Monday, March 22, 2010

မိုး ခုတလော

ခုတလော မိုး သူငယ်ချင်းတွေနဲ့ ဆုံတဲ့ အချိန်တွေက ပိုများနေတယ်။စင်္ကာပူမှာ တစ်နှစ်ကျော်လောက် တစ်ယောက်တည်း ချိန်ကုန်ခဲ့တာ ခုမှသူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေခွင့် ရလို့  လောကကြီးရဲ့ကံတရားကိုကျေးဇူးတင်မိပါတယ်။အဓိကတော့ (မိုးခါး)ပေါ့ 

တွေးမိတာက

အသက်ရှင်နေတဲ့အချိန်လေးမှာ ပျော်ရွှင်မှုတစ်ခုတည်းနဲ့ မဟုတ်ပဲ ကုန်သွားတဲ့အချိန်တွေကို တန်ဖိုးရှိရှိနဲ့ ကုန်အောင်ကြိုးစားမယ်ဆိုတာပါပဲ

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ခုတလေ ဘုရားရှစ်ခိုးချိန်တွေနည်းနေတယ် ဒါပြင် ဘဝအနာဂတ်တွက် ဘာမှမလုပ်သေးဖူး တစ်လတစ်လ လစာလေးထုတ်ပြီးကျေနပ်နေရင်တော့ ဘဝကဒီလိုနဲ့ ဘာမှ တိုးတက်မှာမဟုတ်ဖူး ပေါ့ 

ကျမ်းမာရေး
ခုတလော ကျမ်းမာရေးကတော့ အစာအိမ်ပေါ့ လေ အောင့် အောင့် နေတာ သူကလည်းထူးဆန်းတာတစ်ခုက အောင့်နေကျချိန်မှန်အောင့်တတ်တယ်။

ဖတ်ဖြစ်နေတာက
ပိုစ့် တွေလိုက်ဖတ်ဖြစ်ပါတယ်။

ရောက်နေတဲ့နေရာက
တစ်ပတ်မှာ ၂ ကြိမ် ၃ကြိမ်လောက် သူငယ်ချင်းတွေအိမ်သွားဖြစ်တယ်။

မုန်းနေမိတာက
မုန်းတယ် ဆိုဘယ်လိုပြောရမလဲ............. ခုဘယ်သူ့ ကိုမုန်းလည်းဆိုမပြောတတ်ဖူး ..........
ကိုယ့်ကိုထိခိုက်အောင်လုပ်ရင် အဲဒီသူကို မတွေ့ မမြင်အောင် ရှောင်လိုက်တာကလွဲလို့  မုန်းတယ်လို့ 
ခံစားလို့ မရဖူး မုန်းတယ်ဆိုတာလဲခံစားမှုတစ်ခုဆိုရင် လူတစ်ယောက်တွက် အမုန်းဆိုတဲ့ခံစားချက်မရှိသေးဖူးပေါ့ နော်

ချစ်နေတာက
ဒါကတော့  မိုးဘဝမှာ ပြောခဲတဲ့စကားပေါ့  ပြောလေ့ပြောထမရှိတဲ့စကားဆိုပိုမှန်မယ်ပေါ့ နော် ။
မိဘမောင်နှတွေကိုတောင် ပြောလေ့ မရှိဖူးလေ။မိဘမောင်နှမတွေကို ချစ်တယ်ဆိုတဲ့စကားထက်လေးလေးနက်နက်ကိုပြောချင်တယ် စကားလုံးလည်းရှာမတွေ့ သေးဖူးပေါ့ ။ဒါပေမဲ့ ရင်ထဲကတော့ အကြိမ်ကြိမ်ပြောနေမိပြန်တယ် အဖေ့ကို ချစ်တယ် လို့ ပေါ့  မိဘနှစ်ပါးမှာ အဖေ့ ကိုပိုချစ်သလို မောင်နှမတွေထဲမှာတော့အားလုံးကို တန်းတုလို့ ထင်ပေမဲ့ မောင်လေးကို ပိုသတိရတယ်လေ။

စိတ်ပျက်နေမိတာက
အဆောင်မှာနေရတာဆိုတော့ အကြားချင်တဲ့ကြမ်းတမ်းတဲ့ စကားလုံးတွေကြားရတာရယ် ။နှာချေရင် စည်းကမ်းမရှိတာတွေကို စိတ်ပျက်မိတယ်။

နားထောင်မိတဲ့သီချင်း
နားထောင်လို့ ကောင်းတယ် သံစဉ်လေးဆိုလို့ ကောင်းတယ် ဆို နားထောင်ဖြစ်ပါတယ် သီချင်းလည်းအရမ်းကြိုက်တတ်သူပေါ့ လေ

တမ်းတနေမိတာက
မိုးရဲ့ တစ်ဦးတည်းသောမောင်လေးနဲ့  ပြန်ဆုံမဲ့ အချိန်တွေကို ရေတွက်နေမိတယ်။

စွဲလမ်းနေမိတာက
ဆောရီးနော် မပြောတတ်ဖူး

မေ့လျှော့ ပြစ်နေတာက
ဒါလည်းဆောရီးပါပဲနော် ဟီးဟီး

လိုအပ်နေတာက
ငွေကြေးနဲ့ ဝယ်လို့ မရဲ့ တဲ့  နွေးထွေးတဲ့ မိသားစု ငယ်ငယ်တည်းက မိသားစုနဲ့ မခွဲမခွါနေချင်ပေမဲ့ ဆုတောင်းတွေမပြည့်ခဲ့ဖူးလေ
ဒါကြောင့် ကိုယ်ပိုင်မိသားစုသာ တည်ဆောက်ဖြစ်ရင် အဝေးမှာအလုပ်သွားလုပ်မဲ့သူတို့ စစ်သားတို့  သဘောင်္သားတို့ ကိုလုံးဝရှောင်မယ် စိတ်ကူးထားတယ်းp ကိုယ့်လို မခံစားစေချင်ဖူးပေါ့  တကယ်ကို နွေးထွေးတဲ့ မိဘနဲ့ အတူကြီးပြင်းတဲ့ ကလေးတွေဟာ ဘဝမှာပျော်ရွှင်ဆုံးဖြစ်မယ်ဆို့ ယူဆတယ်လေ။

စားဖြစ်နေတာက
အလုပ်ပင်ပန်းလို့  ထမင်းဟင်းချက်မစားနိုင်တဲ့ချိန်တိုင်းစားတဲ့ ချဉ်စပ်ခေါက်ဆွဲပြုတ် ရယ်
တစ်ပတ် ၂ ခေါက်လောက်တော့ သူငယ်ချင်းတွေအိမ် ထမင်းသွားစားဖြစ်တယ်

လွမ်းနေမိတာက
အိမ်ကိုပေါ့ 

သနားနေမိတာက
ကိုယ်ကိုကိုယ်တော့ မဟုတ်ဖူး

တောင်းမိတဲ့ဆု
၁။ မိဘတွက်
၂။အလှူတန်းတွေအပြင် သာသနာရေးဘက်တွေမှာပါ ကူညီထောက်ပံ့နိုင်တဲ့သူဖြစ်ချင်တယ်လို့ ဆုတောင်းတယ်
၃။မိုးအတွက် (ဘဝမှာ သာယာချမ်းမြေ့တဲ့ဘဝလေးဖြစ်ချင်တယ်လို့ ဆုတောင်းမိတယ်)

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
တစ်နေ့  ၂ ကြိမ် ပဲအော်မိတာ ပါ အဲဒါကတော့  ဗိုက်ဆာတယ်
အစာအိမ်ရှိတော့  ဗိုက်ကဆာရင် လုံးဝမခံစားနိုင်ဖူးလေ အိမ်မှာဆိုရင်တော့ အဆင်သင့်မဖြစ်သေးရင် မျက်ရည်ကျလာတယ် ဘယ်လို မှထိန်းလို့ မရဖူး ခုတော့ဂျီကျလို့ လည်း မိသားစုကနားမှမရှိလို့ လားတော့ မသိဖူး အဲဒီလိုမျက်ရည်မကျတော့ ဖူးပေါ့ 

ကြိတ်ပြီးချီးကျူးနေတာက
ဘယ်နေရာမှာပဲ ရောက်ရောက်ပါ မိုးအမြဲ ကြိတ်ပြီးချီးကျူးနေတတ်တာက
ကိုယ်ကျင့်တရားကောင်းတဲ့သူတွေ နောက် မိဘ မောင်နှတွက် မိသားစုတွက် သားကောင်း သမီးကောင်း မိမိခင်ပွန်းတွက် သစ်စာရှိတဲ့ဇနီးကောင်း မိမိဇနီးတွက် သစ်စာရှိတဲ့သူတွေ တာဝန်ဆိုတာထက် မေတ်တာနဲ့ မိသားစုတွေပေါ်မှာပေးဆပ်နေတဲ့သူတွေ အားလုံးကို ပါပဲ.

ဝန်ခံချင်တာက
စာမရေးချင်တာထက် မရေးတတ်တာကို ပါ။

ကိုဖိုးစိန်လာတက်ဂ်လာလို့  မရေးတတ် ရေးတတ်နဲ့ရေးပေးလိုက်ပြီနော်

အားလုံးသာယာချမ်းမြေ့ကြပါစေနော်
မိုး

9 comments:

  1. မိုးရေ..


    တက်ဂ်ပို့စ်လေးအတွက် ကျေးဇူးလေးပါ။


    နောက်ပြီး မိဘနဲ့ ဝေးနေပေမယ့် အခုလို ချစ်စရာကောင်းတဲ့ ဝမ်းမတူ မောင်နှမတွေ တွေ့နေပြီးပဲလေ နော်.

    တခုက မမိုးကိုနားလည်စေချင်တယ်... မိသားစု မောင်နှမတောင် စိတ်ဆိုးကျ စိတ်ကောက်ကျတယ် မဟုတ်လား..

    မိသားစု ဝင်မဟုတ်တဲ့သူတွေ စုနေတဲ့ နေရာမှာ တခါတလေ စိတ်အဆင်မပြေမှုက ဖြစ်တတ်ပါတယ်။။။

    မိုးက တရားသမားပဲ ။။။ စိတ်ထဲမှာခွင့်လွတ်တတ်ပါ..

    ခွင့်မလွတ်တတ်လို့ပြောတာမဟုတ်ပါဘူး.

    မောင်နှမလိုနေမှတော့ သူတို့ပြောတာ ခေါင်းထဲသိပ်မထည့်ပါနဲ့

    ကိုယ့်ဘက်က တတ်နိုင်တာလုပ်ပေးလိုက်ရင် ကိုယ့်စေတနာကို သူတို့ နားလည်မှာ။

    ဆီ ဆိုတာ ရေမှာ မပျော်ဝင်ပါဘူး. အပေါ်မှာ ဝေ့လည်ဝေ့လည် ပါ။။
    ခပ်ထုပ်လို့်လဲ မရ။ ကျန်တာက ကျန်နေတယ်လေ။ အဲဒီရေလဲ ရေကြည်မဟုတ်တော့ဘူး။။


    ကျနော်တို့ က ရေ ပေါ်ကို ရေပဲလောင်းတယ်။ အဲဒီရေက နောက်နေရင် အမှိုက်ပါနေရင် ရေစစ်နဲ့ စစ်လိုက်မယ်လေ။ မကောင်းဘူးလား။

    မိုးကို ခင်တဲ့အတွက် မိုး စိတ်အနှောက်အယှက်ဖြစ်တာ စိတ်မကောင်းဖြစ်တာတွေ စိတ်ထဲ ခုနေမှာတွေ ဖြစ်လို့ ခုလိုရေးတာပါ။

    ဘယ်လောက်ပဲ ချီးပေါက်ပေါက် တကယ်တမ်း တစ်ယောက်ယောက် ကစိတ်မကောင်းဖြစ် ဝမ်းနည်းနေရင် ဘယ်သူမှ မနေတတ်ကြပါဘူး။

    ဒါက သူငယ်ချင်းထက်ပိုတဲ့ မောင်နှမ စိတ်ဓာတ်တွေပါ။

    ဒါကြောင့် စိတ်ထဲ ဘာမှ မထားပဲ ကိုယ်က နားလည်ပေးတတ်အောင် ရေလို ပျော်ဝင်တတ်အောင် ပဲ နေလိုက်ပါ။

    ဆရာလုပ်တာမဟုတ်။ အားလုံးကို နားလည်စေချင်လို့။ မိုးကိုခင်တယ်ဆိုတာ သိစေချင်လို့။

    တက်ဂ်ပိုစ့်လေး ရေးပေးတဲ့မိုးကို လဲ ကျေးဇူးတင်ပါတယ်။

    မိုးပျော်ရွင်တာကိုလဲ မြင်စေချင်ပါတယ်။


    နောက်ဆို ရေ ပဲ ယူခဲ့ပါ။ ဘယ်ခွက်ထည့်ထည့် ရေက ရေပဲ ဖြစ်စေချင်ပါတယ်။

    လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  2. မိုးကို အမြဲ ကြို ဆို နေပါတယ်။ ပျော်ပျော်နေပါ။

    ReplyDelete
  3. မိုး ရဲ့ မရေးတတ်ပဲ ရေးထားတဲ့ တဂ်ပို့စ် လေး ဖတ်သွားတယ် နော်.. မီး ဖြစ်ချင်တဲ့ ဘဝ လေး ဖြစ်နိုင်ပါစေ...

    ReplyDelete
  4. မမိုးရေ
    အချိန်ရှိတုန်း ပျော်ပျော်ပါးပါး နေကြတာပေါ့နော် ..း))
    အမြဲ ပျော်ရွှင် ချမ်းမြေ့ပါစေး))

    ReplyDelete
  5. မိုးနဲ့မဇွန် အစာအိမ်အောင့်တတ်တာခြင်း၊ တစ်ဦးတည်းသောမောင်လေးကို ချစ်တတ်တာခြင်းတူနေတယ်။း)

    ReplyDelete
  6. သစ္စာ
    မေတ္တာ
    ရွှေမန်းသဘင်
    အဲလေ.. မှားလို့

    ပျော်ရွှင်ဖွယ် ဘဝလေး ပိုင်ဆိုင်ပါစေ

    ReplyDelete
  7. မမိုးရေ
    တခါတလေ အပျော်ထဲမှာနေပြီး
    စိတ်ညစ်စရာတွေမေ့ထားတာကောင်းပါတယ်။
    ကျန်းမာရေးလည်းဂရုစိုက်နော်။

    ပျော်ရွင်ပါစေ
    ခွန်သဒ္ဒါ

    ReplyDelete
  8. မိုးရေ..
    သူများအကြောင်းလာ စပ်စုသွားတယ်။
    ကြိတ်ပြီးချီးကျူးနေတာလေးတွေ ရေးထားတာက ခံစားချက်တူလို့ အဲဒီခံစားချက်မျိုးကို လေးလည်းလေးစားတယ်.. ချီးကျူးတယ်..
    ခင်မင်လျက်
    ပေါ့ဆိမ့်(ဆင်တဲကဖေး)
    PS; ကျတော်လည်း မိုးလိုဘဲ မရေးတတ်ရေးတတ်နဲ ရေးထားတယ်။ စိတ်ကူးထဲကလူ တဲ့ ဝေဖန်အကြံပေးလှဲ့ပါဦး..

    ReplyDelete
  9. ကျန်းမာရေးက ဗိုက်ကအချိန်မှန် အောင့်တယ်ဆိုတော့ အကြံပေးချင်တာက အောင့်တဲ့အချိန်ကို မှတ်ထားလေ အဲ့အချိန်ရောက်ခါနီးရင် နာရီကိုနည်းနည်း အချိန်ကျော်လိုက် :P စကားမစပ် ကျမ်းမာရေးဆိုရင် ကျမ်းစာအုပ်မာတာ ဖြစ်နေမယ်ထင်တယ် :D အိ.. လျောက်ပြောမိပြန်ပြီ

    ReplyDelete