Friday, April 2, 2010

ရုပ်အတည်နဲ့ ပိုစ့် အတည်

မှတ်ချက် (မေမေရေးတဲ့ဖူးစာကိုဖတ်ပြီးမှ ဒီပိုစ့် လေးကို ဖတ်ဖို့ တောင်းဆိုပါတယ်ရှင်းးးးးးးး)

မနေ့ ကတင်လိုက် တဲ့ ဧပရယ်ဖူးရဲ့ ပိုစ့်လေးက တကယ်ရင်ထဲက ခံစားမိတဲ့အတိုင်း ရေးခဲ့တာပါ။ ဒါပေမဲ့ ဧပရယ်ဖူးဆိုတဲ့အတိုင်း ဖူးလိုက်တဲ့ စကားလေးတော့ ရှိပါတယ် အဲဒါကတော့ မိုးဓါတ်ပုံကြည့်တယ်ဆိုတာတွေကတော့ ဧပရယ်ဖူးပါ။ တကယ်တော့ မိုးဓါတ်ပုံလုံးဝမကြည့်ခဲ့ဖူးပေါ့  ကြည့်ရင်တောင် ဒီလောက်လွယ်လွယ်တော့ လက်ထက်ဖို့  မဆုံးဖြတ်နိုင်ပါဖူး။ အချစ်ဆိုတာ တကယ်တော့ ဒီလောက်မလွယ်ဖူးလေ အတယ်တော့အချစ်ဆိုတာ လွယ်တယ်လို့ လည်း ပြောမရသလို ခက်တယ်လို့ လည်းပြောမရပြန်ဖူးပေါ့ ။တကယ်ရိုးရှင်းတဲ့ သူဘာသာသူအလိုလို ရင်ထဲကထွကပေါ်လာတဲ့ ခံစားချက်တစ်ခုလို့ ယူဆထားပါတယ်။ လူတိုင်းက ကိုယ်ခံယူချက်နဲ့ ကိုယ်ပေါ့ တချို့ တွေမှာတော့ ကန့် သတ်ချက်တွေရှိမယ် တချို့ တွေမှာတော့သတ်မှတ်ထားတဲ့စံနှုန်းတွေရှိမယ် အမျိုးမျိုးပေါ့ လေ။

မိုးကတော့ အဲဒီလိုထဲမှာမပါဖူးပေါ့  ခံစားချက်တွေမှာအကြောင်းပြချက်တွေမရှိပဲ ရင်ထဲကသူ့ အလိုလိုထွက်ပေါ်လာတဲ့ ခံစားချက်ပဲ ခံစားချက်မှန်မယ်လို့  ယူဆတယ်လေ။မိုးကလောကကြီးကိုသာ ဘောင်ခတ်ကြည့် နေရပေမဲ့ လူတစ်ယောက်ကိုတော့ ဘောင်ခတ်ပြီမရွေးချင်ဖူး ကိုယ့် လာဘောင်ခတ်လည်းမကြိုက်ဖူးလေ ငယ်ငယ်တည်းက မိသားစုတွေရဲ့  အမိန့် တို့  အာဏာတို့  သြဇာတို့ နဲ့  ကြီးပြင်းခဲ့ရတော့ အဲဒါတွေကိုသိပ်မုန်းတယ်။ ဒါပေမဲ့ တချို့ အကြောင်းရာတွေကတော့လည်း လက်ခံပါတယ်။ စည်းကမ်းကိုတော့လိုက်နာတယ် ဒါပေမဲ့ သြဇာ အာဏာပေးတာတော့လုံးဝ မနှစ်သက်ဖူးပေါ့ ။

မိုးရဲ့  မေမေရေးတဲ့ဖူးစာကို ဖတ်ပြီးညီမလေးမိုးခါးတစ်ယောက်ကတော့ အနီးကပ်အတွင်းသိတွေမို့  ဖူးတယ်ဆိုတာချက်ချင်းသိလိုက်တယ်။ ကျန်တဲ့လူကြီးမင်းတွေကတော့ မိုးရုပ်တည်နဲ့ ပိုစ့် အတည်ရေးတယ်ထင်လို့  တောင်းဆုတွေချွေလိုက် မေးလ်ကနေဂုဏ်ပြုလိုက်နဲ့  အမပျော်နေလားမေးတဲ့သူကမေးနဲ့  ဒါကြောင့် ကြာကြာမဖူးချင်တော့ဖူး
တစ်နှစ်မှာ တစ်ကြိမ်ဖူးလိုက်တဲ့ပိုစ့်လေးကို နားလည်ပေးမယ်ထင်ပါတယ်။လူကြီးတွေကို အရူးလုပ်သလိုဖြစ်သွားရင်တောင်းပန်ပါတယ်နော်

အားလုံးနှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့် စုံပြီး သာယာချမ်းမြေ့တဲ့ဘဝကို ပိုင်နိုင်ကြပါစေဆုတောင်းရင်း
မိုး




9 comments:

  1. ဖူးမှန်းသိပေမယ့် အဖူးခံရယောင်ဆောင်လိုက်တာပါကွယ် :P

    ReplyDelete
  2. သိသားပဲ ဟဲဟဲ

    ReplyDelete
  3. ကိုယ်တို့က သိပြီးသားပဲ .. :P

    ReplyDelete
  4. ဟင်... လူဆိုး... ကျနော်က ပိန်းတယ်.. သိဝူး.. ဟင့်.. တကယ်ဝမ်းသာနေတာ... ဟင့်... ညဘက်မှာတောင် အဲဒီကိစ္စစဉ်းစားမိသေးတယ်... လူချိုး... ဟင့်...း((

    ReplyDelete
  5. ဟောဗျာ....ဘယ်လို...အင်း...ကောင်းပါ၏ ။ ခင်တဲ့
    (ချိုကျ)

    ReplyDelete
  6. တကယ်တော့ လက်ထပ်တာနဲ့ အချစ်နှင့် မတူပါဘူး၊ အဲဒီလိုကြီးနဲ့ နောက်ပိုင်း မနေချင်တာကြီးနဲ့ အောင့်အင်းခံစားပြီးနေနေရတဲ့ သူတွေ ပြန်မပြောကြပါဘူး

    ReplyDelete
  7. သူပဲ အမျိုးမျိုး ...း))))

    ReplyDelete
  8. ကောင်း၏ ကောင်း၏ ရုပ်အတည် နဲ့ ပိုစ့်အတည်း)

    ZaunG

    ReplyDelete
  9. ခု ပဲ ဖူး လိုက်

    ခုပဲ ရှင်းလိုက်..

    နိုဘယ်သင်္ကြန် မိုး....

    ခွင့်လွှတ်ပါဘူးးးးးး...

    :-P

    ReplyDelete