Friday, May 14, 2010
တိမ်လွှာမို့ မို့ လွင်
မားမားမက်မက်ကြီးရေးးးးးး
မိုးနောက်ကျမှတင်လို့ တော့ကြိုပြီးတောင်းပန်ပါရစေနော်..........
မိုးကရှေးသီချင်းတွေ သိပ်နားထောင်လေ့ မရှိဖူးပါဖူး။ ဒါပေမဲ့ ကြိုက်တဲ့သီချင်းတွေတော့ရှိပါတယ်။
မိုးပထမတင်ဖို့ စဉ်းစားထားတာက တကျော့ နှစ်ကျော့ တေးကိုသီ အန်တီမြ သီချင်းလေးတင်မလို့ ပါ။
ညီမလေးမြက ဦးသွားလို့။ အဲဒီသီချင်းကို ငယ်ငယ်လေးတည်းကလည်းကြိုက်တယ် မောင်လေးတွေကို လည်းအဲဒီသီချင်းလေးနဲ့ သိပ်ဖြစ်လို့လေ။ဒါပေမဲ့စားသားကတော့ ကိုယ်ပိုင်စာသားလေးနဲ့ဆိုတာပေါ့ မောင်လေး ရယ်အိပ်ပါတော့  မမကြီးကတမော့မော့ အဲဒီလိုလေးဆိုတာလေ။
ဒုတိယ ကြိုက်နှစ်သက်တာက တိမ်လွှာမို့ မို့ လွင်ပါ။ ငယ်ငယ်တည်းက အဲဒီသီချင်းက ပါးစပ်ထဲရောက်ရောက် နေတာလေ။ ဆိုလို့ လည်းကောင်းတယ်။ နောက်ပြီးကြိုက်လည်းကြိုက်တယ်။
မိုးက အန်တီမြဆိုတာကြိုက်လို့ ရှာတာ မတွေ့ လို့ ကြာသွားတာ ခုဦးရန်လေးကိုပဲ တင်ပေးလိုက်ပါတယ်နော်။
တိမ်လွှာမို့ မို့ လွင်
ပြာရီမှိုင်းကာမို့ မို့  ညို့ ညို့ ညိုလွင်
ညှင်းလေပြည်သွေးလို့ သာ ဖေးမကူချင်
တိမ်လွှာကလေးတွေပြေးကာ တရွေ့ ရွေ့ ယူငင်
ပြုံးလှောင်ကာငြိုးဝင့်မို့  မိုးပစ်စုန်ရှင်
ပြာရီမှိုင်းကာမို့ မို့  ညို့ ညို့ ညိုလွင်
ညှင်းလေပြည်သွေးလို့ သာ ဖေးမကူချင်
တိမ်လွှာကလေးတွေပြေးကာ တရွေ့ ရွေ့ ယူငင်
ပြုံးလှောင်ကာငြိုးဝင့်မို့  မိုးပစ်စုန်ရှင်
သဲသဲမဲမဲ ရွာလိုက်မယ်ပဲဟန်တွေဆင်
ဖော်နဲ့ ဝေးတဲ့သူမှာ အဆွေးသာပိုချင်
သဲသဲမဲမဲ ရွာလိုက်မယ်ပဲဟန်တွေဆင်
ဖော်နဲ့ ဝေးတဲ့သူမှာ အဆွေးသာပိုချင်
လွမ်းစေကျွမ်းစေအောင်ပင် သဲကာရွှေမိုးငြိုးတော့တယ်…
တင်စားလို့ ရယ်ငြိုငြင်ပြောလိုက်ချင်
ဖြေဆည်မရွှင် တစ်ကိုယ်တည်းအားနည်းသည်တွင်
မိုးသက်လေကလေးပွေလေအောင်ဖန်ချင်
တမ်းတယောင်မှန်းဆမြင်
နွမ်းလျအောင် လွမ်းရဆင်
မြင်လှည့်ချစ်သူရယ်ခင်
ပြာရီမှိုင်းကာမို့ မို့  ညို့ ညို့ ညိုလွင်...
ပြာရီမှိုင်းကာမို့ မို့  ညို့ ညို့ ညိုလွင်
ညှင်းလေပြည်သွေးလို့ သာ ဖေးမကူချင်
တိမ်လွှာကလေးတွေပြေးကာ တရွေ့ ရွေ့ ယူငင်
ပြုံးလှောင်ကာငြိုးဝင့်မို့  မိုးပစ်စုန်ရှင်
ပြာရီမှိုင်းကာမို့ မို့  ညို့ ညို့ ညိုလွင်
ညှင်းလေပြည်သွေးလို့ သာ ဖေးမကူချင်
တိမ်လွှာကလေးတွေပြေးကာ တရွေ့ ရွေ့ ယူငင်
ပြုံးလှောင်ကာငြိုးဝင့်မို့  မိုးပစ်စုန်ရှင်
သဲသဲမဲမဲ ရွာလိုက်မယ်ပဲဟန်တွေဆင်
ဖော်နဲ့ ဝေးတဲ့သူမှာ အဆွေးသာပိုချင်
သဲသဲမဲမဲ ရွာလိုက်မယ်ပဲဟန်တွေဆင်
ဖော်နဲ့ ဝေးတဲ့သူမှာ အဆွေးသာပိုချင်
လွမ်းစေကျွမ်းစေအောင်ပင် သဲကာရွှေမိုးငြိုးတော့တယ်…
တင်စားလို့ ရယ်ငြိုငြင်ပြောလိုက်ချင်
ဖြေဆည်မရွှင် တစ်ကိုယ်တည်းအားနည်းသည်တွင်
မိုးသက်လေကလေးပွေလေအောင်ဖန်ချင်
တမ်းတယောင်မှန်းဆမြင်
နွမ်းလျအောင် လွမ်းရဆင်
မြင်လှည့်ချစ်သူရယ်ခင်
မှိုင်းပြာရီညို့  တိမ်လွှာမို့ မို့ လွင်....
မားမားမက်မက်ကြီးရေးးးးးးးးးးးးးးးးးးးးးး သာယာချမ်းမြေ့ပါစေနော်
စာလာဖတ်များအားလုံးအပြင် တလောကလုံးလည်း ကျမ်းမာချမ်းသာကြပါစေရန်တောင်းဆုပြုလျှက်
သာယာချမ်းမြေ့ပါစေနော်
မိုး
9 comments:
  1. နောက်ကျတော့လည်း ရန်အောင်ပဲ ဖစ်တွားတာပဲ .. :D
    ဂွတ်ထ
    မိုးခါး
    ReplyDelete
  2. ဒီသီချင်းလဲကြိုက်တယ်။
    ReplyDelete
  3. မဇွန်..ဒီကားကို အရမ်းကြိုက်တာ။ သီချင်းလည်း ကြိုက်တယ်။ ၀င်းဦးဆိုတာ ပိုကြိုက်တယ်။း)
    ReplyDelete
  4. မိုးရေ...သီချင်းလေး လာနားထောင်သွားတယ်...အင်ကြင်းလည်း မဇွန်လိုပဲ ၀င်းဦးဆိုတာကို ပိုကြိုက်တယ် :)))
    ReplyDelete
  5. အဲသီချင်းကိုကြိုက်တယ်.....
    ReplyDelete
  6. ငယ်ငယ်တုန်းကတည်းက ကြားဖူးတဲ့သီချင်းလေးကို ခုလိုမျှဝေပေးတာ ကျေးဇူးပါပဲ မိုးရေ.....
    ခင်တဲ့(ချိုကျ)
    ReplyDelete
  7. ပုံမှန်(ဆင်တဲကဖေး)May 16, 2010 at 6:59 PM
    ဒီသချင်းကိုဝင်းဦးဆိုတာ အရမ်းကြိုက်တယ် မိုးလည်းဆိုချင် ဆိုကြည့်လေ ကောင်းမကောင်းဆုံးဖြတ်ပေးမယ်(နောက်တာနော်)
    ReplyDelete
  8. ဘယ်တော့မှ မရိုးနိုင်တဲ့ ကိုဝင်းဦးအလွမ်းပြေပါပဲ။ မြန်မာတည်သ၍ တည်နေမယ့် သီချင်းပါပဲလေ...
    ReplyDelete
  9. ပထမဆုံးအလွတ်ကျက်ပြီးဆိုဖူးတဲ့ သီချင်းလေးလေ.. မှတ်မိသေးတယ်.. ၂တန်းလောက်တုန်းကပေါ့..
    ReplyDelete