Friday, April 8, 2011

သင်္ကြန်နှင့်အတူအလွမ်းများ



ငယ်ငယ်က အဖေဝယ်ပေးခဲ့ဖူးတဲ့ ပန်းကုံးလေးနဲ့ ရေဖလားလေးကိုလွမ်းတယ်။

ဘော်လုံးလေးတွေထဲ ရေထည့်ပြီး ရေကစားခဲ့ဖူးတဲ့ ကလေးဘဝကိုလွမ်းတယ်။

နံနက်စောစော ပိတောက်ပန်း လာပို့တဲ့ လမ်းထဲက ကလေးလေး တပည့်လေးကိုလွမ်းတယ်။

တစ်အိမ်နှင့် တစ်အိမ် အပြန်အလှန် မုန့် ပို့ ခဲ့ဖူးတဲ့ မြန်မာတို့ ရဲ့အလေ့အထလေးတွေကိုလွမ်းတယ်။

မောင်းသံတညံညံနဲ့ သရက်သီးဆားရည်စိမ် မရမ်းသီးတွေရောင်းတဲ့ တွန်းလှည်းကြီးကိုလည်းလွမ်းတယ်။

ကျောင်းတော်ကြီးနဲ့ ဆရာမ သူငယ်ချင်းတွေရယ် ကျောင်းအဝင်ဝက ဂန္တဝင်ဆိုင်ရဲ့ မျိုးကြီးသီးချင်းသံ မေ့မရ ဆုံနေကြ ရွှေတြိဂံဆိုင်က စိုးမြင့်ကြော်၊ လက်ဖက်ထမင်းးသုပ်နှင့်အတူ ကျောင်းသင်္ကြန်ကိုလည်းလွမ်းတယ်။

အောင်သုခကျောင်းကိုလည်းလွမ်းတယ်။ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်မည့်နှစ်ဆန်းတစ်ရက်နေ့ကိုလည်းလွမ်းတယ်။

၃ နှစ်တာ သင်္ကြန်ဆိုတဲ့အနှစ်သာရနဲ့ကွဲကွာနေပေမယ့် မြန်မာနိုင်ငံပြည်သူတွေ ပျော်ရွှင်ချမ်းမြေ့စွာမြင်ခွင့်ရ ကြားခွင့်ရလည်း ဒါဟာ ပျော်ရွှင်ခြင်းတစ်မျိုးမို့  မင်္ဂလာရှိသော နှစ်သစ်မှာ မြန်မာတစ်နိုင်ငံလုံးဘေးကင်းရန်ကွာ အနှောက်အယှက်ကင်းကင်းဖြစ် ပျော်ရွှင်စွာ ရေပက်ကစားနိုင်ကြပါစေရန် ဒီနေရာကနေပဲ ဆုတောင်းလိုက်ရပါတယ်။

စာလာဖတ်သူ မိတ်ဆွေအပေါင်းတို့ အားလည်း ဒီနေရာလေးကပဲ ငွေဖလားကြီးထဲက နံသာရေလေးနဲ့ ရေခဲရေ ကိုအောင်သပြေခတ်က လေးနဲ့ ပက်ဖြန်းလိုက်ကြောင်းပါ။း))))) အားလုံး မင်္ဂလာရှိသော နှစ်သစ်လေးနှင့်အတူ ပျော်ရွှင်ချမ်းမြေ့တဲ့ရက်များကိုပိုင်နိုင်ကြပါစေ....

သာယာချမ်းမြေ့ပါစေရှင်း
မိုး

14 comments:

  1. အလွမ်းတွေ အားကြီးပါလား ..း)) ကဲပါလေ ရောက်နေတဲ့နေရမှာ ပျော်ကြရတာပေါ့ ..း))

    ReplyDelete
  2. ပျော်ရွှင်ပါစေ မိုးရေ
    နံသာရေလေးနဲ့ ပက်လိုက်လို့ သဘောတွေ ကျ...

    ReplyDelete
  3. ဟုတ်ပါ့နော် ..
    သင်္ကြန်ရောက်ပြီဆို
    စိတ်ထဲမှာ
    နေမထိ ထိုင်မသာ
    တစ်ခုခု လိုနေသလိုပဲ ..
    အဝေးရောက်နေတဲ့ သူတိုင်း
    ပိုပြီး ခံစား နားလည်မှာပါ ...

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  4. မမိုး လာသွားပါတယ်း)) နံသာနံတွေ မွှေးကြိုင်ပြီး ပြန်သွားပါတယ်း)

    ReplyDelete
  5.း)).. မမိုးရေ.. ဗွမ်း.................း))) လောင်းလိုက်ပြီ.. အဟဲ..


    ခင်မင်လျက်
    နေ၀ဿန်

    ReplyDelete
  6. ညီမလေးလဲ အတာတန်ခူး ဒီနှစ်ဦးမှာ ကြည်နူးရွှင်လန်း စိတ်အပန်းဖြေ
    အဆင်ပြေပျော်ရွှင်ပါစေလို့နော်...
    ရေလောင်းသွားပါတယ်. အတာရေလိုအေးပါစေနော်

    ReplyDelete
  7. တပြည်ရပ်ခြား ရောက်နေရလည်း
    ရိုးရာအစစ် အမွေနှစ်မို့
    ဒို့များဓလေ့ မမေ့နိုင်တယ်
    မိခင်ဖခင် ကျေးဇူးရှင်နဲ့
    ဆရာသမား မိတ်ဆွေများတို့
    ချမ်းမြေပါစေ တောင်းဆုချွေမည်
    နှစ်ဦးနှင့်အတူ ကြည်နူးစေသား အေးစေသား။

    ReplyDelete
  8. အလွမ်းတွေအားလုံးကိုဝေမျှခံစားသွားပါတယ်...။
    စလည်ဆုံးအားလုံးကိုပါ.....
    စိတ်ချမ်းသာပြီးကိုယ်ကျန်းမာပါစေခင်ဗျာ။

    ReplyDelete
  9. မိုးရေ....
    မိုးလွမ်းတဲ့ အထဲမှာ သင်္ကြန်မင်းသားလေး ကျန်နေသေးသလားလို့...:P

    ချစ်လို့ ခင်လို့စပါသည်။ မကြိုက်ရင် ပြန်လာစပါ....ဒါဗြဲ....

    ပုံ/ဂျင်းပုတ်

    ReplyDelete
  10. အဖြူရောင်နတ်သမီးApril 13, 2011 at 2:19 PM

    သင်္ကြန် ဆိုတာ ကျမအတွက်တော့ ကြေကွဲခြင်းတွေ စုပုံထားတဲ့ မျက်ရည်သင်္ချိုင်းတခုပါပဲ....

    ဟိ...
    ကြော်ငြာဝင်တာ...

    ရေလာလောင်းသွားတယ် သူငယ်ချင်းရေ...
    (((((ဗွမ်းးးးး))))

    ReplyDelete
  11. မိုးရေ..သင်္ကြန်ကို လွမ်းနေတယ်....
    ပျော်ရွှင်ပါစေ မိုးရေ..
    မိုးရေ..ရေလာလောင်းသွားတယ်နော်..
    အောက်မှာ ကလစ်ကြည့်...
    http://i302.photobucket.com/albums/nn116/imagoodone4sure/smileys/WaterBalloon.gif

    ReplyDelete
  12. အလုံတွေ စွမ်း၊ အလွမ်းတွေ စုံပါပေါ့လားးးးး))))

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  13. မိုးကိုမတွေ့တာကြာပြီနော်
    မင်္ဂလာပါ...

    ReplyDelete
  14. မိုးရေ...
    ကျွန်တော် ဆင်တဲကဖေးက ဘလက်ကော်ဖီပါ။ ခု ညီရဲသစ်နာမည်နဲ့ ကိုယ်ပိုင်ဘလော့ဂ်လေးတစ်ခု လုပ်ထားလို့ သူငယ်ချင်းရဲ့ လင့်လေးလာယူသွားတယ်။ အချိန်ရရင် လာလည်ပါဦး..

    ReplyDelete