Wednesday, June 30, 2010

သို့ 

မိုးရဲ့ စာတွေကို အချိန်ပေးပြီး လာဖတ်ကြသော လူကြီးမင်းများအားလုံးကို ဒီနေရာကနေပဲ အထူးကျေးဇူးတင် ကြောင်းပြောပြပါရစေ။ မိုးက အရင်က စာပေတွေသိပ်ဖတ်လေ့မရှိဖူးဖူး။ စာပေနဲ့ပက်သက်ပြီး ဗဟုသုတ တော်တော်နည်းပါတယ်။

စာရေးစာဖတ် အလွန်ပျင်းတဲ့သူထဲမှာ မိုးပါ ပါတယ်။ ဒါပေမဲ့ မိုးစိတ်ဝင်စားတဲ့စာတွေတော့ ဖတ်ပါတယ်။
အိမ်မှာ စာအုပ်တွေကို အရမ်းချစ်မြတ်နိုးတန်ဖိုးထားတတ်သူ ရသမျှစာအုပ်ဖိုးနဲ့ကုန်တဲ့ ဦးလေးတစ်ယောက် ခုတော့ဘုန်းကြီးဝတ်သွားဦးလေးအစား နှမောမိတယ်။ မစားရဲ့ မသောက်ရဲ့ နဲ့စာအုပ်တွေဝယ် ခုတော့အကုန် ထားသွားပြီလို့ပေါ့။ အမှန်က အဲဒီစာအုပ်တွေက အသိဥာဏ်တွေပေးတာကို ထည့်မတွက်ပဲပေါ့ပေါ့ လေး ပြောလိုက်မိခဲ့ပါတယ်။

မောင်လေးကျတော့ ကျောင်းစာကျက်ဖို့ ပျင်းပေမဲ့ စာဖတ်တာတော့တော်တော်ဝါသနာပါတဲ့သူပေါ့။တစ်ခါ မောင် လေး၁၀တန်းတုန်းကပါ ဆရာဖေမြင့်ရဲ့ နှလုံးသားအဟာရ စာအုပ်ကိုဖတ်ပြီး စားပွဲပေါ်တင်ထားတာ မိုးက အရှေ့ မျက်နှာဖုံးက နှလုံးသားအဟာရကို တွေ့ ပြီး ခေါင်းတွေပူပြီး မောင်လေးကို ဒေါသဖြစ်ဖူးတယ်။ နှလုံးသားဆို တော့ လူက၁၀တန်းပဲရှိသေးတယ် ဒါတွေစိတ်ဝင်စားနေပြီလားပေါ့။အဲဒီလောက် လည်း အသုံးက မကျ ဖူးတာပါ။ စာလည်းသေချာမဖတ်ပဲနဲ့ပေါ့။ နောက်မှ သူ့စာအုပ်ယူဖတ်တော့ မိုးတော်တော် နှစ်သက်သွားပါတယ်။ နောက်မှ စိတ်မကောင်းဖြစ်သွားတယ်။ အထင်လွဲသွားလို့ပေါ့။

နောက် မိုးနဲ့ အမေ က အယူဆတွေမတူဖူး ဒါကြောင့် ဆူခံထိတာများပါတယ်။ ဆူခံရတိုင်း ဆရာတော်ဦးဇောတိက စာအုပ်တစ်အုပ် ဖတ်လေ့ရှိပါတယ်။ စာအုပ်ခေါင်းစဉ်ခုစဉ်းစားမရပဲမေ့နေပြီ။ အဲဒီစာအုပ်ဖတ်ရင် စိတ်ထဲမှာ အားအင်ရှိသွားသ လိုပါပဲ။ အဲစာအုပ်လေးကို အရမ်းလည်းနှစ်သက်တယ်။ ဘယ်ချိန်ဖတ်ဖတ် ဘယ်လောက်ဖတ်ဖတ် မဝနိုင် တဲ့စာအုပ် လေးပါ။ အဲဒီစာအုပ် မဖတ်တာ ၂နှစ်ရှိနေပါပြီ။
ငယ်ငယ်တည်းက ခုထိ ဝတ္ထှုဆိုတစ်ခါမှ မဖတ်ဖူးဖူး အဲဒီအထူကြီးကြည့်ပြီး ပျင်းသွားတာပါ။ နောက် မဂ္ဂဇင်းဆိုလည်း ဟိုကြည့်ဒီကြည့်နဲ့ပေါ့ သေချာကိုးဖတ်ဖို့ စိတ်မဝင်စားတာပါ။ရှင်းရှင်းပြောရမယ်ဆိုရင်တော့ စာဖတ်တော်တော်ပျင်းတာပါ။ ဝင်ခံပါကြောင်း။

စာရေးရင်စာလုံးပေါင်းကလည်း အရမ်းအရမ်းကိုမှားတာပါ။ ကျန်တာက ပိုဆိုးပါတယ်။ တစ်ခါ အက်စီးဒန့် ဖြစ်လို့  စိတ်မကောင်းကြောင့်ရေးတာ “မ”ကျန်ခဲ့တာ စိတ်ကောင်းတယ် ဖြစ်သွားလို့  တော်တော်မျက်နှာပူခဲ့ဖူးပါတယ်။ မိုးမှာ မေ့တတ်တဲ့အကျင့် ရှိပါတယ်။ အရမ်းမေ့တတ်တဲ့ရောဂါက လည်းတော်တော်ဆိုးပါတယ်။ ဒါနဲ့ကိုယ်ကိုကိုယ်သတိထားလိုက်တာ လွန်ပြီး ဘက်ဒေးရက်ကို တစ်လကြိုပြီး သွားဆုတောင်းပေးမိပါတယ် ။ အမှန်တော့ ကိုယ်ကိုကိုယ်မေ့နေတယ် ထင်တာ နောက်တော့ တစ်လစောနေတော့ ဂျင်းကပြောပါတယ် မိုးရယ်ရေး လိုက်ပါတဲ့ မိုးနဲ့ အလွဲများလို့  တဲ့....

ငယ်ငယ်ကခေါင်းကို ဒဏ်ရာကြီးကျယ် ၂ ခါရဖူးတာကြောင့်လို့ အကြောင်းပြတတ်ပေမဲ့ အမှန်တော့ ပေါ့တယ်ခေါ်တာပေါ့။ အမေကအမြဲပြောပါတယ် ခပ်ပေါ့ပေါ့နဲ့  အဲဒီပေါ့တဲ့အကျိုးတနေ့ သိလိမ့်မယ်ပေါ့။ ပြင်နိုင်အောင်ကြိုးစားတုန်းပါ။ မေ့တာထက် ကြောင်တောင်လည်းကန်းသေးပါတယ်။ တစ်ခုခုကို ကိုယ်ရှေ့မှာ ရှိနေပေမဲ့ မမြင်တတ်ဖူးပေါ့ လိုက်ရှာလို့ မပြီးတော့ဖူး။ သွားခါနီးလာခါနီးဆို တစ်ခုခု ပျော်တတ်တယ်။ အဆောင်ကညီမတွေကတော့ မိုးကြောင်းတော်တော်သိနေပါပြီ။
စာရေးစာဖတ်တော်တော်ပျင်းတဲ့မိုး ခုတော့ စာရေးစာဖတ်ရတာလည်းပျော်နေပါပြီ။ တစ်ချို့ ပိုစ့်တွေက မိုးအတွက်
စိတ်ဓါတ်ကို ခွန်အားဖြစ်စေသလို တချို့ ပိုစ့်တွေက ဗဟုသုတတွေ အသိဥာဏ်တွေ တိုးစေသလို တချို့ ပိုစ်တွေက ပျော်ရွှင်မှုကို ခံစားရပါတယ်။ တချို့ုပိုစ်တွေက သဘာအသိတ ရားလေးတွေ နဲ့ပေါ့။ ခောတ်မီတဲ့ နည်းပညာ တွေ တင်ပေးတဲ့သူနဲ့၊ဝမ်းနည်းစရာဆိုလည်း မျှဝေခံစားခွင့်ရတာကိုပဲ ကျေနပ်မိပါတယ်။ ဒါကြောင့် မိုးလည်းစာ ရေးသူတွေကို အထူးကျေးဇူးတင်ပါတယ်လို့ ဒီနေရာကပြောပါရစေ။

အားလုံးကျမ်းမာပျော်ရွှင်ပြီး သာယာချမ်းမြေ့တဲ့ဘဝကိုပိုင်နိုင်ကြပါစေရှင်းးးးးးးး
သာယာချမ်းမြေ့ပါစေနော်
မိုး









7 comments:

  1. ဟယ်...ကြည့်ဦး မွေးနေ့ကိုလည်း သူများထက်ဦးအောင် တစ်လကြိုပြီး ဆုတောင်းလည်း ပေးရသေးတယ် မိုးကိုများ ''ရေးလိုက်ပါ.... မိုးနဲ့ အလွဲများ''လို့  ဘယ်သူကများ ပြောသွားတာလဲ ပြောစမ်းဘာ၊ ပြောစမ်းဘာ...:D


    ဂျင်း

    ReplyDelete
  2. ဘလောဂ့်ရဲ့ အကျိုးကျေးဇူးလေးတွေထဲက တစ်ခုပေါ့နော်။ မိုးလို စာသိပ်မဖတ်ခဲ့တဲ့သူက ခုလိုဘလော့ဂ်တွေ လိုက်ဖတ်ပြီး သုတရသ ခံစားချက်ပေါင်းစုံ ရသွားတယ်ဆိုလို့ မဇွန်ဝမ်းသာမိတယ်။

    မဇွန်ပို့စ်တွေကို မှန်မှန်လာဖတ်တဲ့အတွက်လည်း မိုးကို ကျေးဇူးတင်ပါတယ်လို့။း)

    ReplyDelete
  3. ပေါ့တာချင်းတူနေတယ်မိုးရေ....:) စာဖတ်ဝါသနာပါသွားတယ်ဆိုတော့ blog လေးကိုကျေးဇူးတင်ရမှာပေါ့နော်...။

    ခင်တဲ့(ချိုကျ)

    ReplyDelete
  4. စာတွေ အမြဲရေးနိုင် ဖတ်နိုင်ပါစေဗျာ...


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  5. စာဖတ်ဝါသနာပါတဲ့ မိုး..
    စာတွေ ဆက်လက် ရေးနိုင်ပါစေမိုးရေ..။
    ခင်မင်တဲ့..။

    ReplyDelete
  6. ဆက်ဖတ်ပါ ဆက်ရေးပါ အားပေးလျှက်
    ပျော်ရွှင်ချမ်းမြေ့ပါစေ၊

    ReplyDelete
  7. ကြောင်တောင်ကန်းတာ တူတယ်
    ညီမအထင်တော့ အာရုံမရှိတာဖြစ်မယ် .. :P

    မိုးခါး

    ReplyDelete