Thursday, November 25, 2010

***လေးစားမိသော မိခင်မေတ္တာရှင်***

***အမေစု ဘေးကင်းပြီး သက်ရှည်ကျမ်းမာတဲ့အပြင် ကြိုးစားသမျှအမြန်အောင်မြင်ပြီး ချစ်သောမိသားစုလေးနဲ့ သာယာချမ်းမြေ့စွာဖြတ်သန်းနိုင်ရပါစေ***





မိခင်နှင့်မဆုံမှီက အမြန်ဆုံနိုင်ဖို့ တောင်းဆုပြုမိပါတယ်။
ဆုံတွေ့စဉ်ဓါတ်ပုံကိုကြည့်ပြီး မျက်ရည်တောင်ဝဲခဲ့မိပါတယ်။
ကျက်သရေရှိတဲ့ ဘုရားရင်ပြင်တော်ပေါ်က မြင်ကွင်းကို ဓါတ်ပုံနဲ့သာကြည့်ရပေမဲ့ ဝမ်းသာပိတိဖြစ်မိပါတယ်။
ခုတော့ မိသားစုလေးမခွဲအတူ ရှိစေချင်မိပါတယ်။ မိမိသားသမီးနှင့် တိုင်းသူပြည်သားတွေပေါ်မှာ တစ်သားတည်းချစ်နိုင်တဲ့
မိခင်မေတ္တာရှင် အမေစု ကိုယ်ရောစိတ်ပါကျမ်းမာလို့  ကြိုးစားမှုတိုင်း ဘေးအန္တာရယ်ကင်းရှင်းပြီး အောင်မြင်မှုပန်းတိုင်ကိုဆွတ် ခူးနိုင်တဲ့အပြင် ချစ်သောမိသားစုလေးနဲ့ အတူသာယာချမ်းမြေ့ပြီးစိတ်အေးချမ်းမြေ့မှုတွေကို အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေရန် တောင်းဆုပြုလျှက်.....

သာယာချမ်းမြေ့ပါစေရှင်း
မိုး

4 comments:

  1. မိုးနဲ့ ထပ်တူပါပဲကွယ်။

    ReplyDelete
  2. တူတူဆုတောင်းပါတယ်

    ReplyDelete
  3. အမေနဲ့သားပုံတွေကြည့်ပြီး ၀မ်းနည်းသမ်းသာ ခံစားရပါတယ်..
    ဘေးဘယာဝေးကွာ ကျန်းမာချမ်းသာရှိပါစေ ညီမလေးရေ
    ထပ်တူဆုတောင်းမိပါတယ်..

    ReplyDelete
  4. ကိုယ်တိုင်လည်း မိသားစုမောင်နှတွေနဲ့ပက်သက်ပြီးခံစားချက်ရှိနေတော့ တော်တော်ခံစားမိပါတယ်။ မမရယ်

    ReplyDelete