Friday, February 24, 2012

အမှတ်တရ သောကြာနေ့ 

2009 နှစ် 5 လပိုင်း ဒီနေ့လို သောကြာနေ့လေး တရက်မှာပဲ အင်တာဗျူးရခဲ့ပါတယ်။ လမ်းမှားနေလို့  ရုံးကိုဖုန်း ဆက်မေးတော့ ရုံးမှာ ထွက်ကြိုနေတဲ့ တခေါင်းလုံးဖြူနေတဲ့ အဘိုးအရွယ်ကိုတွေ့ တယ်။ တွေ့ တွေ့ ချင်းနှုတ်ဆက် ပြီးသူကပဲစပြီးအင်တာဗျူးခဲပြီ့း သူက company ပိုင်ရှင်မဟုတ်ဖူးကစပြောပါတယ်။ ဒါနဲ့ စိတ်နဲနဲသက်သာပြီး မေးသမျှကို ပေါ့ပေါ့ပါးပါးဖြေနိုင်ခဲ့ပါတယ်။ ဒုတိယ တွဲလုပ်ရမယ် အင်ဂျင်နီယာကဗျူးပြီး ပုံဆွဲခိုင်းပါ တယ်။ပုံဆွဲတော့လည်း တစ်ယောက်ထဲအခန်းထဲဘယ်သူမှမရှိ ကိုယ့်ကိုလိုက်ကြည့်မနေတော့ စိတ် အတော်သက် သာပြီးဆွဲနိုင်ခဲ့ပါတယ်။ ကြည့်နေရင် ဘာလုပ်လို့ လုပ်ရမှန်းဖြစ်တတ်တဲ့ မိုးတစ်ယောက် ဒီအင်တာဗျူးမှာ အဆင် ပြေခဲ့ပါတယ်။ တနင်္လာမှာ ရုံးဆင်းပေးဖို့ ဆက်သွယ်လာခဲ့ပါတယ်။ နောက်မှသိခဲ့ရတာ မိုးကိုအင် တာဗျူးတဲ့ ပထမဆုံးတစ်ယောက်က company ပိုင်ရှင်မှန်း မိုးစိတ်မလှုပ်ရှားအောင် စိတ်တည်ငြိမ်အောင်ရိုးရိုးဝန်ထမ်း လိုသရုပ် ဆောင်ခဲ့ တယ်။ အဲကျေးဇူးမိုးဘယ်တော့မှမမေ့သလို အရမ်းလည်းကျေးဇူးတင်မိတယ်။ တဖက်သား ပေါ်အလိုက်တသိ စဉ်းစားပေးတတ်တဲ့သူတွေ တွေ့ ရင်တကယ်လေး စားမိပါတယ်။ မိုးဒီလိုလူတွေနဲ့တွေ့ ဆုံတာကံကောင်းတယ်ယူဆမိတယ်။ အများကြီးမရှိပေမယ့် အဲလိုတွေတော့မိုး အသက်ရှင်သမျှ မိုးသူတို့ တွက်တက်နိုင်တဲ့တပိုင်တနိုင် အခွင့် ရရင် အချိန်တခုပေးဖို့ အမြဲရှိပါတယ်။

အလုပ်မှာ ၅ယောက်လောက်လူကြီးအပြင် အားလုံးရွယ်တူလေးတွေပဲဆိုတော့ လူငယ်တွေဆိုသလို ပေါင်းသင်း ဆက်ဆံရေးမှာ အဆင်ပြေပါတယ်။ စည်းကမ်းရှိကြတယ်။ စကားရှုပ်တာမရှိသလို ချောက်တွန်းတာ တွေလည်း မရှိဖူး။ နေ့လည်တူတူထမင်းစားကြဖူးတယ်။ မိသားစုဝေးနေပေမယ့် ကိုယ့်ရုံးလေးက ကိုယ့်မိသားစုလိုဖြစ် လာခဲ့တယ်။ မိုးအစားသောက် ဂျေးများတတ်တယ်။ တဇွန်းစားပြီးမစားနိုင်တော့ရင် ဆက်မစားဖြစ်တော့ဖူး။ မိုးတွက် စားသောက်ကောင်းတယ်ဆိုတဲ့နေရာတွေ ခေါ်သွားခဲ့တယ်။ မိုးထမင်းကုန်အောင်စားတဲ့နေ့ဆို ဒီနေ့ ထမင်းကုန်တယ် ဆိုပြီ ပြုံးနေကြတယ်။ တခါတခါ မိုးမျက်နှာမကောင်းဖူးဆို မြန်မာဆိုင်ရှာပြီး ခေါ်သွား ပေးကြတယ်။ မြန်မာဆိုင်က ငါးခူစင်းကော၊ကြက်ပဲဟင်းတို့  သရက်သီးလေးအတို့ ပေးထားတာကိုသူတို့ သိပ်သဘော ကျတတ်တယ်။ ဘာဖြစ်ဖြစ် မိုးဘဝရဲ့သူငယ်ချင်းကောင်းတွေနဲ့ဆုံခဲ့တာလေး ဘယ်တော့မှ မေ့မှာမဟုတ်ဖူး။

ဒီလိုနဲ့ မိုးတို့ရုံးမှာအကြီးကျယ် အရှုံးပေါ်ခဲ့တယ်။ တနှစ်တွင်းမှာ လူတွေလျှော့ လျှော့လာတယ်။ လူလျော့ ပေမယ့် လူသစ်မခေါ်ရှိတဲ့သူဝိုင်းလုပ်ဆိုတော့ ကြာတော့လည်း လစာမတိုးပဲ နှစ်ယောက်သုံးယောက်စာလုပ်ရတော့ ရှိတဲ့သူမခံနိုင်နဲ့ ပိုထွက်ကုန်ကြတာပေါ့။ ပြောရမယ်ဆို မိုးလည်းတအားပင်ပန်းခဲ့ပါတယ်။ လူပင်ပန်းတာ ခံနိုင်ပေ မယ့် စိတ်ပင်ပန်းတာ ပိုပင်ပန်းပါတယ်။ မိမိနဲ့ မဆိုင်တဲ့အလုပ်ကူလုပ်ရတယ်။ ကိုယ်လုံးမသိတဲ့ အစိမ်းသက်သက် တွေလုပ်ရတဲ့တွက် စိတ်ပင်ပန်းတယ် မှားသွားမလား မှားရင်ကိုယ်တွက်လည်းသူတို့ မှာနှစ်နာပါတယ်။ လုပ်မယ့်သူ လည်းမရှိ ဒီလိုနဲ့ဝိုင်းလုပ်ပေါ့။ တခါတခါ ထိုင်ငိုခဲ့ရတဲ့ရက်တွေရှိတယ်။ မတရားခိုင်းရသလားလို့ ။ လူတိုင်းမှာ ကိုယ်နဲ့ထိုက်တန် တဲ့လာစာတော့မျှော်တက်ကြပါတယ်။ သိုသော် သူ့ မှာကလည်း မပေးနိုင်တာ အခက်ခဲ စဉ်းစားမိတော့လည်း စိတ်ပြန်ပြေသွားပြီးဆက်လုပ်ခဲ့ရသလို အဖေကိုတိုင်ငွေလိမ်ခံချိန် ခံစားမှူလေး သတိရလာပြီး ကိုယ်ချင်းစာမိတာလည်းပါတယ်။ ကိုယ်ပေါ်အလုပ်တစ်ခုခန့်တာ ကိုတကယ်လည်းကျေးဇူး တင်မိပါတယ်။ အလုပ်သမားနဲ့အလုပ်ရှင်လို မဆက်ဆံဖူး သားသမီးတစ်ယောက်လို သဘောထားတာကြောင့် မထွက်ရက်ဖူးဖြစ်ခဲ့ပါတယ်။ ဘာဖြစ်ဖြစ် ဒီရုံးမှာလုပ်ခဲ့တဲ့တလျှောက်လုံး နိုင်ထက်စီးပြုမူခဲ့တာမရှိဖူး။ တဦးကိုယ် တဦးလေးစားမှုရှိတယ်။ ဒါကြောင့်လည်း လစားမတိုးပေမယ့် စိတ်ချမ်းသာမှူရှိလို့ ဆက်လုပ်ပေး ဖြစ်ခဲ့တယ်။ ဒီလိုနေ့ နောက်ဆုံးသော နုတ်ဆက်ရမယ့်နေ့ လေး တစ်နေ့ ရောက်လာခဲ့ပါပြီ။ ရုံးလည်းပိတ်ပြီပေါ့။ ဒီနေ့ နောက်ဆုံးနေ့ ပါ။ သောကြာနေ့မှာပဲ ဒီရုံးကို စတင်ရောက်ရှိခဲ့သလို သောကြာနေ့မှာပဲ နောက်ဆုံး နှုတ်ဆက် ရမယ့်ရက်ဖြစ်ခဲ့ပြန်ပြီ။

ဦးတည်ချက်မတူတဲ့သူတစုတရုံးတည်း မှာဆုံခဲ့ကြတယ်။ ရာထူးမျိုးစုံ အလုပ်မျိုးစုံနဲ့  အချိန်တန်တော့ တယောက်တစ်နေရာ မိမိတို့ ဘဝခရီးဆက်ကြရမှာပါပဲ။ ဘဝဆိုတာ တစ်ဖက်မှာ ခွဲခွါပြီး တဖက်မှာတော့ အသစ်သစ်သောသူများနှင့် တွေ့ ဆုံကြ လောကကြီးရဲ့ သင်ခန်းစာ အသစ်သစ်တို့ ကိုသင်ယူရင်း အချိန်တွေ ကုန်သွားကြပါလား။ ဘဝနေမွန်းတည့်ချိန်ကတော့ရောက်ပြီ။ ရုန်းရင်းအချိန်ကုန်သွားမှာစိုးတယ်။ သွားမှန်း မသိသွားနေ မိတဲ့ဒီလမ်း ရောက်မှန်မသိတဲ့ချိန်ရောက်တော့မယ် အားသေးဖူး ပြောမရတဲ့ ဘဝနေ ဝင်ချိန်အတိ မရောက်ခင် မကုန်နိုင်သေးတဲ့ အလုပ်တွေကို မစွန့် လွှတ်နိုင်သေးတာလဲ ဒီစိတ်တစ်ခုတည်းပါပဲလား။ ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

၇ရက်သားသမီးများအားလုံးဘေးရန်ကင်းပြီးကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေ…



ကိုယ်ရောစိတ်ပါအေးချမ်းပြီး


သာယာချမ်းမြေ့ပါစေရှင်း

မိုး

5 comments:

  1.ွှTesting 1 2 3းD

    မန့် လို့ ရမရ သိချင်လို့းD

    မိုး

    ReplyDelete
  2. ;) ဒီလိုပါပဲပေါ့နော် .. တွေ့ဆုံနေတုန်း အကောင်းဆုံးနေထိုင်လုပ်ကိုင်သွားကြရုံပေါ့ ..
    စေတနာရဲ့ အကျိုးကိုတော့ ခံစားရမှာ မလွဲမသွေပါပဲ ..း)

    ReplyDelete
  3. စိတ်မကောင်းစရာ
    ညီမဆုံခဲ့တဲ့ အလုပ်ရှင်မျိုး ရှားတယ်နော်..
    ဒီလို တစ်ဖက်သားကို စာနာပေးတတ်တဲ့ အလုပ်ရှင်မျိုး ခုခေတ်မှာ ရှားလာပြီလေ..
    လုပ်နေကျ အလုပ်ကနေ နှုတ်ဆက်ခွဲခွာရတဲ့ အဖြစ်ဟာ တကယ်ကို စိတ်မကောင်းစရာနော်.. အစ်မလည်း ကြုံခဲ့ဖူးတယ်
    အဲဒီခံစားချက်က ဘယ်လိုမှန်းမသိဘူး
    မိုးလည်း အလုပ်သစ်မှာ အမြန်ဆုံးအဆင်ပြေပျော်ရွှင်ပါစေနော်

    ReplyDelete
  4. ဒီလို အလုပ်ရှင်မျိုးက ဒီဘက်ခောတ်မှာ ရှားသွားပြီ...

    ReplyDelete
  5. မိုးရေ....ဘာပဲပြောပြော မိုးကံကောင်းခဲ့ပါတယ်။ ပထမဆုံးအလုပ်မှာပဲ စိတ်ထားကောင်းတဲ့ အလုပ်ရှင်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ခဲ့ရတာကိုးးးးး....ဂျင်းဆို စိတ်သဘောထားဆိုးရွားတဲ့ အလုပ်ရှင်တွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့တွေ့ကြုံခဲ့ရတာ အလုပ်၂ခုဆက်တိုက်ပဲ....အခု ၃ခုမြောက်အလုပ်ကျမှ အဆင်ပြေသွားတာ....

    ReplyDelete