Saturday, February 13, 2010

အသဲထဲစွဲနေတဲ့ကဗျာလေး

ဖေဖော်ဝါရီ တစ်ဆယ့်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့  ပါ
တစ်ထောင့် ကိုးရာ တစ်ဆယ့် ငါး
ရှေ့ နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံကြံခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား
တစ်ထောင့်  ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့  ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့် ကိုး
ပြည်ထောင်စုရဲ့  ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ ဖခင်
ကောင်းစေချင်တဲ့  အမှာစကား
ငါတို့  မမေ့ အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။
ဒီကဗျာလေးဆိုရင်း ၀မ်းနည်းမိပါတယ်။

2 comments:

  1. အင်း... ဟုတ်တယ်... ဗိုလ်ချုပ်ဟာ အခုခောတ်လူငယ်တွေနဲ့ကော ရင်းနှီးသေးရဲ့လားဗျာ....း((

    ReplyDelete