Thursday, January 6, 2011

မှတ်ချက်

သားရေ သားအိပ်တော့လေ ညနက်နေပြီ မနက်ကျောင်းတက်ရမယ်လေ...
ဟုတ်မေမေ သားဒီတစ်ခါနောက်ဆုံး လေ့ကျင့်ပြီး သားအိပ်မှာပါ။
အမေ့သားလေးဆွဲထားတာ လှလိုက်တာ ဒီပုံဆရာမကတော်ပေးမှာသေချာတယ်။ ကျောင်းကပြန်လာတာနဲ့ မိဘကိုဝိုင်းကူ ကျောင်းစာကိုလည်း ကြိုးကြိုးစားစားရှိတဲ့ ကျမသားလေးတစ်ယောက်ကြောင့် ကျမ ဘဝပြည့်စုံပါပြီ။

ကျနော် ကျောင်းရောက်တော့ ကျနော်ဆွဲထားသော ပထဝီလေ့ကျင့်ခန်းပုံ ဆရာမစားပွဲပေါ်သွားထပ်ပြီးလိုက်ပြီး ကျနော်"တော်"ဆိုတဲ့မှတ်ချက်လေး ရမှာကိုကြိုသိလို့ ပျော်နေမိသည်။

ဆရာမ အမှတ်ခြစ်ပြီး ပြန်ပေးချိန် ကျတော့သူငယ်ချင်းတော်ရသည့်တွက်ပျော်နေသည်။ ကျတော်ကြည့်လိုက်မိသည်။ ဒီပုံတောင်တော်ရတယ်ဆို ကျတော်လည်းကျိန်းသေတော်ပေါ့ တွေးရင်းပျော်နေမိသည်။

ကျနော်စာအုပ်ရလာပြီ ကျနော် အားရပါးရကြည့်လိုက်ချိန် အမှတ်မခြစ်ထားသောကြောင့် ကျနော် ဆရာမကို ထပ်မံသွားပြခဲ့သည်။
ဆရာမ ကျနော်ကို အမှတ်မခြစ်ရသေးဖူး။ မြေပုံကတ်နဲ့ ဆွဲထားလို့ အမှတ်မရကြောင်းကျနော်သိလိုက်တဲ့ချိန် ကျနော်ဘာမှပြန်မပြောပဲ ကျနော်ထွက်လာမိသည်။

သားလေး ကျောင်းကပြန်လာပြီလား မေမေကျနော့်လွယ်အိပ်ကိုယူကာ ကျနော်ပထဝီစာအုပ်ကို အရင်ဆုံးရှာပြီးကြည့်သည်။ သားဒီနေ့ဆရာမ မစစ်ဖြစ်ဖူးလား။
မဟုတ်ဖူးမေမေ စစ်ဖြစ်ပါတယ်။ ဒါဆို အမှတ်ဘာလို့ ပါမလာတာလဲသား...
ဆရာမက မြေပုံကိုကတ်နဲ့ဆွဲထားလို့ အမှတ်မပေးတာတဲ့...
))))အင်း(((( ဒါဆိုသားရှင်းပြရမှာပေါ့။ မေမေရယ် ဆရာမ ပြောလိုက်တဲ့စကားက သားတွက်ကောင်းဆုံး မှတ်ချက်ပဲလေ။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

7 comments:

  1. သြော်.. မမိုးရယ်.. နေ၀သန်က ပိန်းတော့ဒါလေးကို ဖတ်ပြီးထိုင်စဉ်းစားနေတာ အကြာကြီးပဲ.. နောက်ဆုံးတော့ပေါက်သွားတယ်... ဒါက IQ မြင့်တဲ့ကလေးမို့လို့ ဒီလိုစဉ်းစားမိသွားတာပေါ့.... သာမာန်ကလေးတွေဆို စိတ်ထဲမှာ ဒဏ်ရာဘယ်လောက်ရသွားလိမ့်မလဲ... မြေပုံတစ်ခုကို ကဒ်နဲ့ဆွဲတာနဲ့ လက်နဲ့ဆွဲတာကိုတောင် မခန့်မှန်းတတ်တဲ့ ဆရာမတွေ ဘယ်လောက်တောင်များနေပြီလဲ.. အမှန်ပြောရင် ကတ်နဲ့ဆွဲတာပုံက ပိုဆိုးတယ်.. တချို့ကဒ်တွေဆို အထစ်အငေါ့တွေနဲ့လေ... အဲဒီလိုအတွေးရှိတဲ့ ကလေးကတော့ တနေ့ကျရင် တကယ့်ကို အောင်မြင်မယ့်သူပဲ..း)))))

    ReplyDelete
  2. ကောင်းလွန်းရင် အကောင်းလို့မထင်တော့ဘူး၊
    တော်လွန်းရင် အတော်လို့မထင်တော့ဘူး၊
    လူတွေက……
    ခပ်ညံ့ညံ့ပဲကောင်းပါတယ်

    ReplyDelete
  3. တော်လိုက်တဲ့ ကလေး...
    လောကမှာ ကိုယ်လုပ်နိုင်တာ ကိုယ်သိရင် ပြီးတာပါဘဲ။ ဘာမှတ်ချက်မှ မလိုပါဘူး။ စကားတွေ အများကြီးလဲ ပြောဖို့ မလိုပါဘူးလေ။

    ReplyDelete
  4. မမရေ..ညီမ လည်း အပေါ်က ကိုနေ၀သန် လိုပဲ စဉ်းစားနေတာ.. စာကို အစအဆုံး ၂ ခေါက်လောက် ပြန်ဖတ်မှပဲ သဘောပေါက်သွားတော့တယ်..
    ညီမ အဲ့ဒိ ကလေးလေးကို ချီးကျူးပါတယ်.. ခတ်တာက ဟန်နာ့မှာ အဲ့လို စိတ်ဓါတ်မျိုးရှိဖို့ အတွက် တော်တော်ကို ကြိုးစားယူရဦးမှာပဲ.. ဟန်နာသာဆို '' အော်..ဒါဆို ငါ့ပုံက ကဒ်နဲ့ တောင် တန်းတူယဉ်လို့ ရပြီပေါ့ '' လို့ တွေးမိမှာပေမယ့် စိတ်ထဲ မှာတော့ တစ်ခုခု ခံနေမှာအမှန်ပဲ..

    ပျော်ရွှင်သော နှစ်သစ်ပါ..မမ... :)

    ReplyDelete
  5. ဟုတ်သား
    ကိုယ်တိုင်လည်း ညံ့ပုံများ ၂ခေါက်ထပ်ဖတ်မှ နားလည်သွားတယ်..
    ကလေးရဲ့ စိတ်ကို အတုခိုးရမလိုဘဲ.. စိတ်မဆိုးဘဲ ဒီလိုအတွေးမျိုး တွေးတတ်ခဲ့လို့လေ..

    ReplyDelete
  6. ကလေးရဲ့ စိတ်ကူးလေးက လည်း ကောင်းပါတယ်...
    အတွေ့ အကြုံ ရှိပြီးသား ဆရာမ အတွက်လည်း ဂုဏ်ယူမိပါတယ်...

    ReplyDelete
  7. ဒါကလဲ သင်ခန်းစာယူတတ်ရင် သင်ခန်းစာယူစရာပါဘဲ။ အတု အစစ်ဆိုတာကလဲ လက်ရာတူလွန်းရင် ခွဲခြားရခက်သကိုး။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete