Tuesday, June 15, 2010

ပိုး

မိုးမှာ ငယ်ငယ်တည်းကအကျင့်တစ်ခုရှိတယ်။ နေမကောင်းရင်ဖြစ်ဖြစ် စိတ်တွေသိပ်ရှုပ်နေရင်ဖြစ်ဖြစ် စိတ်ညစ် ရင်ဖြစ်ဖြစ် ပျော်ရင်ဖြစ်ဖြစ် ကြောင်းပြချက်အမျိုးမျိုးနဲ့ခေါင်းလျှော်လေ့ရှိတယ်။ ခေါင်းလျှော်ပြီးရင်လန်းဆန်းပြီး ခေါင်းလေးစိုစိုဖြစ်နေတဲ့ အရသာကို သိပ်ကြိုက်ပါတယ်။ ဒါပေမဲ့ ခေါင်းကိုအုန်းဆီလူပေးရင်လုံးဝမကြိုက်ဖူးပေါ့။ ငယ်ငယ်ကတော့ အမေက လူးပေးတယ်။ မိုးကတော့ပတ်ပြေးတာပဲ။ ဒါပေမဲ့ မိုးအိပ်နေတဲ့အချိန်မှာ အမေက အုန်းဆီလူးပေးသွားတော့ မတက်နိုင်ဖူးပေါ့ အိပ်ပျော်နေတော့ မသိလိုက်ဖူး ဒါပေမဲ့ အိပ်ယာထတာနဲ့ ခေါင်းလျှော်လိုက်ရော။ ဒီလိုနဲ့ ခေါင်းက နေ့ တိုင်းလျှော်ဖြစ်သွားတယ်ပေါ့။

နောက် 10 တန်းလောက်ရောက်တော့မှ နှာချေတာ တစ်နှစ်ပတ်လုံး ဖြစ်နေတော့ နည်းနည်းသတိထားမိလာတယ်။ နောက်မှ ကိုယ်ဘာသာထိန်းလျှော်ဖြစ်ပါတယ်။ ခေါင်းလျှော်တာနဲ့ ပက်သက်လို့ တော့ မိုးကို လုံးဝတားမရခဲ့ဖူး။နောက်တစ်ခုက အိမ်မှာက နည်းနည်းနေမကောင်းရင် ဆံပင်အတင်းညှက်ခိုင်းတတ်တယ်။ အမေက မိုးတို့ မောင်နှမတွေကို နည်းနည်းလေး မျက်နှာလေးနုံးလာရင် ဆံပင်ညှက်ခိုင်းတော့တာပဲ။

နောက်မိုးမှာ ရောဂါပိုးတစ်မျိုးရှိတာကတော့ ဆေးဆိုးတာ အဲဒါ ၁၀တန်း လောက်က စဆိုးဖြစ်ပါတယ်။ ၆ လတစ်ခါမဆိုးရရင်ကိုးးမနေနိုင်တာ ဒါနဲ့ အိမ်ကလည်း ဒါမျိုး ဘယ်သူမှ မလုပ်ဖူးဖူး မိုးကစတာ ဆိုတော့ လူမသိတဲ့ အရောင်မျိုးကို ရွေးဆိုးဖြစ်ပါတယ် ။ ဂိုလ်းဘတောင်း ရောင်မျိုးပေါ့  သူက မှောင်နေရင်ဆေးဆိုးမှန်းမသိသာဖူး အလင်းရောင်ထဲထွက်မှ သိသာတာမျိုးပါ။ ဒါကြောင့် အိမ်မှာ မီးချောင်းအောက်မှာ သိမ်မနေဖူး။

ငယ်ငယ်တည်းက အမေက မိုးကို ဆံပင်ရှည်ပေးမထားဖူး။ ထဘီပေးမဝတ်ဖူး။ မိုးကလည်း အဲဒီနှစ်ခုလုံးကို အရမ်းကြိုက်တယ်။ သူများတွေဆံပင်ရှည်မြင်ရင် အားကျတယ် ထဘီလေးသိပ်ဝတ်ချင်ခဲ့တာ။ ဒါပေမဲ့လည်း အမေနေခိုင်းသလိုပဲနေခဲ့ရတာပါပဲ။ ဒီလိုနဲ့  ၁၀ တန်းအောင်တော့ အမေ့ကို ထဘီဝယ်ပေးဖို့ ပြောခဲ့ပါတယ်။ တော်တော်လေးပြောယူလိုက်ရပါတယ်။ ဒါနဲ့ အမေဝယ်ပေးခဲ့ပါတယ် ၃ထည်ပါ။ အဲဒီ ၃ ထည်ကို တစ်ပတ်လုံးဝတ်ပါတယ်။ ဖတ်ပြီးညစ်ပတ်တယ် ပြောတော့မယ်ဟုတ် အမယ် လျှော်တော့်လျှော်ပါတယ် ရှင်းးးးး။

ဆံပင်ရှည်လေးလည်းထားခွင့်ရလာတယ်ပေါ့ ။ ဒါနဲ့  ဂုတ်ကျော်ကျော် အမြဲထားဖြစ်တယ်။ ဒါပေမဲ့လည်း အတိုထားနေကျဆိုတော့ ၃လကျော်လို့ မှ မညှက်ရရင် မနေတတ်တော့ဖူးဖြစ်လာပြန်ရော။ တစ်ခါတစ်ခါ အမေပုံသွင်းထားတာတွေက လက်မခံချင်ပေမဲ့လည်း ခေါက်ရိုးကကျိုးနေပြန်ရော။ ဒါကြောင့် မိုး ဆံပင် ကြောလယ်လောက်ပဲထားဖြစ်တာက များပါတယ်။ ဒါပေမဲ့  ဘွဲ့ ရပြီးမှာတော့  အောင့်ပြီး မညှက်ပဲထားဖြစ်တာ ခါးနားရောက်သွားတယ်။ တချိန်လုံး မှန်ပဲကြည့်လိုက် ပျော်လိုက်နဲ့ ပေါ့  အမေတော့ အသည်းတွေယားနေတာ ဟီးဟီး။ အမေကသိပ်ကြည့်ရမယ်တော့မထင်ပါဖူး။ အဲဒီလို မိုးကကိုယ်ကိုကိုယ်မပိုင်သလို နေခဲ့ရတာ တစ်ခါတစ်လေလည်း အရမ်းငြိမ်းငွေ့ လာပါတယ်။ ဒါပေမဲ့လည်း မိသားစုတွေမကြိုက်တာ လုပ်မိရင်လည်း စိတ်ကမချမ်းသာပြန်ဖူးပေါ့ ။ ဒါနဲ့ ပဲ အရှုံးပေးလိုက်ရတာက များပါတယ်။ဒါပေမဲ့ ကိုယ်ကသာ အလိုက်သိသိ စိတ်ချမ်းသာအောင်နေပေးချင်တာ အတင်းလုပ်ခိုင်းရင်တော့ လုပ်ချင်စိတ်ပျောက်ပျောက်သွားတာ မိုးလည်းအဲဒီစိတ်ကို အတက်နိုင်ဖူးပေါ့။ ဒါပေမဲ့ မိုးစိတ်ချမ်းသာအောင်လည်း အိမ်ကထားပေးတတ်ပါတယ်။အဒေါ်နဲ့နေတော့ အဒေါ်စကားလည်းနားထောင်ရ အမေ့စကားလည်းနားထောင်ရနဲ့  ပေါ့။

ဒါနဲ့  အဒေါ်ကတစ်ခါ ဆံပင်ညှက်ဖို့ ပြောပြန်ရော ဒါနဲ့ မိုးလည်း်နိုင်ငံခြားလည်း ထွက်ရတော့မယ် နောက်စမ်းသပ်စရာတစ်ခုကလည်းရှိတာနဲ့ ဆိုတော့ ညှက်မယ်ပေါ့ ဂုတ်ကျော်ကျော်ပဲ ပုံစံကို ဆိုင်ကိုပြပါတယ် ။ ဆိုင်က လက်လွန်သွားတာ ငယ်ငယ်က ဘော်လုံးကေသာသာ ပဲကျန်တော့တယ် ။ ဆိုင်မှာတင်မျက်ရည်က ကျတော့မယ် ၂ ပတ်လောက်ထမင်းမစားနိုင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ စမ်းသပ်ချက်ကတော့ အောင်မြင်ခဲ့လို့  နည်းနည်းပျော်မိပါတယ်။ အားလုံးက ဆံပင်ပုံကြည့်ပြီး စိတ်ပျက်နေချိန်မှာ သူငယ်ချင်းနှစ်ယောက်ရဲ့  အားပေးစကားက နေသာထိုင်သာနဲ့  အားရှိသွားတာတော့အမှန်ပါပဲ။ ခုတောင်အဲဒီသူငယ်ချင်းကို သတိရသွားတယ် ဆံပင်ပဲ ပြန်ရှည်လာမှာပေါ့..............

ခုလည်း ရုံးကသူငယ်ချင်းတွေကညှက်ဖို့ ပြောပြန်ရော ရုံးဆိုပေမဲ့လည်း မိသားစုလိုပါပဲခံစားမိလို့  သူတို့ညှက်ခိုင်းတာကလည်းကြာပြီ ခုစိတ်ပင်ပန်းတာ အကြောင်းပြပြီး ဆံပင်ညှက်ဆိုင်ရောက်သွားတာ စိတ်ပါဆင်းရဲသွားပါတယ်။ ဆိုင်က ဆံပင်ဆို ညှက်တာ ဘရိတ်ကို သိပ်မအုပ်ကြဖူး မိုးကတော့ဆံပင်လေးရှည်လာပြီ အိမ်ပြန်ရင်ကြွားအုံးမယ်လို့  ခဲထားတာခုတော့ ညှက်ပြီးမှာမြင်တာနဲ့ သွားပြန်ပါပြီး ပိုဆိုးတာက ဆေးဆိုးဖို့ ပြောတာတရောင် ဆိုးပေးလိုက်တာ တမျိုး ပြောတော့ဒါပဲလို့ ပြောတယ် ထွက်တာက တခြားစီပဲ ဖြစ်ပြီးမှသိပ်မပြောချင်ဖူး မိုးအကျင့်က စိတ်ပျက်သွားရင် ဘာမှပြောမထွက်တော့ဖူး ဒီတော့ကိုယ်ပဲ ခံရတာပေါ့။ ခုလမ်းထွက်ရင် ရှက်နေရတာ ကခေါင်း ကလိမ္မော်ရောင်သန်းနေလို့  အိမ်ကသာမြင်ရင် သေပါပြီ။ အင်းးးအမေမြင်ရင်တော့ သမီးအစားရှက်လိုက်တာ ပြောတော့ မှာတော့ အသေချာပါပဲ။ အဲဒီလို ဒါကြောင့်ထိုင်နေတာအကောင်း ဆိုတာ ဟုတ်ပါလိမ့်မယ် ဒါပေမဲ့ နောက်လည်းဆိုးအုံးမှာပါ မမှတ်သေးပါဖူး အဲဒီလိုပဲ အကျင့်ဆိုတာဖျောက်ရခက်သားနော် ဒါပေမဲ့ အပျောက်ဖူးလို့ တော့ မပြောနိုင်ဖူး လောကမှာဘာမှမှ မတည်မြဲတာနော့်



စာဖတ်သူများအားလုံးအပြင် (၇ )သားသမီးများအားလုံးကျန်းမာရွှင်လန်းပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတဲ့အပြင် သာယာချမ်းမြေ့တဲ့ ဘဝကိုပိုင်နိုင်ကြပါစေရှင်းးးးးးးး

6 comments:

  1. သြော်
    ကာလာချိန်းထားတယ်လား
    ပြဦးလေ .. :D

    ReplyDelete
  2. ဟဟဟ....မိုးရေ ဖြစ်ရမယ်နော်....တနင်္ဂနွေနေ့တွေကတော့ လိမ္မော်ရောင်တနင်္ဂနွေတွေ ဖြစ်နေတော့မယ် ထင်တယ်း))

    ReplyDelete
  3. လိမ္မော်ရောင် လည်း ဘာဖြစ်လဲ ..

    သူများနဲ့ မတူ ၊
    တမူထူးခြားတဲ့ အရောင်နဲ့ ...
    အားပေးတယ် ..

    ဒီမှာ ဆံပင် အရောင်ကို
    အစိမ်း ၊ အပြာ ၊ ပတ္တမြား ရောင်
    ဘာဆိုးရမလဲ စဉ်းးစားနေတာ ..
    ဆိုးခွင့် မရှိလို့ ..
    ရှိလို့ကတော့ .. ငှဲငှဲ ..
    ဘာမှ စိတ်မပျက်နဲ့ .. အဲ့ဒါ စတိုင်လ် ..
    ဂွတ် ဒ်ဒ်ဒ် .. ! အားပေးတယ် ..

    ဒါနဲ့ စကားမစပ် ပြောရအုံးမယ် ..
    မမိုး ဘလော့ တစ်ခါမှ မရောက်ဖူးပေမယ့်
    ခု တစ်ခေါက်ရောက်ဖူးတာနဲ့ တင်
    အကြော တတ်ပြီးး ပြန်သွားတယ် လို့ လို့ လို့ ... :P

    စာလုံး ဖောင့် တွေ အရမ်း သေးနေတယ် လို့
    မခံစားမိဘူးးးလားးးး ဟင် .. ???

    ReplyDelete
  4. လှချင်တာကိုးနော့်.... ဆိုးမှာပဲ... :P...ဆိုးပါ မမမိုးရေ.. ကျွန်တော်လည်း အခုဆို အစိမ်းဖျော့နဲ့ အနီစပ်လေးဆိုးထားတယ်.. ဟီးဟီး....


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  5. မင်္ဂလာပါ..

    ကိုမျိုးလဲ ငယ်ငယ်တုန်းက ဆံပင်ရှည်လာရင် ဖျားတာတဲ့။ နဲနဲလေး နေမကောင်းဖြစ်လာရင် အမေ က ဆံပင်တွေ ညှပ်ခိုင်းရော...
    အခုထိ ဆံပင်နဲနဲ ရှည်လာရင် ဖျားချင်ချင်...

    ခင်မင်စွာဖြင့်
ိကိုမျိုး (အညာမြေ)

    ReplyDelete
  6. မိုး...အကြံလာပေးတာဗျ လိမ္မော်ရောင်ကကောင်းဘူး။ သပြေသီးရောင်လေး ပြောင်းဆိုးလိုက်ပါလားဟင် ဟီး

    ခင်တဲ့(ချိုကျ)

    ReplyDelete