Thursday, March 3, 2011

ဒီလိုခေါ်ခဲ့ကြပါသည်း)



မိုးခါးလေး တဂ် လိုက်တဲ့ပိုစ့်ပါ။


မိုးနာမည်အရင်း " မိုး "ပါ။ မိုးတစ်လုံးတည်းတော့ဟုတ်ပါဖူး။ အဖေက ဘယ်လိုရည်ရွယ်ပေးတယ်တော့မသိပါဖူး ကိုယ်ကိုယ်တော့ ရွာနေတဲ့မိုးကိုမရည်ရွယ်ပါ။ မိုးမိသားစုမိတ်ဆွေအပေါင်းသင်း တွေကြားခွဲခွါရ တိုင်းမိုးအမြဲပြော လေ့ရှိတာက မိုးကိုသတိရရင် မိုးသားကြီးကိုမော့ကြည့်လိုက်ပေါ့လို့  အမြဲပြောလေ့ရှိပါတယ်။

အဖေ ကတော့ အမြဲသမီးပဲခေါ်ခဲ့ပါတယ်။ မိတ်ဆွေတွေကို မိတ်ဆက်ပေးချိန် သမီးကြီးပါ။ အဖေ့ရဲ့သမီးလို့ ခေါ်တဲ့အသံကကို အရမ်းလည်းနှစ်သက်သဘောကျမိပါတယ်။ အဖ့ခေါ်သံတွေထဲမှာ ဂရုဏာသံ လေးတွေပါ နေလို့ ပါပဲ။ တခါတခါလည်း မောင်နှမတွေခေါ်သလို မမကြီး ထည့်ပြောမိတတ်ပါတယ်။ မမကြီးကတော့ တော်တော့်ကို တွင်သွားတယ် ဆိုရမှာပါပဲ။ အဒေါ်အိမ်သွားလည်လည်း အဒေါ်ယောက်ခမ အိမ်က မိုးကိုခေါ် တာ မမကြီးပါပဲ။ မိုးကပြန်ခေါ်တာ အဖိုးနဲ့အဖွားပါ။

အမေကတော့ သမီးခေါ်ပေမယ့် နာမည်ခေါ်တာသာများခဲ့ပါတယ်။ တစ်ခါတလေ ကြည့်မရရင် ရောဂါသည်တဲ့ ။

အဒေါ်တွေ ဦးလေးတွေကတော့ နာမည်ပဲခေါ်ပါတယ်။ ဦးလေးတွေက တစ်ခါတစ်လေ ပဲပင်ပေါက် ပဲပြား ခေါ်ပါတယ်။ ဘလို့ခေါ်လဲတော့ စဉ်းစားသာကြည့်ပါတော့နော်း) တစ်ခါတစ်လေ တစ်ဦးအရူးတဲ့ အရူးမတဲ့ အပေါမ ပေါတောတော ငပေါမကြီး ခေါ်ချင်သလိုခေါ်ကြပါတယ်။ မိုးကလည်း ကိုယ့်နာမည်မခေါ်ရင် စိတ်သာချ ပြန်မထူးတတ်ပါဖူး။ ဒါနဲ့ မေးကြည့်တော့ တစ်ဦးကလေးကို အရူးအမူးချစ်ကြလို့  တစ်ဦးအရူးခေါ် တတ်ကြ တယ်တဲ့ ဟုတ်မဟုတ်တော့မသိပါး)

မောင်နှတွေမှာတော့ အကြီးမို့  မမကြီးပေါ့။ ညီမတွေကတော့မမိုး မောင်တွေကုန်လုံးမတော့ မမကြီး မိုးမှာ တစ်ဦးတည်းသောမောင်လေးကလွဲလို့  မိုးနဲ့တစ်နှစ်ကျော်ကျော်ကွာတဲ့မောင်လေးကနေ ခု သူငယ်တန်းက လေးမောင်ထိဝမ်းကွဲတွေရှိပါတယ်။

ကျောင်းမှာတော့ မှတ်မှတ်ရရ မသုဓမ္မစါရီလို့  တော်တော်နာမည်တွင်ခဲ့ဖူးပါတယ်။ ဒါနဲ့နောက် နောက်တစ်နှစ်နှစ်ကျ ကတုံးမြင်ပြန်တော့ ပိုဆိုးပေါ့။ တစ်ခါ မိုး ၁၀ ပြီတော့ အတန်းထဲကကျောင်း သားတစ်ယောက် မနေနိုင်လိုက်မေးသေးတယ် ဆံပင်တုလားတဲ့ အော်ဖြစ်မှဖြစ်ရလေ သူမေးတာကို ရီပဲနေလိုက်မိပါ တော့တယ်။ ငယ်သူငယ်ချင်းတွေခေါ်တာ တော့ မိုးလေး ပါ ။တစ်ခါမြတ်မွန်ကမိုးလေးလို မန့်တော့ ငယ်သူငယ်ချင်းအရင်းခေါ်လိုက်ပျော်မိပါတယ်။

လမ်းထဲက ကလေးတွေက မမမိုးတဲ့ ကော်မန့်လာပေးတဲ့ သူထဲမှာ မမမိုးလို့ မြင်မိရင် အဲ့ဒီကလေးကို အရမ်းသတိရ ပါတယ်။

ခုအကိုတွေ အမတွေက ခေါ်တာလည်း မိုးပါ။ မမိုးလို့ လည်းခေါ်တတ်ပါတယ်။ ငယ်တဲ့သူမတတ်ခေါ်တာ နှစ်သက်ပေမယ် အကိုကြီးကြီးတွေ မတတ်ခေါ်ရင် တမျိုးကြီးပဲ။ ပြောရင်တော့ လေးစားသမှုနဲ့ပေါ့ ပြီးတော့သူတို့ ကိုယ်သူတို့ နုချင်တာပါ။မောင်လေးတစ်ယောက်က တစ်ခါတခါမက်စေ့ပို့ တတ်တယ် အဖွားမိုးတဲ့ အေးရော။ နောက်မောင်လေးတစ်ယောက်ကခေါ်ပါတယ် ဂျီးတော်မိုးတဲ့  ကုန်ပါပြီ အရွယ်သုံးပါးးD

တခါကပလာဇာမှာ ဈေးသွားဝယ်တာ ဆိုင်ထဲက အသက် ၆၀ ကျော်လောက်ရှိမယ် မိုးကိုခေါ်လိုက်ပါတယ် အမတဲ့းD
မိုးကပြန်ညီမလေးလို့ ခေါ်ရတာလည်းခက်သား အမေ့ထက်ကြီးမယ့်ပုံဆိုတော့ လောကကြီးမှာခုထိ မိုးလိုက်ရောညီထွေ မနေတတ်သေးပါ။

အဆောင်ကအမတွေကတော့ ရုံးကပြန်လာလို့  ဟင်းအဆင်သင့်ချက်ထားရင်ဖြစ်ဖြစ် လက်ဖက်သုပ်ပေးရင်ဖြစ်ဖြစ် ခေါ်တတ်တယ် ချစ်မိုးတဲ့ သူတို့ လိုတာလေးတွေဝယ်လာပေးရင် မေမိုးတဲ့ တစ်ခါတလေ မမိုးလေးတဲ့ တစ်ခါတစ်လေ သူတို့ ပြောတာနားမလည်ရင် တော်ပြီဒီပျိုကြီးကို ပြောတော့ဖူးတဲ့လေ။ အပျိုမကြီးသေးဖူးဆို ဒါဆိုပျိုလေးလို့ ရွဲ့ တဲ့တဲ့ခေါ်သေးတယ်။ ဘယ်လိုပဲခေါ်ခေါ်ပါ မိုးစိတ် မဆိုးတတ်ပါဖူး။ ဒါပေမဲ့ ဒီ ဘလော့နာမည်နဲ့ပက်သက်ပြီး စိတ်မကောင်း ဖြစ်ဖူးတာတော့ရှိပါတယ်။

ဒီဘလော့နာမည်လေးကိုပေးခဲ့တာ မိုးကိုယ်တိုင်လည်းနှစ်သက်တယ် မြတ်နိုးပါတယ်။ တခါ ဒီနာမည်နဲ့ပက် သက်ပြီး ခနဲ့တဲ့တဲ့ရေးသွားဖူးတာတွေ့တော့ အတော်စိတ်မကောင်းဖူး ကိုယ့်ဘလော့ မှာရေးတာတော့ဟုတ်ပါဖူး ဘယ်သူဆိုတာကိုတော့မိုးလည်းမသိချင်ဖူး။ နောက် မိုးကော်မန့်ရေးတာမဟုတ်ပဲ မိုးနာမည်နဲ့တွေ့ လို့ အတော်စိတ်မကောင်းဖြစ်ဖူးတယ်။ ဒါကြောင့် ကိုယ်တိုင်လည်း တဖက်သားဝမ်းနည်းမိအောင်မရည်ရွယ်လည်း တဖက်သားကဝမ်းနည်း သွားတာမျိုးရှိတယ်။ ဘာဖြစ်ဖြစ် တိုတောင်းလှတဲ့ဘဝထဲမှာ အေးချမ်းချမ်း လေးပဲဖြတ် သန်းသွားချင်မိပါတယ်။
ခါးလေးရေးပြီးသွားပြီးနော်။ သူ့ လိုတော့ ကြွားစရာတစ်နေရာ ရောင်လို့တောင်မရှိပါ။ မမူးသေးဖူးနော် ဟွန့့်် ဒက်ပေါက်တယ်ဟုတ်းD


အားလုံးသာယာချမ်းမြေ့ပါစေရှင်း
မိုး





7 comments:

  1. ဒက် တော့ မပေါက်ပါရစေနဲ့ မမိုး မမမိုး မမပျိုကြီးရယ် .. :P

    အဖေ အမေခေါ်တာကတော့နော် တကယ့်ကို မေတ္တာတရားတွေ ပြည့်လို့ပဲ .. ရှဲ့ရှဲ့ပါ ရေးပေးလို့ .. ရှေ့ဆက် တဂ်ဦးမှာ .. :D

    ပျော်ရွှင် ချမ်းမြေ့ပါစေ :D

    ReplyDelete
  2. တဂ်စာလေး လာဖတ်သွားပါတယ် မိုးရေ...

    ReplyDelete
  3. တဂ်ပို့စ်လေး လာဖတ်ပါတယ် မိုးရေ...

    ReplyDelete
  4. ခွန် ကတော့ မမိုးလို့ခေါ်ပါသည် :) :D

    ReplyDelete
  5. ဒေါ်မိုးကလည်း

    ညမမိုး တက်ဂ်တာနဲ့ သူ့သွားပြီး ဒက်ပေါက်ခိုင်းနေတယ်..

    နောက်တခေါက် ဂတုံးမ ပြန်ဖြစ်သွာားပါအုံးမယ်ဗျာ

    (ချစ်လို့ ခင်လို့ စတာ)

    ReplyDelete
  6. ရေးဖို့ မေ့သွားတယ် မိုးရဲ့ထာဝရဘရားသားကြီးခေါ်တာ ရုပ်ဆိုးလို့ထည့်မရေးဖြစ်လိုက်ဖူး။

    ReplyDelete
  7. ကဲ မိုးလေးရေ..မွန်တော့ မိုးလေးပဲခေါ်တော့မယ်ဆိုတာ သေခြာသွားပြီကွယ့်..။

    မိုးလေးရေ ခုမှရောက်ဖြစ်လို့ ဆော်တီးပါကွယ်။

    ReplyDelete