Wednesday, June 30, 2010

သိုက်ဆက်

ညက အဆောင်မှာ သိုက်ဆက်ဆိုတဲ့ vcd ကြည့်ရင်း အိမ်ကို သတိရသွားတာနဲ့  ဒီပိုစ့်လေးရေးဖြစ်သွားတာပါ။ စာဖတ်သူတွေကော သိုက်အဆက်ရှိတယ်ဆိုတာယုံပါသလား? ပြေတီဦးက သူ့ ညီမကို ရည်းစားမထားရင်ပြီးရော လိုတရထားတယ်။ ပြီးရင် အိမ်ထောင်မပြုဖို့  ကတိတွေတောင်းတယ်။ အဲဒါတွေ ကြည့်ပြီးအိမ်ကို တော်တော်သတိရသွားမိပါတယ်။

အိမ်မှာလည်း မိုးအဒေါ်အငယ်ဆုံးတစ်ယောက်ကို ဦးလေးတွေက အဲဒီလိုပဲ အားလုံးလိုတရပဲ အကုန်လုံးဝိုင်းချစ်ကြတာ။ နောက်မိုးအဒေါ်ကိုဗေဒင်တွက်ကြည့်တော့ သိုက်ဆက်တဲ့ အိမ်ထောင်ပြုလို့ မရဖူးတဲ့ ကွဲရင်ကွဲမကွဲရင်သေတဲ့။ ငယ်ငယ်ကလူကြီးတွေပြောတာကြားဖူးတာပါပဲ။ အိမ်ကတော့ ဦးလေးတွေက သိပ်ယုံကြည်ကြဖူးပေါ့။ ဒါပေမဲ့ အဒေါ်ကို ယောက်ျားလေးရှင်တွေဘက်က လာရောက်နားဖေါက်တောင်းတာနဲ့ မောင်တွေ အကိုတွေက ဝိုင်းကန့်ကွက်ကြတာပါပဲ။ မိန်းခလေးတွေက သိုက်ဆက်ကြောင့်ကန့်ကွက်တာ ဦးလေးတွေကတော့ သူ့ ညီမကို သူတို့ လောက်စိတ်ချမ်းသာအောင်ထားနိုင်ပါ့မလား ဆိုပြီးစိုးရိမ်လို့ ကန့်ကွက်တာ ဒါနဲ့ပဲ အဒေါ်လည်း အသက်က ၃၀ နီးပါရောက်သွားတာပေါ့။ နောက်တော့ နောက်လာတောင်းတဲ့တစ်ယောက်က သိုက်ဆက်ရှိတာလည်းသိတယ် ရတယ် အဒေါ်ကိုယူလို့ သေရမယ်ဆိုလည်းမတက်နိုင်ဖူးပေါ့ အဲဒီရုပ်ရှင်ထဲကအတိုင်းပဲကြိုစားတာပါပဲ။ နောက်တော့ လူကြီးတွေကတစ်ခါ ဒုတိယအကြိမ်လာတောင်းတော့ သဘောတူလိုက်တယ်ပေါ့။ ခုတော့ အဒေါ်လည်း သား၃ ယောက်နဲ့ ပျော်လို့ ပေါ့။ အဒေါ်ကလေးမွေးတုန်းက ပြေတီဦး ဖြစ်သလို ပါပဲ မိုးဦးလေးတွေ ဘုရားစဉ်ရှေ့ မှာ ဘုရားမှန်မှန်မရှစ်ခိုးတဲ့ ဦးလေးတောင်မှ ဘုရားစဉ်ရှေ့ ရောက်နေတာပါ။

အဒေါ်လည်းမရှိတော့ မိုးအလည့် ပေါ့။ ပြေတီးဦးသူ့ ညီမကို ကတိတောင်းသလိုပါပဲ မိုးဦးလေး အလတ်ကတောင်းပြန်ရော အထက်တန်းဆိုတော့ အင်းပါ လို့ ပဲပြောလိုက်ပါတယ်။ အမေကတစ်ခါ မိုးသေချာ မှတ်မိနေသေးတယ် ၁၀တန်းတုန်းကပါ မိုးက အဲဒီတုန်းက ခလေးစိတ်နဲ့ဆိုတော့ ဘာမှလည်းမစဉ်းစားတတ်တော့ အမေတို့ သဘောတိုင်းဖြစ်စေရမယ်ပေါ့ အဲဒီလိုပဲလွယ်လွယ်ပြောလိုက်မိပါတယ်။ ဦးလေးအငယ်က တော့တစ်မျိုး အိမ်ရှေ့ ဧည့်သည် သူ့ သူငယ်ချင်းပါလာရင် အိမ်ရှေ့လုံးဝမထွက်ရဖို့ မှာထားတတ်တယ်ပေါ့။ လာတာနဲ့ အိမ်ရှေ့ လိုက်ကာကြီးကာ အကုန်ပိတ် ရှေ့ မှန်တွေ အကုန်ပိတ်ပစ်တတ်ပါတယ်။ နောက်မှ ဘယ်ဟုတ်မလဲ သူက သူ့ သူငယ်ချင်းညီမကို ကြိုက်နေတော့ မိုးတို့ ကို အတင်းလိုက်ချုပ်ချယ်တာပေါ့။ ကျောင်းပိတ်ပြီလား တရားစခန်းအတင်းလိုက်ပို့  နဲ့ အဲဒါဦးလေးအငယ်ပါ။ မိုးနဲ့ ကအကိုရွယ်လောက်ပဲရှိတယ် ဝါကြီးလို့ ဦးလေးဖြစ်သွားတာပါ။ ဦးလေး အလတ်ကြတော့လည်း ဖုန်းဆက်ရင် တရားကြီးပဲ အတင်းမှတ်ခိုင်းတတ် ပါတယ်။သွားလည်းမှတ် စားလည်းမှတ်နဲ့ ကြာတော့ စိတ်ကတို လာတော့ ကားတိုက်ပြီးသေတော့မယ် လှလှပပတော့သေပါရစေလို့ စိတ်တိုတိုနဲ့ ပြောမိပါတယ်။ ခုတော့ အဲဒီဦးလေးက ဘုန်းကြီးဝတ်သွားတာ ၃ နှစ်ရှိပါပြီ။

မောင်လေးကျပြန်တော့ လူသာငယ်တယ် စတိုင်ကတော့ အဖိုးကြီးစတိုင်ပါ။ ရိုးရိုးကြီးဝတ်တာပဲကြိုက်တယ်။ မိုးကို စကတ်တိုတွေဝတ်တာမကြိုက်ဖူး။ ဝတ်ရင်မျက်နှာကြီးပုတ်ထားတတ်ပါတယ်။

ညီမအလတ်နဲ့ အမေကတော့ လက်ပြတ်အင်္ကျီဝတ်တာမကြိုက်ဖူးပေါ့ ။

အဒေါ်ဆိုလည်း ဟုတ်တယ် အမေလို သဘောထားရတဲ့ မိုးအဒေါ်အပျိုကြီးကတော့ အင်္ကျီပွပွမှ ဝတ်စေချင်ပါတယ်။ ခုခောတ်အင်္ကျီတွေကို ဝယ်တာသေးနေပြီလို့ ပြောတတ်သူပေါ့။ မိုးက ဂါဝန်ကြိုက်တော့ အဝတ်များတယ်ပေါ့။ အဒေါ်ကဂါဝန်ဝတ်တာ မကြိုက်ဖူး ကလေးများမှတ်လေးလားတဲ့။ ကောင်းဆုံးက သီလရှင်ဝတ်စုံဖြစ်နေလားပဲ။

မိုးဦးလေး အကြီးကတော့ နည်းနည်း အိုဗာဖြစ်နေတယ်ထင်တာပါပဲ ။ ရန်ကုန်တစ်ခေါက်အလည်းပြန်တုန်းက ထမီနဲ့ဘာလို့ မလာတာလည်းတဲ့ လူကို မျက်လုံးကြီးကိုပြူးသွားတာပါပဲ။ စင်္ကာပူက ပြန်လာတာ ထမီနဲ့ မလာရဖူးဘယ်သူတားထားလဲတဲ့။ မိုးမှာပြောစရာစကားမရှိတော့ပဲ ဘုန်းကြီးကျောင်းလာတာမှမဟုတ်တာလို့ ပဲဖြေလိုက်မိပါတယ်။

ညီမအငယ်မလေးကတော့ သူကစိတ်ကို လွတ်လွတ်လပ်လပ်ထားတတ်တဲ့သူ ဆိုတော့ ဘာမှပြောလေ့မရှိဖူးပေါ့ ။

အဖေကတော့ ဘာမှကို မပြောတား))))))))))))))))


ခုတော့ မိုးကို ဘာလုပ်နဲ့ ညာမလုပ်နဲ့ ဆိုပြီး တားမဲ့သူမရှိတော့ လွတ်လပ်ရေးရနေပေမဲ့ သိပ်မကြာခင် ရန်ကုန်ရောက်ရင်တော့ လှောင်အိမ်လေးထဲ ပြန်ရောက်သွားသလိုခံစားရတော့မှာပဲ.....ကံကလည်းနော် ရုံးက ရန်ကုန် သွားရမယ်တဲ့  ရက်အနည်းငယ်အလုပ်ကြောင့်ပါ။ ပျော်လည်းပျော်တယ် တွေးပြီးရင်လည်းမောပါတယ်။
မိုးလည်း သိုက်ဆက်တဲ့ ဗေဒင်က ဟောတားP


အားလုံးကျမ်းမာပျော်ရွှင်ပြီး သာယာချမ်းမြေ့တဲ့ဘဝကို ပိုင်နိုင်ကြပါစေရှင်းးးးးးးးးးး
သာယာချမ်းမြေ့ပါစေနော်
မိုး




6 comments:

  1. ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်ရသတဲ့...။ သေခြင်းတရားဆိုတာ ဘယ်သူမဆို တနေ့မလွဲမသွေ ကြုံရမှာပါ။ ဒါကိုမှ ကြောက်ပြီး ဟိုမလုပ်ဒီမလုပ်ရဆိုတဲ့.. ပညတ်ချက်တွေနဲ့သာဆိုရင်တော့...........................


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  2. အယူအဆတွေလို့ပဲ မွန်တော့ ထင်တယ်။
    ယုံရခက် မယုံရ ခက်ပါပဲ မိုးရေ..
    ပျော်ရွှင်ပါစေရှင်။

    ReplyDelete
  3. ဒေါ်သိုက်ဆက်ရေ...အဲအဲ ယောင်လို့ မိုးရေ ဘာမှပူမနေနဲ့ ယူသာယူ ဟီး စတာနော် အင်း...ဖြစ်တတ်ပါတယ်လို့ပဲ ပြောရမလိုပါပဲဗျာ နော် ။

    ခင်တဲ့(ချိုကျ)

    ReplyDelete
  4. ကဲကဲ....မိုးရေ သိုက်ဆက်ဟုတ်လား မဟုတ်လား သိရအောင် ယောကျာ်းယူကြည့်လိုက်လေ :P

    ဂျင်း

    ReplyDelete
  5. ပြေတီဦးလိုပဲပြောလိုက်မယ် သေခိုင်းနေတာလားးp

    ReplyDelete
  6. မိုးရေ.. အစ်မကိုလည်း သိုက်ကလာတယ်ဆိုပြီး ငယ်ငယ်က သိုက်ကြိုးတွေဘာတွေတောင် ဖြတ်ဖူးသေးတယ်။ ဒါတွေက ယုံလွန်းရင်လည်း မကောင်းဘူး။ လူက သူ့ကံနဲ့ သူလာတာလေ။ ထေရဝါဒစစ်စစ်ဆိုရင်တော့ ဒါမျိုးတွေကို အရမ်းယုံကြည်ဖို့ အားမပေးဘူး။ နေဝသန်ပြောသွားသလို ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်သွားမှာစိုးတယ်။

    ဟင်.. ဘယ်တော့ ရန်ကုန်ကို သွားရမှာလဲ။ မဇွန်တို့လည်း မသိရဘူးနော်။

    ReplyDelete