Saturday, March 20, 2010

ဖန်ခွက်ကလေး နှစ်ခွက်

ဒီနေ့  မိုးလေးအေးအေးနဲ့ ပေါ့  အဝတ်တွေလျှော်မဲ့  အစီအစဉ်လေးပျက်ခဲ့ပါတယ်။
ဒါနဲ့  အပျင်းထူလိုက်အုံးမယ် ဆိုပြီးအိပ်ယာထဲအသာဝင် ဒါပေမဲ့  အိပ်လို့ လည်းမရ
ဒီလိုနဲ့  ညနေ ၄ နာရီထိ အိပ်ယာထဲဟိုလည့် ဒီလည့် နဲ့  ချိန်ကုန်ခဲ့တယ်။

ဒါနဲ့  ဆက်အိပ်လို့ မရတာနဲ့  မေးလ်ထဖွင့်ကြည့် တော့ လေးနှစ်လုံးလုံး တူတွဲခဲ့
တဲ့သူငယ်ချင်းစာကို ဖတ်ပြီး ပိုစ့်တင်မိသွားတာပေါ့ ။

မိုးတို့  ကျောင်းပြီးတဲ့ထိ လေးနှစ်လုံးအတူတွဲတဲ့သူငယ်ချင်းကတော့ အားလုံး
(၇)ယောက်ပါ။ အားလုံးမိန်းခလေးတွေပါပဲ။ ခုနှစ်ယောက်လုံးက ယောက်ကျား
လေးသူငယ်ချင်လည်းမထားသလို သူငယ်ချင်းတွေနားကို တစ်ယောက်ယောက်
ယောက်ကျားလေးများလိုက်ကပ်ပြီဆို သူငယ်ချင်းတွေ ဝိုင်းပြီးပညာပြကြတော့တာ
ပါပဲ။

ခုတော့ သူငယ်ချင်းတစ်ချို့ လည်းအိမ်ထောင်ကျ တစ်ချို့ လည်းမကြာခင်
လက်ထက်တော့မယ်သူနဲ့  တစ်ချို့ လည်း ဘယ်သူ့ ရွေးချယ်ရကောင်းမှန်း
မသိလို့ လာတိုင်ပင်တဲ့သူနဲ့ စုံနေတာပါပဲလေ။ မိုးကိုလည်း ဒီတိုင်းပဲလား
အမြဲမေးတဲ့သူငယ်ချင်းတွေကစီက ဒီနေ့ ပို့ လိုက်တဲ့မေးလ်လေးက
စာပိုက်လေး တစ်ပိုက်ကို မိုးတင်ပြချင်ပါတယ်။

...မိုးရေ..ဖန်ခွက်ကလေးနှစ်လုံးရှိမယ်ဆိုပါစို့..သုံးတဲ့တစ်ခွက်ကကွဲချင်ကွဲသွားပေမယ်
သုံးလိုက်ရသေးတယ်..နောက်တစ်လုံ့းကတော့ကွဲမှာစိုးလိုမသုံးဘူး...ကွဲသွားတဲ့အလုံးကပိုပြီးကောင်းမယ်လို့ယူဆ
တယ်...မိုးရော..သုံးကြည့်ပါလို့
ချစ်ခြင်းအားဖြင့်
ဆု

မိုး ကတော့အမြဲတမ်း ဖန်ခွက်ကလေးကို ကွဲမှာစိုးလို့ သေချာသော့တွေခတ်ပြီး သိမ်းထားတတ်တဲ့သူလေ။
မိုးဘာဆက်လုပ်သင့်ပါသလဲ.................................................

၁။တစ်သက်လုံး မသုံးပဲသိမ်းထားမလား
၂။သုံးမလား
ဘာဖြစ်မယ် ဆိုတာ ဘယ်သူကြိုပြောနိုင်မလဲ......................................
အနာဂတ်ဆိုတာ ကြိုတင်မမြင်နိုင်ဖူးလေ.........................................

သာယာချမ်းမြေ့ပါစေနော်
မိုး

3 comments:

  1. သုံးဖြစ်အောင်သုံးကြည့်ရမယ်ပေါ့ ... :D

    မိုးခါး

    ReplyDelete
  2. သုံးသင့်အချိန်ထုတ်သုံးပြီး မသုံးသင့်တဲ့အချိန်ဆို ဗီရိုထဲ ပြန်သော့ခတ်ထားပေါ့။ (ဖန်ခွက်ဆိုရင် ပြောတာပါ);)

    သူပေးတဲ့ ဥပမာလေးက နဲနဲဆန်းတယ်နော်။

    ReplyDelete
  3. ဘာပြောရမှန်းမသိဘူး ..
    မပြောတော့ပါဘူး ...

    ReplyDelete