Monday, December 6, 2010

ကံ

တနေ့ သောညနေခင်းတစ်ခု ကလေး ၆ယောက်နှင့် မိန်းကလေးထံမျက်လုံးတစုံ အဆုံးထိလိုက်ကြည့်မိသည်။ ကလေးများထဲမှာ အကြီး မှာ ၁၀နှစ်ပင်မပြည့် အရွယ်အားဖြစ်သိပ်အကွာကြီးမဟုတ် အငယ်ဆုံးကလေးမှာ လမ်းလျှောက်တတ်စအရွယ် အဓိကတော့ အဲ့အငယ် ဆုံးကလေးကိုကြည့်မိရာကနေ အဆုံးထိလိုက်ကြည့်မိခြင်းပင် ကလေးငယ်မှာ ဖိနပ်မပါသလို သူ့ ကိုလက်ကိုင်ထားသူအမျိုး သမီးသည် ကလေး လျှောက်နိုင်လား ပြုတ်ကျမလား နည်းနည်းမှမစဉ်းစားပဲ သူ့ လူကြီးခြေလှမ်းများ ဖြစ်ကလေးလက်ကိုဆွဲကာ ကလေးကို တစ်ချက် မှငုံမကြည့်ပဲလျှောက်နေသော အမျိုးသမီး သည် သူ့ မိခင်လား ကျန်ကလေး ၅ ယောက် မှာလည်း ညစ်ပေပေဖိနပ်မပါ ဟော ကလေးငယ် လေး ကားလမ်းကူးနေပြီး တစ်ယောက်တည်း ကြည့်ရင်း ဘုရား ဘုရား ကြည့်ရင်းအသည်းယားလိုက်တာ အမလေး တော်သေးလို့  ကားသီသီလေးလွတ်သွားတာ။ ကလေးလက်ဆွဲထားသော အမျိုးသမီးမှာ သူ့ အလုပ်သူလုပ်နေသည် ကျန်ကလေးများကို လှည့်ပင် မကြည့် သူမငွေလိုက်တောင်းလို့ မရသော သူများကိုလည့်ထွက်သွားမည့်သူမဟုတ် ကျန်ကလေးများကို သူမတောင်းလို့ မရသူထံတွက် ထပ်မံသွားတောင်းရန် ကလေးငယ်တစ်ယောက်အား လက်တို့ လိုက်သည်။ ဒါကို ကလေး တွေရဲ့ရှေးကအကုသိုလ်ကံလို့ ပြောမလား။

**********************************************

ရှိုက်ကြီးတငင်ငင်ဖြစ် ငိုသံကြားရပြန်ပါပြီ။ ဒီသံအမြဲကြားရသည်။အသက် ၉ နှစ်သာသာ ကလေးမလေး အလုပ်လုပ်ရာတွင်လည်း သွက်လက်သလို သန့်သန့်ရှင်းရှင်း အရွယ်နဲ့ပင်မလိုက်အောင် တော်သည်။ သို့ သော် အမြဲအပစ်နှင့်မလွတ် ရိုက်ခံရသည်။ ရိုက်ပြီးလျှင် သနပ်ခါးပြန်လိမ်းခိုင်းထားခိုင်းသည့်အိမ် အရွယ်မရောက် သေးသော အိမ်ဖော်ကလေးမလေး ဒါလည်းသူ့ ကံပါပဲလား သားသမီးချင်း စာနာစိတ် ကင်းတဲ့ သူတွေကြည့် ရင်းး အော် ဒါဟာလည်း ကလေးမလေးရဲ့အကုသိုလ်ကံပဲလို့ ပြောမလား။

*********************************************

မွေးခါစရက်ပိုင်းလား ကလေးပုစိလေး သေးသေးလေးတွေ အို ကတ္တရာလမ်းပေါ်မှာ အနှီးလေး ခင်းပြီတင်ထား လို့  ကလေး၏ကိုယ်တွင် အနှီးများမလုံ လစ်ဟာနေ အို ဖြစ်မှဖြစ်ရလေ ကတ္တရာအောက်ကအပူငွေ့ အပ်ါက နေ အပူဒဏ် ဘယ်လိုများအသည်းနှလုံးနဲ့မိခင်ပါလိမ့် တောင်းနေပေမဲ့ ရက်စက်တဲ့သူမ၏အပြုမူ နှစ်စဉ်ပုံမှန် ဒီလိုမွေးနေကျဟု ကြားမိသောအသံကြောင့် အော်ဒါကလေးတွေရဲ့ ကံလို့ ပဲပြောတော့မလား။

*************************************************

မိုးလည်း "ကံ" ကံ ၏အကျိုးကိုယုံကြည်တဲ့သူတစ်ယောက်ပါ။ ကံနဲ့ ပက်သက်လို့ ပေါ့ အဆောင်မှာ စကားပြော ဖြစ်လို့ ပါ။ တစ်ယောက် နဲ့တစ်ယောက်က တွေးခေါ်တွေမတူတော့ အမြင်တွေလည်း ကွဲကြပါတယ်။ ညှင်းပန်းနှိပ်စက်ခံရသူတိုင်း ကံလို့ တော့မပြောလို့ မရဖူးမိုး တွေးပါတယ်။ ဒါနဲ့စကားက ပိုချဲ့သွားပြန်ရော ဒါနဲ့ မိုးကတစ်ခွန်းပြန်မေးမိတယ် ဒါနဲ့အဲ့အမမဖြေပေးနိုင်ခဲ့ဖူးလေ။ တကယ်တော့ ဆက်မပြောပဲရပ်လိုက်ကြတာပါ။
မိုးယူဆတာက သဘာဝ ဘေးအန္တရာယ်ကလွဲလို့ ပေါ့ လူသားချင်းစာနာတတ်တဲ့နှလုံးသားကိုယ်စီရှိ ကြမယ်သာဆိုရင်................လို့ တွေးကြည့်တာပါ။
(၇) ရက်သားသမီးများအားလုံး ဘေးအန္တရာယ်ကင်းလို့ စိတ်ရောကိုယ့်ပါချမ်းသာကြပါစေ....
သာယာချမ်းမြေ့ပါစေရှင်း
မိုး

10 comments:

  1. အဲဒီမြင်ကွင်းတွေ မြင်ရတိုင်း စိတ်ထိခိုက်ရတာခဏခဏ.. ပြန်တွေးကြည့်ရင်းတောင် သားလေးကို တင်းတင်းလေးဖက်ထားမိတယ်.. ရင်ဘတ်ထဲမှာလဲ ကျင်နေအောင်ခံစားရတယ်..

    ReplyDelete
  2. ဟုတ်တယ်မမိုး...ကျွန်တော်လည်း အဲ့လိုမျိုးတွေတွေ့တိုင်း ကံတခုတည်းကို
    ပုံချဖို့ဝန်လေးမိတယ်..။ဂျူးရဲ့ သူ...မင်းကိုဘယ်တော့မှ ကိုဖတ်ပြီးအဲ့လို
    အတွေးတွေပိုခိုင်မာသွားတယ်။

    ReplyDelete
  3. မမိုးရေ... ၀ဋ်ကြွေးတွေပေါ့.. ပြုစဉ်ကတော့ အထက်စီးကနေပြုတတ်ကြတယ်.. ခံရတဲ့အချိန်မှာတော့ အလူးလူးအလိမ့်လိမ့်ပါပဲ... ဒါပေမယ့် လုပ်ခဲ့တာကို ပြန်ခံရတယ်လို့ မမြင်တတ်ကြတော့လည်း... မကြောက်ကြပြန်ဘူး...း(((((((

    ReplyDelete
  4. ကံကြောင့်ဆိုပြီး မကြိုးစားဘဲနေခဲ့ရင် ဘယ်မှာတိုးတက်လာမလဲနော်
    ကိုယ်တိုင်လုပ်ယူဖို့ကလည်း လိုသေးတာကိုး..
    ကံကြောင့်ပါကွာဆိုပြီး လက်မှိုင်သာချနေခဲ့ရင် သွားပြီလေ
    အစ်မတော့ ကံကိုသိပ်မယုံကြည်ဘူး ကိုယ့်အားကိုယ်ကိုးရတာကို သဘောကျတယ်..
    လမ်းပေါ်က ကလေးတွေကိုလည်း လူသားချင်းစာနာတတ်သူတစ်ယောက်ယောက်ကများ မွေးစားလိုက်မယ်ဆိုရင် ကံကြောင့်ဆင်းရဲမွဲတေတယ်လို့ ပြောနေပေမဲ့ လူတွေရဲ့ အကြင်နာနဲ့ ဘ၀တစ်ခုတော့ ပြောင်းသွားနိုင်တယ် မဟုတ်လားနော်

    ReplyDelete
  5. ကံ ကံ၏ အကျိုးတွေဟာ သိပ်ကြာက်စရာကောင်းတယ်နော်....
    သတိထား ဆင်ခြင်စရာတွေပါပဲ...

    ReplyDelete
  6. စိတ်မကောင်းစရာပါပဲ မိုးရေ..
    ရှေးဘဝက ကုသိုလ်ကံတွေပေါ့။

    ReplyDelete
  7. ကိုဏီကြားဖူးတာကတော့...ပြုသူအသစ်၊ ဖြစ်သူအဟောင်းလို့လည်းဆိုကြတယ်ရယ်....။
    အရာရာကိုတော့ ကံချည်းပဲပုံချလို့မရဘူးရယ်ဗျနော့်.......။

    ခင်မင်ခြင်းအားဖြင့်......
    ဏီလင်းညို

    ReplyDelete
  8. အတိတ်ကမမြင်နိုင်တဲ့ အကျိုးတွေက ဒီဘ၀မှာ အကြောင်းတရားတွေဖြစ်စေ တယ်ဆိုတာကိုတော့ တကယ်ယုံသွားတယ်..။
    အားလုံးသတ္တ၀ါတွေကိုတော့..ကံကောင်းစေချင်တယ်..။

    ReplyDelete
  9. သိရသလောက်တော့ ၀ဋ်ကြွေးတော့ ဆပ်ရပါတယ်၊ ကံကိုတော့ပြုပြင်လို့ရပါတယ်၊
    လူလူချင်းနိုင်ထက်စီးနင်းပြုလုပ်ခြင်းသည် ဘယ်နေရာမှ မကောင်း။

    ReplyDelete
  10. ဟန်နာလည်း ရန်ကုန်ပြန်တုန်းက လမ်းသွားရင် အဲ့လိုတွေ ခဏခဏ
    တွေ့ ရတယ်.. မမရေ.. တစ်ချို့ လူတွေများတော့လည်း အ၀တ်အစားကို ဟန်ပန်ကျကျ အဆင့်တန်းရှိရှိပုံနဲ့ ဆိုပေမယ့် အဲ့လိုမျိုးတွေ့ ရင် လှည့်တောင် မကြည့်ကြဘူး... သူတို့ မှာ စာနာတတ်တဲ့ အသည်းနှလုံးကော ရှိကြရဲ့လားမသိ ဘူး..

    ReplyDelete