Thursday, February 16, 2012

မိုးငယ်ငယ်က



မင်္ဂလာပါရှင်း

မတွေ့ ရတာလည်းကြာပြီ။စာဖတ်မိတ်ဆွေများ အားလုံးကော နေထိုင်ကောင်းရဲ့လား မသိဖူးနော် အပျင်းထူ တဲ့မိုးတစ်ယောက် စာမရေးတာ ကြာပေမယ့် စာတော့လိုက်ဖတ်ပါတယ်။ မန့်တဲ့ခါလည်းမန့်တယ် တိတ်တိတ်လည်းပြန်သွားမိတယ်။ မရင်းနှီးရင်ပေါ့း)


ဒီနေ့ရေးမှာကတော့ မမသက်ဝေရေးတဲ့ငယ်ငယ်ကအကြောင်းလေးပါ။

ငယ်ငယ်ကဆို မှတ်မိတာကတော့ ၃ နှစ်လောက်ကစမှတ်မိပါတယ် ကျန်တာတော့ လုံးလုံးစဉ်းစားလို့ မရတာပါ။ မိုးကိုမွေးရတာလွယ်ကူတယ်လို့ အမေကပြောပါတယ်။ မိုးမှမဟုတ်ဖူး မောင်နှမအားလုံးပါပဲ။ ဒါပေမယ့် မိုးမွေးပြီး အမေကဆေးရုံတင်ရတယ်။ ဆေးထိုးမှားတယ်ဆိုလား မိုးတော့ သေချာနားမလည်ဖူး ခွဲစိတ်ခဲ့ရပါတယ်။ မိုးကြောင့်အလှပျက်ခဲ့တာလား စဉ်းစားမိရင်အမေ့တွက်စိတ်မကောင်းဖူး။ နောက်မိုး မောင်မောင်လေး လိုချင်တယ်ပြောတတ်တယ်လို့ တောင် အမေပြောဖူးတယ်။ နောက်တကယ်ပဲ မောင်လေး ကိုမွေးပေးခဲ့တဲ့အမေ့ကို ကျေးဇူးတင်မိပါတယ်။ မိုးသာ ဆိုမွေးရဲပါ့မလား အမြဲစဉ်းစားမိတယ်။ အမေ့ကိုစိတ်ဆိုး စိတ်ကောက်မိရင် မိုးကိုမွေးပြီးတုန်းက ခွဲစိတ်ခန်းဝင်ဖူးတာ သတိရမိရင်တော့တော်လန့် မိပါတယ်။ မွေးလူနာ တွေတွက် ခွဲစိတ်ခံရတာ သွေးနုသားနုနဲ့ အရမ်းခံစားရတယ် တယ်လို့ အဒေါ်ပြောပြတတ်ပါတယ်။ ကျောက် မြောင်းဆေးရုံမှာမွေးပြီ အဲ့ဒီမြို့ နယ် မှာပဲကြီးပြင်းလာတဲ့မိုးတစ်ယောက် ကိုယ်ပတ်ဝန်းကျင်ကို အရမ်းနှစ် သက်ပါတယ်။ အကြောင်းက တော့ မိုးတို့ နေအိမ်လေးက ဘုရား၊ကျောင်း၊ ဈေး၊ဆေးရုံ ပန်းခြံ အကုန်နီးလို့ အရမ်းနှစ်သက်မိတယ်။

နောက်၃တန်းလောက် အိမ်သစ်ပြောင်းတော့ ဘုရားနဲ့ပိုနီးပါတယ်။မိုးတို့ နံနက်စောစော ကန်တော်ကြီးပတ် ပြေးရင် ရွှေတီဂုံဘုရားဖူးကြပါတယ်။ နောက် ကန်တော်ကြီးပန်းခြံဆိုတာကလည်း အပတ်တိုင်းသွားဆော့ ဓါတ်ပုံရိုက်ကြ ငယ်ငယ်ကစားကွင်းပေါ့။ ပြောင်းတဲ့အိမ်ကလမ်းကအေးချမ်း ပြီးစိတ်ငြိမ်လမ်းလေးလို ပါပဲ။ ခုတော့ မူးနောက်နေအောင်လူစည်ပါတယ်။ ဒီတွက်မနေချင်ဖူး အိမ်ပြောင်းချင်တာက မိုးပါ။ သို့ သော် မြို့ နယ်ကတော့ ဒီမြို့ နယ်တွင်းပဲနှစ်သက်မိတယ် ရွှေတီဂုံဘုရားကြီးလည်းရှိတယ် ကန်တော်ကြီးတလျှောက် လမ်းလျှောက် လေကောင်းလေသန့် အပန်းဖြေကောင်းတဲ့နေရာလေး အဖိုးမဖြတ်နိုင်ဖူး သဘာဝကပေးတဲ့ အလှတရား မိုးအရမ်းနှစ်သက်တဲ့ မိုးမွေးကတည်းက ကြီးပြင်းလာရတဲ့ နေရာပါ။ဒီနှစ်အိမ်ပြန်တော့ နေ့တိုင်း ရွှေတီဂုံဘုရားတက်ဖူးဖြစ်ပါတယ်။ ညတိုင်းပေါ့ အရမ်းအေးချမ်းပြီး စိတ်ချမ်းသာမိတယ်။ ဘုရားကလူတွေ စပီကနဲ့ ပိတ်ပြီအော်မှပြန်ဆင်းလာကြတာ ဒီတခါတော့အဝဖူးလို့ 2011 ရဲ့ အပျော်ဆုံးအကြောင်းရာတခုပါ။

ပညာရည်ချင်းကြောင်းပြောမယ် ဆိုရင်တော့ ကြွားလိုက်ပါ့မယ် မောင်နှမလေးယောက်ထဲမှာ မိုးအညံ့ဆုံးပါ။ မူလတန်းထိ အမှတ်ကောင်းပေမယ့် ဆုမရခဲ့ဖူးပါဖူး။ အထက်တန်းမှာ တစ်ခါပဲရဖူးပါတယ်။အမေက သွက် လက်ထက်မြတ်စေချင်သလောက် မိုးကတွန့် ဆုတ်တတ်သူ။ အမေကစာ ရေးရင် မှားတာမကြိုက် ကြည့် လိုက်ရင် ရှင်းနေစေ ချင်သလောက် မိုးကအမှားများသူ။ အမေက သတင်းကြော်ငြာတဲ့အမျိုးသမီးတွေ စာဖတ်
သလိုမျိုးကို မိုးကိုအဲလိုဖြစ်စေချင်ပေမယ့် မိုးကိုဖတ်ခိုင်းရင် ကြောက်ကြောက် ကြောက်ကြောက် ထစ်ထစ် ထစ်ထစ်ဖြစ်တတ်သူ။ သူများသား သမီးတွေနဲ့ မိုးကိုနှိုင်းယှဉ်လာရင် လုံးမနှစ်သက်သူ အမေက စာယှဉ်ဖတ် ခိုင်းတတ်သူ ဒါကြောင့် အမေ့ကိုသိပ်မကပ်တော့ဖူး အဒေါ်နားက မခွါတော့ဖူး။

ဘဝမှာ မိုးအမေနေရာကို အမေနဲ့ထပ်တူချစ်ရမယ့်သူမရှိဖူး အဖေလည်းဒီလိုပါပဲ။ ဒါလူတိုင်းဖြစ်ကြမှာပါပဲနော်။ မိုးအဒေါ် ဦးလေးတွေဆိုတာက မိုးကနို့ ဗူးလေးနဲ့ ပြုစုစောင့်ရှောက်ခဲ့ကြသူတွေပါ။ ဒါပေမယ့် ဘယ်တော့မှ မိဘနဲ့ထပ်တူမဖြစ်ခဲ့ပါဖူး။ တရားဖူးလား စဉ်းစားမိပေမယ့် စိတ်ကိုကဖြစ်တာ ဖန်တီးလို့ မှမရတာ။ အဒေါ် ဆိုတာက တော့ မိုးအရမ်းလည်းချစ်တယ် အရမ်းလည်းလေးစားရတယ်။ သူ့ ရဲ့သွန်သင်ဆုံးမမှူလေးတွေက ခုမှပိုသဘောပေါက်နားလည်လာရသလို ပိုပိုပြီး လည်းလေးစားမိတယ် အကြောင်းကတော့ ဘာမှကို ခိုင်းတဲ့ အတိုင်းရမယ်လို့ မပြောတတ်ဖူး အကျိုးသင့် အကြောင်းသင့်ရှင်းပြတတ်တယ်။ ပြီးရင် မိမိဘာသာ ဆုံးဖြတ် စေတတ်တယ်။ သားတွေပဲရှိတဲ့အဒေါ်ကတော့ သမီးလေးတွေလို မိုးတို့ ညီမတွေကို အစစ အရာရာ မိခင်လိုပဲ ပြုစုတတ်ပါသေးတယ်။ သမီးမရှိတဲ့ဦးလေးကျပြန်တော့လည်း သူ့ ဇနီးမသိအောင် ဂါဝန်တွေဝယ်ပေးဖူးတယ်။ ဦးလေးတွေက မိန်းမကြောက်တယ်းD ကြားရင်တော့သွားပြီ။

ဆော့တာတွေကြောင်းပြောရမယ်ဆိုရင်တော့ ဆရာဝန်တိုင်းဆော့တယ် ဆေးပေးရတာ ပျော်လို့ လက်တွေ့ွမှာ ဆရာဝန်လုံးဝမကြိုက်ဖူး ဆေးထိုးဖို့ လည်းအသေ ကြောက်တတ်သူ။ စစ်တိုက်တိုင်းတို့  ဟင်းချက်တိုင်းတို့ ကြိုးခုန် စုံလို့ ပါပဲ။ အပြင်ပေးမထွက်ရင် လမ်းကကလေး တွေအိမ်ခေါ်ဆော့ပါသေးတယ်။ အိမ်ပွအောင်တော် တော်လုပ်ခဲ့မိပါတယ်။ မီးမလာရင်တော့ ပုံပြင်ပြောတာနားထောင်ခဲ့ရဖူးတယ် နောက်သီချင်း ဆိုတိုင်းကစားခဲ့ဖူးပါတယ်။

အားကစားမှာ ပထမဆုတော့ရဖူးပါ။ကြက်ဖခွပ်ပြိုင်ပွဲမှာပါ။ အိမ်က ဘယ်လောက်ချူပ်လည်းဆို လွတ်လပ် ရေးပြိုင်ပွဲတောင် ဝင်မပြိုင်ရဖူး။ ဒါနဲ့ အမေကလိုက်မပို့ နိုင်သေးတော့ ကလေးအုပ်စု နောက်လမ်းသွားပြီး ကြည် ရင်းဝင်ပြိုင်မိပါတယ် ဆုရသွားတယ်။ ဆုသွားမယူရင် ဒီကိစ္စပြီးပြီ မှတ်တာ ဒိုင်ကနောက်နေ့ အိမ်ကိုဆုလာ ပေးရော မိုးများလိမ်ရင် အဲလိုပေါ်သွားတတ်တယ်။ ကြက်ဖခွပ်က အားကစားထဲပါရဲ့ လား မသိဖူး ရေးမိပြီ။ မြန်မာ့ရိုးရာလောက်တောဖြစ်မယ်ထင်တယ်းD။ အပြေးကတော့သန်သလားမမေးနဲ့ ပြိုင်ပွဲမှာတော့ တခါမှဆုမရဖူးဖူးးD

ရုပ်ရှင်ထက် သီချင်းပိုကြိုက်သူ။ မိုးနှစ်သက်တဲ့ သရုပ်ဆောင်မှရွေးကြည့်တတ်သူ။ ငယ်ငယ်ကတော့ အက်ရှင်ကား သီသီလေးအောင်မြင်သွား တာတို့ တွေသိပ်သဘောကျတတ်သလောက် လက်တွေ့ကိုယ့်ဘဝ အဲလိုဖြစ်လာ လို့ စိတ်မောရတယ်။ စတေးနက်ဖန်ကုန်တော့မယ်ဆို ဒီနေ့ အခြေနေကောင်းလာတာတို့ ပေါ့။ ငယ်ငယ်က မိုးဦးလေးတွေသူတို့ ကြည့်တဲ့ကားကိုမိုးကပေါတောတောကားတွေဘာလို့ များကြိုက်တာလည်း် ပေါ့ ကြည့်လိုက်ရင် ဟာသတွေကြီးပဲ။ခုတော့ ကိုယ်တိုင်လည်းခုဆို ဟာသတို့ ပျော်စရာတို့ ဆိုကြည့်ချင်တယ်။ ဝမ်းနည်းရမယ့်ကားတွေ ကြောက်စရာတွေ အချိန်ပေးပြီး စိတ်မကောင်းတဲ့ကားမျိုးမနှစ် သက်တော့ဖူး။ ရုပ်ရှင် ဒီရောက်တော့ပိုမကြည့်ဖြစ်တော့ပါဖူး။ အချိန်တွေကို ပျော်ပျော်ပျော်ရွှင်ရွှင် မဖြတ်သန်းနိုင်ရင်တောင် အေး အေးချမ်းချမ်း လေးနဲ့ဖြတ်သန်းချင်မိပါတယ်။ ငယ်ငယ်က အပူပင်ကင်းတဲ့ဘဝတွေပြန်မရနိုင် တော့ပေမယ့် ဘာဖြစ်ဖြစ် ရသစုံလင်စွာဖြတ်သန်းခဲ့ဖူးပါတယ်။ ဒါတွေကလည်း ဘဝတွက်ကောင်းဆုံးတွေ့ ကြုံတွေပါပဲ။

မိသားစုဆုံတယ်ဆိုတာရှားတဲ့ မိုးတို့ အိမ်လေးမှာ ဒီ2011 အိမ်ပြန်လည်တော့ မိုးမောင်လေး အဖေအားလုံးရှိ ပေါ့။ မိုးငယ်ငယ်တည်းက အဖေ့ကိုချစ်တယ်လို့ တခါမှမပြောခဲ့ဖူး ဒီတခါပြန်ရင်ပြောမယ်ပေါ့ ဒါပေမယ့် မပြောဖြစ်ခဲ့ပြန်ဖူး။ မိုးလာမယ်လို့ အဖေတစ်တည်းပေးမသိပေမယ့် မိုးမောင်လေးတစ်ယောက်တည်း လာကြို တယ် ကျန်တဲ့သူအားလုံးအိမ်မှာပဲ အိမ်ရှေ့ ခန်းထဲမှာ အဖေကမိုးဝတ်ခဲ့တဲ့နာရီလေးကျန်ခဲ့တာ အဖေဝယ်ပေး ထားတာပါ။ အဲဒါလေးဘေးနာမှာချထားတယ် ဘာမှမပြောပေမယ့် မိုးသိပါတယ်။ မိုးကိုတွေ့ တော့ချင်ချင်း မျက်ရည်ဝဲ မိုးလည်းဝမ်းနည်း ဘာမှပြောမထွက်တော့ဖူး။ တွေ့ တာနဲ့ သမီးနာရီလည်းမပတ်ထားဖူး နာရီလေး ပတ်ထားလိုက်နော် မိုးရင်ထဲနင့်ကနဲပါပဲ။ မိုးဘဝမှာ အနှစ်သက်ဆုံးမရှိမဖြစ်ရတနာ ဘာလဲဆိုရင် နာရီပါပဲ။ အဖေ့ကိုမိုးနာရီကြိုက်တာမပြောခဲ့ပေမယ့် အမြဲနာရီအမျိုးမျိုးဝယ် ပေးခဲ့တယ်။ မိုးငယ်ဘဝ မိုးပတ်ဝန်းကျင် မိုးမိသားစု မိုးဆရာ ဆရာမတွေ သူငယ်ချင်းတွေ အားလုံးကိုမိုးချစ်ပါတယ်။ အစေ့လေးတစ်စေ့ ပစ်လိုက်လျှင်တောင် အပင်ပေါက်တဲ့မြန်မာ့မြေ ရင်ထဲအေးမြဆေးနံ့ ကင်းတဲ့ရေ(အမေ့ရေအိုးစဉ်)လေး သန့်ရှင်းလေးပြေညှင်းလေးတွေ အားလုံးကိုလွမ်းသွားတယ် စာရေးရင်း။မိုးရေသောက်တာဂျီးများတတ်ပါတယ်။ ရေကနေရာတိုင်းတူပါဖူး။ ရေသန့်တွေမပေါ်ခင်ကဆိုသိပ်သိသာပါတယ်။ တချို့ မြို့ နယ်ရေ တွေက ပေါ့ရွှတ်ရွှတ်နဲ့ဆို မိုးအိမ်သွားလည်ရင်ရေမသောက်ဖူး။ ဒီရောက်တော့ ရေတော်တော်မသောက်နိုင်တာပါ။ ရေသန့်ဝယ်သောက် တော့ နှမြောတာနဲ့ပဲ ဝယ်မသောက်ဖြစ်တော့ဖူး။ ရန်ကုန်ကရေများ တငုံလောက် သောက်လိုက်ရင်ချိုပြီးအေးမြနေတာ။ မိုးအကျင့်အိမ်ထဲဝင်တာနဲ့ ဟင်းအိုးနားအရင်ရောက်သွား တတ်တယ်။ ဘာချက်လဲပေါ့။ ပြီးရင်အအေးရှာတတ်တယ်။ မုန့်ဖိုးမရှိတော့ရင် စတိုးဆိုင်က အအေးတွေပုလင်း လိုက်မှာပါတယ်။ ပြီးရင်အမေ့ဆီကတောင်းခိုင်းလိုက်ပါတယ်။ အိမ်မှာခုန်လုတတ်ပါတယ်။ ထမင်းစားရင် ထမင်းစားခန်းထဲက TVကိုမြင်ရတဲ့ခုန် လုတတ်ပါတယ်။ နောက် ညဆိုအိမ်မှာနွားနို့ တစ်ခုသောက်အိပ်ရတာ ငယ်ငယ်မသောက်ချင်တော့သွန်မိပါတယ်။ ဒါအဖ့နှင့်သား များကားထဲ ကလို ပဲအဲ့ကားကြည့်ရင်မိုးတို့ မောင်နှမတွေလိုပဲ။ ငယ်ငယ်ကတော့ အိမ်လုပ်ခိုင်း လို့ မလွဲသာလို့ ဝိုင်းလုပ်ပေးရပေမယ့် ဆော့ဖို့ ပဲစိတ်က ရောက်နေတတ်တာ။ မိုးတို့ ငယ်ငယ်က တအားပိန်ပါတယ်။ အမေက ဘယ်လောက်ကျွေးကျွေးမထင်းမစားဖူး ဟင်းစားချင်လို့ထမင်းစားတာပါ။ နောက်မိုးဆေးသောက်မှာကြောက်တော့ ဆေးခန်းသွားလိုက်ရင်ပဲ ကြောက် ပြီးရောဂါပျောက်ပြီး အဖျားဆိုပျောက်သလောက်ပဲ ချွေးပြန်လာတတ်တယ်။ ဆေးမသောက်ချင်တော့ ရေခဲမုန့် စားမှဆိုဂျိီကျတော့ နေမကောင်းတဲ့ကြားက ရေခဲမုန့်စား ပြီးဆေးသောက် အဲလိုလည်းဆိုး ခဲ့ဖူးပါတယ်။ ကရဝိတ်ရေခဲ့မုန့် စားချင်မိပြီ။ ဆက်ပြောရင် အစားသောက ကြောင်းဖြစ်ကုန်တော့မှာမို့  ဒီတင်ပဲ အဆုံးသတ်လိုက်ကြောင်းပါ။

စာမရေး အွန်လိုင်းမတက်လို့ မေးလ်နဲ့ ဆက်သွယ်တဲ့သူငယ်ချင်း မောင်နှများကိုလည်း မိုးရင်ထဲမှာရှိပါတယ်။

၇ရက်သားသမီးများအားလုံးဘေးရန်ကင်းပြီးကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေ…


ကိုယ်ရောစိတ်ပါအေးချမ်းပြီး

သာယာချမ်းမြေ့ပါစေရှင်း

မိုး


















































6 comments:

  1. နောက်လထိတော့ အခွင့်ပေးလိုက်ပါမယ်လေ .. ပြီးရင်တော့ စာတွေဆက်ရေးပါတော့ :D
    မမိုးလည်း မထင်ရဘူးနော် .. ဆိုးသား :P
    ရေကတော့ ဟုတ်တယ် .. ကိုယ့်အိမ်ကရေမှ ရေလို့ ထင်တာ .. ခုတော့ ပြန်ရင် ရန်ကုန်ရေက ပါးစပ်ထဲ တမျိုးဖြစ်နေပြန်တယ် .. :-\

    ReplyDelete
  2. မမိုးရေ. မတွေ့တာတောင်ကြာပေါ့... စာပြန်ရေးလာတော့လည်း ငယ်ငယ်ကအကြောင်းလေးတွေနဲ့ လွမ်းမောဖွယ်ဖြစ်အောင်ပါပဲ...း)))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  3. ညီမ မိုးရေ... ငယ်ဘဝလေး လာဖတ်တယ်...
    လူတိုင်းရဲ့ ငယ်ဘဝတွေမှာ ပျော်စရာတွေ အများကြီး တွေ့ရတယ်...
    မိုးရဲ့ ငယ်ဘဝမှာလည်း မောင်နှမတွေနဲ့ ပျော်ပျော်ပါးပါး နေခဲ့ရတာကို တွေ့ရတာ မောင်နှမနည်းတဲ့ အမက အားကျနေမိတယ်...

    စကားမစပ်... သီချင်း ဂီတမှာ မွေ့လျော်တဲ့သူတွေရဲ့ စိတ်နှလုံးဟာ သူများတွေထက် နူးညံ့တယ် တဲ့...း))

    ReplyDelete
  4. ငယ်ငယ်ကလိုမျိုး ဘဝပြန်လိုချင်သေးလား ??????
    အဟားဟား

    ReplyDelete
  5. ငယ်ငယ်က ဘ၀တွေဟာအခုတော့လဲ....
    မဖတ်ရတာအတော်ကြာလို့ ၀အောင်ဖတ်သွားတယ်။

    ReplyDelete
  6. နိုဘယ်လ် ဆိုလို့ ငယ်ငယ်က သူငယ်ချင်းတစ်ယောက်ကို သတိရ မိပါတယ်...
    ဒါပေမယ့် သူ့နာမည်က မိုး နဲ့တော့ ဆုံးတာ မဟုတ်ဘူး...
    လူကြီးတွေက ပြောတယ် ငယ်ဘ၀ဆိုတာ ဘယ်တော့မှ ပြန် မ ရနိုင်တော့တဲ့ အရာတဲ့...

    ReplyDelete