Monday, January 24, 2011

"သတိ"

အခုတလော မိန်းခလေးတစ်ယောက်ကိုတွေ့ တာ အရင်ကနဲ့မတူပဲ မျက်နှာလေးညိုးနွမ်းပြီး ပိန်ပိန် လာတာကိုတွေ့ ရပါတယ်။ ဒါနဲ့ မိတ်ဆွေလည်းမဟုတ်သလို သူငယ်ချင်းလည်းမဟုတ်တာ ရုံးတက်တိုင်း တွေ့ရင်ပြုံးပြမိကြယုံပါ။ ဒါပေမဲ့မိုးမေးမိပါတယ်။ နေမကောင်း ဖူးလား ပိန်လာတယ်ပေါ့။ မေးတိုင်း အင်း နည်းနည်းနေမကောင်းဖူးပေါ့ ဒီလိုပဲလွယ်လွယ်ဖြေသွားလိုက် ဆက်မေးဖို့ ဆိုတာအချိန်ကလေး ၃မိနစ်တောင်မပြည့်တွေ့ မိချိန်ကနည်းတာကြောင့် တစ်ယောက်နဲ့တစ်ယောက်ကနှုတ်ဆက်ယုံသာပေါ့။

ဒါနဲ့ပဲ တစ်နေ့ စိတ်ကလည်းမနေနိုင် ထပ်မေးမိပြန်ပါတယ်။ နေမကောင်းဖူးလား ဘာဖြစ်တာလဲ မျက်နှာတွေလည်းညိုးနွမ်း နေတော့ စိုးရိမ်မိတာတော့အမှန်ပါ။ သိပ်လည်းမပြောရဲပါဖူး သိပ်ခင်တာ လည်းမဟုတ်ပြန်တော့ ခပ်ကြောက်ကြောက် တစ်ချို့ မနှစ်သက်ပဲ စိတ်ရှုပ်မိမှာလည်းကြောက်ပေါ့။ ဒါနဲ့ သူမကပြန်ဖြေပါတယ်။ နေမကောင်းထက်စိတ်မကောင်းတာပါတဲ့။ အော်ဟုတ်လားပေါ့ သူများ ကြောင်း တော့ ဆက်မမေးချင်တာကြောင့် ဒီတိုင်းလေးနေမိပါတယ်။ နောက်မှ သူမအိမ်ငှားတာ အလိမ်ခံလိုက်ရလို့ တဲ့ မောင်နှမ နှစ်ယောက်အိမ်ငှားလိုက်တာ 5000 ကျော်အ လိမ်ခံလိုက်ရ ကြောင်းပြောပြပါတယ်။ အေးဂျင့်နဲ့ငှားတာပါပဲ ဒါပေမဲ့ အိမ်ရှင်ကသူ့ လို လူ၆ယောက်ဒီလိုပဲငှားထားကြောင်းငှားပြီးမှသိရတာပါတဲ့။ ဒါနဲ့မိုး လည်းစိတ်ကမကောင်းဖြစ်မိ ကိုယ်သိသလောက်တော့ စုံစမ်းမိပါတယ်။ ဒါနဲ့နောက်တစ်ခါသူမနဲ့ထပ်တွေ့ သက်ဆိုင်ရာကိုတိုင်ထားတယ်လို့ ပြောပြီးတော့ ခုထိတော့ မထူးခြားသေးပါဖူး။ ဒါမျိုးတော့ ဒီတစ် ခေါက်သာ ကြားဖူးခြင်းပါ။ ရန်ကုန်မှာတော့ကြားဖူးပေမယ့် ဒီမှာလည်းရှိနေတာပါပဲ။ နေရာမျိုးမျိုးလူအမျိုးမျိုးမှာ အဆိုးနဲ့အ ကောင်း တွေဟာလည်းအမြဲယှဉ်တွဲရှိနေမှာမို့  ပြုသူကတော့အသစ်ပေါ့။ ဒါပေမဲ့ ဘယ်အရာမဆို မပြုလုပ်မှီက သေချာ လေ့လာစုံစမ်းတတော့ အ ကောင်းဆုံးလို့ တော့မိုးယူဆပါတယ်။ ကိုယ် လိမ်ခံလို့  ပြန်စဉ်းစား မိတဲ့အခါ မှာ ကိုယ့်ဘက်မှာလည်း လိုအပ်ချက်တွေရှိနေ တာတွေ့ရခဲ့ဖူးပါတယ်။

*****ဒါကြောင့် စလုံးမှာဖြစ်ဖြစ်ဘယ်မှာပဲဖြစ်ဖြစ်ပါ အထူးသတိပြုပြီးအိမ်ငှားကြဖို့ အသိပေးပါရစေ...*****


အားလုံးဘေးကင်းရန်ကွာလို့ 
ကျမ်းမာပျော်ရွှင်ပြီး
သာယာချမ်းမြေ့ကြပါစေရှင်း
မိုး

11 comments:

  1. လူအချင်းချင်း လှည့်ပါတ်ခြင်း... ကင်းရှင်းကြပါစေ......

    ReplyDelete
  2. နေဝသန်ရဲ့ဆုတောင်းလေးကို like လုပ်လိုက်ပါတယ်။း)

    ReplyDelete
  3. မိုးရေ... ဒီလိုကိစ္စတွေက လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကတည်း စလုံးမှာ ဖြစ်နေတာ။ မဇွန်လည်း အဲလိုမျိုးကေ့စ် ၃ခုလောက် ကြားဖူးတယ်။ အလိမ်ခံရတဲ့အထဲ မြန်မာတွေတောင်ပါသေး။ အဲလိုပဲ လူ၆စုလောက်ကို ငှားလိုက်ပြီး ငွေလိမ်ယူသွားတာ။

    တော်သေးတယ်...အမတို့ အေးဂျင့်ကောင်းနဲ့တွေ့ပေလို့။

    ReplyDelete
  4. ဒါနဲ့ နေကောင်းသွားပြီးလား။ အကြောင်းပြန်ဦးနော်။ မဇွန်က စိတ်ပူတတ်လို့။

    ReplyDelete
  5. ခဏခဏကြားရပါ့ဗျာ.....ဒီစလုံးမှာ....၊အဲလိုမျိုး အိမ်ငှားတွေ အလိမ်ခံရ သတင်း....။နေဝဿန့် ဆုတောင်းအတိုင်းပဲ တောင်းရတော့မှာပဲဗျိုးးးးး။

    ReplyDelete
  6. မိုးရေ....ဒါမျိုးအဖြစ်တွေကလည်းနော် နေရာတိုင်းမှာ ကြားနေရတာပါပဲလား.... :(

    ReplyDelete
  7. ဒီမှာတော့ အဲဒါမျိုး ကြားဖူးဘူး မမိုးရေ။
    ဒီက ဥပဒေတွေကတင်းကျပ်တယ်လေ။
    လူတွေကလည်းနော်........

    ReplyDelete
  8. မင်္ဂလာပါ မိုး ရေ...

    သတိပေးရေးသားထားတာ ကျေးဇူးပါကွယ်..

    သတိထားအုံးမှ။

    ခင်မင်စွာဖြင့်
    ကိုမျိုး (အညာမြေ)

    ReplyDelete
  9. ဖြစ်ရလေ. . .
    သူများ မျက်ရည်ပေါက်ကြီးငယ် ကျပြီးမှ မျိုချရမဲ့ ထမင်းတစ်လုပ်ကိုများဗျာ။ အံ့သြမိပါရဲ့။

    ReplyDelete
  10. အင်း ဘယ်အလုပ်မဆို ကိုယ်လုပ်မယ့် အတွက်အတွက် သိသင့်သိထိုက်တာကို သိထားပြီး လုပ်တဲ့အချိန်မှာ သတိထားဖို့ လိုတယ်ဆိုတာကို တွေးမိသွားပါတယ် မမိုးရေ။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  11. အင်း... တိုးတက်တဲ့ နိုင်ငံမှာတောင် အဲဒီလို လိမ်ညာမှုတွေက ရှိတုန်းပါဘဲလား။ လူတွေကို ကြောက်စရာကောင်းလာပြီ။ သတိပေးတဲ့အတွက် ကျေးဇူးဘဲ ညီမရေ..

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete