Friday, February 26, 2010

မင်းအတွက်ဆို

မင်းရဲ့  နူးညံ့တဲ့  ခြေဖ၀ါးလေး မနာကျင်စေဖို့ 
သက်သောင့် သက်သာ ဖိနပ်လေးပဲဖြစ်လိုက်ချင်တယ်

မင်းရဲ့  အသားရည်တွေကို နေဒဏ် မိုးဒဏ်
ကာကွယ်ပေးမဲ့  ထီးကောင်းတစ်လက်ပဲဖြစ်လိုက်ချင်တယ်

မင်းရဲ့  သိချင်တဲ့ အချိန် ကို ကြည့် ကြည့် နေတဲ့ 
မင်းလက်မှာပတ်ထားတဲ့  နာရီလေးပဲဖြစ်လိုက်ချင်တယ်

မင်းရဲ့  ကိုယ်သင်းရနံလေး သင်းနေစေဖို့ 
မင်းနှစ်သက်မဲ့  ရေမွှေးလေးပဲဖြစ်လိုက်ချင်တယ်

မင်းရဲ့  ဦးခေါင်းလေး အမြဲသပ်ရပ်နေဖို့ 
ဘီးလေးတစ်ချောင်းပဲ ဖြစ်လိုက်ချင်တယ်

မင်း အိပ်တဲ့ ခါ အိမ်မက်လှလှမက်နိုင်ဖို့ တွက်
နူးညံ့တဲ့  ခေါင်းအုံးလေးနဲ့  အိပ်ယာလေးပဲဖြစ်လိုက်ချင်တယ်

မင်းအမြဲ လန်းဆန်းနေဖို့  အောက်ဆီဂျင်ပဲဖြစ်လိုက်ချင်တယ်

မင်းတွက်ဆို အားလုံးကို အမြဲ ပေးဆပ်ဖို့ ရှိတယ်
မင်းလေးပျော်ရွှင်စေမယ် (သီချင်းညည်းတာ) ဟိဟိ


မှတ်ချက်။ ပထမဦးဆုံး ရေးလိုက်တဲ့  ကဗျာလေးပါ။
မမြင်ဖူး မဆုံဖူးသေးတဲ့  မင်းသားလေးတွက်ပေါ့ 
အဲဒီလို ရူးသွပ်ခြင်း

အားလုံးသာယာချမ်းမြေ့ပါစေနော်
မိုး

Thursday, February 25, 2010

ခံစားချက်မှန်

အင်းခုတလော တော်တော်များများ အလွမ်းအဆွေးတွေပဲ ရေးနေကြလို့ 
မိုးလည်း အားကျမခံလိုက်ရေးချင် ပါတယ်။ ဒါပေမဲ့  ရေးမယ်ဆိုတော့ 
လည်းကိုယ့် မှာဘာဇတ်လမ်းမှမရှိ ခက်နေပြီပေါ့ ။

လူအမျိုးမျိုး အတွေးခေါ်မျိုးမျိုး အမြင်အမျိုးမျိုး ပေါ့ လေ။လူတိုင်းက ချစ်သူ
ထားတယ် ရှိခဲ့ တယ်။ ပျော်ခဲ့တယ် လွမ်းနေတယ် အသဲကွဲခဲ့ တယ် တစ်ဖက်
သက် အမျိုးမျိုးပေါ့ လေ။

ဒါပေမဲ့  ခုဖတ်ရမှာကတော့  အဲဒီလိုအမျိုးမျိုးထဲကတော့  မဟုတ်ပါဖူး။
မိုးကတော့  သူများတွေနဲ့ အမြင်ချင်းမတူတဲ့ နေရာမှာ ရှိတယ်ပြောရမှာပေါ့ 
မိုးက နည်းနည်းခေါင်းမာတဲ့ ထဲမှာပါတယ်။ ဘယ်သူဘာပြောပြော
ကိုယ်ခံယူချက် အတိုင်းနေတယ်။


ကြီးကျယ်တယ် ဂျေးများနေတာ အသဲနှလုံးမရှိဖူး ကျောက်ခဲကို
အရည်ညစ်တာထက်ဆိုးတယ် လူအမျိုးမျိုးဝေဖန်ခံရတာ သူတို့ ဝေဖန်တာ
သူတို့ သဘောပေါ့ လေ။လူတိုင်းမှာ မတူညီတဲ့  အမြင်တွေရှိတတ်တာပဲ။
ပြုံးပြုံးလေး နဲ့ ဘာမှပြန်ပြောလေ့မရှိဖူး။


တကယ်တော့  သာမန်မိန်းခလေးတစ်ယောက်ပါ။ ဘာမှကြီးကျယ်စရာ
အကြောင်းမရှိပါဖူး။ရှိနေတဲ့ အကြောင်းကတော့  သူများတွေရီစရာဖြစ်ချင်ဖြစ်
နေလိမ့် မယ်ပေါ့ နော်။


ဒီတစ်သက်မှာ ၁၅၀၀ မေတ်တာနဲ့  တစ်ယောက်တည်းပဲ ချစ်ချင်တယ်။
ချစ်ရမဲ့ သူနဲ့  လက်ထက်ရမဲ့ သူ တစ်ယောက်တည်းဖြစ်ချင်တယ်။
ဘ၀မှာ တစ်ခါမှ ဘယ်သူ့ ကိုမှမပြောဖူးသေးတဲ့  ချစ်တယ်ဆိုတဲ့ စကားကို ပြောရ
မဲ့ သူ တွေ့ ချင်လည်းတွေ့ မယ် တွေ့ ချင်မှလည်းတွေ့ မယ်ပေါ့နော်။


ဘယ်အရာကိုမှအတိကျ ပြောလို့ မှမရတာ။ အဲဒီသူဟာ ဘယ်သူလဲ
ဆိုတာ အသိဖူး မမြင်ဖူးသေးဖူး ဒါပေမဲ့  သူ့ အပေါ်မှာ ဘာလို့ သစ်စာတွေ
ထားနေမိတာလဲတော့ မသိဖူး ။ထူးတော့ ထူးဆန်းတယ် အဲဒီတစ်ဦးတည်းသော
သူတွက်ပဲ အဖြူစင်ဆုံးနဲ့ အသန့် ရှင်းဆုံး နှလုံးသားလေးကိုပေးချင်တယ်။
အိမ်မက်ထဲမှာတောင် မမြင်ဖူးတဲ့ ဖူးစာပေါ်မှာ ဘာလို့ ဒီလောက်ရူးသွပ်နေလဲ
တော့ မသိဖူး။ ဒီနေ့ တော့  ရင်ထဲက သိမ်းထားတဲ့ ခံစားချက်လေး ချရေးမိပြီ။

အားလုံးသာယာချမ်းမြေ့ပါစေနော်
မိုး

Monday, February 22, 2010

အမှတ်တရ ရက်စွဲများ

ဘာလိုလိုနဲ့  ရုံးပိတ်ရက်တွေတောင် ကုန်သွားလိုက်တာ မြန်ပေါ့ ။
ဒီရုံးပိတ်ရက်လေးကတော့  မိုးဘ၀မှာ တစ်သက်မေ့နိုင်တော့ မှာ မဟုတ်ပါဖူး ။
ဒီရုံးပိတ်ရက်လေးက မောင်နှမတွေနဲ့  အတူပျော်ခဲ့ တာကြောင့် ပေါ့ ။
ခုလိုမောင်နှမတွေနဲ့  ဆုံတွေ့ ခွင့် ရလို့ လည်း ကံတရားကို ကျေးဇူးတင်မိပါတယ်။
မိုးဘ၀မှာ မိသားစုနဲ့ မောင်နှမတွေနဲ့  သိပ်မနေခဲ့ ရတဲ့ သူဆိုတော့ 
ခုလိုနေခွင့် ရတာ သိပ်ပျော်ပါတယ်။

လောကမှာ ဘာမှမတည်မြဲဖူးလေ။ တစ်နေ့ နေ့ တော့ ကွဲကွာရမှာပါပဲ။
ကံစီမံရာပေါ့လေ ပြောရမယ်ဆိုရင်တော့  ရေစက်ရှိသလောက်
ဆုံတွေ့ နေကြအုံးမှာပေါ့ လေ။ ဒါကြောင့်  ရှိနေတဲ့ချိန်လေးကို တန်ဖိုးထားပါတယ်။
မိုးသိပ်တန်ဖိုးထားရတဲ့ မိုး မိသားစုကိုတောင်မိုးခွဲခဲ့ ရတာပဲလေ။ ခွဲခွါပြီးရင်
တစ်ခုခုကြောင့် နောင်တဆိုတာမရင်ချင်လို့  မိုးမိသားစုတွေကိုလည်း
ကိုယ်တက်နိုင်သလောက် အမြဲလုပ်ပေးခဲ့ ပါတယ်။ မိဘတွေကို ခုထိ
ငွေနဲ့ ကျေးဇူးမဆပ်နိုင် နိုင်သေးပေမဲ့  မိဘရဲ့ အလုပ်တော်တော်များများမိုး
ကူလုပ်ပေးခွင့် ရခဲ့ ပါတယ်။

မိသားစုပဲဖြစ်ဖြစ် သူငယ်ချင်းပဲဖြစ်ဖြစ် အသိမိတ်ဆွေပဲ ဖြစ်ဖြစ်ပေါ့ 
သူတို့ လိုအပ်တဲ့ ဟာ မိုးရှေ့မှာပြောမိရင် မိုးတက်နိုင်တဲ့ဟာဆိုရင်
မိုးလုပ်ပေးလေ့ ရှိပါတယ်။ အဲဒါကတော့  မိုးရဲ့  အကျင့် တစ်ခုပေါ့ နော်။
သူတို့  စီကဘာမှ မမျှော်လင့်ပါဖူး အဲဒီလိုလုပ်ပေးခွင်ရတာကိုပဲ
ပျော်နေသူတစ်ယေက်ပါ။ မိုးကဟန်မဆောင်တတ်ဖူး ဟန်ဆောင်တဲ့သူကို
လည်းမကြိုက်ဖူး ဒါမေမဲ့ လည်း ပတ်ဝန်းကျင်မှာ ဟန်ဆောင်မှူတွေနဲ့ 
တွေ့နေတုန်းပါပဲ ဒါကလည်း မသေခင်ထိတွေ့နေမဲ့  အရာတွေပဲလေ။
ဒီလို ဟန်ဆောင်မှုတွေကြားထဲက မှ …………...............................................
ဟန်ဆောင်ကင်းတဲ့  မောင်နှမတွေနဲ့ ဆုံဖြစ်လို့  ကံကောင်းတယ်ပြောရမလားပဲ .......

မိုးဟင်းချက်တာ တူးသွားလို့  တူးတာဘာဖြစ်လဲ ဒါမှ အိမ်ထမင်းအိမ်ဟင်း………
အိမ်ထမင်း အိမ်ဟင်းဆိုတာ ကောင်းတာလည်းရှိမယ် မကောင်းတာလဲရှိမယ်လို့ ………
အားပေးတာမဟုတ်ပဲ တကယ်စိတ်ရင်းနဲ့ ပြောခဲ့ တဲ့  မောင်နှမတစ်ယောက်ရဲ့ 
အသံကြောင့် မိုးအဖေကို သတိရသွားတယ်။ မိုးချက်တဲ့ ပဲဝါလေးဟင်း
ဟင်းချိုရိုးရိုးလေးကို အရမ်းကောင်းတယ် ပြောတဲ့ အဖေကိုပေါ့ ။



ဦးစားပေးရမဲ့ သူတွေနဲ့ တွေ့  လာလို့မောင်နှမတွေနဲ့  တွေ့ ဖို့ အချိန်နည်းသွားရင်တော့ 
လည်းပျော်ရွှင် ပါစေဆုတောင်းရင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မောင်နှမများ အားလုံး သာယာချမ်းမြေ့ပြီးပြည့်စုံတဲ့ မိသားစုဘ၀ကိုပိုင်ဆိုင်ကြပါစေ…………..


သေရင်ဘာမှပါမသွားတဲ့  လောကကြီးမှာ
ဘာများမက်မောစရာ ရှိလို့ လဲ
တိုတောင်းလှတဲ့ လူ့ လောကမှာ
တွေ့ ကြုံဆုံခိုက်လေး မှာ တစ်ဦးကိုယ်တစ်ဦး
အားပေး ကူညီရင်းပေါ့  ဘ၀ခရီးတွေဆက်ရဦးမှာပါပဲ
ကံမကုန်လို့  ပြန်ဆုံဖြစ်ရင်လည်း
သာယာချမ်းမြေ့ပြီး ပြည့်စုံတဲ့မိသားစုဘ၀လေးနဲ့ 
ပြုံးပျော်တာကိုပဲ မြင်ချင်မိတယ်
သာယာချမ်းမြေ့ပါစေ သူငယ်ချင်းများ

Saturday, February 13, 2010

အသဲထဲစွဲနေတဲ့ကဗျာလေး

ဖေဖော်ဝါရီ တစ်ဆယ့်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့  ပါ
တစ်ထောင့် ကိုးရာ တစ်ဆယ့် ငါး
ရှေ့ နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံကြံခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား
တစ်ထောင့်  ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့  ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့် ကိုး
ပြည်ထောင်စုရဲ့  ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ ဖခင်
ကောင်းစေချင်တဲ့  အမှာစကား
ငါတို့  မမေ့ အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။
ဒီကဗျာလေးဆိုရင်း ၀မ်းနည်းမိပါတယ်။