လွန်ခဲ့တဲ့ ၃ နှစ်လောက်ကပါ အမှတ်ရလို့  ဒီအကြောင်းလေးနဲ့ မတိုက်ဆိုင်ပေမဲ့ လည်း မိတ်ဆွေတဦးကို အားပေးချင်လို့  ဒီပိုစ်ကိုရေးမိတာပါ။ မိုး ဦးလေးရဲ့ သူငယ်ချင်းပေါ့ သူ့ ဇနီးက ကျောက်ကပ်ရောဂါဝေဒနာရှင်ပါ။ တစ်နေ့တော့ သူ့ ဇနီးဟာ နောက်တစ်နေ့ တောင် အသက်ရှင်နိုင်မှာမဟုတ်ဖူး ဆိုပြီး ကြွေကွဲစွာခံစားနေပေမဲ့ လည်း ဇနီးတွက် တစ်ရက်ရရ တစ်မိနစ်ရရ အသက်ဆက်ရှင်နေနိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတဲ့  ဦးလေး သူငယ်ချင်းမျက်နှာမှာ ကြည့်ရတာ ရင်ထဲနည်းနည်းလေးမှ မကောင်းဖြစ်မိတယ်။
နောက်နေ့ အသက်ရှင်နေဖို့ မသေချာတော့တဲ့  လူနာကို မိုးအရမ်းသွားတွေ့ ချင်မိတယ် ။ တကယ်တော့ ဦးလေးမိတ်ဆွေဆိုပေမဲ့  လူနာကိုမိုးတစ်ခါမှ မမြင်ဖူးပါဖူး။ဒါနဲ့ မိုးကြည့်ချင်တဲ့ စိတ်က အရမ်းပြင်းပြတော့  မိုးသွားမယ်ဆိုတော့ မိုးအဒေါ်ကလိုက်ပို့ ပေးခဲ့ပါတယ်။
ရောက်တော့ လူနာအိပ်နေပါတယ်။အသက် ၃၅ အရွယ်လောက်သာရှိမည့် သူမဟာ သူမရဲ့  အလွန်ချစ်စရာကောင်းတဲ့  ခလေး ၃ ယောက် အလွန်သိတတ်ပြီး ချစ်မြတ်နိုးတတ်တဲ့ ခင်ပွန်း ဒါတွေကို ထားပြီး သူမလည်း ဘယ်သေချင်ပါ့မလဲ ။ မြင်နေတဲ့သူရဲ့  ရင်ထဲမှာလည်း ဒီမြင်ကွင်းကြီးကြည့်တွေ့ ရတာ ရင်ထဲစို့ နစ်အောင် ခံစားခဲ့ရတယ်။
တကယ်တော့ ဝေဒနာရှင်နဲ့ သူ့ ၏ခင်ပွန်းဟာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်နှစ်သက်လို့ လက်ထက်ခဲ့ကြတာမဟုတ်ခဲ့ပါဖူး။ လူကြီးသဘောတူလို့  လက်ထက်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း ယောက်ျားကောင်းတစ်ယောက်ပီသတဲ့  ဦးလေးသူငယ်ချင်းကို အရမ်းလေးစားမိတာကတော့ သူလက်ထက်ခဲ့တဲ့ မိန်းခလေးတစ်ယောက်ပေါ်မှာ ထားတဲ့မေတ္တာ၊ ဂရုစိုက်မှူ ၊ မြတ်မြတ်နိုးနိုး တန်ဖိုးထားမှုတွေပါပဲ။သူမြတ်နိုးတန်ဖိုးထားတဲ့  သူ့ ဇနီးပေါ်မှာထားတဲ့  သစ်စာ ဆိုတာတော့ ပြောဖို့ တောင် မလိုတော့ပါဖူး။
သူမသာ ကျမ်းမာပြီး အသက်ရှင်နေနိုင်ရင်တော့ သူမဘဝဟာ တစ်ကယ့်ကို သာယာချမ်းမြေ့တဲ့ ဘဝကြီးပေါ့  လို့ တွေးမိပါတယ်။ဒါနဲ့  သူမနိုးလာတော့ သူမရဲ့ ပျော့ခွေခွေ ဖြစ်နေတော့ သူမကို တစ်ယောက်ယောက်ကထူမှ သူမထထိုင်နိုင်ခဲ့ ပါတယ်။
မိုးသူ့ မနားသွားပြီး သူမလက်ကလေးကို ကိုင်ပြီး အမအမြန်ကျန်းမာလာမှာပါ။ အသိလေး ကပ်ထားပေးပေါ့ မရယ်။ ကောင်းသွားမှာပါ ဒီထက်ပြောဖို့  စကားလုံးတွေလည်းမထွက်တော့တာအမှန် ဆရာဝန်ရဲ့  နောက်ဆုံးစကားကို သိနေပြီဆိုတော့ မိုးသူမကို ကြည့်ကြည့်ပြီး ခံစားချက်ရင်း မိုးရင်ထဲက တိုးတိုးလေးပဲ သူမအသက်ရှင်ပါစေ လို့ ဆုတောင်းတာကလွဲလို့  မိုးနေနဲ့ လည်းဘာမှတက်နိုင်ခဲ့ပါဖူး။
ဆေးရုံက နောက်ဆုံးအခြေနေရောက်နေပြီဖြစ်ကြောင်းကို သူမခင်ပွန်းကို ဆရာဝန်ခေါ်ပြောတော့ အဲဒီဦးလေးကြီးက နောက်တစ်ခုဆေးရုံပြောင်း နောက်သူ့ အကောင်းဆုံးဖြစ်မဲ့ ဆရာဝန်ကိုပြခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အဲဒီမိုးသွားတဲ့နေ့ က သူမအသက်ရှင်နေတာ အသက်ကယ်ဆေးထိုးထားလို့ ပါပဲ။
ဒါပေမဲ့ လည်း သူမခင်ပွန်းရဲ့  တစ်နည်းမရ တစ်နည်း မလျှော့သော ဇွဲ နဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် အဲဒီရက်ပိုင်းမှာ အသက်ရှင်နေထိုင်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့ လည်း ရောဂါဝေဒနာ ကတော့ မသက်သာဖူးပေါ့ လေ။ အသက်ရှင်နေထိုင်နိုင်တာတစ်ခုပဲ ရှိတယ်။ လူဆိုတာ ပျော့ ပျော့ ခွေခွေ လေးပဲ ကျန်တော့တယ်။ ကြည့်မြင်နေတဲ့ သူတော့ မကြည့်ရက်လောက်အောင် လက်မှာလည်း အပ်ရာတွေ ပဲ ။
ဒါပေမဲ့ လည်း မရရအောင် ကြိုးစားခဲ့တဲ့  သူမခင်ပွန်းကို သေမင်းက သနားတာလည်းပါလိမ့်မယ်ထင်တယ် သူမရဲ့ ကံလည်းမကုန်သေးလို့ နေပါလိမ့်မယ်။ သူမခုထိသက်ဆက်ရှင်နေပါသေးတယ်။
ဒီလိုပါပဲ မိုးရှေ့ ပတ်က မိတ်ဆွေတစ်ယောက် သူကတော့ သေမင်းနဲ့ ရင်ဆိုင်ရတာမဟုတ်ဖူး ဒါပေမဲ့ လည်း လောကဒဏ် ရဲ့ ရိုက်ခတ်မှုလေး ကို တော်တော် ခံစားနေရတယ်လေ။ ပညာရေး စီးပွါးရေး လူမှုရေး အစုံပါပဲ။နောက်တော့  နက်ဖြန် ရန်ကုန်ပြန်တော့မယ် သိလိုက်ရလို့  မိုး အရမ်းသွားတွေ့ ချင်မိတယ် အားပေးတဲ့ စကားလေး တစ်ခွန်းဖြစ်ဖြစ် ပြောချင်မိတယ် ။ အဲဒီမိတ်ဆွေကို တစ်ခါမှ မမြင်ဖူးပေမဲ့  မိုးတွေ့ ဖို့ ပြောပြီး သွားတွေ့ ဖြစ်ခဲ့တယ် ။ သူ့ ရဲ့  ခံစားချက်တွေ ပြည့်နေတဲ့ မျက်နှာလေးကို မိုးလွန်ခဲ့တဲ့  နှစ်ကအဖြစ်ပျက်ကို သတိရမိတယ် ။ ဒါပေမဲ့ ခြေနေချင်းမတူဖူးလေ။ လောကမှာ သေတာ လောက်အရေးကြီးတာ ဘာရှိလို့ လဲ။ သေမှသာ ဘာမှလုပ်လို့ မရတာလေ။ မသေမချင်း ကြိုးစားရင် ကြိုးစားသလောက်တော့  ပြန်ရမှာပါပဲ။
ဒါနဲ့ မိုးအဲဒီမိတ်ဆွေကို ပြောလိုက်တာ က ပြန်လာဖြစ်အောင်ကြိုးစားဖို့ ပါပဲ။ ပြီးတော့ သူ့ ချစ်သူနဲ့ လည်အဆင်ပြေအောင် ကြိုးစားဖို့ တော့အားပေးလိုက်တာပါပဲ။ ဒါကြောင့် မိတ်ဆွေရေ ဒီကနေထပ်ပြီး ပြောပြရစေ အရာရာ ကိုအားမလျှော့ပဲ ဇွဲလေးနဲ့သာ ကြိုစားပါ။ အချိန်တန်ရင် အောင်မြင်လာမှာပါ။ကိုယ့်ရဲ့ ကံက နည်းနည်း လိုသေးလို့ မရသေးတာ ပါ ။ ရအောင်ကြိုးစားအားထုတ်ဖို့ သာ ကိုယ့်တာဝန်မှတ်လား။ စိတ်ပျက်အားငယ်နေလို့ တော့ ဘာမှထူးလာမှာမဟုတ်ပါဖူး။ ဒါကို ဘယ်လိုအကောင်းဆုံးဖြေရှင်းမလဲ အဲဒါသာဓိကပါ။ စိတ်ဆိုတာ တန်ခိုးအရမ်းကြီးတယ်လို့ မိုးကတော့ယူဆတယ် စိတ်ဆန္ဒပြင်းထန်ပြီး ကြိုးစားရင် ဖြစ်ပါတယ်။ လူတိုင်းမလဲဖူးတဲ့သူမရှိပါဖူး ဘယ်သူမှလည်းပြည့်စုံတဲ့သူဆိုတာမရှိဖူးလေ။ လဲရင် လဲတဲ့နေရာကနေ ပြန်ထမှ အရှေ့ ရောက်မှာပေါ့  မိတ်ဆွေ။

မိတ်ဆွေလေးတွက် ကိုယ်ချင်းစာမိတာက မိုးလည်း အဲဒီလိုပဲ ကျောင်းနဲ့ အလုပ်နဲ့ ကြားမှာ နေထိုင်ခွင့် ရီဂျက်ထိဖူးပေမဲ့  ခုလိုနေနိုင်တာ ကံကြောင့်ပဲပြောရမလားတော့မသိဖူး။ မိုး သူ့ ကိုသွားတွေ့ ပြီးအပြန်မှာ မိုးဆိုလည်း အဲဒီတုန်းကသာ အဆင်မပြေခဲ့ ရင် သူ့ လိုပဲပြန်ရမှာ ပဲလို့ တွေးပြီး အဲဒီမိတ်ဆွေကို အမြန်အဆင်ပြေပါစေလို့  ဆုတောင်းမိပါတယ်။
စာဖတ်သူအားလုံးအပြင် တစ်လောကလုံးလည်းစိတ်အေးချမ်းပြီး သာယာချမ်းမြေ့ ကြပါစေရန်တောင်းဆုပြုပါတယ်။
သာယာချမ်းမြေ့ပါစေနော်
မိုး