Wednesday, December 1, 2010

မြင်ကွင်းတစ်စုံ

မိမိဇနီးပေါ်အမြဲပစ်တင်ပြောဆိုလေ့ရှိသော အဖိုးအိုတစ်ယောက်ပေါ်တွင် ဇနီးသည်အဖွားကမူအမြဲသည်းခံ တတ်သလို မိမိတာဝန်များ မပျက်ကွက်ခဲ့ချေ။ မိမိပေါ်အလွန်ချစ်မြတ်နိုးသည် ကိုသိသောကြောင့်လည်း အဖိုး တစ်ယောက် အဖွားကိုအမြဲအနိုင်ယူတတ်သလို မိတ်ဆွေပေါင်းများရှေ့ တွင်လည်း အဖွားအိုကိုအမြဲ ပစ်တင် ပြောဆိုနေကျ....

တနေ့ အဖိုးအဖိုး အဖွားဈေးမှာ မူးလဲလို့ ဆေးရုံရောက်နေပြီဟုအသံကြောင့် အဖိုးတစ်ယောက် ဆေးရုံအမြန် လိုက်သွားတော့သည်။ ကုတင်ပေါ်တွင်လဲနေသော အဖွားမျက်နှာကိုငေးကြည့်ရင်း ဒီတစ်ခါ အဖွားကြီး ဆေးရုံ ကဆင်းရင် ကောင်းကောင်းပြုစုမယ် သူ့ ကိုလည်းစိတ်ချမ်းသာအောင်ထားမယ်ဟု အဖိုးတစ်ယောက်ပြောနေ သည်။ ဘေးမှကြားရသူရင်ထဲတွင်တော့ ရင်ထဲမကောင်းလှချေ။

မလှုပ်ရှုားနိုင်တော့သည့် အဖွားကိုငေးကြည့်မိရင်း မျက်ရည်ဝဲမိသည်။ အဖိုးဒီစိတ်လေးကို အစတည်းကရှိရင် ဘယ်လောက် ကောင်းမလဲ တွေးမိသည်။အရာရာဟာနောက်ကျခဲ့ပြီ ၃ ရက်မြောက်နေ့ အဖွားဆုံးပြီ။ အဖိုးတစ် ယောက် မယုံနိုင် ညကတောင်အဖွား ကြီးငါဆီလာ သေးတယ်ဟု ပြောဆိုနေသောအဖိုးကို အားလုံးဝိုင်း နှစ်သိမ့် ပေးရင်း သားသမီးမရှိသော အဖိုးတစ်ယောက် ဝမ်းနည်း ကြေကွဲစွာခံစား နေရသည်။ အဖွားရက်လည်နေ့အဖိုး ပါရင်ကွဲနာကျပြီးသေဆုံးရရှာသည်။

ဘဝမှာ မိမိကိုအသက်သေဆုံးသည့်တိုင် မြတ်နိုးမှုတွေမလျှော့ပဲ သည်းခံတတ်တဲ့အဖွားပေါ် အမြဲအနိုင်ယူတတ် တဲ့အဖိုးတစ်ယောက်တွက် ဒီဇာပနလေးမှာ လူတိုင်းရင်ကို ကြွေကွဲစေခဲ့ပါတယ်။ မိမိပေါ်မြတ်နိုးတယ် ချစ်ခင် တယ် မခွဲနိုင်ဖူး ဒီတော့သည်းခံမှာပဲ သည်းခံရမယ်ဆိုတဲ့ စိတ်လေးတွေကြောင့် ကိုယ့်ပေါ်တစ်ဘဝ လုံးပေးဆပ် သွားတဲ့သူကို အဲဒီလိုအနိုင်ယူရက်သလားတွေးရင်း


တစ်ခါတလေ မြင်ကွင်းတွေကို ကိုယ်ကဘေးကကြည့်မြင်သူတစ်ယောက်နေနဲ့ မကြည့်ရက်ဖူး ဘာမှလည်းမဆိုင် တော့ ဝင်ပြောလို့ လည်းမရတဲ့အခြေနေ လူတစ်ဦးတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်ခံစားချက်ယူဆ တွေမတူညီ နိုင်တာကြောင့် ရလဒ်တွေလည်း မတူညီ နိုင်ပါဖူး။ မိဘမောင်နှမဆွေမျိုးတွေက မိသားစုဖြစ်သလို ကိုယ်ထူ ထောင်လိုက်တဲ့ မိသားစုကလည်း မိသားစုတွေပါပဲ။ သူစိမ်းပဲလို့ မြင်လိုက်ရင်တော့ နွေးထွေးမှုရှိပါတော့မလား။ စာနာမှုမရှိ နွေးထွေးမှုမရှိမှတော့ မိသားစုစကားနဲ့ညီပါတော့မလား။ တစ်ယောက် တည်းတွေး ရင်းးးးးးးးးးးး

လူတစ်ယောက်ကိုသေခါမှ ကောင်းပါတယ်ချီးကျူးနေမယ့်အစား မသေခင်စိတ်ချမ်းသာအောင်ထားပေး နိုင်တာအကောင်းဆုံးလုပ် ဆောင်ခြင်းပါ။

လောကကြီးမှာရှိသော မိသားစုများအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ...

အားလုံးသာယာချမ်းမြေ့ပါစေရှင်း
မိုး

7 comments:

  1. မိုးရေ ကောင်းလိုက်တဲ့ အသိတရာလေး တခုကို ပြောပြတဲ့အတွက် အရမ်းကျေးဇူးတင်တယ် . . တတ်နိင်သမျှ လုပ်ကြည့်မှာပါ . . ဒါပေမဲ့ လူ့စိတ်ဆိုတာ သိတယ်မဟုတ်လား အရာအားလုံးကို အချိန်တိုင်းတော့ လုပ်နိင်ဖို့ဆိုတာ ခက်ခဲပါတယ် . . . အတတ်နိင်ဆုံး ကြိုးစား ဆင်ခြင် ကြည့်ရမှာပေါ့း)))

    ReplyDelete
  2. သေသွားမှ ငိုနေလို့ ဘာမှ မထူးဘူးနော် .. အချိန်တွေက တန်ဖိုးရှိပါတယ် .. ပျော်ရွှင်စွာ ကုန်ဆုံးကြရအောင်ပါး)

    ReplyDelete
  3. ဟုတ်ပါ့ဗျာ...။မသေခင် စိတ်ချမ်းသာအောင်ထားဖို့က အရေးကြီးပါ့..။
    ခက်တာက လူ့စိတ်က သိတဲ့အတိုင်းပဲ...။တခါတလေတော့ လည်း လွတ်သွား
    တာပါပဲ..။

    ReplyDelete
  4. အင်း ဟုတ်တယ်နော်။ လူတိုင်း မသေခင် နားလည်မှုများစွာနဲ့ တစ်ယောက်ကိုတစ်ယောက် ပြုမူဆက်ဆံသင့်တယ်။ သေဆုံးပြီးခါမှ နောင်တရနေရင် ဘာအကျိုးမှ ရှိလာမှာ မဟုတ်တော့ဘူး။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  5. သထိထားဆင်ခြင်စရာပါပဲ။ နှစ်ယောက်လုံးအတွက်စိတ်မကောင်းဘူး။

    ReplyDelete
  6. ဟုတ်တယ်
    အမိအဘတို့ကိုလည်း ဒီလိုသဘောထားရမယ်.. သေမှ အော်ငိုနေမဲ့အစား မသေခင် စိတ်ချမ်းသာအောင်ထားပြီး ကျွေးမွေးရမှာနော်
    သေသွားမှ မကျွေးမွေးလိုက်ရတဲ့ နောင်တမျိုး မရစေချင်ဘူး ..
    ညီမလေးရဲ့ အသိကောင်းလေးပေးတဲ့ စာလေးအတွက် ကျေးဇူးပါ..
    အဖိုးလို ဘယ်သူမှ မဖြစ်စေချင်ဘူး မသေခင်မှာ ချစ်ချစ်ခင်ခင် နားလည်မှု ရှိစွာနဲ့ နေရမှာနော်..

    ReplyDelete
  7. မိုးရေ...အရာအားလုံး ကြည့်တတ်မြင်တတ်ရင် သံဝေဂယူစရာချည်းပါပဲ။ အစ်မ အဖေဘက်က အဖွားလည်း မျောနေတယ်။ နေ့လားညလားပဲ။ အဖိုးကတော့ အဖေငယ်ငယ်လေးထဲက ဆုံးသွားပြီ။ အဖေလည်း အဲ့သည့်အတွက်နဲ့ ခွင့်ယူပြီး အဖွားနားမှာ သွားနေပေးနေတယ်။ အစ်မတို့ အလှည့်ကျရင် မိဘနောက်ဆုံးအချိန်မှာ အနားမှာ နေပေးနိုင်မလားလို့ တွေးမိသွားတယ်။ အသက်ရှင်ချိန်မှာ နီးနီးဝေးဝေး တစ်ယောက်ကို တစ်ယောက် တန်ဖိုးထား ချစ်မြတ်နိုးကြတာ အကောင်းဆုံးပဲပေါ့ ညီမရယ်။

    ReplyDelete