Friday, June 18, 2010

အဖေ

လောကကြီးမှာ မိုးအချစ်ရဆုံးသူဟာ ဘယ်သူလည်းမေးရင် ငယ်ငယ်တည်းက ဘယ်ချိန်မေးမေး အမြဲတမ်းလ စဉ်းစားစရာမလိုပဲ ချက်ချင်းဖြေနိုင်တာ အဖပါပဲ။ အမေနဲ့ အဖေ ယှဉ်လာရင် အဖေ့ကို ပိုပြီးဦးစားပေးဖြစ်တယ်။ အဖေ့ဘက်ကိုပိုနားလည်ပေးနေမိတယ်။ အဖေ နဲ့ အမေက ဘဝဖြတ်သန်းပုံခြင်းမတူတဲ့အတွက် အဖေ့ကို သနားပြီး ပိုချစ်တယ်။ အဖနဲ့ ပက်သက်ရင် အရာရာ စိတ်ဆိုးလို့ မရဖူး အလိုလို နားလည်ပေးတတ်လို့ အမေက သိပ်ကြည့်မရတာတော့အမှန်ပါပဲ။ အမေကိုဆို စိတ်ဆိုးမိတာတွေရှိခဲ့မိလို့ ပါ။ အဖေက ဆုတာမပြောနဲ့ အသံကျယ်ကျယ်နဲ့  မပြောဖူးဖူး ။ အမေဆူရင်တောင် သမီးရယ် အမေ စိတ်ချမ်းသာအောင်နေပေးလိုက်ပါ။ သမီးအမေကြောင်းလည်းသိသားနဲ့  ဒီလောက်ပဲ ပြောလေ့ရှိတဲ့ အဖေ့ရဲ့  ဂရုဏာသံလေးနဲ့  ခေါ်ခေါ်နေတဲ့ သမီးဆိုတဲ့ အသံလေးကို အရမ်းသတိရနေမိပါတယ်။

အဖ

ဘဝမုန်တိုင်းဒဏ်နဲ့  တွေ့ ကြုံရတိုင်း အဖေ ဘယ်လိုများဖြတ်သန်းခဲ့သလဲလို့  သမီးအမြဲတမ်း တွေးမိတာက အဖေပါ။
ဝမ်းနည်းကြေကွဲမှုတွေနဲ့ ကြုံတိုင်း အဖေ ဘယ်လိုများဖြတ်သန်းခဲ့သလဲလို့  သမီးအမြဲတမ်း တွေးမိတာက အဖေပါ။
အထီးကျန်မှုတွေနဲ့ ကြုံတိုင်း အဖေ ဘယ်လိုများဖြတ်သန်းခဲ့သလဲလို့  သမီးအမြဲတမ်း တွေးမိတာက အဖေပါ။
စိတ်ဓါတ်တွေကျပြီး အားငယ်နေချိန်တိုင်း အဖေ ဘယ်လိုများဖြတ်သန်းခဲ့သလဲလို့  သမီးအမြဲတမ်း တွေးမိတာက အဖေပါ။

အဖေရယ် သမီးတို့ တွက်တော်တော် ပင်ပန်းခဲ့မှာပဲနော် ဒီလိုမျိုးတွေ မခံစားစေချင်ဖူးး သားသမီးတွေကို နိုင်ငံခြားဆိုတာကို မပို့ ချင်ခဲ့ပေမဲ့ တကယ်တန်းသားသမီးတွေရဲ့  ဆန္ဒကို လိုက်ရောပေးခဲ့တဲ့အဖေ။့ အဖေရဲ့  ခွင့်လွတ်နိုင်ဖို့ အကြောင့်ပြချက်ရှာနေတတ်တဲ့စိတ်၊ သည်းခံနိုင်ဖို့ မျိုသိပ်မှုတွေကို မွေးမြူတတ်တဲ့စိတ်တွေနဲ့  သားမီးတွေကို နားလည်ခွင့်ပေးခဲ့လို့  သားသမီးတွေကို ဘယ်တော့မှ စိတ်ဆင်းရဲ ဝမ်းနည်းမှုမပေးချင်တဲ့  မိဘရဲ့ မေတ္တာ တရားဟာ ကျေးဇူးကြီးမားလှပါတယ်။

အဖေ့ရဲ့  ချွေးနဲ့စာတွေကို လိမ်ခဲ့သူပေါ်မှာတောင် သမီးရယ် သူလည်းဘယ်လိမ်ချင်ပါ့မလဲ မရှိလို့ဖြစ်မှာပေါ့လို့  ပြောခဲ့တုန်းက အဖေ့ရဲ့ သည်းခံခွင့်လွတ်တတ်မှုအပေါ်မှာ မိုးနားမလည်ခဲ့တာအမှန်ပါ။ အဲဒီလောက်တောင်ပဲ ရိုးရသလားအဖေရယ် လို့ တွေးမိပါတယ်။
မိုးက တန်ဖိုးထားတာ ငွေးကြေးမဟုတ်ဖူး အဖေဒီငွေကြေးတွက် ပေးဆပ်လိုက်ရတဲ့ ငယ်ရွာယ်စဉ်မှာ မိသားစုတွေနဲ့ ဝေးကွာ အထီးကျန်ပြီးဖြတ်သန်းခဲ့တဲ့ အချိန်တွေ ကိုပါ။

ငယ်ငယ် က အဖေနဲ့ ဖုန်းပြောဖြစ်ရင် အဖေ့သံကြားတာနဲ့ မျက်ရည်ဝဲရပြီး အဖေဘယ်တော့ပြန်လာမှာလဲ ပဲအမြဲ မေးတတ်တဲ့မိုးကို လာမှာပေါ့ခုအဖေရှာတာ သမီးတို့ တွက်ပဲ ကျန်းမာရေးဂရုစိုက်ဖို့  ဘာလိုချင်လဲ ပဲအမြဲမေးတတ်တဲ့အဖေ ခု အဖေနဲ့  ဖုန်းပြောဖြစ်တော့လည်း ကျန်းမာရေး ဂရုစိုက်ဖို့ နဲ့ စာရေးဖို့ ပဲတောင်းဆိုမိတဲ့အဖေ အဖေက အမြဲယုံကြည်တဲ့ဘက်က နေပေးသလို မိုးမှာ အားတက်ခဲ့ရလို့ အမေက မဖြစ်နိုင်တဲ့ဘက်က တွေးလို့ မခံချင်စိတ်နဲ့ ကြိုးစားခဲ့ရတဲ့ ယခုလက်ရှိ ဘဝလေးမှာ မိဘကျေးဇူးတွေပါပဲ။ နောက် အဒေါ် ၊ ဦးလေး တွေရဲ့  အားပေးမှုတွေ ကလည်း မိုးတွက် အင်အားတွေအပြည့်နဲ့ ပေါ့။

အဖေဆုံးမတာတွေ ပြန်စဉ်းစားရင် သိပ်မများပါဖူး။ကျန်းမာရေးကို ဂရုစိုက်ပြီး ဘဝကို မြင့်တင်မှုမှာ ရိုးသားကြိုးစားဖို့ နဲ့  ဘဝင်မမြင့်ဖို့  ဘုရားတရားမမေ့ဖို့  ဒါပဲဆုံးမခဲ့ဖူးပါတယ်။

ငယ်ငယ် က မိုးကျန်းမာရေးမကောင်းလို့  ၁၀တန်း တောင်မဖြေစေချင်ခဲ့ဖူး သမီးကျမ်းမာပြီး အသက်ရှင်ဖို့ ပဲ အဖေ့တွက်လိုအပ်တယ် အဖေပြောခဲ့သလိုပါပဲ ခုလည်း သမီးတို့  မိဘကျေးဇူးဆပ်ခွင့်ရဖို့ အဖေကျန်းမာပြီး သက်ရှည်နိုင်ပါစေလို့ တောင်းဆုပြုမိပါတယ်။

စာဖတ်သူများအားလုံးအပြင် တလောကလုံးလည်း ကျမ်းမာပျော်ရွှင်ပြီး စိတ်အေးချမ်းပြီး သာယာချမ်းမြေ့တဲ့ဘဝကို ပိုင်နိုင်ကြပါစေရှင်းးး သာယာချမ်းမြေ့ပါစေနော်
မိုး






























7 comments:

  1. အိမ်အသစ်လေးနဲ့ပါလား မိုးရ။း)

    အစ်မက အမေ့ကို ပိုနားလည်တယ်ပြောရမယ်။ ခုကြီးတော့ အဖေ့မေတ္တာတွေ အရင်ကထက် ပိုနားလည်လာတယ်။

    မိဘကျေးဇူးသိတတ်တဲ့ မိုးတစ်ယောက် အစစအရာရာ အဆင်ပြေပျော်ရွှင် ချမ်းမြေ့စွာနဲ့ ဘဝကို အခက်အခဲမရှိ ဖြတ်ကျော်နိုင်ပါစေကွယ်။

    ReplyDelete
  2. ရပြီ ..
    ကြီးလာတော့ သိသိလာတာ တူတူပါပဲလို့
    ငယ်ငယ်ကတော့ ဖေကြီးကို ပိုတယ် ..း)

    ReplyDelete
  3. ထူးထူးခြားခြား...အမေထက် အဖေ့ကို ပိုချစ်တာအခုမှ တွေ့ဖူးတယ်...း)).. အဖေချစ်တဲ့ မမိုး... အဖေ့ကို ပြုစုစောင့်ရှေက်နိုင်ပါစေဗျာ...


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  4. မိုးရေ....မိုးနဲ့ဂျင်းနဲ့တူတယ်။ အဖေကို နဲနဲပိုချစ်တယ်။ အင်း....ဒါပေမယ့် ခုတော့ အဖေနဲ့အမေအတူတူဖြစ်သွားပါပြီ။း))

    ReplyDelete
  5. ကိုယ်လည်း အဖေ့ကို ပိုပြီး အလေးအနက်ထားတယ်။
    အဖေက ကိုယ့်ဘ၀မှာ အဓိက အခန်းကဏ္ဍပဲ။

    ReplyDelete
  6. မိုးရေ....စာလေးကိုဖတ်ရင်း ထပ်တူထပ်မျှနားလည်ပေးခဲ့ပါတယ်။ ပြီးတော့ စာဖတ်ရင်း လေးဖြူရဲ့ အဖေသီချင်းကိုလည်း သတိရမိတယ်ဗျာ။
    မိုးတစ်ယောက်ပျော်ရွှင်ပါစေနော်.....ခင်တဲ့(ချိုကျ)

    ReplyDelete
  7. မမိုးရေ...
    အဖေနဲ့ပတ်သက်တဲ့ပို့စ်လေးကို
    မျှဝေခံစားသွားပါတယ်နော်....

    ReplyDelete