Wednesday, March 2, 2011

တွေ့ ဖူးသမျှ (၁)

ဒီနေ့ အတန်းလစ်ပြီး သူငယ်ချင်းတစု ဘုရားသွားဖို့ တာဆူနေကြသည်။ ဒီနေ့  ကျနော့ဘဝတစ်ခုလုံးတွက် အမှတ်တရဆုံးနေ့ပင်။ အေးချမ်းသော ဘုရားရင်ပြင်တော်ပေါ်တွင် ကိုယ်စီဘုရားဝတ်ပြုနေသည်ကြားမှ ကျနော် သတိပြုမိသူကား ဘုရားဝတ်ပြုတာမတွေ့ သို့ နှင့် ကျတော် သူမဝတ်ပြုတဲ့ချိန်မတွေ့ မိတာနေလိမ့်ဟု တွေး လိုက်မိသည်။ ထိုနေ့မှစ ကျနော်သူမ၏ပုံရိပ်များ မေ့မရ ကျနော်ရင်ထဲ နောက်ကြိမ်ပြန်ဆုံအောင် တောင့်တ နေမိသည်။

ကမ္ဘာကြီးကျဉ်းလွန်းသည်ဆိုတာ ကျနော်ယုံပြီ။ ကျနော့်၏ပြင်းပြသောခံစားချက်ကြောင့်လား ကျနော်တို့ ရေစက်ရှိသောကြောင့်လား ကျနော်သူမကို နောက်တစ်ကြိမ်ဆုံပြန်ပြီ။ ကျနော့သူငယ်ချင်းကျောင်းလိုက်လည် သည့်နေ့ပင်။

"မ" သည်ကျနော့ထက် အတန်းကြီးယုံမက ထက်မြတ်သွက်လက် သောမိန်ခလေးတစ်ယောက်ဖြစ်သည်။ ကျနော်ကလေးဆန်လွန်းသ လောက် "မ" အရာရာစေ့စပ်သေချာလုပ်ကိုင်တတ်သူ။ "မ" အချစ်ကို ကျနော့်ရဖို့ ခက်ခဲလွန်းလှသည်။ သို့ သော် ကြိုးစားသမျှအရာ ထင်လာခဲ့ပြီ "မ" အချစ်ကို ခက်ခဲစွာရပြီး "မ"ကျနော့ကို လက်ခံတာဘယ်တော့မှ နောင်တမရစေရဖူး ယုံကြည်ပြီးလက်ခံပေးတဲ့ "မ" တွက် "မ" ယုံကြည်မှုကိုမှန်ကန် အောင် ကျနော်ဘဝနဲ့ရင်းပြီးသက်သေတည်ပါတယ်။

တကယ်တော့ အခက်ခဲမှုန်တိုင်းက "မ"နဲ့ကျနော့်ကြား အဖြေမပေးခင်တည်းကရှိနေတာ ချစ်မိခဲ့ပြီးမှနောက်မ ဆုတ်နိုင်ပဲရှေ့တိုးမိတဲ့ ကျနော် အရာရာရင်ဆိုင်ဖို့ ပြင်ဆင်ပြီးမှ ရှေ့တိုးခဲ့မိလို့  မည်သို့ ပင်ခက်ခဲသော်လည်း ကျနော်နောက်မဆုတ်ဖို့ ဆုံးဖြတ်ပြီးသာ။ အကြောင်း ကား နှစ်ဖက်မိဘလက်မခံနိုင်သော အခြေနေပင်။ မိဘတွေအပစ်မဟုတ် ကျနော့်နှလုံးသား၏ တောင်းဆိုခြင်းကိုကျနော် မတားနိုင်ခြင်းသာ။

"မ"ကိုအိမ်ထောင်ချပေးတော့မည့်သတင်း ကျနော့်ရင်ထဲ ပူလောင်လွန်းလှသည်။ ကျနော် "မ"ကို အဆုံးရှုံး မခံနိုင်ဖူး။ တစ်ခုတည်းသောနည်းက ခိုးပြေးရန်သာ။ မိဘအဆင်ပြေအောင်ညှိလို့ မရသည့် ဘာသာရေး ကခြားနားနေတော့ ဒီနည်းအပြင်ရွေးစရာလမ်းမရှိချေ။

ကံဆိုးရွားလွန်းသည့် ကျနော်တို့ နှစ်ဦး "မ"ကို သွားခေါ်ရာ လမ်းထိပ်တွင်ပင်မိလေသည်။ "မ" အကိုမောင် သူငယ်ချင်းတစ်ခုလက်ချက် ကြောင့် ကျနော် မသေရုံတမယ်။ ပြင်းဖျားတွေတက်တာတောင် "မ"ကိုသာ ယောင် ရမ်းခေါ်နေမိသည်။ ကျနော့မိသားစု ကျနော့်ကို နောက် ဆုတ်ဖို့ ထားနေရက်ကျနော် နှလုံးသားထဲရှိသူနဲ့သာ ကျနော်ဘဝတစ်ခုတည်ဆောက်ချင်တာ အပြစ်လား။ကျနော်လဲလို့မဖြစ်ဖူး အိပ်ယာ ထဲကုန်းရုံးထ "မ"သူငယ်ချင်း များကို ကူညီတောင်းသော်လည်း "မ" ကိုနယ်ပို့ ထားမှန်းသိလိုက်သည်။

သတင်းစာဟောင်းတွေဝယ်တယ်။ ဒန်အိုးဒန်ခွက်တွေဝယ်တယ်။ အိမ်ရှေ့မှအထမ်းသည်ကို အဖွားက လှမ်းခေါ်လိုက်သည်။ ရှိသမျှသတင်း စာဟောင်းကို ယူကား ကျမ ရှေ့ထွက်လာစဉ် ခပ်နွမ်းနွမ်း ဦးထုပ် ငိုက်ငိုက်စောင်းထားသောသူက "မ"ခေါ်တော့မှ ကျမနှလုံးသားတစ်ခု လုံးအားအင်အပြည့် ပေါ့။

အဲဒီနေ့ ဘဝဆိုတာကို သုညကစ တည်ဆောက်ခဲ့ရသည့်နေ့ ငှက်ပျော်သီးတစ်လုံးဟာ ညစာအဖြစ်စားခဲ့ရတဲ့နေ့ ဘဝ၏ ခက်ခဲများ ကျုကျော်ဖြတ်ခဲ့ပြီး တစ်ဦးကိုယ်တစ်ဦးနားလည်မှုအပြည့်ဖြစ်ဖြတ်သန်းခဲ့ခြင်း နှစ်ဖက်သိုင်းဝိုင်းစာနားပေးထားခြင်းကြောင့် ကျနော်တို့ နှစ်ဦးဘဝအရာရာဟာသာယာစိုပြေလာသည်။

ခုတော့ သားသမီးများနှင့် ကျနော့်ကိုမိသားစု လေးတစ်ခုဖန်တီးပေးတဲ့ "မ" ပထမအရွယ်မှာ သွက်လက်ထက်မြတ် ပြီ ချစ်စရာကောင်းသလို ဒုတိယအရွယ်မှာ မိခင်တစ်ယောက်မေတ္တတွေဝေနေခဲ့တဲ့ အလှ တတိယရွယ်မှာ အေးချမ်းတဲ့ အပစ်ကင်းစင်လွန်းတဲ့ "မ" ရဲ့အလှတွေက ကျနော့်တွက်တော့ ဘုရားကပေးတဲ့ဆုလဒ်ကို မြတ်နိုးတဲ့ဆုလဒ်ပဲလား။

တွေ့ ဖူးသော မြင်ကွင်းတစ်စုံကိုပါ။ တကယ်ပြောချင်သောအကြောင်းကမရောက်သေးပါဖူး အလုပ်လည်း မအားတာကြောင့် ဒီနားတင်ရပ်ထားလိုက်ရခြင်းပါ။
အားလုံးသာယာချမ်းမြေ့တဲ့ဘဝကိုပိုင်နိုင်ကြပါစေရှင်း
မိုး

5 comments:

  1. အင်းး ..
    စာတွေ ရေးထားတာ အရမ်း မြန်နေသလိုပဲ ..း))
    အရှည်ကို စောင့်နေပါမယ်နော် ..း)

    မိုးခါး

    ReplyDelete
  2. တကယ်ပြောချင်တဲ့ အကြောင်းက ဘာများပါလိမ့် ?????

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  3. တို့လို့တန်းလန်း...း))

    ခင်မင်တဲ့
    နေ၀ဿန်

    ReplyDelete
  4. ဟားးး စောစောက အဆက်ကို သွားဖတ်ကြည့်တာ လုံးဝနားမလည် ဘူး .. အဲဒါနဲ့ ရှာဖွေပြီး လာဖတ်တာ.. ကောင်းတယ်.. ဆက်ရေးပါ.. ပို့စ်တခု တည်း အစ အဆုံး ဆိုရင် ပိုကောင်းပါတယ်..

    ReplyDelete
  5. အချစ်တစ်ခုနဲ့ တည်ထောင်လိုက်တဲ့ အိမ်ထောင်ရေးပေါ့နော်..
    ဘာတွေဖြစ်လာမလဲ ..။

    ReplyDelete