ့မလဲ။ ကျေးဇူးတင်စကားဆိုလိုက်သူအတွက် သိပ်မတာပေမယ့် အဆိုခံရတဲ့သူအတွက်တော့ အရမ်းတာသွားတယ်။ အဲဒီ့အကြောင်းပို့စ်တစ်ပုဒ်ရေးဖို့ လွန်ခဲ့တဲ့နှစ်လလောက်က အစ်မခေါင်းထဲစဉ်းစားမိသေးတယ်။
    ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်စကားပြောဖို့ ဘယ်တော့မှ ၀န်မလေးပါနဲ့မိုးရေ။

    ReplyDelete
  2. ကျေးဇူးသိတတ်ခြင်းဟာ မင်္ဂလာတစ်ပါးပါ ညီမရေ
    ဘာဘဲဖြစ်ဖြစ် ကိုယ့်ကို ဂရုစိုက်တယ်ဆိုတဲ့ အပြုအမူလေးဟာ
    အသေးအမွှားလေးဘဲဖြစ်ဖြစ် ဘယ်လောက်တောင် စိတ်ချမ်းမြေ့ဖို့ကောင်းထားသလဲနော်.. ကျေးဇူးတင်စကားဟာလည်း ပြောသူအတွက် အပန်းမကြီးပေမဲ့ လကခံရရှိသူအတွက်တော့ ချမ်းမြေ့စရာပါ..

    ပျော်ရွှင်ပါစေ ညီမလေးရေ

    ReplyDelete
  3. ဒီမှာကတော့ ကျေးဇူးဆိုတဲ့စကားက ပေါမှပေါ ဖြစ်နေလေရဲ့။ စိတ်ထဲတော့ ပါကြရဲ့လားမသိဘူး။ နဲနဲလေးဆို ဆောရီး။ နဲနဲလေးဆို ကျေးဇူး။ အဲဒါတွေ များနေတယ်။ နှုတ်ကလာတာမဟုတ်ဘဲ နှလုံးသားထဲက လေးလေးနက်နက် လာတာဆိုရင်တော့ အကောင်းဆုံးပေါ့လေ။

    ReplyDelete
  4. မိုးရေ...ကျေးဇူးဆိုတာ တင်ထိုက်တဲ့သူ၊ တင်သင့်တဲ့လူရှိသလို မတင်ထိုက်မတင်သင့်တဲ့လူတွေလည်းရှိတယ်ဗျ။ ကိုယ်ဘက်ကကြတော့လည်း တင်ထိုက်လို့ တင်ချင်လို့ရယ် မတင်ချင်လို့မတင်တာတွေလည်းရှိလေရဲ့..စိတ်ခံစားမှုနဲ့အတူ ပတ်ဝန်းကျင်က တုန့်ပြန်မှုနဲ့ ကျေဇူးဆိုတာနဲ့က တိုက်ရိုက်အချိုးကျနေသလိုပါပဲ။ မိုးပြောတာမှန်ပါ၏ :)

    ခင်တဲ့(ချိုကျ)

    ReplyDelete
  5. ကျေးဇူးတရားအကြောင်းနဲ့ပတ်သက်လို့ ဒီလို အသိလေးတွေမျှဝေပေးတဲ့အတွက် မိုးကိုလည်းကျေးဇူးတင်ပါတယ်။း))

    ဂျင်း

    ReplyDelete
  6. ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားလေးဟာ အရမ်း သိမ့်မွေ့ပါတယ်..
    အကူအညီတစ်ခုရဲ့နောက်မှာ ပြောသင့်တဲ့ စကားလေး ဖြစ်သလို ကိုယ်စိတ်ကို အေးချမ်းသွားတဲ့ ကိုယ်ပတ်ဝန်းကျင်က သက်ရှိတွေတင် မဟုတ်ပါဘူး သက်မဲ့အရာတွေ အားလုံးကလည်း ကျေးဇူးတင် ထိုက်ပါတယ်.
    မိုးကို လည်း ကျေးဇူးတင်ပါတယ်...
    ပေါ့ဆိမ့် ဆင်တဲကဖေး ကိုယ်စား

    ReplyDelete