Saturday, November 19, 2011

အသဲကွဲဖူးလား

စာဖတ်မိတ်ဆွေများ အသဲကွဲဖူးကြပါသလား ?
မိုးတော့ကွဲဖူးပါတယ် သေချာစဉ်းစားကြည့်မိရင် အသက် ၃ နှစ်ခွဲအရွယ်လောက်ကတည်းကပါ။
ယုံချင်စရာမကောင်းဖူးထင်လား
လွန်တယ်ထင်လား
အမျိုးမျိုးတွေးနိုင်ပါတယ်
ဒါပေမယ့် တကယ်ပါ။
ကောင်းပြီ ဒါဆိုဘယ်လိုကွဲတာလဲမေးစရာပေါ့
၁၅၀၀ နဲ့ပက်သက်ပြီးမှအသဲကွဲတယ်လို့ ခေါ်ရင်တော့ မိုးအသဲကွဲတယ်ဆိုတာ အသဲကွဲရာမမြောက်ဖူးဆိုနိုင်ပါတယ်။
ဒါပေမယ့် တစ်ခုတော့ပြောချင်ပါတယ် ကလေးငယ်တစ်ယောက်တွက် မိဘဆိုတာ ကိုယ့်ကမ္ဘာပါ။
အဲ့ဒီအရွယ်မှာ မိဘနဲ့ခွဲနေရတဲ့တွက် အရမ်းကြေကွဲခံစားဖူးပါတယ်။ ဘယ်သူတွေဘယ်လောက်ကောင်းကောင်း လိုအပ်ဆုံး အတောင်းတဆုံး ကတော့မိဘပါပဲ။
မိုးငယ်ငယ်တည်းက လူရှေ့ သူရှေ့မျက်ရည်ကျရမှာ ရှက်ပါတယ်။ ဒါကြောင့် လူကြီးတွေမသိခဲ့တာပါ။ သေချာသိတာကတော့ ခေါင်းအုပ်ကလေးပါပဲ။

ကျောင်းလွှတ်လို့ သူများမိဘတွေလာကြိုတာတွေ့ ရင် မောင်လေးတွေ ညီမတွေတွေ့ ရင်ငေးမောနေမိပါတယ်။ အဓိက ငွေကြေးချမ်းသာတာထက် မိသားစုဆုံညီနေခွင့်ရတာကို ပိုမြတ်နိုးတယ် ပိုလိုအပ်တာပါ။ အဲဒီမှာ အတွေးက တခုခုကိုခင်တွယ်မိရင် ခွဲရမှာကြောက်လာလို့ လူတိုင်းကိုအရင်းနှီးရဲတဲ့စိတ်ဖြစ်လာခဲ့ဖူးပါတယ်။ ခက်တာက စိတ်မပါရင် ရီတောင်မပြတတ်တဲ့သူပါ။ခင်ဖို့မပြောပါနဲ့ အဲ့လိုလူစားထဲမှာမိုးပါ ပါတယ်။
ကလေးတစ်ယောက်အနေနဲ့ ခံစားတာဘာမှမဟုတ်လောက်ဖူးဆိုပြီးထင်မိမလား မိုးအဲ့ဒီခွဲခွါနေရခြင်းတွေ အတော်ကြောက်ပါတယ်။ ဒါကြောင့် တစ်ခုခုဆို ဘာကြောင့်ဖြစ်တယ်ဆိုတာ အမြဲသိချင်တတ်တဲ့မိုး ကတော့ ဘဝရဲ့ဝဋ်ကြွေးကြောင်းအနည်းငယ်သိလာခဲ့ပါတယ်။ ဒါကြောင့်လည်း ဝဋ်ကြွေးတို့  ငရဲတို့ကိုတကယ်ကြောက်ပါတယ်။

နောက်တစ်ခု အဓိကပြောချင်တာကတော့ မိမိကိုယ်အဆုံးစီရင်ခြင်းပါ။
မိုးကိုယ်တိုင်လည်း ကိုယ်ကိုကိုယ် အဆုံးစီရင်ဖို့ကြိုးစားခဲ့ဖူးတယ်။ ၂ ကြိမ်ပါ။ တစ်ကြိမ်က မသေတာ နောက်၁ကြိမ်က တွေးပေမယ့် အဖြစ်မြောက်ခဲ့တာပါ။အဲလိုခပ်ညံ့ညံ့စိတ်ရှိခဲ့လားပြောတယ်ဆိုလည်း ဟုတ်ပါတယ် ဝန်ခံပါတယ်။ ကိုယ်တိုင်ကအဲ့ဒီချိန်မှာ လုံးဝလွတ်မြောက်သွားချင်တာပဲရှိခဲ့တာ။လုံးဝပျောက်ကွယ်သွားချင်တာအတွေးဒါပဲရှိနေတာပါ။
တစ်ကြိမ်ကတော့ မိသားစုတင်းကြပ်မှု ကြောင့်ပါ။ ဒါကြောင့် မိဘနဲ့သားသမီးမှာလည်းနားလည်မှူဆိုတာအများကြီးလိုပါတယ်။ တစ်ခါတစ်လေ မိဘတွေကဖြစ်ချင်တာပဲသိတဲ့ချိန်ပေါ့ မိဘစေတနာကိုပြည့်ဝလက်ခံပါတယ်။ ဒါပေမယ့် အရာရာကိုယ့်စိတ်မပါရင် အသက်ရှင်ရတာ ပင်ပန်းပါတယ် မိမိစိတ်နဲ့ တခြားကိုယ်ဖြစ်နေသလိုပါပဲ။
မိန်းကလေးတစ်ယောက်အနေနဲ့အိမ်ကထွက်ပြေးဖို့ဆိုတာလည်းမဖြစ်နိုင်ပါဖူး သေဖို့ပဲထွက်ပေါက်တွေးမိတာကြောင့်လည်းဖြစ်သွားခဲ့မိတာပါ။ ဒါကြောင့် နောင်ကိုယ့်ထက်ငယ်တဲ့သူတွေကို သူတို့ ဘာဖြစ်ချင်လဲ အဲဒီနောက်က နည်းနည်းလိုက်တည့်မတ်ပေးလိုက်တာပဲရှိတယ် ထိန်းချုပ်ဖို့ ဘာမှမစဉ်းစားတော့တာပါ။ ဒါတွေကိုနားလည်သိခွင့်ရခဲ့တာကိုလည်း ကျေးဇူးတင်မိပါတယ်။
သေမယ်ထင်တဲ့ဆေးတော့သောက်ခဲ့တာပါပဲ မသေပါဖူး

နောက်တစ်ကြိမ်ကတော့ စင်္ကာပူမှာ အလုပ်မရလို့ ပြန်ရရင် ရှက်လို့ ပြန်ရမယ်ဆို မပြန်ခင်မှာ သေဖို့ စဉ်းစာခဲ့ဖူးပါတယ်။ အဲဒါကတော့အကောင်ထည်မဖော်လိုက်မိပါဖူး။ ဒါကြောင့် သေဖို့တွေးတဲ့သူတွေကို အရမ်းလည်းကိုယ်ချင်းစာပါတယ်။ အဲဒီချိန်မှာဖြစ်နေတဲ့စိတ်က ခံစားချက်ကိုလွတ်မြောက်ချင်တာ တစ်ခုပဲသိတာပါ။ အဓိကတော့ ကိုယ်ပြန်ရင် ဝိုင်းကြည့်မယ့်အကြည့်တွေမခံနိုင်တာပါ။ ဒါတောင် မိသားစုတွေက အမြဲဖုန်းဆက်အားပေးနေတဲ့ကြားကအဲလိုစဉ်းစားခဲဖူးသေးတာပါ။နိုင်ငံခြားသွားကတည်းက နိုင်ငံခြားကိုအထင်ကြီးတယ် တခြားလည်းအမျိုးမျိုးပြောတာကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘယ်နေရာ ရောက်ရောက်ပါ မိမိစိတ်သာဓိကပါ။ ဒါတွေက ပတ်ဝန်းကျင်ကိုအရမ်းဂရုစိုက်မိလို့ လည်းဖြစ်တတ်ပါတယ်။

ဒါကြောင့် မိုးလူတစ်ယောက်ခံစားသွားမှာအရမ်းကြောက်ပါတယ်။ တဖက်ကမှားရင်တောင် ပြန်ုမပြောချင်တာက တဖက်သားရှက်သွားမှာဝမ်းနည်း သွားမျာတကယ်စိုးရိမ်လို့တကြောင်းနောက်ကိုယ့်အကျင့်ကိုက ပြောမိလိုက်ရင်အဲဒါတနုပ်နုပ်နဲ့ခံစားရပါတယ်။ တခုခုများကိုယ့်ကြောင့်ဖြစ်သွားမယ်ဆို ဘယ်လိုပေးဆပ်ပေးဆပ်ရ ကိုယ့်ကိုကိုယ်ခွင့်လွတ်မိမှာမဟုတ်ဖူး။ နောက် တုန့်ပြန်မှူတိုင်းမှာသက်ရောက်မှူရှိတာလည်း ကြောက်လို့ပါ။ တစ်ခါတစ်လေ ကြောက်တယ် အတယ်ထင်တတ်ကြပါတယ် တကယ်တော့ မိုးကြောက်တာ သံသရာလည်ဝဋ်တွေကိုကြောက်တာပါ။
ဒါကြောင့် လောကမှာအသက်ရှင်နေတဲ့ချိန် ဘာလို့များကိုယ့်အချိန်တွေဖဲ့ပြီး သူများဒုက္ခရောက်အောင်လုပ်ကြအုံးမှာလည်း နှစ်ဖက်လုံးအကျိုးမရှိမှတော့ လေ…

အလုပ်အကိုင်အဆင်မပြေတဲ့မောင်နှများလည်း အားငယ်ပါနဲ့လို့ပြောချင်ပါတယ်။ ခုလက်ရှိလည်း အဆောင်မှာအလုပ်လာရှာရင်းအဆင်မပြေတော့ သွေးရူးသွေးတန်းအတွေးတွေချော်နေတာကြည့်ပြီး ရင်ထဲမကောင်းပါဖူး တချို့ ကိစ္စတွေက လုံးဝကိုယ်တိုင်ကူညီလို့ မရတဲ့ခြေနေမှာ အကောင်းဆုံးနားချပေး မယ် ဆုတောင်းပေးယုံကလွဲလို့ ဘာမှမတတ်နိုင်တဲ့ အခြေနေမျိုးတွေ လည်းရှိပါတယ်။
အမေ့ရဲ့စကားတစ်ခွန်းနဲ့မိုးတော့ အတော်အားတက်ခဲ့တာက
“လဲရင်ပြန်ထ ဒါလူ့ ဘဝပဲတဲ့”
အဆင်မပြေရင် သမီးချိန်မရွေးပြန်လာခဲ့ အမေတို့ ငွေပဲရှုံးခံနိုင်တယ် လူတော့အရှုံးမခံနိုင်ဖူးပြောခဲ့တဲ့အမေ့စကားတွေ ဘဝမှာအခွန်အားရှိရှိနဲ့ဆက်လျှောက်နိုင်ခဲ့ပါတယ်။
ဒါကြောင့်အလုပ်ကိုင်စီးပွါးရေးတွက် စိတ်ဓါတ်ကျနေသော မောင်နှများကို တစ်ခုမှာချင်တာက အားတင်းပြီးသာကြိုးစားပါ စိတ်ဓါတ်မကျပါနဲ့ ပန်းတိုင်ဆိုတာလျှောက်နေသူတွက်ပါ။ ဘဝကိုသတ္တိရှိရှိရင်ဆိုင်လိုက်ပါ လုံးဝအရှုံးမပေးလိုက်ပါနဲ့နော်….
နောက်တစ်ခုကတော့ မိုးကိုယ်တိုင်တိုင် မလှုပ်ချင်လို့ဒီတိုင်းလေးနေနေတာပါ။
ဒါပေမယ့် ပြောရမှာပါပဲ။ တစ်ခါတစ်လေ မိုးမောင်နှမတွေလည်းအရွယ်ရောက်လာတော့ ဘေးနားမှာ သူတို့ခံစာချက်လေးတွေနားထောင်ပေးရင်း ဝိုင်းပြီး ကူစဉ်းစားပေးရင်း မမှားအောင်ဘေးနား မှာနေပေးချင်မိပါတယ်။ အဝေးရောက်နေပေမယ့် ဘာပဲခံစားခံစား မမကြီးကိုပြောပါ။ မိဘတွေ ဘဘောမတူနိုင်ခဲ့ရင်တော့မမကြီး ကူပြောပေးမယ်နော် အမဆိုပြီးမကြောက်နဲ့ ပြောစရာရှိတာကို သူငယ်ချင်းတစ်ယောက်လိုသဘောထားပြီးပြောလို့ရတယ် အမြဲပြောပါတယ်။ အဓိကတော့ သူတို့လေးတွေ အတွေးခေါ်မှားမှာ လမ်းလွဲသွားမှာဆိုးလို့ပါ။ အကုန်သိပြီးတော့ တစ်ဖက်ဖြစ်ချင်တဲ့ပေါ်မှာ သေချာအဆင်ပြေနားလည်အောင်လုပ်ပေးဖို့လည်းလို့ပါတယ်။

အသဲကွဲတယ်ဆိုတာ မိသားစုတွက် မိသားစုနဲ့ခွဲနေရဖူးလို့ အတော်ခံစားဖူးပါတယ်။ ဒါကြောင့်လည် တစ်ခုခုကိုယ် မနှောင်ဖွဲ့ မိအောင် အမြဲဂရုစိုက်ပါတယ်။ တကယ်တော့ မမြင်ရမကြားရတဲ့ကိလေသာ သူဟာသူငြိမ်း၏တဲ့ အဲ့အတိုင်းယူဆပါတယ်။ ကိုယ်တိုင်လည်း တခုခုဆို တအားတွေးပါတယ်။ အဲလိုတွေးလွန်းလို့လည်း ဒီတိုင်းနေဖြစ်တာပါ။ ကိုယ်တိုင်ကလည်း မိသားစုဆွေ မျိုးမောင်နှမသူငယ် ချင်းတွေတွက် အချိန်ပေးဆိုပေးနိုပါတယ်။ဒါပေမယ့် ကိုယ့်ကိုထိခိုက်မယ့်တစ်စုံတစ်ရာ ခံစားချက် ခံစာမည့်အချိန်ကိုတော့ သူများကိုလည်းမပေးချင်သလို ကိုယ်တိုင်လည်းမယူချင်ပါဖူး။ဒါကြောင့်လည်း ကြိုတင်ကာကွယ်ဆေးတွေပေးမိပါတယ်။ မိုးအရမ်းအားနာတတ်ပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေကျ အားနာတာ တစ်ဖက်သားကိုပိုနစ်နာစေတယ် ယူဆပါတယ်။ ရက်စက်တယ် ပြောပြီး ပြတ်ပြတ်သားသားလှည့်ထွက်သွားနိုင်တာ တဖက်သားတွက် မထိခိုက်ပေမယ့် မိမိအပျင်းပြေဖို့ လိုတာခိုင်းဖို့အသုံးချဖို့ တွက် သူတဖက်သားအချိန်နဲ့ဘဝတွေခိုးယူချင်းကြောင့်သာ လူတွေသေဆုံး သွားရူံးသွပ်သွားလောက်တဲ့အဖြစ်တွေရှိတာပါ။
ကိုယ်ကိုကိုယ်တိုင်လည်း သူများအပျင်းပြေဖို့အသုံးချခံ ဘယ်သူများဖြစ်ချင်တဲ့သူရှိပါ့မလဲနော်။လိုအပ်ရင်သာ ဘာပဲဖြစ်ဖြစ်အရာရာဆိုပေမယ့် ကိုယ်ကိုကိုယ်တော့အပိုအဖြစ်မခံနိုင်ကြပါဖူး။
ဒါကြောင့်မိုးမောင်နှမတွေကိုလည်း အမြဲပြောဖြစ်တာ တစ်ခုခုကိုဆုံးဖြတ်တော့မယ်ဆိုသေချာစဉ်းစားပါ။ အထပ်ထပ်သေချာစဉ်းစားပါ။ နောက်ဆုံးကိုယ့်ဘက်က လုံးဝဆုံးရှုံးသွားတော့မယ့်ထိပါစဉ်းစားပါ ။အဲလိုခြေနေထိလက်ခံနိုင်တော့မှ သေချာအဖြစ်လောက်ပဲမဟုတ်ဖူး လက်တွေ့ ဖြစ်လာမည့်နေထားမျိုးကိုစဉ်းစားပါ။ ပြီးမှာလက်ခံနိုင်တယ်ဆိုရင် တော့မတားတော့ပါဖူး။

ဥပမာ ဒီလူ အသောက်စားမကင်းဖူးဆိုပါတော့ ကိုယ်နဲ့ယူရင်တော့ကင်းသွားမှာ တွေးပြီးလက်ခံရင်တော့မိုးကမှားတယ်လို့ယူဆပါတယ်။ ကိုယ်နဲ့ယူလည်း သူသောက်စားအုံးမယ် တွေးပြီးလက်ခံနိုင်တဲ့ထိစဉ်းစားစေချင်ပါတယ်။ ဒါမှကျေနပ်ရင်တော့လည်းလက်ခံပေါ့။ သောက်စားတိုင်း လည်းပျက်စီးနေတာလို့ မဆိုလိုပါ။ ငယ်ငယ်ကတော့ အရက်သောက်တာဆို တကယ်လန့်တယ် မကောင်းဖူးဆိုပေမယ့် တချို့ သောက်တာ တဖက်သားတွက်ဒုက္ခမပေးဖူး ဒါပေမယ့်သူ့ကိုယ် ကြည့်တဲ့သူတိုင်းစိတ်မကောင်းဖြစ်ရတယ်။ ဦးလေးသူငယ်ချင်းတစ်ယောက် သူ့ ချစ်သူနဲ့ကွဲသွားတာ ဘယ်မိန်းကလေးကိုမှစိတ်မဝင်စားတော့ဖူး အရက်ကသူ့ တွက်ဖြေသိမ့်ဆေးလိုယူဆတော့ အပေါင်းသင်း တွေလည်းတားမရ အားလုံးရှောင်ခွါ မြင်ရတာစိတ်မချမ်းသာစရာပါ။

နောက်တစ်ခုက လူ့ ရဲ့ ကံဆိုတာကမမြင်ရပါဖူး အခြေနေကြောင့် အိမ်ထောင်ရှင်များအလုပ်မလုပ်နိုင် တော့လို့ ကိုယ်ကရှာကြွေးနိုင်ရမယ်။ကံကြောင်းမလှခဲ့ရင်တို့ဖောက်ပြန်ခဲ့ရင်တို့ ရင်ဆိုင်ရမယ်ဆို ပစ်ထား ခဲ့မယ် ဆိုရင် ဘဝကိုအဲ့လိုချိန်မှာ တစ်ယောက်တည်းရင်ဆိုင်နိုင်လား သားသမီးတွေတွက် ဘဝကိုမားမားမတ်မတ် ရပ်တည်ပေးနိုင်လား ဒါတွေအားလုံးစဉ်းစားပြီးမှပဲ တစ်ခုခုကိုဆုံးဖြတ်သင့်ပါတယ်။ အရမ်းတတ်လို့ပြောတာမဟုတ်ပါဖူး မိုးစဉ်းစားသလောက် မိုးမောင်နှမတွေကို အမြဲပြောမိတာလေးပါ။
ကိုယ်တိုင်လည်း ဘယ်လိုခြေနေမျိုးမှာလူတစ်ယောက်ကိုလက်ခံမိမယ်တော့မသိပါဖူး။ ကိုယ်သိပ်မြတ်နိုးခဲ့ မယ်ဆိုရင်ပေါ့ ဘယ်လိုအခြေနေမျိုးမှာဖြစ်ဖြစ် မပစ်ရက်ဖူး ဆိုရင်တောင် သစ္စာမရှိတဲ့သူ ဆိုရင်တော့ လွတ်လပ်စွာပဲ ခွင့်ပြုလိုက်မှာပါ။ အဲလိုခြေနေမျိုးမှာဆိုရင်တော့ အဲလူရှေ့ ကပျောက် ကွယ်သွားမိမှာပါပဲ။ လိုအပ်ရင် နှလုံးပဲခွဲလှူပေးရပေးရဆိုပေမယ့် အပိုဖြစ်မယ့်သူတွက်တော့ အသက်မဆုံးရှုံးမှာမဟုတ်ပါဖူး။

အခုတလောမြင်နေကြားနေတဲ့ မြင်ကွင်းတွေဟာ ရင်ထဲအတော်မကောင်းပါဖူး။ လတ်လတ်ဆက်ဆက် အသဲတဲ့သူငယ်ချင်းတစ်ယောက်ရဲ့မြင်ကွင်းတွေ အသဲကွဲပြီးအိပ်မပျော်ဘာမီတွန်သောက် ဒုက္ခတွေရောက် နေတဲ့မိန်ခလေးတွေ အသက်စွန့်သွားတဲ့သူတွေကြည့်ရင်း သူများပါးစပ်ထဲလမ်းမဆုံးစေနဲ့ဆိုတဲ့ဆုံးမ စကားတွေဟာ အရမ်းမှန်ပါလား တွေးမိပါတယ်။

ဒီလိုတွေးလို့အပျိုကြီးဖြစ်သွားရင်တော့ မိုးတရားခံတော့ပြောကြတော့မှာပဲ။မိုးကတော့ ခုလိုတစ်ယောက် တည်း ဘဝလေးမှာအေးချမ်းတယ် ဒီအေးချမ်းမှုလေးအတိုင်းပျောက်ပျက်မှုမရှိဖူးဆိုရှေ့ ဆက်ပါ။ အားလုံးကောင်းမယ်ထင်လို့ ရှေ့ ဆက်ကြတာပါပဲနော် ။ ဒါကြောင့်အားလုံးပဲမိမိဘဝရဲ့ အချစ်စံအိမ်လေးကို မိမိကိုယ်တိုင်ရော သူတပါးအပါဝင် ကံသုံးပါးနဲ့ မပျက်စီးနိုင်ပဲ စိတ်အေးချမ်းမှူပြည့်စုံသော ဘဝခရီးဖူးစာမှန်များနှင့်သာစုံကြပါစေလို့တောင်းဆုပြုပေးပါတယ်။
အားလုံးမိမိကိုတကယ် မြတ်မြတ်နိုးနိုးနဲ့တန်ဖိုးထားပြီးချစ်ပြီး မေတ္တာကိုသစ္စာနဲ့တည်ဆောက်နိုင်တဲ့သူများနဲ့ဆုံကြပါစေ……



၇ရက်သားသမီးများအားလုံးကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ကြပါစေရှင်း
မိုး

13 comments:

  1. ညီမလေးမိုးရေးထားတာလေးဖတ်သွားတယ်.. ကိုယ်တိုင်ကိုယ်ကျခံစားနေရ သလို ဖတ်ရင်းနဲ့စိတ်မကောင်းဖြစ်မိတယ်..အရေးသားလေးက တော်တော်ကောင်းတယ် ညီမလေး။

    အသည်းကွဲတယ်ဆိုတာ ၅၂၈ မေတ္တာမျိုးကြောင့် ၀မ်းနည်းကြေကွဲတာကို မခေါ်ဘူးလို့ယုံကြည်တာဘဲ။
    အသည်းကွဲတယ်ဆိုတာ လိုချင်တက်မက်တဲ့ ၁၅၀၀ လိုအချစ်မျိုးကြောင့် ပူဆွေးသောကရောက်နေတာကိုမှ အသည်းကွဲတယ်လို့ နာမည်တပ်ကြတာပါ။ ၅၂၈ ဆိုရင်တော့ စိတ်ထိခိုက်နေတယ်.. တော်တော်ဝမ်းနည်းနေတယ်လို့သုံးတာကြားဖူးပါတယ်။
    ကူးကူးအမြင်ကိုပြောတာနော်.. တစ်ယောက်နဲ့တစ်ယောက်အမြင်တူချင်မှတူမယ်.. အသည်းဘဲကွဲကွဲ.. မေတ္တာစိတ်ကြောင့် ကြေကွဲပူဆွေးရတာဘဲဖြစ်ဖြစ် အားလုံးက တော့ ကိုယ့်ခံစားချက်ပေါ်မှာဘဲမူတည်တာမို့ ဦးနှောက်ကထိမ်းချုပ်တဲ့အတိုင်းတာထိတော့ သက်ရောက်မှုပြင်းထန်မှာသေချာပါတယ်...

    ReplyDelete
  2. မိမိကိုယ်ကို နားလည်းပြီး သစ္စာတရားများကို ရှာဖွေတွေ့ရှိနိုင်ပါစေ၊ အဆုံးစီရင်ခြင်းဖြင့် လွတ်မြောက်မှုကို ဘယ်တော့မှ မတွေးမိပါစေနဲ့ (အသဲကွဲလို့ပဲဖြစ်ဖြစ် နှလုံးပျက်လို့ပဲဖြစ်ဖြစ်) ဆုတောင်းပေးလိုက်ပါ၏။

    ReplyDelete
  3. ဟုတ် မကူး>အသဲတာမဟုတ်ပေမယ့်လဲအရမ်းဝမ်းနည်းကြေကွဲခံစားခဲ့ရဖူးတာပါ။ကျေးဇူးပါ မရေး

    ကိုsose> ဆုတောင်းလေးတွက်ကျေးဇူးပါ။ စိတ်ချပါ ဘယ်တော့မှအဆုံးမစီရင်တော့ပါဖူး ကိုယ်ကိုကိုယ်ရော ကိုယ်ချစ်တဲ့သူတွေတွက်ပါ ပိုပြီးကျမ်းမာအောင်ဂရုစိုက်နေကြောင်းပါ။

    အကိုအမတွေစာဖတ်ပြီးစိတ်ပူမှာဆိုးလို့

    မိုး

    ReplyDelete
  4. အင်း . . .
    ကွဲဖူးတယ်။ ထောင့်ငါးရာ နဲ့ရော။ ငါးရာ နှစ်ဆယ့်ရှစ်နဲ့ရော။ ဒါပေမဲ့ ငါးရာ နှစ်ဆယ့်ရှစ်ကြောင့် ကွဲရတာ ပိုနာတယ်။ ဒဏ်ရာက သေးသာ သေးတာ နက်တယ်။

    ReplyDelete
  5. မကွဲတော့ဘူးနော်..
    အသည်းနှလုံး ထုတ်ပြစ်လိုက်ဖို့ ကြိုးစားတော့မယ်..
    အဲတာအကောင်းဆုံး ..
    မကောင်းဘူးလားမိုးရေ..

    ReplyDelete
  6. အသဲကတော့ ကွဲဖူးတယ် အကြီးကြီးကို ကွဲဖူးတာပါ။ ဟက်တက်ကြီး
    ကိုကွဲခဲ့တာ မမိုးရေ....
    ဒါပေမယ့် တခါမှ ကိုယ့်ကိုကိုယ်သက်သေဖို့ စိတ်မကူးဘူး။
    ဘာလို့လည်းဆိုတော့ ကျန်တဲ့အကြောင်းအရာတွေ အသာထားပြီး
    အနည်းဆုံးတော့ ကိုယ့်ကို အသက်နဲ့ရင်းပြီး မွေးပေးလိုက်တဲ့
    အမေကို အဆုံးစွန်ထိ စော်ကားလိုက်တာနဲ့ အတူတူဘဲလို့
    တွေးမိလို့ပါ။ အဲဒါကြောင့်ပါဘဲ...

    ReplyDelete
  7. အော်....မိုးက သုံးနှစ်ခွဲကတည်းက အသည်းကွဲခဲ့တာကိုး.... :)

    ReplyDelete
  8. သုံးနှစ်ခွဲဆိုတော့ မစောလွန်းနေဘူးလား မိုးရယ်...

    ReplyDelete
  9. သုံနှစ်ခွဲကလေးမှာလည်း အသဲနှလုံးနဲ့ပါ ဘလက်ရယ်....

    ReplyDelete
  10. ကိုင်းကိုင်း အသည်းဆက်ပေးမဲ့ သူရှိပြန်တော့ ကျုပ်ညီမ ဒေါ်ရွှေမိုး က ပတ်ပြေး နေပြန်သကို ဗျ.. စင်ကြာပို ကို ခေါ်လိုက်ရမလား..း)))

    ReplyDelete
  11. ဒဏ်ရာတွေအထပ်ထပ်နဲ့ပါ

    ReplyDelete
  12. အဆုံးစီရင်ခြင်းဖြင့် လွတ်မြောက်မှုကို ကြိုးစားမယ်ဆိုရင်အမှားပါပဲနော်
    အသဲတော့မကွဲဖူးပါဘူး
    ခံစားရတာတွေတော့သိပ်များခဲ့တယ်
    ခင်ခင်မင်မင်jasmine

    ReplyDelete
  13. မကွဲသေးပေမဲ့ လာဖတ်သွားပါတယ်။ အစ်မ စာရေးကျဲသွားသလိုပဲ။

    ReplyDelete