Thursday, October 14, 2010

၂၄ နာရီမှာ ?

ကျွန်ုပ်သည် မအိုသော်လည်း
နာရမည်

ကျွန်ုပ်သည် မနာသော်လည်း
သေရမည်မှာမလွဲ

(လွန်ခဲ့တဲ့ သုံးပတ်လောက်ကဆုံးသွားတဲ့အမဝမ်းကွဲတွက် ခံစားပြီးရေးမိတဲ့ကဗျာလေးပါ။) အသက် ၃၀ ကျော်ပါ။ ကင်ဆာဆိုတာပဲသိလိုက်ပါတယ်။ ဆက်မေးဖို့ လည်းခွန်အား မရှိ တော့ပါ။ဒီရက်ပိုင်းမိုးကိုယ် တိုင်လည်းနေမကောင်းတာကြောင့် အွန်လိုင်းလည်းမတက်ဖြစ်တော့ ဒီတနင်္ဂနွေကမှသိခဲ့တာပါ။ သေရင်တော့ ကိုယ့်နောက်ဘာမှမပါဖုးဆိုတာမှန်သော်လည်း မမြင်ရတဲ့ သယ်စရာမလိုတဲ့ အထုပ်ကြီးနှစ်ထုပ်တော့ ပါသွား မှာပါ။ ကုသိုလ်ဆိုတဲ့အထုပ်နဲ့ အကုသိုလ်ဆိုတဲ့ အထုပ်တွေပါပဲနော်။ တစ်ထုပ်ကိုတော့ ကြီးသထက် ကြီးအောင်ကြိုစားပြီး တစ်ထုပ်ကိုတော့ သေးတာ ထက်သေးအောင်ကြိုးစား ကြရမှာပါပဲ။ ဒီရက်ပိုင်းမှာ နေလည်းမကောင်းသလို ရင်ထဲမှာလည်းတစ်မျိုးကြီးဖြစ်နေခဲ့တာပါ။ တစ်ယောက် ယောက်တစ်ခုခုဖြစ်နေ သလားခံစားမိပေမဲ့ ဒီအမကိုတော့လုံးဝမထင်ထားခဲ့မိပါဖူး။ ငယ်ရွယ် ကျမ်းမာပြီး ရောဂါလည်းရှိတယ်မကြား မိလို့ ပါ။ မမြင်ရတဲ့သေခြင်းတရားကြီးကိုကြုံလာတဲ့အခါမှာ လိုက်ချင်လည်းလိုက် မလိုက်ချင်လည်း လိုက်ရတဲ့ အတွက် နေ့ရက်တိုင်း တစ်ကိုယ်ရည်သန့်ရှင်းမှုတွေမှုလုပ်သလို အကုသိုလ်တွေလည်းကင်းအောင်ကြိုး စားနေထိုင်ရမယ်လို့ ကိုယ်ကိုကိုယ်သတိပေးမိပါတယ်။ ၂၄ နာရီမှာ အကုသိုလ်ကင်းတဲ့အချိန်မိုးမှာ ဘယ် လောက်ရှိမလဲ တွေးရင်း......
အားလုံးကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာပြီး
သာယာချမ်းမြေ့ကြပါစေ...
မိုး

11 comments:

  1. ဟုတ်တယ် ညီမလေး
    အသက်ရှင်နေချိန်မှာ ငါတော့ မသေသေးပါဘူးလို့ မတွေးဘဲ
    အတတ်နိုင်ဆုံး ကုသလိုလ်ကောင်းမှုလေးတွေ ကြိုပြီး လုပ်ထားရမှာပါ
    ဘာလို့ဆို ဘယ်နေ့သေမယ် ဆိုတာ မသိနိုင်တဲ့အတွက် ရုတ်တရက်များ ဆုံးပါးသွားခဲ့ရင် ကိုယ့်နောက်မှာ ဘာမှ မပါလို့ နောင်တရတဲ့အဖြစ်ကို မဖြစ်ချင်၊ မကြုံချင်ဘူးလေ။
    ကောင်းမှု မလုပ်နိုင်ရင်တောင် မကောင်းမှုကိုတော့ ဝေးဝေးက ရှောင်ကျဉ်တာ အကောင်းဆုံး မဟုတ်လားနော်။

    ReplyDelete
  2. မိုးရေ.....ထပ်တူထပ်မျှဝမ်းနည်းမိပါတယ်ဗျာ ။

    ခင်တဲ့ (ချိုကျ)

    ReplyDelete
  3. သေခြင်းတရားက အချိန်တန်ရင် သတ္တ၀ါတိုင်းကို ဆွဲခေါ်သွားမှာသေချာပါတယ်။ ဒါကြောင့် ဘ၀သံသရာခရီးအတွက် စိတ်ချရအောင် အထုပ်ကို တတ်နိုင်သမျှ ကြီးကြီးထုတ်နိုင်အောင် ကြိုးစားကြရမှာ မဟုတ်လား။ ကျန်းမာရေးဂရုစိုက်နော်။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  4. ဒါ့ကြောင့် ခုတလောပျောက်နေတာကိုး။
    အစ်မ၀မ်းကွဲအတွက် စိတ်မကောင်းပါဘူး အစ်မရယ်။
    မမိုးလည်း ကျန်းမာရေးဂရုစိုက်ပါနော်.........

    ReplyDelete
  5. သေခြင်းတရားဆိုတာဘယ်သူမှလွန်ဆန်နိုင်တာမှမဟုတ်ဘဲလေ...ဒီလိုပဲတရားနဲ့ ဖြေရတာပေါ့...တရားနဲ့ သာဖြေပါ..သူငယ်ချင်း..
    ထပ်တူစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

    ReplyDelete
  6. မမိုး အမဝမ်းကွဲအတွက်ထပ်တူဝမ်းနည်းလျှက်ပါ ..

    ReplyDelete
  7. မိုးရေ....မိုးအစ်မက အသက်သုံးဆယ်ကျော်ဆိုတော့ ငယ်သေးတာပဲနော်။ ဒါပေမယ့် မိုးရယ် သေခြင်းတရားက အရွယ်မရွေးတတ်ဘူးလေ....။ စိတ်မကောင်းပါဘူး။ မိုးလည်း နေမကောင်းဘူးလို့ကြားတယ်။ သက်သာသွားပြီလား။ ဂရုစိုက်နော်.....။ လိုအပ်ရင် ဂျင်းကိုဆက်သွယ်ပါ။ အားမနာနဲ့....။

    စိတ်ပူစွာဖြင့်
    ဂျင်း

    ReplyDelete
  8. မမိုးရေ...နေကောင်းအောင် ကြိုးစားပါဗျာ...။သေခြင်းတရားကတော့ ဒီလို
    ပါပဲဗျာ...။

    ReplyDelete
  9. မိုးရေ... အစိုးမရတဲ့ သေခြင်းတရားက အချိန်နေရာလူမရွေးဘဲ ရောက်လာမှာပါ။ မိုးပြောသလို အသက်ရှင်နေချိန်မှာ ကုသိုလ်ကောင်းမှုတွေ များများလုပ်၊ တတ်နိုင်သလောက် သတိလေးကပ်ပြီး နေနိုင်မယ်ဆို အကောင်းဆုံးပေါ့ကွယ်။

    ReplyDelete
  10. အိုမယ် နာမယ် သေမယ် ဆိုတာကြိုသိကြတယ်.. အစဉ်လိုက်လာချင် မှ လာ မယ်... နောက်ဆုံးက အကြောင်းအရာ က ရှေ့ ဆုံးက ရောက်လာနိုင်တယ်... မိုးလည်း လုပ်သင့်တာလေးတွေ လုပ်နေပြီဆိုတော့.. မသိလို့၊ သိလျှက်နဲ့ ပျင်းလို့ မလုပ်ဖြစ်ကြတဲ့ သူတွေနဲ့ စာလျှင်တော့ တော်သေးတယ် လို့ စိတ်ဖြေလို့ ရမှာ ပါ..

    ReplyDelete
  11. ငါတို့အပူ လူမသိ
    ဒီလိုအပူ လူတိုင်းရှိ
    ဒီအဖြေ ဘယ်လိုညှိ
    အရှိ ကို သတိ ကပ်ကြည့်။ ။
    အဲဒီစာသားလေးတွေက ကျွန်တော် မနေ့ကမှ ရေးပြီးသွားတဲ့ နောက်ရက်ပိုင်းမှာ တင်ဖြစ်မယ့် ၀တ္တုတိုထဲက ကဗျာအပိုင်းလေးပါ။ တိုက်ဆိုင်သွားလို့ ပြောလိုက်မိတာပါ မိုးရေ..
    ကျန်ခဲ့တဲ့ အပတ်ထဲမှာ ကျွန်တော့် အဘွားလည်း ဆုံးသွားတယ်။ ကျွန်တော်လည်း အဘွားအတွက် စဉ်းစားထားတာလေးတွေ လုပ်ပေးခွင့် မရတော့ဘူးလေ.. ဟုတ်ပါတယ် လူဆိုတာ ငယ်သည်ဖြစ်စေ အိုသည်ဖြစ်စေ အနှေးနဲ့အမြန် သေဆုံးကြမှာပါ။ မသေဆုံးခင် မိုးပြောသလို ကုသိုလ်အထုတ်ကြီးသယ်သွားဖို့ ကြိုးစားလုပ်သင့်သလို သတိလေး ဥာဏ်လေးနဲ့ တရားအလုပ်ကလေး ပါတွဲလုပ်သွား ကြတာပေါ့ ...
    ခင်မင်စွာဖြင့်
    ပေါ့ဆိမ့် (ဆင်တဲကဖေး)

    ReplyDelete