Monday, May 10, 2010

တစ်သက်စာ ကျေးဇူးပါ အမေ


အမေ လို့  ရင်ထဲက ခေါ်လိုက်မိရင် ဝမ်းနဲ့ လွယ်ပြီးမွေးခဲ့တဲ့ အမေ ရယ် ငယ်ငယ်တည်းက ပြုစုစောင့်ရှောက်ခဲ့တဲ့ အမေနဲ့ ထပ်တူထပ်မျှ ချစ်ရတဲ့ အဒေါ်ရယ် မိုးခေါင်းထဲ တစ်ပြိုက်တည်း ဝင်ရောက်တတ်ပါတယ်။မိုးက အဒေါ်ကိုလည်း အဒေါ်လို့ မဒေါ်ပဲ အမေလို့ ပဲခေါ်ပါတယ်။

အမေ အမေဟာ သားသမီးကို ဘယ်တော့မှမျက်နှသာပေးမဆက်ဆံဖူးဖူး ဒါကြောင့် လောကကြီးက မျက်နှာသာမပေးတဲ့ အကြောင်းတွေနဲ့ တွေ့ တဲ့ခါမှာ သမီးအရာရာကို ရင်ဆိုင်နိုင်ခဲ့တယ်။ ဒီလိုရင်ဆိုင်နိုင်အောင် လေ့ကျင့် ပေးခဲ့တဲ့ အမေ့ကို တစ်သက်စာ ကျေးဇူးပါ အမေ...

အမေရဲ့  ဂရုစိုက်မှုတွေ အမေ့ရဲ့ သွင်သင်ဆုံးမမှုတွေတွက် တစ်သက်စာ ကျေးဇူးပါ အမေ...

အရာရာကို အနစ်တကျ လုပ်တတ်ကိုင်တတ်အောင် နည်းစနစ်ကျကျသင်ပေးတတ်တဲ့အမေ သင်ပေးပြီးတိုင်းဒါတစ်သက်စာနော် လို့ ပြောတတ်တဲ့အမေ့ကို ဒီတစ်သက် ကျေးဇူးပါ အမေ...

သမီးလိုအပ်တယ်ဆိုရင် အရာရာ ကို အမြန်ဆုံးဖြည့်ဆည်းပေးတတ်တဲ့ အမေ့ကို တစ်သက်စာ ကျေးဇှူးပါအမေ...

အမေ အမေက တည်တယ် စိတ်ကြီးတယ် ဒေါသကြီးတယ် ဒါကြောင့်အမေ့နားသိပ်မကပ်ရဲဖူးပေါ့

ဒါကြောင့် အဒေါ်နားပဲကပ်တဲ့ သမီးကို အမေ့ ကိုမချစ်ဖူးအမေထင်ချင်ထင်လိမ့်အမေ ဒါပေမဲ့

သမီးရင်ထဲက အမေ့နေရာဟာ သမီးအသက်သေဆုံးသွားတဲ့အထိ ဘယ်သူမှ အစားထိုးမရဖူး ပြောင်းလဲမသွားဖူး ပျောက်ပျက်မသွားပါဖူး အမေ့ကို သက်ဆုံးတိုင် ချစ်နေမယ် ကျေးဇူးလည်းတင်နေမဲ့ အမေရဲ့ သမီးပါ။




အမေ့ ကို လေးစားလျှက် ဒီနေရာကနေ အရိုအသေကန်တော့လိုက်ပါတယ် အမေ...

သမီး အမေ့ကို သိပ်ချစ်ပါတယ်။

စာဖတ်သူများအပြင် တစ်လောကလုံး သာယာချမ်းမြေ့ကြပါစေရန် ဒီနေရာလေးကနေ တောင်းဆုပြုပါတယ်ရှင်းးးးးးးး.........

သာယာချမ်းမြေ့ပါစေနော်

မိုး

















7 comments:

  1. အမေ့မျက်နှာ မာချင်မာ၊တင်းချင်တင်းပါစေ သားသမီးကိုချစ်တဲ့ အမေ့အသည်းနှလုံးကတော့ နူးညံ့ပျော့ပြောင်းနေမှာ အမှန်ပါ .. .

    ReplyDelete
  2. အမေ့ကျေးဇူး အမြဲအောက်မေ့သတိရတဲ့ မိုး ဘယ်တော့မှ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ မဖြစ်ဘူးဆိုတာ ယုံနော်။

    ကမ္ဘာပေါ်မှာ ရှိရှိသမျှအမေအားလုံး ကျန်းမာပျော်ရွှင်ပါစေ။ :)

    ReplyDelete
  3. အားလုံးသာယာချမ်းမြေ့ပြီး အမေ့ရင်ခွင်ဆီကို အမြန်ပြန်နိုင်ကြပါစေ ...

    ReplyDelete
  4. ခုတလော ကျွန်တော်လည်း စိတ်ထဲမှာ အမေကို စကားတွေပြောနေမိတယ်။ ဒီပို့စ်လေးဖတ်မိတော့ အမေကို ပြေးတွေချင်မိတယ်။ အမေအပါအ၀င် သားသမီးတို့ရဲ့ အမေများ ကျန်းမာပျော်ရွှင်ပါစေ...။
    မိုး ရေ ကျေးဇူးနော်...

    ReplyDelete
  5. ခုတလော ရန်ကုန်ပြန်ချင်နေတာ
    အမေများအားလုံး ကျန်းမာ ပျော်ရွှင်ပါစေ ...

    ReplyDelete
  6. မိုးမေမေကို မိုးဒီလောက် ချစ်တယ်ဆိုတာကို မိုးရဲ့မေမေတစ်ယောက် အမြန်ဆုံးသိပါစေ...

    မိုးလည်းပျော်ရွှင်ချမ်းမြေ့ပါစေ...

    ReplyDelete
  7. အမေနေ့မှ အမေကိုသတိရတာမဟုတ်ကြပေမယ့် ဒီနေ့လေးနဲ့ အမေ့အကြောင်းလေး ရေထားတာဖတ်ရတော့ ပိုလွမ်းမိတယ်ဗျာ....
    ခင်တဲ့(ချိုကျ)

    ReplyDelete