Thursday, June 3, 2010

တွေးမိတာလေး

ခုချိန်မှာ မိုးကိုသေမင်းလာခေါ်ရင်တော့ အင်းးးး မသွားမဖြစ်ဆိုရင်တော့ လိုက်သွားရမှာပဲပေါ့လေ။ ဒါကြောင့် မိုးစဉ်းစားကြည့်တယ် မိုး ဘာတွေလုပ်ထားပြီးပြီလည်းပေါ့။ သေချာတာကတော့ ဘာမှမလုပ်ရသေးတာပါပဲ။

မိုးအခုချိန်များသေသွားခဲ့ရင် မိဘတွေဘက်က ပြန်စဉ်းစားကြည့်တာက အော် မိုးမရှိလည်း မိုးရဲ့ မောင်လေးနဲ့ ညီမလေးတွေကို ချစ်လို့ ရသေးတယ်။

အဒေါ်တွေ ဦးလေးတွေ ကတော့ ဒီလိုပဲ အငယ်တွေရှိနေသေးတော့ စိတ်သက်သာနိုင်မယ်လို့ တော့ ယူဆတာပါပဲလေ။

မိဘကျေးဇူးနဲ့ ပက်သက်ရင်တော့ ခုထိ မဆပ်ဖြစ်သေးဖူး။ ဒါဆို အလုပ်လုပ်ပြီးငွေတွေ ဘယ်ရောက်သွားလည်း မေးစရာတော့ရှိလာမှာပေါ့ လေ။ မိုး လာစာတွေ မှန်မှန်ပို့ ပေမဲ့  ကျေးဇူးဆပ်တယ်လို့  သဘောမထားနိုင်ဖုးဖြစ်နေတယ် ။ မိုးကျောင်းစရိတ်မကျေသေးလို့ ပေါ့လေ။ ကျေသွားခဲ့ရင်တော့ ဆပ်ခွင့်ရပြီလို့ သတ်မှတ်မယ်တွေးပါတယ်။

ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးရင်မောတယ်...

ဘာရယ်မဟုတ်ပါဖူး ဒီတိုင်းလေးရေးမိသွားတာပါ။
ညကမိုး လန့် သွားတဲ့အဖြစ်ပျက်ကြောင့် တွေးပြီးရေးမိသွားတာပါ။
အင်းတစ်ဘဝစာအလုပ်တွေလုပ်ပြီး အချိန်ကုန်မခံပဲ သံသရာတွက်လည်း တနေ့ ရသလောက်အချိန်ယူပြီး ကြိုးစားသွားရင် သေမင်းခေါ်ရင် ရင်အေးအေးနဲ့ လိုက်သွားလို့ ရအောင်လုပ်ထားမှလို့ တွေးရင်းးးးးးးးးးး

စာဖတ်သူများအားလုံးအပြင် သက်ရှိများအားလုံးလည်း ကျမ်းမာရွှင်လန်းပြီး သာယာချမ်းမြေ့တဲ့ဘဝကို ပိုင်နိုင်ကြပါစေရှင်းးးးးးးးးးးးးးးးးးးးးးးးးးးး
သာယာချမ်းမြေ့ပါစေနော်
မိုး

6 comments:

  1. မိုးရေ...ဘယ်နှယ် ဘာတွေလျှောက်တွေးနေတာတုန်း...နေကောင်းရဲ့လား...
    စိတ်ကိုအေးအေးထားလေ....ပျော်အောင်နေနော်...
    ကျန်းမာရေးလည်း ဂရုစိုက်ဦး...မတွေ့တာကြာလို့လေ

    ReplyDelete
  2. ကျဆိမ့်June 4, 2010 at 7:04 PM

    မမိုးရေ ကျွန်တော်လည်းတခါတလေ တွေးမိတယ်မိဘကိုဘယ်လို ကျေးဇူးဆပ်ပြီး
    ပြီလဲ ကိုယ်အတွက်ရောဘာတွေပြင်ဆင်ပြီးပြီလဲ စသဖြစ်ပေါ..ဒါတွေကမှကိုယ်နောက် ပါမှာ ဆရာလုပ်တာမဟုတ်ဘူးနော် ကျွန်တော်စိတ်ရင်းကိုပြောတာ....
    အားပေးလျှက် ခင်တဲ..ကျဆိမ်

    ReplyDelete
  3. တို့မမမိုးကြီးလည်း တွေးပြီး ရင်မောနေတယ်ဗျာ... မမောပါနဲ့ဗျာ.... တနေ့တော့ မိဘကျေးဇူးဆပ်နိုင်မှာပါ...း)))

    ခင်မင်တဲ့
    ညီညီထွေး

    ReplyDelete
  4. ချောတီး.. တခြားအကောင့်ကြီးနဲ့ တက်သွားတယ်... ဟီးဟီး

    ReplyDelete
  5. သေတတ်ဖို့ကတော့ ကျင့်ရဦးမယ်
    မလွတ်မြောက်နိုင်သေး ...

    ReplyDelete
  6. မိုးရေ ငွေကြေးအရ ထောက်ပံ့နိုင်မှ မိဘကျေးဇူးဆပ်တာ မဟုတ်ဘူးနော်။ မဇွန်လည်း ဒီလိုပဲတွေးခဲ့ဖူးတယ်။
    ဒါပေမယ့် ကိုယ်က မိဘစကားနားထောင်တာ၊ မိဘစိတ်ချမ်းသာအောင်နေတာတွေကလည်း မိဘကျေးဇူးဆပ်ခြင်း တစ်မျိုးပါပဲ။ မိဘတွေကို လောကုတ္တရာနည်းနဲ့ ကျေးဇူးဆပ်တာ အကောင်းဆုံးပဲလို့ မဇွန်မြင်တယ်။ သူတို့ကို ဘုရားတရားပိုလုပ်ဖြစ်အောင်၊ တရားတွေနာဖြစ်အောင်၊ သံသရာကနေ လွတ်မြောက်အောင် ကူညီပံ့ပို့း တိုက်တွန်းဖို့ မဇွန်တို့ သားသမီးတွေ အားလုံးမှာ တာဝန်ရှိတယ်။ ဒါဟာ မြတ်သောကျေးဇူးဆပ်ခြင်းပါပဲ။

    ReplyDelete