Thursday, February 25, 2010

ခံစားချက်မှန်

အင်းခုတလော တော်တော်များများ အလွမ်းအဆွေးတွေပဲ ရေးနေကြလို့ 
မိုးလည်း အားကျမခံလိုက်ရေးချင် ပါတယ်။ ဒါပေမဲ့  ရေးမယ်ဆိုတော့ 
လည်းကိုယ့် မှာဘာဇတ်လမ်းမှမရှိ ခက်နေပြီပေါ့ ။

လူအမျိုးမျိုး အတွေးခေါ်မျိုးမျိုး အမြင်အမျိုးမျိုး ပေါ့ လေ။လူတိုင်းက ချစ်သူ
ထားတယ် ရှိခဲ့ တယ်။ ပျော်ခဲ့တယ် လွမ်းနေတယ် အသဲကွဲခဲ့ တယ် တစ်ဖက်
သက် အမျိုးမျိုးပေါ့ လေ။

ဒါပေမဲ့  ခုဖတ်ရမှာကတော့  အဲဒီလိုအမျိုးမျိုးထဲကတော့  မဟုတ်ပါဖူး။
မိုးကတော့  သူများတွေနဲ့ အမြင်ချင်းမတူတဲ့ နေရာမှာ ရှိတယ်ပြောရမှာပေါ့ 
မိုးက နည်းနည်းခေါင်းမာတဲ့ ထဲမှာပါတယ်။ ဘယ်သူဘာပြောပြော
ကိုယ်ခံယူချက် အတိုင်းနေတယ်။


ကြီးကျယ်တယ် ဂျေးများနေတာ အသဲနှလုံးမရှိဖူး ကျောက်ခဲကို
အရည်ညစ်တာထက်ဆိုးတယ် လူအမျိုးမျိုးဝေဖန်ခံရတာ သူတို့ ဝေဖန်တာ
သူတို့ သဘောပေါ့ လေ။လူတိုင်းမှာ မတူညီတဲ့  အမြင်တွေရှိတတ်တာပဲ။
ပြုံးပြုံးလေး နဲ့ ဘာမှပြန်ပြောလေ့မရှိဖူး။


တကယ်တော့  သာမန်မိန်းခလေးတစ်ယောက်ပါ။ ဘာမှကြီးကျယ်စရာ
အကြောင်းမရှိပါဖူး။ရှိနေတဲ့ အကြောင်းကတော့  သူများတွေရီစရာဖြစ်ချင်ဖြစ်
နေလိမ့် မယ်ပေါ့ နော်။


ဒီတစ်သက်မှာ ၁၅၀၀ မေတ်တာနဲ့  တစ်ယောက်တည်းပဲ ချစ်ချင်တယ်။
ချစ်ရမဲ့ သူနဲ့  လက်ထက်ရမဲ့ သူ တစ်ယောက်တည်းဖြစ်ချင်တယ်။
ဘ၀မှာ တစ်ခါမှ ဘယ်သူ့ ကိုမှမပြောဖူးသေးတဲ့  ချစ်တယ်ဆိုတဲ့ စကားကို ပြောရ
မဲ့ သူ တွေ့ ချင်လည်းတွေ့ မယ် တွေ့ ချင်မှလည်းတွေ့ မယ်ပေါ့နော်။


ဘယ်အရာကိုမှအတိကျ ပြောလို့ မှမရတာ။ အဲဒီသူဟာ ဘယ်သူလဲ
ဆိုတာ အသိဖူး မမြင်ဖူးသေးဖူး ဒါပေမဲ့  သူ့ အပေါ်မှာ ဘာလို့ သစ်စာတွေ
ထားနေမိတာလဲတော့ မသိဖူး ။ထူးတော့ ထူးဆန်းတယ် အဲဒီတစ်ဦးတည်းသော
သူတွက်ပဲ အဖြူစင်ဆုံးနဲ့ အသန့် ရှင်းဆုံး နှလုံးသားလေးကိုပေးချင်တယ်။
အိမ်မက်ထဲမှာတောင် မမြင်ဖူးတဲ့ ဖူးစာပေါ်မှာ ဘာလို့ ဒီလောက်ရူးသွပ်နေလဲ
တော့ မသိဖူး။ ဒီနေ့ တော့  ရင်ထဲက သိမ်းထားတဲ့ ခံစားချက်လေး ချရေးမိပြီ။

အားလုံးသာယာချမ်းမြေ့ပါစေနော်
မိုး

3 comments:

  1. မတူးဖော်ပဲထွက်လာတဲ့ခံစားချက်လေးတွေကိုဖတ်သွားခဲ့ပါတယ်။

    ReplyDelete
  2. ငါ့အစ်မလည်း စိတ်ကူးကရှယ်ပဲ... တထပ်တည်းကျနိုင်ပါစေဗျား.. ချစ်တဲ့သူနဲ့ လက်ထပ်တဲ့သူနဲ့.....း)))

    ခင်မင်တဲ့
    ဂျပန်ကောင်လေး

    ReplyDelete
  3. မိုးရဲ့ ဖူးစာဖက်က ဟောဒီ့ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာ ရှိနေမှာပါကွယ်။ အချိန်ကျလာရင်တော့ ဆုံတွေ့ကြဦးမှာ။း)

    ReplyDelete