Wednesday, March 3, 2010

မောတော့ မောတာပေါ့ 

ဒီတစ်ပတ် ရုံးမှာ အလုပ်တွေပိ ရှေ့လျှောက်အလုပ်တွက်ပူရ သက်တမ်းတိုးဖို့ ပူရ
ရုံးကအလုပ်တွေအသစ်ကခိုင်းတာလည်း ဘာမှမထူးလို့ ပူရ လူတစ်ကိုယ်လုံးလဲ အငွေ့ တွေတထောင်းထောင်းထွက်တော့ မဲ့ ပုံ ဖြစ်နေပြီလေ။

ပူစရာမရှိလည်း အမြဲလိုက်ပူနေတတ်တာ မိုးအကျင့် တစ်ခုပေါ့လေ။ ဖြစ်သမျှ အကောင်း
ဆုံး ကြိုးစားသွားမယ်ပေါ့  အဲဒီလိုစိတ်ကူးထားပေမဲ့  ခဏပါပဲ ပြီးရင် ခေါင်းထဲတွေးတွေး
ပြီးပူနေတတ်တယ် ဖျောက်လို့ မရတဲ့  မိုးရဲ့ အကျင့် ဆိုးတစ်ခုပေါ့ ။

အသက်ရှူတွေရပ်တန့် လောက်အောင်ပဲ စိတ်တွေမောနေရတယ်လေ။ အလုပ်တွက်ပဲပေါ့ 
ကိုယ်ကဒီလမ်းလျှောက်ဖို့ ရွေးချယ်ခဲ့ တာ မို့  ဘယ်လောက်မောမောပေါ့ လေ အသက်ရှင်
နေသရွေ့တော့  ဆက်လျှောက်နေအုံးမှာပါပဲ ။

လောကမှာ ဘာမှမတည်မြဲပါဖူးလေ ဖြစ်တဲ့ ချိန်ဖြစ်မယ် ပျက်တဲ့ ချိန်ပျက်မယ် ပေါ့ 
သူသဘောသူဆောင်နေတာပါပဲလို့  တိုးတိုးလေး ကိုယ်ဘာသာ ပြောရင်း စိတ်ဖြေ
ရတာပါပဲ။

စိတ်ညစ်တိုင်း အားကိုးတကြီးအိမ်ကိုပဲ ဖုန်းဆက်ချင်ပေမဲ့  ဟန်ဆောင်လို့ မရတဲ့ မိုးအသံ
ကြောင့်  မိုးစိတ်မကောင်းတဲ့ အသံအိမ်ကရိပ်မိသွားမှာဆိုးလို့  တစ်ယောက်တည်းကြိတ်
ခံစားရတာ လည်း စင်္ကာပူရောက်မှမဟုတ်ပါဖူး ။ငယ်ငယ်တည်းကဒီလို ပဲလေ။

ဒါကြောင့်  အဲဒီခံစားချက်တွေအားလုံးကို အားကိုးတကြီးနဲ့ ဘုရားစီမှာပဲတိုးတိုးလေးပြော
ရတော့ တာပေါ့ ။ မတက်နိုင်ဖူးလေ ရင်ဖွင့် စရာဆို လို့  ကိုယ်ယုံကြည်အားကိုးတဲ့ 
ဘုရားမှတပါး ဘယ်သူမှမပြောချင်ဖူးပေါ့  သူငယ်ချင်းတွေ မိတ်ဆွေတွေရှိပေမဲ့ လည်း
အားလုံးလည်း သူ့ တို့ အပူနဲ့ သတို့ ရှိကြမှာပါပဲ ။ စိတ်ချမ်းသာမှုလေးမပေးနိုင်ရင်တောင်
အပုတွေ စိတ်ညစ်စရာတွေတော့ မပေးချင်ဖူးလေ။

ဒီခံစားချက်တွေဟာ မိုးတစ်ယောက်တည်းခံစားနေရတာမဟုတ်ဖူး တိုင်းတပါးမှာ အလုပ်လုပ်
တဲ့ သူတိုင်း ဒီလိုခံစားကြမှာပါပဲ ။ ဟန်ဆောင်တာ လိမ်တာ မကြိုက်ပေမဲ့ လို့  ကိုယ်ကိုကိုယ်
တိုင်လည်း ဒါမျိုးတွေ မကင်းနိုင်သေးဖူးပေါ့ ။ဆင်ပြေလား ဆို ပြေတယ် ပေါ့  ဒီလိုပဲဖြေလိုက်
ရတာပါပဲ။

မိုးခုလိုအသက်ရှင်နေနိုင်တာ မိုးယုံကြည်အားကိုးတဲ့ ဘုရားတရားသာမရှိရင် မိုးအသက်ရှင်နေနိုင်ပါ့ မလားတောင်မသိပါဖူး အသက်ရှင်ရတာ စိတ်မောလိုက်တာ…………
ဒီလိုနဲ့ ပဲ အခက်ခဲတွေ တစ်တောင်ပြီးတစ်တောင်ကျော်ခဲ့ ပြီပဲ လွယ်လွယ်နဲ့ အရှုံးမပေးပဲ
ဆက်ကြိုးစားလိုက် ခက်ခဲတွေ့ လိုက်နဲ့  ဒီသံသရာစက်ဝိုင်းကမလွတ်မချင်းတော့ လည်း
ချိုတလည့် ခါးတစ်လည့် နဲ့  ဘဝကိုဖြတ်သန်းရမှာပါပဲ ။ မောတော့ မောတာပေါ့ 
ဒါပေမဲ့ လည်း ကိုယ့် စိတ်ကူးတွေ ကိုယ်လုပ်ချင်တာတွေ တွက်ဒီလိုမောရတာ
ဆိုတော့  ပျော်ပါတယ်။

သာယာချမ်းမြေ့ပါစေနော်

မိုး

7 comments:

  1. ကိုယ်တစ်ယောက်ထဲ မဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်၊ ပျော်ရွှင်အေးချမ်းပါစေ။

    ReplyDelete
  2. တို့တင်ဖူးတဲ့ ထိပ်ဆုံးသို့ ကဗျာလေးကို တစ်ခေါက်ထပ်ဖတ်လိုက်ပါလား မိုးရေ။ အားအင်တွေ ပြန်ပြည့်သွားအောင်လို့။ အစ်မတော့ ဘ၀အမောတွေနဲ့ကြုံတိုင်း အဲဒီ့ကဗျာလေးကို သတိတရ ပြန်ရွတ်ဖြစ်တယ်။

    ညီမလေးမိုး အစစအရာရာ အဆင်ပြေအောင်မြင်ပါစေ။း)

    ReplyDelete
  3.း)
    အဆင်ပြေပါစေ အစ်မရေး)
    ဒါပေမယ့် အနည်းးဆုံးတော့ ကိုယ်တယောက်တည်းမဟုတ်ပဲ မောင်နှမတွေ ရှိနေတယ်ပေါ့ ..း))

    ReplyDelete
  4. မာမူလဲ..အားတူတူပါပဲကွယ်

    ReplyDelete
  5. မိုးထဲလေထဲ ရောက်နေမှတော့ မောတော့မောတာပေါ့ အကောင်းဆုံးဖြစ်အောင် ဆက်လျှောက်ရတာ တချိန်မှာ ကိုယ့်ဘ၀ကို ပြန်တွေးမိရင် ကြည်နူးစရာ ကောင်းမှာပါ။
    အားပေးလျက်...

    ReplyDelete
  6. မိုးထဲလေထဲ ရောက်နေမှတော့ မောတော့မောတာပေါ့ အကောင်းဖြစ်အောင် ကြိုးစားဆက်လျှောက်တာ တချိန်မှာ ကိုယ့်ဘ၀ကို ပြန်တွေးကြည့်ရင် တကယ်ကြည်နူးစရာ ကောင်းပါတယ်။
    အားပေးလျှက်...

    ReplyDelete
  7. ဘ၀အမောများ ပြေစေသည်းလို့ ဆုတောင်းပေးလိုက်ပါတယ်။
    ရွှင်လန်းချမ်းမြေ့ပါစေ။

    ReplyDelete