Thursday, November 4, 2010

B'Day

ကျေးဇူးတရားကြီးမားလှတဲ့ အနန္တော အန္တငါးပါး

နေရောင်ခြည်စွမ်းအင်လို အလင်းတန်းတွေ
ပေးဆပ်ခြင်းသက်သက်သာပေးတတ်တဲ့
အဒေါ်နှင့် ဦလေးများ

ရေလိုကြည်လင်အေးမြတဲ့မေတ္တာတရားတွေနဲ့
မောင်နှမများ

ညနေခင်းရဲ့နေရောင်ခြည်လေးသဖွယ် နွေးထွေးတဲ့
သူငယ်ချင်း မိတ်ဆွေများအားလုံးဟာ မိုးအသက်ရှင်နေသမျှ
မြတ်နိုးတန်ဖိုးထားပြီး ရင်ထဲမှာအမြဲရှင်သန်နေမှာပါ။

သီတင်းကျွတ်မှာ ပျော်စရာကောင်းတဲ့ မီထွန်းပွဲနှင့် ကန်တော့ခန်းလေးရေးမယ်လို့ စိတ်ကူးခဲ့ပေမဲ့ အကြောင်းကြောင့်တော့ မရေးဖြစ်ခဲ့သလို ဒီနှစ်မှာ လူကြီးတွေကိုလည်းလိုက်မကန်တော့ဖြစ်လိုက်ပေမဲ့ ဘုရားစင်ရှေ့ကနေပဲ ရည်မှန်းကန်တော့မိခဲ့ပါတယ်။ ခါတိုင်းတော့ ဘာလေးဝယ်ပြီးကန်တော့မယ် ကြိုတင်စီစဉ်တတ်ပေမဲ့ ကျင့်ဝတ်တွေပျက်ခဲ့မိပါပြီ။

ဒီနေ့တော့ မိုးကုသိုလ်လုပ်တာလေးမျှဝေပေးချင်လို့ ပါ။ ဘလော့လိုက်ဖတ်ရင်း လှူဖြစ်သွားတာပါ။ ဒီလိုလှူဖြစ်သွားရတဲ့ ဖတ်မိတဲ့ဘလော့ပိုစ်၊ ကူညီဆောင်ရွက်ပေးတဲ့ ဘလော့မောင်နှမတွေကို မိုးမရင်းနှီးတာရယ် ခွင့်ပြုချက်မတောင်းမိတာကြောင့်အမည်တပ်ပြီးကျေးဇူးမတင်မိပေမဲ့ ရင်ထဲကအထူး ကျေးဇူးတင်မိပါတယ်။

ဒီနေ့ စစ်ကိုင်းတောင်ရိုးမှာ အာရုဏ် ဆွမ်းကပ်လှူခဲ့ပါတယ်။ ဒါကြောင့် ဒီကုသိုလ်လေးကို မျှဝေးပေးချင် တာကြောင့်ပါ။ မိုးဘဝမှာ ကုသိုလ်များများမဟုတ်ပေမဲ့လို့ တတ်နိုင်သလောက်လေး မသေခင်လေး တော့ လစဉ်အနည်းကျဉ်းလုပ်ခဲ့မိသလောက် ကိုသိုလ်အစုစုကို မိုးနှင့်ထပ်တူထပ်မျှရစေ လိုသော ဆန္ဒရယ် သာဓုခေါ်စေလိုသောဆန္ဒရယ်ကြေင့် ဒီနေ့ပိုစ်လေးရေးဖြစ်မိပါတယ်။

အားလုံးမင်္ဂလာရှိသောနေ့ ရက်များကိုပိုင်ဆိုင်နိုင်တဲ့အပြင် ဘဝမှာလည်း စိတ်နှလုံးအေးချမ်း ပျော်ရွှင်တဲ့ကျမ်းမာပျော်ရွှင်မှုတွေနှင့်အတူ သာယာချမ်းမြေ့တဲ့ဘဝတွေကိုပိုင်နိုင်ပါစေရန် ဒီကနေ တောင်းဆုပြုလိုက်ပါတယ်ရှင်းးး
း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)း)

ps: တိုးတိုးလေးပြောမယ်နော် ဒီနေ့ မိုး B' Day


16 comments:

  1. သာဓုဗျာ သုံးကြိမ်မက အကြိမ်တွေထပ်ကာ ထပ်ကာ ခေါ်နေမယ်

    ReplyDelete
  2. ညီမလေး
    အလှူဒါနလေးအတွက် ဝေမျှခံစားပြီး သာဓုခေါ်သွားပါတယ်နော်
    မွန်မြတ်တဲ့အလှူမို့ညီမကိုယ်တိုင်လည်း ပီတိတွေ ဖြာဝေနေမယ်ဆိုတာ နားလည်ခံစားပေးနိုင်ပါတယ်.. စိတ်ချမ်းသာကိုယ်ချမ်းသာ ရှိပါစေညီမလေးရေ...

    ReplyDelete
  3. မိုးရေ ပျော်ရွှင်ဖွယ် မွေးနေ့ပါ။
    (မသီတာ မျက်နှာမသစ်ရသေးပဲ မွေးနေ့လာတာ...ဟီး)

    ReplyDelete
  4. Happy Birthday Moe.. May your dreams come true.. :)

    ReplyDelete
  5. Happy Birthday........ မမိုးရေ

    အလှူအတွက်လည်း သာဓုခေါ်ပါတယ်နော်........

    ReplyDelete
  6. သာဓု သာဓု သာဓု ပါ အစ်မး))

    ReplyDelete
  7. Happy Birthday!!!!!!!!!!!!! :D
    ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေ .. စိတ်ချမ်းသာပါစေ .. ဆန္ဒတွေ ပြည့်စုံပါစေ ..း)

    ReplyDelete
  8. ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေမိုးရေ....
    အလှူအတွက်လည်း ထပ်တူသာဓုခေါ်သွားပါတယ်။
    မွေးနေ့မှာအိမ်အသစ်လေးနဲ့ဟုတ်နေတယ်ပေါ့လေ....း)

    ခင်တဲ့
    ဂျင်း

    ReplyDelete
  9. ပျော်ရွင်ချမ်းမြေ့တဲ့ မွေးနေ့မင်္ဂလာပါ မမိုးရေ...။သာဓုခေါ်သွားပါကြောင်း...။

    ReplyDelete
  10. အလှူအတွက် သာဓုခေါ်သွားတယ် မိုးရေ..... သန့်စင်တဲ့ စိတ်ထားလေးကို တွေ့ခဲ့ပါတယ် :)

    ခင်တဲ့(ဖိုးကြယ်)

    ReplyDelete
  11. လာရောက်သာဓုခေါ်ဆုတောင်းပေးသော မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါတယ်နော်း) မိတ်ဆွေများအားလုံးလည်းကျမ်းမာရွှင်လန်းလို့ သာယာချမ်းမြေ့ကြပါစေရှင်း

    မိုး

    ReplyDelete
  12. သာဓု သာဓု သာဓု

    Happy Birthday!!!!!!!!!!!!! :D

    ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေ .. စိတ်ချမ်းသာပါစေ .. ဆန္ဒတွေ ပြည့်စုံပါစေ ..း)

    ReplyDelete
  13. မိုးရေ...အမ ရိပ်သာကပြန်လာပြီး အခုမှ ရောက်ဖြစ်တဲ့အတွက် စိတ်မဆိုးပါနဲ့နော်။ မိုးမွေးနေ့မှန်း မသိခဲ့ဘူး။ မိုးရဲ့ အလှူအတွက် သာဓုသုံးကြိမ် ခေါ်ဆိုပါတယ်။ မိုးအမြဲ ကျန်းမာပျော်ရွှင်ပါစေနော်။

    ဆုမွန်ကောင်းများစွာနဲ့
    မဇွန်

    ReplyDelete
  14. ကျေးဇူးမမ စိတ်ဆိုးပါဖူး မမရဲ့

    ReplyDelete
  15. နောက်ကျပေမဲ့ ရင်ထဲကဆုတောင်းကတော့ Update ဖြစ်ပါတယ်နော့်
    ပျော်ရွှင်သောမွေးနေ့ လေးဖြစ်ပါစေ မိုးရေ ဘ၀မှာ အဆိုးများထက်
    အကောင်းများစွာကိုပိုမိုသာလွန်ပိုင်ဆိုင်နိုင်ပါစေလို့  :)
    Happy Birthday

    ReplyDelete
  16. အလှူလေးအတွက် သာဓုခေါ်သွားပါတယ်။ သူငယ်ချင်း... လဲထပ်တူ ပျော်ရွှင်နိုင်ပါစေလို့ ပြန်ဆုတောင်းပေးသွားပါတယ်...

    ReplyDelete