Thursday, January 28, 2010

မိုးရဲ့  ဘ၀ တစ်စိတ်တစ်ဒေသ

လွန်ခဲ သော ၂၉ နှစ်လောက်က ကျောက်မြောင်းသားဖွားဆေးရုံမှာ လူ့ လောကထဲ ရောက်လာတဲ့  မိန်းခလေးကတော့  မိုးပါပဲ။ မိုး ၃ နှစ်ရောက်တော့  မိဘတွေနဲ့ ခွဲပြီး ဘိုးဘွား အဒေါ် ဦးလေးတွေနဲ့  အတူနေခဲ့  ရပါတယ်။

မိုးမမေ့ နိုင်တဲ့  အမှတ်တရလေး တစ်ခုကတော့  အဲဒီနေ့ က မုကြိုဆင်းချိန်မှာ မိုးတွေသည်းနေတဲ့  နေ့ တနေ့ ပေါ့  မိုးအဒေါ်မိုးကိုတစ်ဖက်ချီထား အိတ်တွေခြင်းတွေ တဖက် ထီးကတစ်ဖက်နဲ့  သာကုဆိုင်နားက ဖြတ်သွားတော့  သာကူစားဦးမလာမေးတဲ့  မိုးအဒေါ်ရဲ့  အသံလေးကို ခုစာရေးနေတဲ့ ထိ မျက်စေ့ ထဲမြင်နေမိတယ်။ တကယ်ကို နှလုံးလှ ပိုင်ရှင်လေးပါ။ သူကခုချိန်ထိ မိုးတို့ မောင်နှတွေကို ဖြူစင်တဲ့ နှလုံးသားလေးနဲ့ ပဲ ပြုစုခဲ့ တဲ့ သူပါ။

မိုးကမောင်နှမတွေထဲမှာ သမီးကြီးဖြစ်လို့  အငယ်တွေကို အားလုံးမပိုမျက်နှာသာပေးကြ ပါတယ်။ငယ်ငယ်တည်းက တစ်ယောက်တည်းနေလာတော့  မောင်နှမတွေနဲ့  အရမ်းနေ ချင်ခဲ့တဲ့မိုး ဟာအငယ်တွေကို ပိုဂရုစိုက်တာ တွေရင်တော့ ဝမ်းနည်းပြီး လူမသိအောင် ကြိတ်ငိုတတ်တာ မိုးအကျင့် ပါ။ဘာပဲ ဖြစ်ဖြစ် မောင်နှမတွေနဲ့  အတူနေခွင့် ရတာလေး ကိုတော့ ကျေနပ်ခဲ့ မိပါတယ်။ မောင်နှမတွေနဲ့  တည့် တဲ့ချိန်လည်းရှိသလို ရန်လည်းဖြစ် ခဲ့ ဖူးပါတယ်။ မိုးတို့ အိမ်က ကျောင်းနဲ့ ကျူရှင်ကလွဲ ရင် အပြင်ထွက်ကစားခွင့် မပြုပါဖူး။

မိုးနဲ့ မောင်လေး က(၂) နှစ်ပဲ ကွာပါတယ်။ ဘယ်သွားသွားနှစ်ယောက် အမြဲတူတူပေါ။့ ကျောင်းနဲ့ ကျူရှင်ကလွဲရင် အပြင်ထွက်ခွင့် မရတဲ့ တွက် မိုးတို့  မောင်နှမနှစ်ယောက် ကျူရှင်မှာ စာအမြန်လုပ်ပြီး ကျူရှင်ဘေးက မိုးသူငယ်ချင်းရဲ့  ခြံထဲမှာ ကြိုးခုန်တန်း ကစားလေ့ ရှိပါတယ်။ ငယ်ငယ်တုန်းကတော့  သူငယ်ချင်းဆို တစ်ယောက်နှစ်ယောက် လောက်ပဲ ရင်းရင်းနှီးနှီးခင်လေ့ ရှိတယ်။နောက်တော့  အမေက ကျူရှင်နှစ်ခုတက်ခိုင်း တော့  မိုးတို့  ကစားချိန်မရှိတော့ ဖူးပေါ့ ။

ဒီင်္လိုနဲ့  မိုးအမေအိမ်ပြောင်းတော့ မိုးအမေနဲ့  အတူလိုက်မပြောင်းဖြစ်ဖူး။ မိုးနဲ့ မိုးညီမ အငယ်ဆုံးကနေခဲ့တယ် မိုးမောင်လေးနဲ့ ညီမအလတ်က အမေနဲ့ တုလိုက်သွားပါတယ်။ အိမ်ကဝေးကြီးမဟုတ်ပါဖူး လမ်းထိပ်နဲ့  လမ်းအ၀င်ဝလေးတင်ပါ။ တကယ်တော့  မိုး ကိုယ့် မိသားစုလေးနဲ့  သာယာချမ်းမြေ့တဲ့  ဘ၀လေးကို အရမ်းနေချင်ခဲ့ တာပါပဲ။ မိုးစိတ်က ပြောင်းလဲမြန်တာလား အဒေါ်ကိုပိုသံယောဇဉ် တွယ်သွားတာလားတော့မသိ
ပါဖူး။

ဒီလို ပဲတဖြည်းဖြည်းနဲ့  ၁၀တန်းအောင်တော့  မိုးငယ်ငယ်တည်းက၀ါသနာပါတဲ့  ဆရာ အတတ်သင်ကျောင်း တက်ချင်ခဲ့ ပါတယ် ။ အိမ်က နယ်ထွက်ရမှာ ဆိုးလို့ ဝိုင်း ပြီးကန့် ကွက်တာနဲ့  မိုးနောက်တက်ချင်တဲ့  ဥပဒေ မေဂျာပဲယူလိုက်ရပါတယ်။ နောက် မိုးပါပါလည်းပြန်လာတော့  မိုးအမေနဲ့ လိုက်နေဖြစ်တယ်။ ဒါပေမဲ့ လည်း
မိုးအဒေါ်အိမ်မှာ နေတာအချိန်ပိုများပါတယ်။ ညအိပ်ခါနီးမှ အမေ့ အိမ်ကိုသွားပါတယ်။ ဒီလိုနဲ့ ကျောင်းပြီးတော့  ပါပါက ဥပဒေ နဲ့  အလုပ်မလုပ်စေချင်ခဲ့ ဖူး ။

ဒီတော့ မိုး ၀ါသနာ ပါတဲ့ စာသင်တဲ့ အလုပ် ပဲ ဦးတည်ခဲ့ ပါတယ် ။ စာသင်တာ စာသင်တာတောင် မူကြိုလေးတွေကိုသင်တာ ၀ါသနာပါလို့  မိုးအခန်းငှားပြီး မူကြိုဖွင့် ဖြစ်ခဲ့ ပါတယ် ။ စဖွင့် ချိန်မှာ မူကြိုခလေး (၂) ယောက်ပဲရှိပါတယ်။

နောက် မူကြိုချိန်ပြီးရင် အတန်းလေးတွေဆက်သင်ခဲ့ ပါတယ် ။ (၉) တန်း ထိပါပဲ။ နောက်တော့ ကလေးတွေ များလာတော့ မိုးလည်း ပျော်လာပါတယ်။

တစ်နေ့ မှာ ကလေးလေးတစ်ယောက်ရဲ့  အမေက သူ့ သားကိုမူကြိုအပ်ချင်လို့ ပါတဲ့  ဒါပေမဲ့  ဒီကလေးကို ဘယ်မူကြိုမှလက်မခံဖူးတဲ့  ဆရာမလက်ခံနိုင်ပါ့ မလား လို့ မေးတော့  နည်းနည်းတော့ ထူဆန်းနေတယ် ။ဒါနဲ့  ပြန်ဖြေလိုက်ပါတယ် ။

ဘယ်လိုကလေး မျိုးပဲဖြစ်ဖြစ်လက်ခံနိုင်ပါတယ်ပေါ့ ။ နောက် ညနေ ကြတော့  အဲဒီကလေးရဲ့  အဖေကတစ်ခါလာပြန်မေး ပြန်ရော တကယ်ရော လက်ခံလို့  ဖြစ်ပါ့ မလားတဲ့ ။ အဲ ဒီချိန်စာလည်းသင်နေတဲ့ ချိန် ဆိုတော့  ဟုတ်ကဲ့ ရပါတယ်လို့ ပြန်ဖြေလိုက်ပါတယ်။

အဲဒီချိန်မှာ မိုးအခန်းခက အရင်းပြုတ်သွားလို့  မိုးအိမ်မှာပဲ စာသင်တဲ့ အလုပ် ဆက်လုပ်ခဲ့ ပါတယ်။နောက်နေ့ မနက် အဲဒီကလေးကို သူ့ အမေက မိုးအိမ်မှာလာပို့ ပါတယ်။ ဒါပေမယ့် လွယ်အိတ်မပါဖူး။ စားသောက်ဖို့လည်း ဘာမှပါမလာဖူး။ ဒီတိုင်း ကလေးနဲ့  နှစ်ယောက်တည်းလာပြီး အဲဒီကလေး တခြားဟာငေးနေတဲ့ ချိန်မှာ
သူ့ အမေက ထွက်ပြေးသွားခဲ့ပါတယ်။ ကလေးက အဲဒီချိန်ကစ ငိုတာရိုးရိုးတော့ မဟုတ်ဖူး မိုးကိုလည်း ရိုက်ရိုက်ပြီးငိုတာပါ။ ကလေးက ထွက်ပြေးနေတော့ မိုး ခလေးကို ချီထားတာ သူရိုက်တော့ မိုးလည်း မျက်မှန်တွေလည်း ပြုတ် ကလေး ကလည်း အရမ်းကို သောင်းကျန်းတော့ မိုး ဦးလေးက လာချီပြီး တစ်ခါထိန်းတာ ဦးလေးလည်း ပါးချခံလိုက်ရတယ်။ မိုးလည်းတစ်ခါမှ ဒီလိုခလေးမျိုးမမြင်ဖူးတော့ 
တော်တော်အံ့သြပြီး စဉ်းစားမရ ဖြစ်ခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ နည်းမျိုးစုံနဲ့ ချော့တာမရလို့ပါပဲ။ ဒါနဲ့ တစ်ခုပဲကျန်တော့တယ်။ နောက်ဆုံးနည်းလမ်းကတော့ ကြမ်းဖို့ ပဲရှိတော့တယ်။ မိုးမှာ သူ့ကို လန့်အောင် လုပ်ဖို့  ကြိမ်လုံးမရှိဖူး။ ဒါကြောင့် ကြိမ်လုံး အမြန်ပြေးဝယ်ပြီး ကြိမ်လုံးပြတော့ ကြိမ်လုံးကို ဆွဲချိုးဖို့ လုပ်ပြန်ရော။ ခလေးက သန်သန်မာမာလေးနဲ့ စိတ်ဓါတ်က နည်းနည်းကြမ်းပါတယ်။ ဒါနဲ့ မိုးသူ့ ကိုမညှာတော့ပဲ တစ်ချက် ရိုက်ခဲ့ပါတယ်။ နာပြီးလန့် လောက်တဲ့နေထားပေါ့ ဒါနဲ့  အဲဒီ ကျောင်းသားလေးလည်း နည်းနည်း ငြိမ်ကျသွားပါတယ်။ နောက် သူတို့ အိမ်က ထမင်းကျွေးပြီးတာနဲ့ ပြန်ချင်ပြန်ရော။ ဒါနဲ့ မိုးလည်း သူ့ကို ရိုးရိုးအိပ်အောင်လုပ်လို့ မရတော့ ကလေးလည်း အိပ်ချင်အောင် ပုခက်လေး လုပ်ပြီး အိပ်ပျော်အောင်လုပ်ခဲ့ ရပါတယ်။

နောက်ပိုင်း ကျောင်းတက်တဲ့ ကလေးတွေလည်း ကျောင်းက ဆရာမ ကျူရှင်နဲ့  မိုး ဆီ တက်တဲ့သူတွေနည်း လာကြတယ် ။မူကြိုတက်တဲ့ ကလေးကလည်း ကျောင်းကြီးတက်တဲ့သူနဲ့ တချို့ ကအိမ်ပြောင်းနဲ့ လူတွေနည်းကုန်တော့ စိတ်ဓါတ်နည်းနည်းကျသွားတယ်။ ဒါကြောင့်  စင်္ကာပူလာဖြစ်သွားပါတယ်။

မိုးဘလော့မှာ ဘာမှမရှိတာတောင် လာပြီး ကောမန့် ပေးသွားတဲ့ သူများအတွက် ကျေးဇူးလည်းတင် အားလည်းနာ တာကြောင့် မိုးအချိန်မရှိတဲ့ကြားက ရုံးမှားရေးခဲ့ပါတယ်။

ဒါပေမဲ့  မိုးနိုင်ငံခြားသွားမယ်ဆိုတော့  ကလေးမိဘတွေ တချို့ ငိုကြပါတယ်။ သူတို့ ကြောင့်  မိုးညီမ အလတ်ကို မိုးတာဝန်လက်ဆင့် ကမ်းခဲ့ ပါတယ်။ စာသင်ဝိုင်လေးကတော့  ခုချိန်ထိမိုးညိီမဆက်သင်နေပါတယ်။ ဒါပေမယ့် မုကြိုတော့ မရှိတော့ပါဖူး။ ကလေးတွေ အားလုံးထဲမှာ အရမ်ဆိုးခဲ့ တဲ့  နေမင်းနိုင် ဆိုတဲ့ ကလေးလေး ကတော့ မိုး အမြဲသတိရနေတဲ့  တပည့် လေးပါပဲ။ သူလိမ်မာသွားတဲ့  အချိန်မှာတော့  အရမ်းကို ချစ်စရာကောင်းတဲ့  ကလေး တစ်ယောက် ဖြစ်နေပါပြီ။

အားလုံးသာယာချမ်းမြေ့တဲ့ ဘ၀ကိုပိုင်ဆိုင်ပါစေ။
မိုး

Tuesday, January 12, 2010


အားလုံး မင်္ဂလာပေါင်းနဲ့  ပြည့် စုံကြပါစေ။