Wednesday, October 12, 2011

သီတင်းကျွတ် ကန်တော့ပန်း _/\_ _/\_ _/\_



















သီတင်းကျွတ်လပြည့်နေ့ နံနက်အာရုဏ်ဆွမ်းတော်









ကျေးဇူးကြီးမားလှသော အနန္တော အန္တငါးပါးနှင့်တကွ အနမတဂ္ဂသံသရာမှ ယခုမြတ်မှောက်ဘဝတိုင်အောင် မိမိထက် ကြီးသူ ငယ်သူ ရွယ်တုတန်းတူတို့ပေါ်တွင်လည်းကောင်း သီလ သမာဓိ ပညာရှိသော သူတော်စင်ပေါ်တွင်လည်းကောင်း ကာယကံ ဝစီကံ မနောကံ တပါးပါးသောကံဖြစ် ပစ်မှားကျူးလွန်ခဲ့သည်ရှိသော် ထိုအပစ်တို့မှ သည်းခံပါရန် ကျေအေးပါရန် ခွင့်လွှတ်ပါရန် ဝန်ချ တောင်းပန်ကတော့ပါ၏။ သည်းခံတော်မူပါ ကျေအေးတော်မူပါ ခွင့်လွှတ်တော်မူပါရှင်းးးးး

၇ရက်သားသမီးးများအားလုံး စိတ်ရောကိုပါကျမ်းမာပျော်ရွှင်တဲ့ သီတင်းကျွတ်ရက်မြတ်ကိုပိုင်နိုင်ကြပါစေ….
သာယာချမ်းမြေ့ပါစေရှင်း
မိုး


P.S ရန်ကုန်ရောက်စဉ်ကဘုရားဖူးခဲ့သောပုံပါ။






















9 comments:

  1. ညီမလေးရေ
    သီတင်းကျွတ်လပြည့်နေ့မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ
    ဘုရားလာဖူးပါတယ်။
    ဆွမ်းတော်နဲ့ ဘုရားပန်းကိုတွေ့တော့ သာဓုခေါ်သွားပါတယ်
    ညီမလေး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပါစေ
    အစစ အဆင်ပြေပါစေနော်

    ReplyDelete
  2. သာဓု သာဓု သာဓု ပါဗျာ။
    နေ့ရက်တိုင်းမှာ ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်စုံနိုင်ပါစေ။

    ReplyDelete
  3. ကုသိုလ်တွေအတွက် သာဓုခေါ်လိုက်ပါသည်၊
    ကျန်းမာပျော်ရွှင်ပါစေ။

    ReplyDelete
  4. သာဓု သာဓု သာဓုး)
    ဘုရားတွေ ဖူးသွားတယ် မမိုးရေ
    ပျော်ရွှင်ချမ်းမြေ့ပါစေး)

    မိုးခါး

    ReplyDelete
  5. _/\_ _/\_ _/\_

    မိုးရဲ့ ဒီအိုင်ဒီယာလေး မိုက်တယ်ကွာ..အဲ လိမ္မာတယ်ကွာ။
    လက်ဆယ်ဖြာ ဦးထိပ်မှာ မိုးလို့
    သုံးကြိမ် သုံးခါတိုင် ရှိခိုးကန်တော့ပါရစေ...
    ကျေးဇူးရှင် သူတော်အပေါင်းကိုလေ...

    ReplyDelete
  6. ဘုရားပုံတွေ မြင်ရတာ စိတ်ချမ်းသာတယ်။

    ဆွမ်းတော်ကပ်တာ တကယ့်ကို အတုယူဖို့ကောင်းပါတယ်။ အဲဒီလိုမျိုးကပ်တာကမှ ပိုပြီး သက်ရှိထင်ရှားဘုရားကို ကပ်တာနဲ့ တူတယ်။
    အကျိုးပေး ထူးမှာ သေချာပါတယ်။

    ခင်မင်လျှက်

    ReplyDelete
  7. ပုံတွေကြည့်ပြီစိတ်ကြည်နူးမိပါတယ်
    ကုသိုလ်ရမှာအသေအချာပါပဲ
    ချမ်းမြေ့စွာနဲ့စာတွေရေးနိုင်ပါစေ

    ReplyDelete
  8. သမီးအလိမ္မာ ဆိုတာဘာသာတရားကိုင်းရှိုင်းပြီး
    လူမှုေ၇း..ပညာေ၇း..ဘာသာေ၇းတွေအပြင်
    အဘက်ဘက်က တော်နေသူတွေကိုခေါ်တယ်...
    သီတင်းကျွတ်ရက်မြတ်ကနေတနှစ်တာရက်တွေလတွေ
    တိုင်းမှာ အပူအပင်သောကဟူသမျှကင်းဝေးပါစေ။
    မိုးညီမ..အားလုံးအဆင်ပြေပါစေ။

    ReplyDelete
  9. ဆားချက်ထားသော်ငြားလည်း .. အင်မတန်ကောင်းပါတယ်..း))

    ReplyDelete