Thursday, April 8, 2010

လွမ်းတယ်


နှစ်သစ်မှာ ၇ ရက်သားသမီးများအားလုံး ကျမ်းမာချမ်းသာ ပါစေရန်ဒီနေရာမှ တောင်းဆုပြုလိုက်ပါတယ်ရှင်း။


ခုချိန်မှာ အားလုံးလိုလို တန်ခူးလရဲ့ အငွေ့ သက်လေးနဲ့ အတူ သင်္ကြန်တွက် ကြိုတင်အစီစဉ်လေးတွေဆွဲကြ တချို့ သင်္ကြန်တွက် အလှပဆုံးဖြစ်အောင် ဝတ်ဖို့ စားဖို့  ရှော့ပင်ထွက်ကြနဲ့ ရန်ကုန်မှာတော့ အားလုံးလိုလိုတက်တက်ကြွကြွဖြစ်နေကြမှာ မြင်ရောင်မိပါတယ်။

ရန်ကုန်ကသူတွေ တက်ကြွနေချိန်မှာတော့  ကိုယ့်နိုင်ငံကိုယ့်လူမျိုးတွေနဲ့  အဝေးကိုရောက်နေသူတို့ အဖို့ တော့ အားလုံးဟာ လွမ်းမောစရာတွေပဲပေါ့ လေ။

ဘာမှ လွမ်းစရာအကြောင်းမရှိခဲ့ရင်တောင် အနည်းဆုံးတော့  ပိတောက်ပန်းလေးနဲ့  တရားစခန်းကိုလွမ်းနေမိတယ်လေ။ မိုးကသင်္ကြန်တစ်ခါမှ အလည်ပတ်မထွက်ဖူးတော့  အဲဒီအရသာကိုမသိဖူးပေါ့ ။ငယ်ငယ်ကတော့ လမ်းထဲမှာပဲ ရေထွက်ပက်ဖူးတယ်။ နောက်အသက် ၁၃နှစ်လောက်က သင်္ကြန်မှာ သီလရှင်ဝတ်ဖြစ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ သင်္ကြန်ဆို နှစ်တိုင်းလိုလို တရားစခန်းပဲဝင်ဖြစ်တယ်လေ။ တန်ခူးလမှာ လူတော်တော်များများကနှစ်သက်တဲ့ရက်နဲ့  မိုးနှစ်သက်တဲ့ရက်ကတော့ ကွာမယ်ထင်ပါတယ်။ မိုးအနှစ်သက်ဆုံးကတော့ နှစ်ဆန်းတစ်ရက်နေ့ ပေါ့ ။ အဲဒီနေ့ ဆို တရားစခန်းကနေမနေနိုင်တော့ဖူး ဘုန်းကြီးကျောင်းက သီလရှင်ဆရာလေးတွေကို တပည့် တော်ဒီနေ့  နေ့ ဝက်မှာထွက်မယ်လို့ လျှောက်ထားတတ်တယ်လေ။အဲဒီနေ့ ဆို အိမ်အမြန်ရောက်ချင်တာပဲသိတယ်။

မိုးတို့ လမ်းရဲ့  နှစ်လမ်းကျော်မှာ ၈ လမ်းပေါ့  အဲဒီမှာဓမာရုံရှိတယ်လေ။ မိုးတို့ ငယ်ငယ်လေးတည်းက မောင်လေးနဲ့ မိုး အမြဲတူတူဝတ်ရွတ်ခဲ့တဲ့ ဓမာရုံလေးပေါ့ ။ ဓမာရုံမှာသက်ကြီးပူဇော်ပွဲ နှစ်စဉ်လုပ်လေ့ရှိတယ်။အမြဲတမ်းအဲဒီပွဲကိုမှီလေ့ မရှိဖူးလေ။ တချို့ နှစ်တွေမှာ တရားစခန်းက ၃နာရီနောက်ပိုင်းမှ ထွက်ခွင့် ရလို့ ပါ။ ဘာဖြစ်ဖြစ် ၃နာရီအိမ်ရောက်မှ နေသာသွားတာ အကြောင်းက မိုးတို့ ရပ်ကွက်မှာ တစ်နှစ်မှာတစ်ကြိမ် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်တယ်လေ။ တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ ပေါ့ အဲဒီနေ့ မှတစ်နှစ်လုံးမတွေ့ ဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ လည်းဆုံဖြစ်ကြတော့ အရမ်းလည်းပျော်ရွှင်စရာကောင်းတဲ့နေ့ ပေါ့ ။

ခုချိန်မှာလွမ်းတာကတော့ ပန်းပိတောက်ကို ဘုရားကပ်ချင်တာရယ် နှစ်ဆန်းတစ်ရက်နေ့ ရယ်ကို အရမ်းလွမ်းတယ်။ မိုးကပန်းတွေကိုအရမ်းနှစ်သက်တယ်လေ။ ဒါပေမဲ့ ဘယ်တော့မှပန်လေ့မရှိဖူးပေါ့  အိမ်ရှေ့မှာပန်းပင်စိုက်တယ် အဲဒီပန်းလေးတွေသီပြီး ဘုရားကပ်လေ့ရှိတယ်။ ပန်းတိုင်းကသူအလှနဲ့ သူရှိကြတာမို့  ဘယ်ပန်းကိုပိုနှစ်သက်လည်းဆိုတာတော့မပြောတတ်ဖူးပေါ့ ။ မွှေးတဲ့ပန်းနဲ့  မမွှေးတဲ့ပန်း ရောကပ်လေ့ရှိတယ်။ ဘုရားစဉ်လေးမှာ ပန်းလေးတွေနဲ့  မွှေးမွှေးလေးနဲ့ ဝေဝေဆာဆာလေး မြင်နေရရင်ကိုစိတ်ထဲမှာချမ်းသာတဲ့အရသာကို ဘာနဲ့ မှမတူဖူးအဲဒီခံစားချက်လေးကို အရမ်းနှစ်သက်တယ်လေ။ အင်းဘာလိုလိုနဲ့  ၂ နှစ်ရှိပြီပေါ့ ဒီမှာပဲ သင်္ကြန်ကျတာ။လွမ်းလိုက်တာ အော် တစ်နှစ်မှာတစ်ခါပွင့် တဲ့ ပန်းပိတောက်ကို မမြင်ရတာ ၂နှစ်တောင်ပြည့်ပြီလေ။

နှစ်သစ်မှာ အားလုံးပျော်ရွှင်မှုအပြည့်နဲ့  သာယာချမ်းမြေ့နိုင်ပါစေနော်
မိုး

11 comments:

  1. လာလွမ်းသွားပါတယ် ...

    တရားစခန်းပဲ အမြဲဝင်ဖြစ်တယ်ဆိုတော့ သာဓု သာဓု သာဓု ပါဗျာ ...

    ReplyDelete
  2. မင်္ဂလာပါ..

    နှစ်သစ်မှာ ကျန်းမာရွှင်လန်း ချမ်းမြေ့ပြီး အစစ အရာရာ အဆင်ပြေ ချောမွေ့ အောင်မြင် နိုင်ပါစေလို့ ဆုမွန်ချွေလိုက်ပါတယ် မိုး ရေ..

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  3. မမမိုးကလည်း စလုံးမှာ ပိတောက်တွေ ပေါမှပေါလေ....း)).... တစ်ခုတော့ရှိတယ်... အငွေ့အသက်ပေါ့.... စလုံးမှာဆိုရင် ဘုန်းကြီးကျောင်းတွေလည်း အများကြီး၊ သင်္ကြန်ဆိုတာလည်း ထပ်တူနီးပါး ဆင်နွှဲရပါတယ်.. တရားလည်းနာရပါတယ်... ဒါပေမယ့် တကယ့် အငွေ့အသက်ကတော့ ဆီနဲ့ရေလို ကွာလွန်းပါတယ်.. ကိုယ့်နိုင်ငံမှာဆိုရင် ဘာကြောင့်ရယ်မသိ နွေးထွေးတယ်ဗျာ... မမိုးပြောမှပဲ ကျွန်တော်တအားကို လွမ်းသွားပြီ....း(((....

    ReplyDelete
  4. သာဓု၊ သာဓု၊ သာဓု
    ပိတောက်ပန်းတွေပွင့်နေတာကို မြင်ချင်ရင်တော့
    နေရာပြောပြမယ် ဒါပေမဲ့ ဒီအတိုင်းတော့မရဘူးနော်...:D
    KFC မှာ တစ်ဝကျွေးမယ်ဆိုမှ ရမယ်......:P

    ReplyDelete
  5. ang mo kio မှာ ပွင့်နေတာ တွေ၊ ကြွေ ကျ နေတာ တွေ၊ အယ်ဂျူး နစ်မှာ ပွင့်နေတာ တွေ ရော သွားကြည့်လိုက်ပါ မိုး အလွမ်း ပြေသွားမှာပါ၊ ဒီ မှာ ပွင့်တာ စောတယ် လေ..လွန်ခဲ့တဲ့ တပတ် ထဲက ပွင့်နေပီ...အများကြီးပဲ....း)

    ReplyDelete
  6. မိုးရေ...ဒီနှစ် မောင်နှမတွေအများကြီးနဲ့အတူ ဆင်နွှဲကြမှာဆိုတော့ လွမ်းချိန်ရော ရှိပါဦးမလား။ ;)

    ReplyDelete
  7. မိုး ပိုစ့်လေး ဖတ်သွားတယ် ။
    တရားစခန်း ဝင်တယ် ဆိုလို့ မိုးတော့ သင်္ကြန်မှာ ကုသိုလ်တွေ တော်တော်ရမှာပဲနော်။
    ပျော်ရွှင်စရာ နှစ်တစ်နှစ် ဖြစ်ပါစေနော် မိုး။

    ReplyDelete
  8. သင်္ကြံန်ကိုလွမ်းတဲ့ အလွမ်းလေးကို ခံစားသွားပါတယ်။ ပိတောင်းပန်းလေး တွေကိုပါ လွမ်းဆွတ်မိတယ်ဗျာ။

    ReplyDelete
  9. တရားစခန်းဝင်တဲ့သူတွေကို ချီးကျူးတယ်။ဘာလို့ လဲဆိုတော့အကြာကြီးမထိုင်နိုင်လို့ လေ။

    ReplyDelete
  10. မမိုးရေ...
    ရေလာလောင်းပါတယ်။
    ဒီအချိန်ကတော့ လွမ်းစရာတွေချည်းပဲနေမှာနော်...

    ခွန်တို့မြို့မှာလည်း နှစ်ဆန်းတစ်ရက်နေ့ဆိုရင်
    ညနေဘက် မြို့နယ်လုံးကသံဃာတွေကိုဆွမ်းဆန်စိမ်းလောင်းပွဲရှိတယ်။
    သတိရလိုက်တာ...

    ReplyDelete
  11. ကျွန်တော်ရဲ့ post လေးတွေကိုအမြဲတမ်းလာအားပေးနေတဲ့ မိုး နဲ့သင်္ကြန်ခံစားချက်လေးတွေတူနေတဲ့အတွက်အရမ်းပဲဝမ်းသာမိပါတယ်။တရားထိုင်တဲ့ အတွက်လည်း သာဓုပါနော်။

    ReplyDelete