Tuesday, March 30, 2010

စင်္ကာပူရောက် ဘဝတွေ့ ကြုံ

မိုး စင်္ကာပူရောက်ပြီး တစ်နှစ်ကျော်အတွင်းမှာ ခံစားခဲ့ရတဲ့ ဘဝအတွေ့ အကြုံလေးတွေကို ရေးချင်နေမိတာကြာပါပြီ။ခုတလော သူငယ်ချင်းတချို့ အလုပ်တွက် စိတ်ညစ်တာလေးတွေတွေ့ ရလို့ သူတို့ တွေအတွက် ဒီစာလေးရေးဖြစ်သွားတာပါ။

လူတွေအားလုံးတော့ လည်းမဟုတ်ပါဖူး တော်တော်များများပေါ့ လေ တစ်ခုခုလုပ်တော့မယ်ဆို ဗေဒင်တွက်ဖြစ်ကြပါတယ်။မိုးလည်း စင်္ကာပူမလာခင် ဗေဒင်တွက်ခဲ့ပါတယ်။ဗေဒင်ဆရာကဟောလိုက်တယ် ခုချိန်မှာသွားရင်အခက်ခဲရှိတယ်။နှစ်ကုန်ပြီး ၂လပိုင်းလောက်
်မှသွားပါတဲ့ ဒါနဲ့ မိုးက ဗဒင်ကိုတွက်တယ်ဒါပေမဲ့အကုန်တော့မယုံဖူး နည်းနည်းဝါသနာပါလို့ တော့တွက်လိုက်တာပါပဲ။ မိုးကခေါင်းတော့ နည်းနည်းမာတယ်။သူပြောသလိုတော့နောင်နှစ်မှ မထွက်ခဲ့ဖူး။


ကိုယ်အစီစဉ်တိုင်းပဲ နှစ်မကုန်ခင်ပေါ့ 9/9/2008မှာစင်္ကာပုထွက်ခဲ့ပါတယ်။တိုက်ဆိုင်ချင်တော့ အဲဒီချိန်မှာ စင်္ကာပူမှာ စီးပွါးရေးမကောင်းတဲ့ချိန်နဲ့ အလုပ်ရှာရတာခက်တဲ့အချိန်သွားတိုက်နေတယ်လေ။အဲဒါနဲ့ စတေးတွက် ကျောင်းအပ်လိုက်ရပါတယ်။တော်တော်တော့ခံစားသွားတယ် ဘာဖြစ်လို့ လဲဆိုတော့ မိုးကျောင်းပြီးကတည်းက မိဘစီမှာ တက်နိုင်သမျှမယူနိုင်အောင်ကြိုးစားခဲ့တယ်။ခုတော့ မယူချင်ပေမဲ့လည်းအခြေနေအရ မိဘအထောက်ပံ့ ယူရအုံးမယ်ဆိုတဲ့ခံစားချက်ကြောင့် တော်တော်လေးခံစားခဲ့ရတယ်။ငယ်ငယ်တည်းက မုန့်ဖိုးတောင်တောင်ရမှာရှက်လို့ ပေးမှယူတယ် သတိမေ့လို့ မပေးရင်ဘယ်တော့မှမတောင်းဖူးလေ။အဲဒီလိုစိတ်ရှိတဲ့သူကိုမှ ဒီလိုဖြစ်ရတယ်ဆိုပြီးအရမ်းခံစားခဲ့ရတယ်။ ကျေးဇူးဆပ်ဖို့ နေနေသာသာ ပြန်တောင်းနေရပါလားလို့ ကိုယ့် ကိုကိုယ်တော်တော်လည်းရှက်မိတယ်။ဖြစ်နိုင်ရင် ယူတဲ့သူမဖြစ်ချင်ဖူး ပေါ့ ကိုယ်က ကျေးဇူးဆပ်နိုင်တဲ့သူ ပေးနိုင်တဲ့သူပဲဖြစ်ချင်တယ် ခုဖြစ်နေတာက တခြားစီ ဖြစ်နေတော့  အရမ်းခံရခက်တယ်။


ဒါနဲ့ ကျောင်းစတေးနဲ့ နေ အလုပ်ရှာ တော့လည်း အင်တာဗျူးတောင်မရ ၊ ရတော့လည်း ပီအာလား စင်္ကာပိုးရီးယမ်းလားနဲ့ မေးပြီး ဖုန်းပြန်ချသွားတယ်။အင်တာဗျူးရလို့ ဝမ်းသာအားရ သွားတော့လည်း သူတို့ ပြောတာနားမလည် တရုတ်သံနဲ့ဘာပြောမှန်းမသိ တော့ဘာလုပ်ပေးရမယ်မှန်းမသိပေါ့ ။အလုပ်ရှာတာခက်တာကတစ်ကြောင်း မိုးက အင်ဂျင်နီယာမဟုတ်တော့ ရှာတဲ့အလုပ်က အော်တိုကပ်နဲ့ ဆိုတော့ ပိုခက်ခဲ့တယ် တော်တော်များများက အင်ဂျင်နီယာရွေးသွားတာများတယ်လေ။အဆောင်က အမတွေကလည်း ညီမ အော်တိုကတ်နဲ့ ဆိုသိပ်မလွယ်ဖူးတဲ့ တခြားရှာကြည့် တဲ့လေ။ခေါင်းမာတဲ့သူမို့  အော်တိုကပ်နဲ့ ပဲရှာခဲ့တယ်။နောက်တော့ ၆လထိအလုပ်မရတာနဲ့  သူငယ်ချင်းကသူအေးဂျင့်နဲ့ အလုပ်ရသွားလို့  အဲဒီအေးဂျင့် နဲ့ ဆက်ပေးလိုက်တယ် အဲဒီနေ့ ပဲ အင်တာဗျူးဖို့ ခေါ်လာတယ် သွားဗျူးတာ သုံးယောက် အားလုံးမြန်မာတွေပဲ။မိုး အရွေးခံလိုက်ရတယ် ။ဒါနဲ့ အင်တာဗျူးအောင်ရင် $1000 ဆိုလို့ ပေးလိုက်တယ်။နောက်နေ့ ချက်ချင်းအလုပ်ဆင်းခိုင်းတယ်လေ။ဒါနဲ့ အက်စပတ်ကျရင် အကုန်ရှင်းပေါ့ ထုံးစံအတိုင်း အဲဒါနဲ့ အပရုလည်းဖြစ်ရော အကုန်ရှင်းလိုက်ရတယ် ကပ်မထုတ်ရသေးဖူး အလုပ်တွေများလို့ တဲ့ ဘော့ စ်ကပေးမသွားဖူး ဒါနဲ့ ၂ ပတ်အတွင်းမှာ ပျက်သနာရှာပြီး အလုပ်မလာဖို့ ပြောတယ်လေ။မိုး ရင်တွေတစ်ခုလုံးကျေမွသွားသလို ခံစားလိုက်ရတယ်။ကျောင်းစရိတ်ကုန်တာများလို့ အလုပ်အမြန်ရအောင်လုပ်မိပါတယ် ခုတစ်ခါနောက်ထပ် အိမ်ကို စိတ်ဆင်းရဲအောင်လုပ်မိပြန်ပြီပေါ့မျက်လုံးကန်းမလားတောင်ထင်ရတယ် မျက်လုံးတွေစပ် လောက်အောင်ငိုခဲ့ရယ်။ နှလုံးသွေးတွေ ရပ်လောက်အောင် အောင့်ခဲ့တယ်။ဘာဆက်လုပ်ရမလဲ ညံ့ တာက ကိုယ်ကိုတိုင်ဆိုတာသိလိုက်တဲ့ချိန်မှာ မှားသွားခဲ့ပြီ။ သူငယ်ချင်းက သူ့ ရဲ့ အေးဂျင့် လိမ်နေတာ ကိုဖုန်းဆက်ပြောတဲ့ချိန်မှာ အရမ်းနောက်ကျသွားခဲ့တယ်။မိုးညံ့ တာက သူတို့ ကျောင်းမထွက်သေးနဲ့အုံး ကျောင်းသား ကတ်ကိုင်ထားအုံးလို့ ပြောတော့ အော်အက်စပတ်တွက်သေချာမှ ကျောင်းသားကတ် သွားအပ်စေချင်တယ် ပေါ့  ရီဂျက်တွေလည်းများလို့ ဒီ လိုပြောတယ်ပဲထင်တာဒါပေမဲ့ ဒီလောက်ထိလိမ်ခံရလိမ့်မယ်လို့ မထင်ထားမိဖူး။ဒါနဲ့ကျောင်းကို ပြန်ငွေသွင်းပြီး ကျောင်းပြန်တက်ခဲ့ရတယ် အဲဒီတောတွင်း စိတ်ဓါတ်ကျနေတဲ့ပြင် အထင်သေးတဲ့မျက်စေ့ တွေနဲ့ ကြည့်ခံခဲ့ရတယ်လေ။တကယ်တော့ ကိုယ်က လိမ်ခံရဖို့ ရွေးခံလိုက်ရတဲ့သူဖြစ်သွားခဲ့တယ်။တကယ်တော့ s'pass တင်ပြီးနောက်နေ့ မှာပဲ ကင်န်ဆာလ်လုပ်ထားတာလေ အွန်လိုင်းမှာ အပရုဖြစ်တာပဲ ချက်မိလိုက်တာ နောက်ပိုင်းကမသိလိုက်ဖူး ဘာပြောပြော ကိုယ်ညံ့တာက ကတ်မရခင်ငွေပေးလိုက်မိတာပါပဲ ။

စိတ်တွေကျ စိတ်တွေလေ ကျောင်းကပြန်ရင် အိမ်မပြန်ချင်ဖူး တိုပိုင်းရိုး ကွိုင်ရင်မယ်တော် သွားလိုက် ဈေးပတ်လိုက်နဲ့ အချိန်ကုန်ခဲ့တယ်။ ရန်ကုန်ပြန်ဖို့ ပြောတဲ့သူကပြော တစ်ယောက်တစ်မျိုး ပြောကြတာပေါ့ ။အမှန်တော့ စင်္ကာပူမှာ အလုပ်ရဖို့ နေရာကောရှိလားလို့ တောင်စဉ်း စားဖူးတယ် ။ကိုယ်ကိုကိုယ်မယုံကြည်တဲ့စိတ်တွေဝင်လာခဲ့တယ်။ဒါနဲ့ ကျောင်းကသူငယ်ချင်းက သူဗေဒင်တွက်တာမှန်တယ်တဲ့ လိုက်တွက်ပါ လားပြောတော့ စိတ်ညစ်နေတဲ့ချိန် ထွက်ပေါက်တစ်ခုလိုပဲပေါ့ သွားတွက်မိတယ် ဗေဒင်ကပြောပြန်တယ် ဒီနှစ်ထဲမှာအလုပ်ရဖို့ အမြင်ဖူးတဲ့လေ ခုနေပြန်ပြီး ဒီမှာကုန်မဲ့ငွေက နောက်တစ်ခါပြန်လာလို့ ရပါတယ်တဲ့ အားပေးလိုက်တယ် ။ဒါနဲ့  မိုးအကျင့် က မရဖူးပြောရင်ကိုးးက လုပ်ကြည့် ချင်တယ်လေ။အဲဒီနေ့ ကစပြီး အော်တိုကပ်တစ်ခုတည်းမဟုတ်ဖူး အက်ဒမင် ပါလျှောက်တယ် ။စိတ်ကတော့ အောင်တိုကပ်ပဲလုပ်ချင်နေတယ်။ ဒါနဲ့ ၆ လပိုင်းမှာအလုပ်ရသွားခဲ့တယ် အောင်တိုကပ်နဲ့ ပါပဲ။ ဒါပေမဲ့ အက်စပတ်မထုတ်ဖူးခဲ့လို့ တဲ့ ရီဂျက် ကျောင်းစရိတ်သွင်းပြီးနောက်တစ်လမှ ကတ်ရတယ်။

ဒါပေမဲ့သိပ်မပျော်နိုင်ခဲ့ဖူး ခံစားရတာက အစမတန်ခံစားခဲ့ရလို့ ပါပဲ။ခုတော့ 10 လရှိနေပြီလေ ဒီအလုပ်ထဲမှာ အားလုံးလည်းကောင်းတယ် သူငယ်ချင်းတွေကိုလည်းသံယောဇဉ်ဖြစ်သွားလို့  နောက်အလုပ်တစ်ခုပြောင်းမလျှောက်ချင်ဖူးဖြစ်နေတယ် အလုပ်ကသိပ်အခြေတော့ မကောင်းလှဖူး ဒါပေမဲ့ သူတို့ အတွက်တက်နိုင်သလောက်ကြိုးစားလုပ်ပေးချင်တယ်လေ။

ဒါကြောင့်  မိုးသူငယ်ချင်းတွေကိုပြောချင်တာက ကိုယ်တကယ်စိတ်အားထက်သန်နေရင် ကြိုးစားရင်ဖြစ်တယ်ဆိုတာပါပဲ။

အလုပ်မရသေးသောသူငယ်ချင်းများ အားလုံးလိုချင်တဲ့အလုပ်နဲ့ လစာကောင်းနဲ့ အလုပ်ရပြီး ရတဲ့အလုပ်မှာမြဲလို့ ပျော်နိုင်ပါစေဆုတောင်းရင်း

အားလုံးသာယာချမ်းမြေ့ကြပါစေနော်
မိုး

Monday, March 22, 2010

မိုး ခုတလော

ခုတလော မိုး သူငယ်ချင်းတွေနဲ့ ဆုံတဲ့ အချိန်တွေက ပိုများနေတယ်။စင်္ကာပူမှာ တစ်နှစ်ကျော်လောက် တစ်ယောက်တည်း ချိန်ကုန်ခဲ့တာ ခုမှသူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေခွင့် ရလို့  လောကကြီးရဲ့ကံတရားကိုကျေးဇူးတင်မိပါတယ်။အဓိကတော့ (မိုးခါး)ပေါ့ 

တွေးမိတာက

အသက်ရှင်နေတဲ့အချိန်လေးမှာ ပျော်ရွှင်မှုတစ်ခုတည်းနဲ့ မဟုတ်ပဲ ကုန်သွားတဲ့အချိန်တွေကို တန်ဖိုးရှိရှိနဲ့ ကုန်အောင်ကြိုးစားမယ်ဆိုတာပါပဲ

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ခုတလေ ဘုရားရှစ်ခိုးချိန်တွေနည်းနေတယ် ဒါပြင် ဘဝအနာဂတ်တွက် ဘာမှမလုပ်သေးဖူး တစ်လတစ်လ လစာလေးထုတ်ပြီးကျေနပ်နေရင်တော့ ဘဝကဒီလိုနဲ့ ဘာမှ တိုးတက်မှာမဟုတ်ဖူး ပေါ့ 

ကျမ်းမာရေး
ခုတလော ကျမ်းမာရေးကတော့ အစာအိမ်ပေါ့ လေ အောင့် အောင့် နေတာ သူကလည်းထူးဆန်းတာတစ်ခုက အောင့်နေကျချိန်မှန်အောင့်တတ်တယ်။

ဖတ်ဖြစ်နေတာက
ပိုစ့် တွေလိုက်ဖတ်ဖြစ်ပါတယ်။

ရောက်နေတဲ့နေရာက
တစ်ပတ်မှာ ၂ ကြိမ် ၃ကြိမ်လောက် သူငယ်ချင်းတွေအိမ်သွားဖြစ်တယ်။

မုန်းနေမိတာက
မုန်းတယ် ဆိုဘယ်လိုပြောရမလဲ............. ခုဘယ်သူ့ ကိုမုန်းလည်းဆိုမပြောတတ်ဖူး ..........
ကိုယ့်ကိုထိခိုက်အောင်လုပ်ရင် အဲဒီသူကို မတွေ့ မမြင်အောင် ရှောင်လိုက်တာကလွဲလို့  မုန်းတယ်လို့ 
ခံစားလို့ မရဖူး မုန်းတယ်ဆိုတာလဲခံစားမှုတစ်ခုဆိုရင် လူတစ်ယောက်တွက် အမုန်းဆိုတဲ့ခံစားချက်မရှိသေးဖူးပေါ့ နော်

ချစ်နေတာက
ဒါကတော့  မိုးဘဝမှာ ပြောခဲတဲ့စကားပေါ့  ပြောလေ့ပြောထမရှိတဲ့စကားဆိုပိုမှန်မယ်ပေါ့ နော် ။
မိဘမောင်နှတွေကိုတောင် ပြောလေ့ မရှိဖူးလေ။မိဘမောင်နှမတွေကို ချစ်တယ်ဆိုတဲ့စကားထက်လေးလေးနက်နက်ကိုပြောချင်တယ် စကားလုံးလည်းရှာမတွေ့ သေးဖူးပေါ့ ။ဒါပေမဲ့ ရင်ထဲကတော့ အကြိမ်ကြိမ်ပြောနေမိပြန်တယ် အဖေ့ကို ချစ်တယ် လို့ ပေါ့  မိဘနှစ်ပါးမှာ အဖေ့ ကိုပိုချစ်သလို မောင်နှမတွေထဲမှာတော့အားလုံးကို တန်းတုလို့ ထင်ပေမဲ့ မောင်လေးကို ပိုသတိရတယ်လေ။

စိတ်ပျက်နေမိတာက
အဆောင်မှာနေရတာဆိုတော့ အကြားချင်တဲ့ကြမ်းတမ်းတဲ့ စကားလုံးတွေကြားရတာရယ် ။နှာချေရင် စည်းကမ်းမရှိတာတွေကို စိတ်ပျက်မိတယ်။

နားထောင်မိတဲ့သီချင်း
နားထောင်လို့ ကောင်းတယ် သံစဉ်လေးဆိုလို့ ကောင်းတယ် ဆို နားထောင်ဖြစ်ပါတယ် သီချင်းလည်းအရမ်းကြိုက်တတ်သူပေါ့ လေ

တမ်းတနေမိတာက
မိုးရဲ့ တစ်ဦးတည်းသောမောင်လေးနဲ့  ပြန်ဆုံမဲ့ အချိန်တွေကို ရေတွက်နေမိတယ်။

စွဲလမ်းနေမိတာက
ဆောရီးနော် မပြောတတ်ဖူး

မေ့လျှော့ ပြစ်နေတာက
ဒါလည်းဆောရီးပါပဲနော် ဟီးဟီး

လိုအပ်နေတာက
ငွေကြေးနဲ့ ဝယ်လို့ မရဲ့ တဲ့  နွေးထွေးတဲ့ မိသားစု ငယ်ငယ်တည်းက မိသားစုနဲ့ မခွဲမခွါနေချင်ပေမဲ့ ဆုတောင်းတွေမပြည့်ခဲ့ဖူးလေ
ဒါကြောင့် ကိုယ်ပိုင်မိသားစုသာ တည်ဆောက်ဖြစ်ရင် အဝေးမှာအလုပ်သွားလုပ်မဲ့သူတို့ စစ်သားတို့  သဘောင်္သားတို့ ကိုလုံးဝရှောင်မယ် စိတ်ကူးထားတယ်းp ကိုယ့်လို မခံစားစေချင်ဖူးပေါ့  တကယ်ကို နွေးထွေးတဲ့ မိဘနဲ့ အတူကြီးပြင်းတဲ့ ကလေးတွေဟာ ဘဝမှာပျော်ရွှင်ဆုံးဖြစ်မယ်ဆို့ ယူဆတယ်လေ။

စားဖြစ်နေတာက
အလုပ်ပင်ပန်းလို့  ထမင်းဟင်းချက်မစားနိုင်တဲ့ချိန်တိုင်းစားတဲ့ ချဉ်စပ်ခေါက်ဆွဲပြုတ် ရယ်
တစ်ပတ် ၂ ခေါက်လောက်တော့ သူငယ်ချင်းတွေအိမ် ထမင်းသွားစားဖြစ်တယ်

လွမ်းနေမိတာက
အိမ်ကိုပေါ့ 

သနားနေမိတာက
ကိုယ်ကိုကိုယ်တော့ မဟုတ်ဖူး

တောင်းမိတဲ့ဆု
၁။ မိဘတွက်
၂။အလှူတန်းတွေအပြင် သာသနာရေးဘက်တွေမှာပါ ကူညီထောက်ပံ့နိုင်တဲ့သူဖြစ်ချင်တယ်လို့ ဆုတောင်းတယ်
၃။မိုးအတွက် (ဘဝမှာ သာယာချမ်းမြေ့တဲ့ဘဝလေးဖြစ်ချင်တယ်လို့ ဆုတောင်းမိတယ်)

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
တစ်နေ့  ၂ ကြိမ် ပဲအော်မိတာ ပါ အဲဒါကတော့  ဗိုက်ဆာတယ်
အစာအိမ်ရှိတော့  ဗိုက်ကဆာရင် လုံးဝမခံစားနိုင်ဖူးလေ အိမ်မှာဆိုရင်တော့ အဆင်သင့်မဖြစ်သေးရင် မျက်ရည်ကျလာတယ် ဘယ်လို မှထိန်းလို့ မရဖူး ခုတော့ဂျီကျလို့ လည်း မိသားစုကနားမှမရှိလို့ လားတော့ မသိဖူး အဲဒီလိုမျက်ရည်မကျတော့ ဖူးပေါ့ 

ကြိတ်ပြီးချီးကျူးနေတာက
ဘယ်နေရာမှာပဲ ရောက်ရောက်ပါ မိုးအမြဲ ကြိတ်ပြီးချီးကျူးနေတတ်တာက
ကိုယ်ကျင့်တရားကောင်းတဲ့သူတွေ နောက် မိဘ မောင်နှတွက် မိသားစုတွက် သားကောင်း သမီးကောင်း မိမိခင်ပွန်းတွက် သစ်စာရှိတဲ့ဇနီးကောင်း မိမိဇနီးတွက် သစ်စာရှိတဲ့သူတွေ တာဝန်ဆိုတာထက် မေတ်တာနဲ့ မိသားစုတွေပေါ်မှာပေးဆပ်နေတဲ့သူတွေ အားလုံးကို ပါပဲ.

ဝန်ခံချင်တာက
စာမရေးချင်တာထက် မရေးတတ်တာကို ပါ။

ကိုဖိုးစိန်လာတက်ဂ်လာလို့  မရေးတတ် ရေးတတ်နဲ့ရေးပေးလိုက်ပြီနော်

အားလုံးသာယာချမ်းမြေ့ကြပါစေနော်
မိုး

Saturday, March 20, 2010

ဖန်ခွက်ကလေး နှစ်ခွက်

ဒီနေ့  မိုးလေးအေးအေးနဲ့ ပေါ့  အဝတ်တွေလျှော်မဲ့  အစီအစဉ်လေးပျက်ခဲ့ပါတယ်။
ဒါနဲ့  အပျင်းထူလိုက်အုံးမယ် ဆိုပြီးအိပ်ယာထဲအသာဝင် ဒါပေမဲ့  အိပ်လို့ လည်းမရ
ဒီလိုနဲ့  ညနေ ၄ နာရီထိ အိပ်ယာထဲဟိုလည့် ဒီလည့် နဲ့  ချိန်ကုန်ခဲ့တယ်။

ဒါနဲ့  ဆက်အိပ်လို့ မရတာနဲ့  မေးလ်ထဖွင့်ကြည့် တော့ လေးနှစ်လုံးလုံး တူတွဲခဲ့
တဲ့သူငယ်ချင်းစာကို ဖတ်ပြီး ပိုစ့်တင်မိသွားတာပေါ့ ။

မိုးတို့  ကျောင်းပြီးတဲ့ထိ လေးနှစ်လုံးအတူတွဲတဲ့သူငယ်ချင်းကတော့ အားလုံး
(၇)ယောက်ပါ။ အားလုံးမိန်းခလေးတွေပါပဲ။ ခုနှစ်ယောက်လုံးက ယောက်ကျား
လေးသူငယ်ချင်လည်းမထားသလို သူငယ်ချင်းတွေနားကို တစ်ယောက်ယောက်
ယောက်ကျားလေးများလိုက်ကပ်ပြီဆို သူငယ်ချင်းတွေ ဝိုင်းပြီးပညာပြကြတော့တာ
ပါပဲ။

ခုတော့ သူငယ်ချင်းတစ်ချို့ လည်းအိမ်ထောင်ကျ တစ်ချို့ လည်းမကြာခင်
လက်ထက်တော့မယ်သူနဲ့  တစ်ချို့ လည်း ဘယ်သူ့ ရွေးချယ်ရကောင်းမှန်း
မသိလို့ လာတိုင်ပင်တဲ့သူနဲ့ စုံနေတာပါပဲလေ။ မိုးကိုလည်း ဒီတိုင်းပဲလား
အမြဲမေးတဲ့သူငယ်ချင်းတွေကစီက ဒီနေ့ ပို့ လိုက်တဲ့မေးလ်လေးက
စာပိုက်လေး တစ်ပိုက်ကို မိုးတင်ပြချင်ပါတယ်။

...မိုးရေ..ဖန်ခွက်ကလေးနှစ်လုံးရှိမယ်ဆိုပါစို့..သုံးတဲ့တစ်ခွက်ကကွဲချင်ကွဲသွားပေမယ်
သုံးလိုက်ရသေးတယ်..နောက်တစ်လုံ့းကတော့ကွဲမှာစိုးလိုမသုံးဘူး...ကွဲသွားတဲ့အလုံးကပိုပြီးကောင်းမယ်လို့ယူဆ
တယ်...မိုးရော..သုံးကြည့်ပါလို့
ချစ်ခြင်းအားဖြင့်
ဆု

မိုး ကတော့အမြဲတမ်း ဖန်ခွက်ကလေးကို ကွဲမှာစိုးလို့ သေချာသော့တွေခတ်ပြီး သိမ်းထားတတ်တဲ့သူလေ။
မိုးဘာဆက်လုပ်သင့်ပါသလဲ.................................................

၁။တစ်သက်လုံး မသုံးပဲသိမ်းထားမလား
၂။သုံးမလား
ဘာဖြစ်မယ် ဆိုတာ ဘယ်သူကြိုပြောနိုင်မလဲ......................................
အနာဂတ်ဆိုတာ ကြိုတင်မမြင်နိုင်ဖူးလေ.........................................

သာယာချမ်းမြေ့ပါစေနော်
မိုး

Wednesday, March 3, 2010

မောတော့ မောတာပေါ့ 

ဒီတစ်ပတ် ရုံးမှာ အလုပ်တွေပိ ရှေ့လျှောက်အလုပ်တွက်ပူရ သက်တမ်းတိုးဖို့ ပူရ
ရုံးကအလုပ်တွေအသစ်ကခိုင်းတာလည်း ဘာမှမထူးလို့ ပူရ လူတစ်ကိုယ်လုံးလဲ အငွေ့ တွေတထောင်းထောင်းထွက်တော့ မဲ့ ပုံ ဖြစ်နေပြီလေ။

ပူစရာမရှိလည်း အမြဲလိုက်ပူနေတတ်တာ မိုးအကျင့် တစ်ခုပေါ့လေ။ ဖြစ်သမျှ အကောင်း
ဆုံး ကြိုးစားသွားမယ်ပေါ့  အဲဒီလိုစိတ်ကူးထားပေမဲ့  ခဏပါပဲ ပြီးရင် ခေါင်းထဲတွေးတွေး
ပြီးပူနေတတ်တယ် ဖျောက်လို့ မရတဲ့  မိုးရဲ့ အကျင့် ဆိုးတစ်ခုပေါ့ ။

အသက်ရှူတွေရပ်တန့် လောက်အောင်ပဲ စိတ်တွေမောနေရတယ်လေ။ အလုပ်တွက်ပဲပေါ့ 
ကိုယ်ကဒီလမ်းလျှောက်ဖို့ ရွေးချယ်ခဲ့ တာ မို့  ဘယ်လောက်မောမောပေါ့ လေ အသက်ရှင်
နေသရွေ့တော့  ဆက်လျှောက်နေအုံးမှာပါပဲ ။

လောကမှာ ဘာမှမတည်မြဲပါဖူးလေ ဖြစ်တဲ့ ချိန်ဖြစ်မယ် ပျက်တဲ့ ချိန်ပျက်မယ် ပေါ့ 
သူသဘောသူဆောင်နေတာပါပဲလို့  တိုးတိုးလေး ကိုယ်ဘာသာ ပြောရင်း စိတ်ဖြေ
ရတာပါပဲ။

စိတ်ညစ်တိုင်း အားကိုးတကြီးအိမ်ကိုပဲ ဖုန်းဆက်ချင်ပေမဲ့  ဟန်ဆောင်လို့ မရတဲ့ မိုးအသံ
ကြောင့်  မိုးစိတ်မကောင်းတဲ့ အသံအိမ်ကရိပ်မိသွားမှာဆိုးလို့  တစ်ယောက်တည်းကြိတ်
ခံစားရတာ လည်း စင်္ကာပူရောက်မှမဟုတ်ပါဖူး ။ငယ်ငယ်တည်းကဒီလို ပဲလေ။

ဒါကြောင့်  အဲဒီခံစားချက်တွေအားလုံးကို အားကိုးတကြီးနဲ့ ဘုရားစီမှာပဲတိုးတိုးလေးပြော
ရတော့ တာပေါ့ ။ မတက်နိုင်ဖူးလေ ရင်ဖွင့် စရာဆို လို့  ကိုယ်ယုံကြည်အားကိုးတဲ့ 
ဘုရားမှတပါး ဘယ်သူမှမပြောချင်ဖူးပေါ့  သူငယ်ချင်းတွေ မိတ်ဆွေတွေရှိပေမဲ့ လည်း
အားလုံးလည်း သူ့ တို့ အပူနဲ့ သတို့ ရှိကြမှာပါပဲ ။ စိတ်ချမ်းသာမှုလေးမပေးနိုင်ရင်တောင်
အပုတွေ စိတ်ညစ်စရာတွေတော့ မပေးချင်ဖူးလေ။

ဒီခံစားချက်တွေဟာ မိုးတစ်ယောက်တည်းခံစားနေရတာမဟုတ်ဖူး တိုင်းတပါးမှာ အလုပ်လုပ်
တဲ့ သူတိုင်း ဒီလိုခံစားကြမှာပါပဲ ။ ဟန်ဆောင်တာ လိမ်တာ မကြိုက်ပေမဲ့ လို့  ကိုယ်ကိုကိုယ်
တိုင်လည်း ဒါမျိုးတွေ မကင်းနိုင်သေးဖူးပေါ့ ။ဆင်ပြေလား ဆို ပြေတယ် ပေါ့  ဒီလိုပဲဖြေလိုက်
ရတာပါပဲ။

မိုးခုလိုအသက်ရှင်နေနိုင်တာ မိုးယုံကြည်အားကိုးတဲ့ ဘုရားတရားသာမရှိရင် မိုးအသက်ရှင်နေနိုင်ပါ့ မလားတောင်မသိပါဖူး အသက်ရှင်ရတာ စိတ်မောလိုက်တာ…………
ဒီလိုနဲ့ ပဲ အခက်ခဲတွေ တစ်တောင်ပြီးတစ်တောင်ကျော်ခဲ့ ပြီပဲ လွယ်လွယ်နဲ့ အရှုံးမပေးပဲ
ဆက်ကြိုးစားလိုက် ခက်ခဲတွေ့ လိုက်နဲ့  ဒီသံသရာစက်ဝိုင်းကမလွတ်မချင်းတော့ လည်း
ချိုတလည့် ခါးတစ်လည့် နဲ့  ဘဝကိုဖြတ်သန်းရမှာပါပဲ ။ မောတော့ မောတာပေါ့ 
ဒါပေမဲ့ လည်း ကိုယ့် စိတ်ကူးတွေ ကိုယ်လုပ်ချင်တာတွေ တွက်ဒီလိုမောရတာ
ဆိုတော့  ပျော်ပါတယ်။

သာယာချမ်းမြေ့ပါစေနော်

မိုး