Wednesday, March 9, 2011

တွေ့ ဖူးသမျှ (၁)

တွေ့ ဖူးသမျှ (၁) အဆက်ပါ။

ကမ္ဘာကြီးတစ်ပတ်လည်သလို သံသရာကြီးတပတ်လည်ပြန်သည်။ ပျော်နေသောမိသားစုလေး သားသမီး တွေတွက်ထားခဲ့သောရည်မှန်းချက် စိတ်ကူးအိမ်မက်များ ဒီနေ့ပျက်စီးခဲ့ပြီ။ စားပွဲပေါ်တွင်တင်ထားခဲ့သော စာကိုဖတ်မိရင်း လုပ်ရက်လိုက်တာသမီးရယ် …..

အိုး မျက်ရည်ကျလို့ မဖြစ်ဖူး မိဘမျက်ရည်တစ်စက် သားသမီးဆင်းရဲ့တစ်သက် တဲ့ မဖြစ်ဖူး မဖြစ်ဖူး ငါ့သမီးလေး ဘေးတွေ့ နေပါအုံးမယ်။ ရင်ထဲစို့ နစ် စိတ်ထောင်းတော့ကိုယ်ကျေဆိုသလို အိပ်ယာထဲဘုန်းဘုန်းလဲ ရတော့ သည်။
အတွေးများအတိတ်ဆီသို့  အော်တစ်ချိန်က ကျွန်ုပ်ဒီလမ်းလျှေက်ခဲ့ဖူးစဉ် မိခင်အိပ်ယာထဲလဲ နှစ်အနည်းငယ် တွင်း အသက်သေဆုံးခဲ့ရသည့်အဖြစ်ကို တွေးမိသည်။ ချက်ချင်း အိပ်ယာမှထ သမီးလေးကိုရှာမှပဲ ဖြစ်လာမှ တော့ အကောင်းဆုံး မိဘတို့ တာဝန်ရကောင်းဆုံးသာ ဆောင်ရွက်ပေးရမည်။ သမီးလေးနေရန်အိမ် လုပ်ငန်းကစတည်ထောင်ပေးသည့်ပြင် နွေးထွေးသောမိဘမေတ္တာကို အစဉ်ပေးလျှက်သာ........

*****************************************************************************
ရှေ့ ပိုင်းက တန်းလန်းဖြစ်နေတာကြောင့် အကျဉ်းချုပ်သာရေးလိုက်ရပါသည်။ စာများအစီစဉ်မကျမှုကို သည်းခံဖတ်ပေးကြသော စာဖတ်မိတ်ဆွေများကို အထူးကျေးဇူးတင်လျှက်ပါ။ မိုးက လက်တွေ့ ဘဝလေးတွေကို ပိုစိတ်ဝင်စားတတ်သူပါ။ ကျောင်းစာကလွဲရင် တခြားစာဖတ်တာ အလွန်အလွန်ကိုနည်းခဲ့တာ မိုးရဲ့အားနည်းချက်တစ်ခုပါ။ ရေးချင်ပေမယ့် အစဉ်ပြေအောင်မရေးတတ်သေးပါ။ သို့သော် စာရေးချင်စိတ်ကလည်းရှိနေပြန်ပါတယ်။ ငယ်ငယ်ကလိုတော့ဟုတ်ဖူး ခုတော့စာဖတ်တာက အဖော်လိုဖြစ်လာပါတယ်။ မအားတာကြောင့် ရေးမယ့်စာကို အရှည်မရေးလိုက်နိုင်ပါဖူး။ ခွင့်လွတ်ပေးကြပါ။း)

၇ ရက်သားသမီးများအားလုံး စိတ်ရောကိုယ်ပါ အေးချမ်းလို့ 

သာယာချမ်းမြေ့ပါစေရှင်း

မိုး

6 comments:

  1. ချော(အစိမ်းရောင်လွင်ပြင်)March 10, 2011 at 1:37 AM

    ညီမလေးရေ
    အဆုံးလေးကို ဖတ်သွားတယ်နော်
    ရေးချင်စိတ်ရှိလို့ ချချရေးရင်းနဲ့ပဲ ဖြစ်လာမှာပါ။
    စိတ်ကူးဆန္ဒအတိုင်း ဖြစ်လာပါစေနော်။

    ReplyDelete
  2. သူ့သမီးကလည်းပဲ ဘာသာမတူသူနဲ့ ခိုးသွားတာလား... ငယ်တုန်းက ဟိုကောင်လေးနဲ့သူလည်း ဘာသာမတူဘူးလေ... ဟိုကောင်လေးက ဗုဒ္ဓဘာသာဆိုတော့ သူက တခြားဘာသာပေါ့... အခုသူ့သမီးက ဘာဘာသာမို့ ဘယ်ဘာသာနဲ့ယူသွားတာလဲ.. မမိုး.... မျက်လုံးမကောင်းလို့ စာမဖတ်ဖြစ်တာနော်.. အခုလာဖတ်တော့လည်း ဦးဏှောက်ကို ရေလည်စားတယ်... :D.:D:D.. ဟီးဟီး...

    ခင်မင်တဲ့
    နေ၀ဿန်

    ReplyDelete
  3. အကောင်းဆုံးကို လုပ်ပေးလိုက်တယ်လို့ထင်ပါတယ်၊ ကိုယ်တွေ့နှင့် ကိုယ်ကိုတိုင်ကလည်း မိဘဖြစ်လာပြီကိုး။

    ReplyDelete
  4. ပထမ ဆုံးစာလာဖတ်သွားပါတယ်။

    ကိုယ်ရောစိတ်ပါကျန်းမာချမ်းသာပါစေ......။

    ReplyDelete
  5. နောက်ဆုံးတော့ မိဘတွေ စိတ်ထိခိုက်ရတာ တစ်ခုပဲနော်..
    မိဘတွေ စိတ်ဆင်းရဲတော့ရော သူတို့တွေ သာယာနိုင်ပါ့မလား..။

    ReplyDelete
  6. ဟုတ်စ် ပြန်ရှင်းပေးပါ့မယ် အလုပ်များနေလို့ ပါ နေဝသန်လေးရဲ့ 
    အဖေ၊အမေ နဲ့မတူတဲ့ဘာသာပါ။ အဲ့တော့ ၃ ဘာသာဖြစ်သွားရောလေ။

    ReplyDelete