Tuesday, November 1, 2011

မေတ္တာသည်သာ

သား …….. သားအလုပ်မသွားခင် အဖေစကားနည်းနည်းပြောစရာရှိတယ် သား …
ဟုတ်ကဲ့ ပြောပါအဖေ…

အဖေသတင်း တချို့ ကြားပြီး သားတွက်စိတ်ပူသွားတယ်…သား
မဖြစ်ဖို့ ပဲအဖေမျှော်လင့်မိတယ်။ သား….. သားကိုအဖေတစ်ခုပဲ ပြောချင်တယ် သနားတာ ဘဝတစ်ခုလုံးနဲ့ ရင်းပြီးတော့ မသနားလိုက်ပါနဲ့ သား…

သား သနားလို့ ဆိုရင် လွတ်လပ်စွာလှူခွင့် ထောက်ပံ့ခွင့် အဖေပြုတယ် ဒါပေမယ့် မဖြစ်သင့်တာကိုတော့ သားသိတယ်နော်…

သား၏ ဘာမှမတုန့်ပြန်မှူကြောင့် ကျနော် ရင်တွင်းအလွန်ပူလောင်လွန်းလှသည်။



*****-----------------*****-----------------*****-----------------*****

ဟာ…… ဦးလေး ………………. လာလာ ဦးလေး ထိုင်ပါ။
လမ်းကြုံလို့ လား ….
မဟုတ်ဖူးကွဲ့ 
တူမကြီးဆီလာခဲ့ တာ …….
သူမ မျက်နှာ တစ်ချက်ပျက်လျှက် …
အော် ဟုတ်လား ဦးလေး
ခဏနော်ဦးလေး တစ်ခုခု သွားစီစဉ်လိုက်အုံးမယ် …
ဘာမှမလုပ်နဲ့တော့ တူမကြီး ဦးလေး နေသိပ်မကောင်းဖူးကွယ့် 

စကားနည်းနည်းပြောချင်လို့ ပါကွယ် …
ဟုတ်ကဲ့ ….
ပြောပါ။
ပြောရမှာ အားတော့နာတယ် …တူမရယ်
တို့ တွေက တစ်လမ်းတည်းသားတွေမဟုတ်လား
ငါတူမ ခင်ပွန်းနဲ့ ကလည်း ဦးလေးတို့ မိတ်ဆွေရင်းတွေပဲလေ
သူမရှိတော့ပေမယ့်
တုမကြီး … တူမကြီးကိုလည်း ဦးလေး တူမတစ်ယောက်တစ်ယောက်လိုပါပဲ။

ဟုတ်ကဲ့
တူမ ဘာခက်ခဲလိုလို ဦးလေးတို့ က ကူညီဖို့ အဆင့်သင့်ပါကွယ် ….ဒါပေမယ့် တူမရယ်
ဦးလေး သားနဲ့ ငါ့တူမ သတင်းမဟုတ်ပါစေနဲ့ ဦးလေးမျှော်လင့်မိတယ်။

ဦးလေးသားဦးကိုတော့ ……..တောင်းပန်ပါတယ် ငါတူမ ဆန္ဒတွေစောသွားတယ်။
တူမလည်း မိခင်တစ်ယောက်ပဲလေ နားလည်မှာပါ….

ဦးလေး စိတ်ချပါ ကျမတို့ က ရိုးရိုးသားသား မောင်နှမလိုခင်တာပါ။ ဦးလေး သားကိုလည်း ကျမက မောင်လေးတစ်ယောက်လိုပဲ သဘောထားမိပါတယ်။
စိတ်ချပါဦးလေး ကျမ ဦးလေးထင်သလို ဘယ်တော့မှမဖြစ်စေရဖုူး ကတိပေးပါတယ်။

အေးကွယ် ကျေးဇူးတင်ပါတယ် ငါ့ တူမရယ် ဖခင်တစ်ယေက်အနေနဲ့ ရင်ထဲပူလောင်မူကို နားလည်ပေးပါ။ ငါ့တူမလည်း မိခင်ပဲ မိဘတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်မှာပါ။ ဦးလေး ယခုလိုပြောရတာ အလွန်အားနာပါတယ် ငါ့တူမရယ် ခွင့်လွှတ်ပါတယ်။ တူမပေးတဲ့ကတိကြောင့် ဦးလေးစိတ်ချသွားပြီ …

*****-----------------*****-----------------*****-----------------*****

တစ်ပတ်ကြာသော် …..

ဒီနေ့ သား အိမ်ပြန်နောက်ကျလိုက်တာ ………..
ခုချိန်ထိမရောက်သေးဖူး……
လမ်းမှာများတစ်ခုခုဖြစ်နေပြီလား ဒီကလေး
ဖခင်တစ်ယောက်ရင်တွင်း ပူလောင်လွန်းလှသည်။

အမေကြီး သားပြန်ရောက်ပြီလား
မရောက်သေးဖူး ဖေကြီးရယ် ဒီကလေး ဒီလောက်တစ်ခါမှနောက်မကျဖူးဖူး နော်

မေကြီး …….ရှင်း
ဘာမှမဟုတ်တော့ပါဖူးကွာ…

ဖေကြီး ရှင့်ကြည့်ရတာ တခုခုဖြစ်နေသလားလို့ 
၁၀ နာရီထိုးနေပြီ ကျမသားလေး တစ်ခုခုများဖြစ်နေပြီလား ကျမရင်တွေပူလိုက်တာ ဖေကြီးရယ်



ဟာာာ ဦးလေး မိုးချုပ်လှချေလား အေးကွဲ့  ခုထိမောင်မောင် အိမ်ပြန်မရောက်သေးလို့ 
ဦးလေ ဒီနေ့ မောင်မောင်တစ်ယောက် အလုပ်မတက်ဖူး ကျနော်ကခုမေးမလို့ ….


ဦးလေးကို ကူညီပါကွာ ငါ့သားကြီးကို ဆေးရုံတို့  ဘာတို့ များရောက်နေလို့ လာ့း မဟုတ်ဖူး ရဲစခန်းကိုအကြောင်းကြားရမယ် လူပျောက်နေတာ…

ဦးလေးစိတ်အေးအေးထားပါ ကျနော်စုံစမ်းပေးပါ့မယ်…



တစ်လကြာပြီးနောက် မေကြီး ဆန်ပြုပ်လေးတော့ ဝင်အောင်စားပါ။
ဖေကြီး ကျမသားကြီးကို မြင်ချင်တယ် ရှင်လိုက်ရှာပေးပါ...
မေကြီးသားကြီးက ပြန်လာမှာပါ။
မေကြီးသာနေကောင်းအောင်ကြိုးစား
ဖြစ်မှဖြစ်ရလေ အမေ့သားကြီးရယ် …
အမေရင်ကျိုးရပါပြီ
မငိုပါနဲ့ တော့ ဖြစ်လာမှတော့ ဘယ်တတ်နိုင်ပါ့မလဲ
တို့ သားကြီးက သက်ရှိထင်ရှားရှိနေသေးတာလေကွယ်
ငါတို့ တွေ့ နိုင်မြင်နိုင်တယ် ဒါငိုစရာမဟုတ်ဖူး
ရှင်ပြောရက်လိုက်တာ…

မခံစားလို့ ပြောတာမဟုတ်ဖူး ရှင်မ အစတည်းမ သားကြီးကိုလည်းဆုံးမပြီးပြီ
နောက်ဆုံး မဟူရာကိုလည်း သွားတောင်းပန်ထားပြီးပြီ
မင်းသားမှာ ဝဋ်ကြွေးပါလာလို့  ပဲသတ်မှတ်ရတော့မှာပဲ ....
မိဘနှစ်ဦး၏ ရင်ကွဲမတက်ငိုသံများ ကြားရသူပတ်ဝန်းကျင်အဖို့ ….

*****-----------------*****-----------------*****-----------------*****

သားတစ်ယောက် ခက်ခဲသောဘဝကို ရုန်းကန်နေသည့်သတင်းကလည်း ရင်ထဲမအေး
မသိမသာ တစ်ဖက်ကတစ်ကူရင်းးးး


ငါးနှစ်ကြာပြီးနောက် ဖခင်ဆုံးသွားသော် မောင်နှများကိုကြည့်ရင်း အကိုကြီးဆုံးတစ်ယောက်အနေဖြစ် မိဘပေါ်တာဝန်မကျေခဲ့မှူ မောင်နှများပေါ်တွင်လည်း မစောင့်ရှောက်နိုင် မိမိတည်ထောင်လိုက်သော မိသားစု မိန်းမဘက်မှပါလာသော သားသမီးများ မိမိ သားသမီးအားအလုံအလောက်ထားနိုင်ရန် အလျှင်မှီအောင်ရုန်းကန်နေရသည်။ မောင်နှမမျးကို ဘာမှမလုပ်ပေးနိုင်သော်လည်း မည်မျှမှမတက်နိုင်ချေ။


ကြိုးစားမှူကြောင့် အတော်အသင့် အဆင်ပြေလာသော်လည်း သားသမီးများအား နောင်ရေးတွေးမိသဖြစ် ဒီထက်ပိုကြိုးစားရမည် တွေးမိသည်။ ထို့ ကြောင့်နိုင်ငံခြားထွက်ရန် ဆုံးဖြတ်လိုက်သည်။

ငါးနှစ်နောက်ပိုင်း ပြီးပြည့်စုံသည်မဟုတ်သော်လည်း အတော့်သင့် ပြည့်စုံသော အနေထားသို့ ရောက်လာသည်။ထို့ ကြောင့် မြန်မာနိုင်ငံပြန်ပြီး အခြေချရန်ဆုံးဖြတ်လိုက်သည်။

ိုထိုချိန်ရုတ်တရက်ထွက်ပေါ်လာသော သတင်းကြောင့် အထိပ်အလန့်ဖြစ်ခဲ့ရသည်။ရန်ကုန်ပြန်လျှင်နေစရာ အိမ်မရှိတော့ အိမ်ကိုအကြွေး ရှင်များသိမ်းလိုက်ခြင်း သိန်းပေါင်း များစွာအကြွေးဖြစ်ဝိုင်းနေသော သတင်းမှာ ဘယ်လိုမှနားမလည်နိုင် လက်မခံနိုင် သို့သော် အားလုံးဟာ အမှန်တရားများဖြစ်နေလေသည်။လိုလေသေးမရှိအောင်ထားလျှက် ယခုလိုခြေနေသည် ရန်ကုန်ပြန်လျှင် မဖြစ်နိုင်သဖြင့် ရင်နင့်စွာပင် တိုင်းတပါးတွင်ကြိုးစားရအုံးမည်။ အရာရာကိုသူများထက်အဆမတန်ကြိုးစားရသည်။ အိမ်တစ်လုံးဖြစ်ဖို့  အကြွေးဆပ်ရန် သားသမီးများ တွက် …

သည်လိုနှင့် နောက်ထပ်ငါးနှစ်ကုန်ခဲ့ပြန်ပြီအကြွေးရှင်းပြီး နေစရာ တိုက်ခန်းလေးတစ်လုံးသာ အဖက်တင်ခဲ့သည်။ ရန်ကုန်ပြန်ရောက်သော် မြင်ကွင်းမှာ ရင်နှင့်ဖွယ်…..

ရှိနေသော တိုက်ခန်းလေးသည်ပင် အပိုင်မဟုတ် အမှားတစ်ခုကို အထပ်ထပ်မှားနေသော်လည်း ဇနီးအား တစ်ချက်မဆုရက် သဖြင့် မည်သည်မှမမေးမိ နှတ်ပိတ်လျှက်…. အတူကြိုးစားလာသော သူငယ်ချင်းများမှာ ပြီးပြည့်စုံပြီ အရာရာအခြေတကျ တချို့ လည်း ရာထူးကြီးများဖြစ် တချိုလည်းလုပ်ငန်းရှင်ကြီးများ ….

သားသမီးများ နောင်ရေးသည်လည်း မခိုင်မာမရှိ မဖြစ်ချေ နောက်တစ်ကြိမ်တော့ နိုင်ငံခြားပြန်ထွက်မှဖြစ်မည် ဒီတစ်ခါတော့ နောက်ဆုံးပဲ နောင်တော့ ဘယ်တော့မှာ နိုင်ငံခြားမသွားတော့ဖူး သားလိုသောတာလုပ်ပေးပြီးရင် ရန်ကုန်မှာပဲ အခြေခြတော့မည်။

၂ နှစ်ဟုမှန်းထားသော်လည်း ဘာလိုလိုနှင့် ၃ နှစ်ရှိခဲ့ပြီ ဘာဖြစ်ဖြစ် အိမ်ရှိပြီ သားတွက် လုပ်ချင်သော လုပ်ငန်းတွက်လည်းအရင်းအနှီးရပြီ အိမ်ပြန်ဖို့ တစ်ပတ်ပဲလိုတော့ သည့်ပျော်ရွှင်ကို စဉ်းစားရင်း ပျော်နေမိသည်။

ဖုန်းမြည်သံကြောင့် …

ဦမောင်မောင်တို့ အိမ်ကပါလား ..

ဦးမောင်မောင် ရုတ်တရက် ဦးနှောက်သွေးကြောပျက်ကာ အသက်ဆုံးသွားကြောင်း …..



လောကကြီးက သူ့ အားမကြည့်ရက်သောကြောင့်လား ဘဝတွင် ထိုအမျိုးသမီးနှင့် လက်ထက်မိသည့်နေ့ မှစ သေဆုံးချိန်ထိ သူမအားအကောင်းဆုံး မဆူရက် မမေးရက် သူမပြုခဲ့သောအမှားများကို ရှင်းရင်း ဘဝတစ်ခုသေဆုံးခဲ့ပြီ

တဖက်မှာတော့ သူမသည် သူမ၏ စရိုက်မပျောက်ပျက်နိုင် ....

သားသမီးများမှာလည်း မိခင်တစ်ယောက်ဖြစ်နေသောကြောင့် မပြောရက် မဆိုရက် ဘဝတွေဟာ ကြေကွဲစရာ ….



မှတ်ချက် ။ ။ နာမည်များကို အဆင်ပြေသလိုမိမိစိတ်ကြိုက်အသုံးပြုထားခြင်းသာဖြစ်ပါသည်။ အမည်များတိုက်ဆိုင်မှူတစ်စုံတစ်ရာရှိလျှင်ခွင့်လွှတ်ကြပါ။
-------------------------------------------------------------------------------------

မေတ္တာဆိုတာ ဘာလဲ မေးခဲ့ရင် စကားလုံး တစ်လုံးတည်းဖြစ် ပြည့်စုံပြောဖို့  မိုးမှာမအရည်ချင်းမရှိပါ။ ကြီးမြတ်လှသော မေတ္တာတရားကို ကိုယ်တိုင်ခံစားမိသလောက်သာရေးခြင်းပါ။
လူသားတိုင်းမှာ မေတ္တာမရှိခဲ့ဖူးသူ ရှိပါ့မလား မရှိနိုင်ပါဖူးလို့ ယူဆမိပါတယ်။မွေးကတည်းက စပြီး တွယ်တာမိကြတာ မိခင်၊ ဖခင်ပါ။ ဘာမှအားစိုက်စရာမလိုပဲ သူ့အလိုလိုကို မိဘနဲ့ သားသမီးတွေကြားကမေတ္တာတွေသူ့အလိုလိုဖြစ်ပေါ်လာတယ်လို့မြင်ပါတယ်။
ငယ်ငယ်ကတော့ တခုခုဆို လူတွေက သြော်ဒါမိဘမေတ္တာဆို ကိုယ်တိုင်လည်း သံရောင်လိုက်မိတာပါ။ သေချာလေးနက် မတွေးမိဖူး လေးလေးနက်နက်လည်း သိချင်တာမရှိခဲ့ဖူးပါဖူး။ကိုယ်တိုင်တော့ မိဘတွေကိုယ့်ပေါ်ထားတဲ့ မေတ္တာကို သိပ်နားမလည်ခဲ့ဖူးလောက်အောင် ညံ့ခဲ့ဖူးတယ်။ မိမိထက် အငယ်တွေကို ပိုပြီးဂရုစိုက်သလို ခပ်ညံ့ညံ့အတွေတွေးလည်းရှိခဲ့ဖူးတာပါ။မိဘတွေက တခြားသူများသားသမီးတွေများ ပေါင်ပေါ်တင်မိ ချီမိရင် မိုးတော့ငိုလို့ မဆုံးနိုင်ခဲ့ဖူး။ဒါကတော့အသက်ဆယ်နှစ်အောက်အချိန် ကခံစားချက်တစ်ခုပါ။

မိဘဆိုတာ သားသမီးတွေတွက် လိုတရအောင်ဖြည့်ဆည်းပေးနေရတာကို ပျော်နေရှာ တတ်တာပါ။ဒါတွေအားလုံးကလည်း ကိုယ့်မောင်နှမတွေကို ကိုယ်ကလုပ်ပေးမိတဲ့ချိန် မိဘကိုတစ်ခုခုလုပ်ပေးမိချိန် ကိုယ်တိုင်ခံစားမှပိုနားလည်လာရတဲ့ ခံစားချက်တစ်ခုပါ။ကိုယ်တိုင်ကလည်း ငယ်ငယ်ကတော့ တခုခုဆို မိဘတွေကို မကြိုက်လို့ မိဘတွေကိုကြောက်လို့ မိဘမကြိုက်တာ မလုပ်ခဲ့ဖူးတာပါ။

ဒါပေမယ့် ခံစားချက်ဆိုတာ အသက်ရွယ်နဲ့လိုက်ပြီးပြောင်းလဲလာတတ်သလိုပါပဲ။ကြီးလာလေလေ မိဘကိုကြောက်လို့ မိဘမနှစ်သက်တာ မလုပ်တာမဟုတ်ပဲ ဒါလေးလုပ်မိရင် မိဘတွေ စိတ်ဆင်းရဲသွားမလား ဆိုတဲ့ခံစားချက်ဖြစ်လာခဲ့တာ ဒါပေမယ့် မိဘရှေ့ မှာရော ကွယ်ရာမှာပါ မိဘမနှစ်သက်မယ့် ခံစား မယ့်စိတ်ပျက်စေမယ့်အရာမျိုးတွေရှောင်တတ်လာပါတယ်။သို့ သော် အရာအားလုံးလား ဆိုတော့ မဟုတ်ပါဖူး ကိုယ်လုပ်လိုက်လို့ ဘာမှမထိခိုက်လောက်တဲ့အရာဆို လုပ်တာပါပဲ ဥပမာ ဆံပင်အ ရောင်ဆိုး တာမျိုးပါ။ အဲဒီမှာ တစ်ခုသိလာတာက မေတ္တာဆိုတာ တစ်ဖက်ကိုထိခိုကအောင်လို့်ဖို့ ဝေးပါတယ် နည်းနည်းလေးမှ မျက်နှာမညိုးစေချင်ဖူး ဥပမာ အဖေတစ်ခုခုခံစာနေတာ မြင်မိရင် ကိုယ်တိုင်ကြေကြေကွဲကွဲ ခံစားခဲ့ရဖူးပါတယ်။အဖေမသိအောင် ကြိတ်ငိုခဲ့ရတာ ဒီခံစားချက်တွေက အပြန်အလှန်မိဘနဲ့  သားသမီးတွေမှာ အမြဲရှိတတ်ကြစမြဲပါ။

မောင်နှမတွေဆိုလည်း ဒီလိုပါပဲ တခါက မောင်လေးကတစ်ယောက်တည်းဆိုတော့ သူနဲ့ခမျာ ညီမတွေအမတွေနဲ့ဆော့ ပျင်းရင် သူ့ ကိုတစ်ဆယ်ချက်ထိုး သူတစ်ချက်ပဲထိုးမယ်ပေါ့ မိုးလည်း ထိုးတမ်းမကစားချင်တော့ ထိုးရင်းမကစားချင်တော့ တာနဲ့ မောင်လေးရင်ဘတ်ကို တစ်ချက်တည်း ထိုးချ လိုက်တာ မောင်လေးရင်ဘတ်အောင့်ပြီးခံစားသွားရတာ မိုးရင်ထဲ ခုထိစဉ်းစားမိရင် အရမ်းခံစားရ တယ်။နောင်လည်းဒီလို ဘယ်တော့မှလုပ်မဖြစ်တော့ဖူး။ ဒါတွေစဉ်းစားကြည့်ရင် မေတ္တာဆိုတာအ မှားတစ်ခုကို ထပ်ထပ်မကျူးလွန်ဖူးလို့လည်း ခံစာမိပြန်ပါတယ်။

နောက်ညီမအငယ်ဆုံး သူကတော့ ဘယ်ကျူရှင် ပဲထားထား မိုးကစာဝိုင်းကျက်ပေးမှရတယ်ထင် ဒါလည်းအစွဲတစ်ခုပါ။ ဒါနဲ့ ညီမက ၁၀တန်းရောက်သူ့ ကိုစာကျက်ပေးရင်း သူကစာမရသေးတော့ အေး ဒီပုံစံနဲ့ ဆို ၁၀ တန်း ၁၀ နှစ်ဖြေတောင်အောင်မှာ မဟုတ်ဖူးလို့  လွတ်ထွက်သွားမိတယ် ပြောပြီးပြီးချင်း မှားမှန်းသိတယ် ဖြစ်စေလိုတဲ့ဆန္ဒမပါခဲ့ပေမယ့် တစ်ဖက်သားတော့ အတော်ခံစားသွားရမှာသေချာပါပဲ။ မိုးကစာရလွယ်မေ့လွယ်ပေမယ့် ညီမကတော့ ရပြီးသား မမေ့တတ်တဲ့သူ။ မိုးထက်လည်းများသာပါတယ် ထူးချွန်ပါတယ်။ မိုးရဲ့ မှတ်မှတ်ရရ အမှားတွေပါ။

ကိုယ်တိုင်မေတ္တာရှိတဲ့သူပေါ်တောင် မမျှော်လင့်ပဲ အမှားတွေလုပ်ခဲ့မိဖူးတာပါ။ အမေ့ပေါ်လည်း ဒီလိုပါပဲ ငယ်ငယ်ကတော့ အမေကလေးမှားလာတာမှတ်လား အမေကို အမြဲစခဲ့မိပါတယ်။ မိဘအရင်းနဲ့တွေ့ ချင်လိုက်တာ အဲ့လိုပြောလည်း အမေဘာမှအပစ်မယူခဲ့ဖူး စဉ်းစားမိတိုင်း သနားမိပါတယ်။မိဘဆိုတာ အတိုင်းဆမဲ့ ခွင့ှ်လွှတ်ခြင်းတွေအပြည့်ရှိနေတတ်တာမျိုးပါ။


ညီမအလတ်ကိုတော့ မိုးကြောင့်ရေနွေးပူလောင်ခဲ့ဖူးတာ စဉ်းစားရင် အရမ်းကြောက်မိတယ် ကံကောင်းလို့  ရှပ်ထိပေမယ့် ပူတာကတော့ပူခဲ့ဖူးတယ် ခုစဉ်းစားမိရင် သူ့ ကိုတောင်းပန်ခဲ့မိရဲ့ လားသတိမရတော့ဖူး။ အဲဒီချိန်မှာ အရမ်းထူပူနေခဲ့မိတဲ့ချိန်ပေါ့...

ဒါတွေဘာလို့ ရေးမိလည်းဆိုတော့ မေတ္တာဆိုတာ အခြေခံ ခံစားချက်ချင်းတူလိမ်မယ်လို့ခံစား မိလို့ပါ။
ဘယ်လိုမေတ္တာမျိုးဖြစ်ဖြစ် ၅၂၈ ဖြစ် ၁၅၀၀ ဖြစ်ဖြစ် အခြေခံကတော့ မိမိမေတ္တာရှိတဲ့သူအပေါ် နည်းနည်းလေးမှ ခံစားမှူဒုက္ခ ထိခိုက်မှူတစ်စုံတစ်ရာ နှစ်နာမှူ ဘယ်သောအခါမှမပြုလုပ်ဖူး ဆိုတာသေချာတဲ့အချက်တချက်ပါ။

မိမိကိုယ်တိုင် မေတ္တာကိုသိမှ မေတ္တာတရားရဲ့ခံစားချက်ကိုနားလည်နိုင်မယ်လို့ယူဆမိပါတယ်။
မေတ္တာတွေကဘယ်လောက်ဝေးဝေး စိတ်တွေကအရမ်းနီးနေတာ နိုင်ငံတွေဝေးမှ ထူးဆန်းစွာ ပိုသိလာရတာ ငယ်ငယ်လို ကဗျာသိ သီချင်းသိမဟုတ်ပဲ လက်တွေ့ခံစာချက်တွေက ဘဝရဲ့အလင်းတန်းတွေပါပဲ။ မိုးဒီမှာ အမှတ်တမဲ့ ဆေးရုံတင်လိုက်ရတယ် အိမ်ကစိတ်ပူမှာဆိုးလို့  မိုးဖုန်းပိတ်ထားမိပါတယ်။ မိုးမှာက ဓါတ်အားသွင်းဖို့ အမြဲမေ့တတ်တာ အိမ်ကသိနေတာ သူတို့ဒီလိုပဲထင်လိမ့်မယ်ပေါ ဒါပေမယ့် အိမ်မှာ အမေကနေလို့ မရဖူး အိမ်ကလူတွေလိုက်လာဖို့ထိစိတ် ဆန္ဒဖြစ်နေတဲ့ချိန် မိုးဆေးရုံရောက်နေတဲ့ချိန် သူတို့ ပြောတာ နားထောင်မိပြီး စိတ်တွေရဲ့မြန်နှုန်းသေချာနာလည်ခဲ့ရဖူးပါတယ်။

ဒါတွေပေရှည်ပြောနေဒါကလည်း ခန့်မှန်းရခက်တဲ့ ခံစားချက်တွေအောက်မှာ လဲပြိုနေ ကြေကွဲကြ တဲ့မြင်ကွင်းတွေ ငရဲဆိုတာ သိထားတာက အဖန်ဖန်သေနေရတာ ဒါကကြားဖူးတာပါ ခုတော့ အဖန်ဖန် ကွဲကြေနေကြတဲ့ နှလုံးသားတွေကိုတွေ့ မိရင်း သြော် ငရဲမှာလည်း ဒီလိုပဲ အဖန်ဖန်သေလိုက် ရှင်လိုက်ဆိုတာလက်ခံမိပါတယ်။

ပတ်ဝန်းကျင်မှာမြင်သမျှ တွေ့ သမျှ ကြားရသမျှဟာ မဖြစ်သင့်မဖြစ်ထိုက်အောင် ရက်စက်မှူတွေကကြာက်စရာကောင်းလှပါတယ်။ မိမိမှာ အိမ်ထောင်ရှိရက်နဲ့ ဒီိမှာလူလွတ်ဟန်ဆောင်ပြီး နောက်တစ်ယောက်နဲ့ တွဲတာဟာ မိမိဇနီး သားသမီး အပြင် တစ်ဖက်က သူပါ အများကြီး ထိခိုက်တာပါပဲ အချိန်ဆိုတာ လူတစ်ယောက်ရဲ့ ဘဝပါပဲ။ သူတစ်ဖက်သား အချိန်ကို လည်ဖျားတာဟာ သူ့ ဘဝကိုလည့်ဖျားတာနဲ့အတူတူပါပဲ။

မိဘရဲ့ကျေးဇူးတရားက ကြီးမားလွန်းလှပါတယ်။ တုနှိုင်းစရာမရှိပါဖူး။ အမေဆိုတာလည်း မိမိကို အသက်စွန့်ပြီးမွေးခဲ့တာပါ။ မိခင်တိုင်းက အသက်စွန့် ရတာပါပဲနော်ဒီလိုဆို မိမိဇနီးကလည်း မိမိသားသမီးတွက် အသက်စွန့်မွေးပေးရတာပါပဲ။ ဒါလေးတစ်ချက်လောက် စဉ်းစားသင့်ပါတယ်။ (မိခင်နဲ့ ဇနီးကိုနှိုင်းယှဉ်ခြင်းမဟုတ်ပါ)

ဖခင်ဆိုတာလည်း သားသမီးတွက် အချိန်နဲ့ ဘဝ အသက်တွေရင်းးထားရတာပါပဲ။ဒီလိုပါပဲ နော် ခင်ပွန်းဆိုတာလည်း ဖခင်ငွေရှာသလိုပါပဲ စိတ်မပင်ပန်း လူမပင်ပန်းပဲရလားတာမရှိပါဖူး။လောကမှာ မေတ္တာအတုစစ်ခွဲရခက်လောက်အောင် ဟန်ဆောင်မှူတွေကောင်းနေလို့များလိမ်ခံထိတာဆိုရင် လူသားတိုင်းမိမိနဲ့ မသင့်တော်သောသူများနှင့် မတွေ့ ရ မဆုံရ၊ တွေ့ ဆုံခဲ့သော် ဝေးသွားပါစေလို့ တောင်းဆုပြုမိပါတယ်။ တွေ့ မြင်ရ ကြားရတာ ပြောရမယ်ဆို အတော်စိတ်မကောင်းလွန်းလို့ ပါ။ သူငယ်ချင်းတစ်ယောက်အစား မခံနိုင်လွန်းလို့ရေးရတာပါ။ ဘာဖြစ်ဖြစ် လူဆိုတာကတော့ မိမိစိုက်ပျိုးသည့်အတိုင်း ရိပ်သိမ်း ရမယ်ဆိုရင်တော့ ဝဋ်ကြွေးမကင်းခဲ့လို့ ပဲဆိုရမှာပဲ။ ဖြစ်သမျှဝဋ်ကြွေးကြီးပဲပုံချပြီးနေရင်တော့ အဟောင်းတွေအသစ်တွေ သံသရာကွင်းစက်ကလွတ် ကင်းနိုင်တော့မှာမဟုတ်တော့ပါဖူး။ ကံတရားဆိုတာလည်း တကယ်တော့ ကောင်းဖို့ ဆိုးဖို့ ကို ကိုယ်ကပဲဖန်တီး ခဲ့ကြမိတော့ အတိတ်ဘဝတွေတော့ မသိပေမယ့်  ယခုဘဝတွေမှာတော့ တက်နိုင် သလောက် ထိန်းဖို့ တစ်ခုပဲလုပ်နိုင်တာပါ။

ဒီစာဖတ်ပြီး တစုံတရာ စိတ်အနှောက်ယှက်ဖြစ်ခဲ့သော် တောင်းပန်ပါ၏။ အမှားရှိခဲ့လျှင်လည်း ခွင့်လွတ်ကြပါ။ ပြင်ပေးစရာ များရှိလည်း ဆုံးမခဲ့ကြပါ။ စာလုံးပေါင်းလည်းအလွန်မှားတတ်ကြောင့် ကြိုတင်တောင်းပန်ပါသည်။
စကားလုံးများရင့်သီးခဲ့သည်ရှိသော် အညွန့်ညွန့်တောင်းပန်ကြောင်းပါ။ မတတ်တစ်ခေါက်ဥာဏ် လေးဖြစ်ခံစားမိသလောက်ပါ။


၇ ရက်သားသမီးများအားလုံး စိတ်ရောကိုပါအေးချမ်းပါစေ...


သာယာချမ်းမြေ့ပါစေရှင်း
မိုး

12 comments:

  1. တင်ပြထားတာလေးက နည်းနည်း မြန်နေတာက လွဲရင် တော်တော် ကောင်းပါတယ်။ ဒီလို ဖြစ်ရပ်တွေ အများကြီးပါပဲဗျာ။ ပြန်ပြောပြဖို့ တော်တော် ခက်လိမ့်မယ်။

    ReplyDelete
  2. ဇာတ်လမ်း အစကတည်းက ဆွဲခေါ်သွားနိုင်တယ် မိုးရေ...
    ရေးထားတာလေး မေတ္တာအကြောင်းလေး ညွှန်းဖွဲ့ သွားတာလေး တကယ်ကောင်းတယ်...
    ဒီဘက်ခောတ်မှာ ဒီလို ဇာတ်လမ်းတွေ ခဏခဏ ကြားနေရတော့ တကယ် စိတ်မချမ်းမသာ ဖြစ်မိတယ်...
    သြော်... ခြံခုန်ဖူးတဲ့ နွားကတော့ ခုန်မှာပေါ့လေ...
    နောက်လဲ စာတွေ များများရေးနော် မိုး...
    အားပေးနေမယ်...

    ReplyDelete
  3. ဆိုးပနော် .. အမှားမှန်းသိပြီးပြင်နိုင်ကြရင် တော်တော်ကောင်းမယ် .. ခုတော့ နောင်တဆိုတာ နောက်မှရတယ်တဲ့ ..

    ReplyDelete
  4. အဲဒါ တကယ့်အဖြစ်လားဗျာ... မမိုးရေ.. အရှိန်လျှော့... :p.. မနည်းလိုက်ရတာ ဟတ်ထိုးလဲတော့မယ်.. ဟဲဟဲ...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  5. အချစ်ကြောင့် ပေးဆပ် သေဆုံး သွားရတဲ့ ဒီလိုဘဝတွေ အများကြီးပါပဲ၊ ပြန်ပြင်လို့ မရတဲ့ အမှားတွေက ပေးဆပ် ဆုံးရှုံးမှု ကြီးမားပါတယ်၊

    ReplyDelete
  6. အပြင်မှာ မကြာခနတွေ့ရတတ်တဲ့ အဖြစ်အပျက်တွေပေါ့ညီမရေ..
    ယောက်ျားက သားတွေမယားတွေကိုခွဲပြီး ပင်ပင်ပန်းပန်းနဲ့ နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ပိုက်ဆံပို့တာကို မစုမဆောင်းဘဲ သုံးဖြုန်းမိုက်လုံးကြီးတဲ့ မိန်းမမျိုးကို တစ်ချက်မှ မပြောရက် မဆူရက်အောင် ချစ်တဲ့ အချစ်ကိုလည်း အံ့သြမိပါတယ်...
    ဖတ်ပြီး စိတ်မကောင်းဖြစ်ရ.. ဒေါသဖြစ်ရ..

    ReplyDelete
  7. မေတ္တာ ဆိုတာ ကွမ်းသီး မဟုတ်ပါ..း)) .. စာရေးတာအရမ်းကောင်းတယ် မိုးရေ.. စာရေးဆရာ မဟုတ်တော့ သေချာတဲ့ တိကျတဲ့ ကွန်မန့် မျိုးတော့ မပေးနိုင်ဘူးပေါ့.. ဒါနဲ့ ဒီနှစ်ရော မွေးနေ့ ပို့စ် ရေးဖြစ်ဦးမလား..း))

    ReplyDelete
  8. ဖတ်ရတာကောင်းလိုက်တာ
    စာထဲမှာမျောသွားတာပဲ
    ဖတ်ပြီးစိတ်မကောင်းလဲဖြစ်ရတယ်
    တွေ့ဖူးပါတယ်အဲဒီလိုမျိုးတွေလေ

    ReplyDelete
  9. ဘဝရဲ့ အတွေ့အကြုံလေးတွေကနေ ဝတ္ထုဇာတ်လမ်းလေးတွေ ဖြစ်ပေါ်တတ်တယ် မိုးရေ။
    ခံစားချက်လေးကို အခြေခံပြီး ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်လာလေ့ရှိတယ်။
    ဖြစ်ရပ်မှန်လေးများလား မိုးရေး)
    (ကော်ဖီလေးသောက်နေတယ် အရမ်းကောင်းတယ်း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. စာတွေေ၇းတတ်လိုက်တာ
    ငါ့ညီမ စာတွေဖတ်ပြီး
    တကယ့်ကိုအ၇မ်းခံစားရမိပါတယ်။

    ReplyDelete
  11. မိုးရေ....ဖတ်ပြီး ရင်မောသွားတယ်....း(

    ReplyDelete
  12. ဒကယ်ကြေကွဲစရာဘဲနော်

    ReplyDelete