Sunday, October 9, 2011

မကြည့်ရက်သောမြင်ကွင်း

ဒီနေ့ တနင်္ဂနွေနေ့  အမ်အာတီကတော့လူများမည် နေရာတနေရာရရင်တော့ကောင်းမည်တွေးရင်း ကံကောင်းတော့ နေရာက ရပြီသို့နှင့် မျက်စိမှိတ်ကာ မှေးတော့မည် မျက်လုံးလေးအသာမှိတ် ထို့ နောက် မျက်လုံးတစ်ချက်ပြန်ဖွင့်မိသည်။ မျက်စိရောက်သွားသည်မှာရှေ့ကဖြူရောင်ဖိနပ်ဆီသို့ ………….

ဖိနပ်ဖြူရောင်လေးသည် သက်သောင့်သက်သာဖြစ်မည့်ဟန်ပေါ်သလို ဒီဇိုင်းလည်းရိုး ရှင်းပြီးလှသည်။ တွေးရင်း အပေါ်သို့တစ် ချက်မော့ကြည့်မိချိန် ဟောမျက်ရည်များပေါက်ပေါက်ကျနေသော မျက်နှာကို ကြည့်မိသဖြင့် ဘာကြောင့်ငိုတာလည်း လူတွေများ ကြီးရှေ့မှာ ငိုရလောက်အောင် သူမမှာဘာများဒီ လောက်ခံစားနေရလဲ သူမမိသားစုဝင်များ… ဒါမှမဟုတ် သူမစာမေးပွဲရည်မှန်း ချက်များလွဲလို့လား….. တွေးရင်း ကြည့်မိတာသိရင်သူမရှက်သွားမလား မျက်လုံးပြန်မှိတ်သို့ သော စိတ်ကမနေနိုင်ပြန်ကြည့် မိပြန်သသည် သူမမျက်ရည်များအဆက်မပျက်စီးကျနေဆဲပင်……..

စိတ်ထဲမနေနိုင် အင်းထစ်ရှူးပေးလိုက်ချင်မိ သူမအိပ်ထဲလက်တစ်စုံတစ်ခုရှာနေသည် အင်းထစ်ရှူးပဲနေမှာ သူမမှာထစ်ရှူးမပါ သူမလက်ချောင်းလေးများဖြစ်မျက်ရည်များသပ်ချလိုက်သည်။ အိပ်ထဲမှာ ထစ်ရှူးကိုထုပ်လိုက် အိုမဖြစ်သေးဖူး သူမရှက်သွားမလား ဟူးးးးးးးးစိတ်ထဲမကောင်းဖူး မှေးချင်သောစိတ်ဘယ်နားရောက်သွားမှန်းမသိ….ဆင်းရတော့မည်။
…………………………………………………………………………………………………………………….


ညီမ ရှေ့တိုက်က တိုက်ပေါ်ကခုန်ချလို့  လာသွားကြည့်ရအောင်……
အမလေးသတ္တိရှိလိုက်ကြတာ....
မကြည့်ရဲပါဖူး…..

အိမ်ရှေ့မျက်စောင်းထိုးနားမှာ အဝါရောင်ကြိုးများကာထာလျှက် လူအုံနေသည်။ မိသားစုဝင်များ သေသူ၏နံဘေး ငုတ်တုပ်လေး တွေသာအပေါ်ကမြင်ရသည်။ ရင်ထဲမခံစားနိုင် ဆက်မကြည့်ချင် အခန်းထဲပြန်ဝင် ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မိမိကိုယ်ကိုသတ်သေရလောက်အောင် သူ့ မှာဘယ်လောက်များစိတ်ခံစားမှူတွေရှိလဲသူသာသိဆုံးပါ။ အပစ်မယူလိုပါ။ အသက်စွန့်ရ အောင်နာကျင်ထိခိုက်မှူမျိုး သူခံစားရလို့ သာ…..သူထွက်ပေါက်ဟာ ဒါကောင်းဆုံးဖြစ်မယ်ထင်မှတ်ပြီး သူရွေးချယ်ခဲ့ခြင်းဖြစ်မည်လား။ တစ်စုံတစ်ယောက်ကသည် သူ့ ခံစားချက်ကိုသိလျှင် နားလည်ပေးမည် အားပေးမည် ဝိုင်းကူဖြေရှင်းပေးလျှင်သူ ဒီလိုဖြစ်ပါ့မလား အတွေးတွေစုံလာသည်။

အသက်ရှင်နေရတဲ့အချိန်တိုလေးမှာ ဘာလို့ များ သူတဖက်သား အသက်စွန့် သွားရလောက်အောင် ခံစာမှူတွေပေးကြတာလဲ လောကမှာဘာလို့ များသူတဖက်သား ထိခိုက်သွားမည်ဆိုတာ နည်းနည်း လေးမှမတွေးကြတလဲ သူ့ မိသားစုဝင်တွေအတွက်လား ရည်မှန်းချက်တွက်ပဲလား အကြွေးတွေတွက်လား လောကကြီးကိုလက်မြှောက်အရှုံးပေးသွားရလောက်အောင်သူ့ကိုဘာအရာကများ တွန်းအားပေးခဲ့တာလဲ.. တွေးရင်းးး

လောကကြီးမှာ မိမိကသူတပါးပေါ်မထိခိုက်အောင် ကံသုံးပါးထိန်းရသလို
မိမိပေါ် သူတပါးမထိခိုက်နိုင်အောင်လည်း နေရပြန်တယ်။
သည်းခံနိုင်သလောက် သည်းခံနားလည်းပေးနိုင်သလောက်နားလည်ပေးဖြည့်တွေး ဒါမှအဆင်မပြေနိုင်သေးရင်
အကောင်းဆုံး အဲဒီနေရာကလွတ်မြောက်အောင်ကြိုးစားတာသဘာဝပါပဲ။
ခက်တာက သက်စွန့် ပြီးလွတ်မြောက်အောင်ရွေးခဲ့တာတွက်စိတ်ထဲမကောင်းခဲ့ဖူး။
မသေခင် ဘယ်လောက်များနာကျင်ခံစားရလိုက်မလဲ....
ဒီဘဝဒီမျှနှင့်ပင်ဝဋ်ကြွေးကုန်ပြီး ယခုလိုဖြစ်ဆိုးတွေမကြုံပါစေရန်တောင်းဆုပြုပါသည်...



လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...
င်္အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ...
ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ...
နိုင်ထက်စီးခြင်း အချင်းချင်းကင်းရှင်းကြပါစေ...

၇ရက်သားသမီးများအားလုံး ကိုယ်စိတ်နှစ်ပါးအေးချမ်းကြပါစေ...
သာယာချမ်းမြေ့ပါစေရှင်း
မိုး


P.S ညကတစ်ညလုံးအိပ်မရပါ။ အရှေ့ မှာ...

10 comments:

  1. အမ ဘလောက်ဒ် က ဘယ်လိုဖြစ်နေလဲ မသိဘူးဗျာ ကျွန်တော် ဖတ်လို့မရဘူးဖြစ်နေတယ် စာတွေက ကွက်တိကွက်ကြားပေါ်နေတာ
    အခုကျွန်တော် ကွန့်မန့် ရေးတာကိုတောင် ကိုယ်ရေးတဲ့စာ ကိုယ်ပြန်မမြင်ရဘူး
    စမ်းပြီးရေးနေတာ။

    ReplyDelete
  2. ကိုကိုမောင်(ပန်းရနံ့)October 9, 2011 at 11:40 PM

    ဟုတ်တယ်။ ကြည့်ရက်စရာကို မရှိပါဘူး။ သူတို့ခံစားချက်တွေ ဘယ်လောက်များ ပြင်းထန်လို့ အခုလို လူတွေရှေ့မှာငို၊ တိုက်ပေါ်က ခုန်ချ လုပ်ကြရတာလဲမသိဘူး။ သနားပါတယ်။ ဘယ်တော့ပယောဂတွေကြောင့်များလဲ။

    ခင်မင်လျှက်

    ReplyDelete
  3. ညီမလေး ပျောက်နေတာကြာပြီ
    ပိုစ့်လေးဖတ်ပြီး အဲဒီလို ကိုယ့်ကိုယ်ကို သတ်သေတဲ့သူတွေရင်ထဲကိုဝင်ကြည့်ချင်မိတယ်
    လောကကြီးမှာ ဘယ်လောက်များ စိတ်ပျက်လက်ပျက် နေမပျော်ဖြစ်နေတယ် မသိဘူးနော်
    စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုတာတော့ အမှန်ဘဲ
    မဟုတ်ရင် အခက်အခဲတွေကို ကျော်လွှားဖို့ တကယ်မလွယ်ဘူး

    ReplyDelete
  4. ;(
    ဟိုနေ့ကပဲပြောနေကြသေးတယ် .. ဒီက ကလေးပြုပြင်ရေးကျောင်းကိုရောက်နေတဲ့ ကလေးတွေထဲက ၃ပုံ ၁ပုံက ကိုယ့်မိဘကို သတ်ပြီး အဲ့ဒီကိုရောက်လာကြတာတဲ့ .. သတ်ပုံသတ်နည်းက အမျိုးမျိုးတဲ့ .. စဉ်းစားမိသွားတာပါ .. အ၀တ်လှန်းရင်း ပြုတ်ကျတာလား တွန်းချခံရတာလား .. မဟုတ်ပါစေနဲ့ ..
    တရားနဲ့ဖြေလို့ ပြောကြပေမယ့် တကယ့်လက်တွေ့မှာ ကျင့်သုံးနိုင်တဲ့လူ တော်တော်ရှားသားး(

    သတ္တ၀ါအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ ..

    ReplyDelete
  5. မိုးရေ....စိတ်မကောင်းစရာပါပဲ စာနာနားလည်ပေးမည့်သူ ခံစားချက်တွေကို ဆိုးဆိုးကောင်းကောင်း နားထောင်ပေးမည့်သူ တစ်ယောက်လောက်များရှိခဲ့ရင် နောက် အေးမြတဲ့တရားတော် တစ်ခုခုသာ နှလုံးသွင်းနိုင်ခဲ့ရင် ဒီလိုတွေမဖြစ်နိုင်မလားပဲနော်.....

    ခင်တဲ့(ဖိုးကြယ်)

    ReplyDelete
  6. သြော်... လူတွေ လူတွေ အဖန်ငါးရာ ငါးကမ္ဘာကို မကြောက်ကြပါလားနော်...
    မိုးရေ ရောက်ခဲ့တယ်နော်...
    ပျောက်နေတယ်နော်...
    ကျွန်တော်ဘလက်ပါ...

    ReplyDelete
  7. ဖိုးကြယ်>>>ဟုတ်ပါတယ် တကယ်တော့ဒါကဒီလိုပဲဖြစ်တတ်ပါတယ်လို့ လူတစ်ယောက်ခံစားချက်ကို နှတ်လေးနဲ့အားပေးတာထက်ခုခေတ်မှာ သေချာလေးနက်ထား နားထောင်ပေးတာအလွန်ရှားပါးသွားပါပြီ။ ဒါပေမယ့်ရှိပါတယ် ဒါကတော့ရှားပါမိတ်ဆွေတွေပါ။ တရားတာကတော့ ဒီနိုင်ငံကသိတဲ့တိုင်းပါပဲနော်...

    ညီရဲ>>> ဒါကိုဘယ်သူပြောမလဲကြည့်နေတာ အဖန်ငါးရာ ငါးကမ္ဘာဆိုတာ ငယ်ငယ်ကတော့လူကြီးတွေပြောတာ နောက်မိုးစာအုပ်တစ်အုပ်မှာဖတ်ဖူးတယ် အဖန်ငါးရာဆိုတာမဟုတ်ဖူးပဲ မိုးကသိချင်တာပဲခေါင်းထည့်မိတော့ ဘယ်စာအုပ် ဘယ်သူရေးတာမမှတ်မိတော့ဖူး မှားမှာဆိုးလို့မပြောတာ။ ဘုန်းဘုန်းတစ်ပါးရေးထားတာပဲဖြစ်မယ်မမှတ်မိတော့လို့ပါ။
    သိသောသူများရှင်းပြပေးစေချင်ပါသည်။

    ReplyDelete
  8. ကြောက်စရာကြီးပါလားမိုးရဲ့..
    တစ်ခါတစ်လေ ထွက်ပေါက်ပိတ်မိရင် အဲလို ဖြစ်တက်တယ်။
    ဘာသာတရား နားမလည်သူတွေမှာတော့ ဒါဟာ ထွက်ပေါက်တစ်ခု ဖြစ်နေတော့တာပေါ့..။ :(((

    ReplyDelete
  9. “အသက်ရှင်နေရတဲ့အချိန်တိုလေးမှာ ဘာလို့ များ သူတဖက်သား အသက်စွန့် သွားရလောက်အောင် ခံစာမှူတွေပေးကြတာလဲ” ။
    အကြိုက် ဆုံးစာသားပါညီမ....
    စာတွေဆက်ေ၇းပါအုံး....
    အစစအရာရာအဆင်ပြေပါစေ။

    ReplyDelete
  10. အင်း.. စလုံးမှာ ခုန်ချတာ ခေတ်စားနေတယ်.. တိုက်ပေါ်က ခုန်ရင်ခုန်.. မဟုတ်ရင် ရေလှောင်ကန်ထဲ ခုန်ချ.. ဟူးးးးးးး ..

    ReplyDelete