Wednesday, April 21, 2010

ဝဋ်ကြွေး

နှစ်သစ်မှာ ကိုယ်တိုင်းပြည်လေးကိုလွမ်းတဲ့စိတ်နဲ့  ကြိုဆိုမိမယ်ပေါ့ ဒီလိုပဲ တွေးခဲ့မိတာလေ။ အမှတ်မထင်ပဲ ကြွေကွဲစရာတွေနဲ့  ကြိုဖြစ်သွားတယ်လေ။ ကိုယ်အနေနဲ့  ဘာမှလည်းမလုပ်ပေးနိုင်ဖူး ဆုတောင်းပေးတာကလွဲလို့ ပေါ့။

ငယ်ဘဝကဆိုရင်တော့ နှစ်ဆန်းတစ်ရက်ပြီးနောက်တစ်ရက်ဟာ အောင်စာရင်းတွေတွက်တော့ ဘဝတွက် လှေခါးတစ်ထစ်တက်ခွင့်ပေးလိုက်သလိုပေါ့။ကိုယ်ကိုကိုယ် ပြန်စဉ်းစားပြီး အားမရဖူးဖြစ် နေတာတော့အမှန်ပါ။ ခုထိဘာမှလည်းတိုးတက်တာမရှိသလို ခံစားရတယ်လေ။ လူသားတစ်ယောက်အနေနဲ့  လူသားတွေရဲ့ အကျိုးကို ကိုယ်တက်နိုင်တဲ့ဘက်ကနေ သယ်ပိုးချင်တယ်။ လက်တွေ့ မှာတော့ ဘာမှအကောင်ထည်မဖော်နိုင်သေးဖူးဖြစ်နေတယ်လေ။

ကိုယ်ရဲ့စိတ်ကူးတွေ ရည်မှန်းချက်တွေကြောင့် မိသားစုတွေနဲ့ ခွဲခွါပြီး နေထိုင်သာနေရတယ်။ တစ်ခါတစ်လေ ကိုယ်ကိုကိုယ် စက်ရုပ်လားလို့  ခံစားမိတယ်လေ။ ဘေးပတ်ဝန်းကျင်မှာလည်း တာဝန်ကိုယ်စီနဲ့ စက်ရုပ်လေးတွေလှုပ်ရှားနေသလိုပါပဲ။ မိသားစုရင်ခွင်မဲ့နေတဲ့လူတွေလည်း တော်တော်များများလာတာတွေ့ ရတယ်။ ကြည့်ပြီးစိတ်မကောင်းဖူး ဘာမှလည်းမတက်နိုင်ဖူးလေ။ ဒါတွေဟာ လောဘတို့  ဂုဏ်ပကာသန အတွက်ပဲ တော့မဟုတ်ဖူးဆိုတာတော့ ကောင်းကောင်းသိထားပါတယ်။ အခြေနေအရပ်ရပ်ကြောင့်သာ ရပ်တည်နေကြရတာ ရင်ထဲမှာခံစားချက်ကိုယ်စီနဲ့ ပေါ့။

တစ်ခါတစ်လေ မောမောနဲ့ အလုပ်ကပြန်လာရင် ကိုယ့်အဆောင်ကသော့လေးဖွင့်ရင် သမီးမောပြီပြန်လာရင် တခါးဖွင့်ကြိုနေမဲ့  မိဘတွေကိုတွေ့ ချင်တယ်လေ။ အဖေလို့ အကြိမ်ကြိမ်ခေါ်ချင်တယ် ဘေးနားမှာသမီးလို့ ပြန်ထူးတဲ့အသံလေးကြားချင်တယ်။ အသက်ရှင်နေတဲ့အချိန်လေးမှာ ကိုယ့်ရဲ့မိသားစုတွေနဲ့ အတူဖြတ်သန်းချင်တယ်။ မိဘတွေကို ကိုယ်တိုင်ချက်ကျွေးချင်တယ်။ ဒါတွေမလုပ်နိုင်ဖူး ဖြစ်နေတာ ကိုယ်ရဲ့ လေဘတွေကြောင့်လား ပြန်စဉ်းစားနေမိတယ်လေ။ သေချာတာကတော့ မိဘတွေဘေးမှာနေပေမဲ့ လည်း ကိုယ်ရဲ့ အရည်ချင်းနဲ့ မိဘတွေစီကဘာမှမထောက်ပံ့ပဲ ခုလိုကိုယ့်ဘာသာရပ်တည်ဖို့တာ့လုံးဝမလွယ်ဖူး။
ခုကျေနပ်စရာကတော့ ကိုယ်ဘာသာ ကိုယ်ရပ်တည်နိုင်တာ တစ်ခုပဲရှိတယ်လေ။

ငယ်ငယ်တည်းက ဆုတောင်းတွေလည်းမပြည့်လာတော့ ခုနေဘာမှမဆုတောင်းချင်တော့ဖူးပေါ့။ ဒါကြောင့် တစ်ခါတစ်လေ ကိုယ်ကိုကိုယ်ပဲပြန်စဉ်းစားကြည့်တယ်လေ။ ဒါဟာဝဋ်ကြွေးတစ်ခုဖြစ်မှာပဲလို့ ပေါ့ ။ အရင်ဘဝရဲ့ အကုသိုလ်ကြောင့် လို့ ပဲသတ်မှတ်ပါတယ်။

ဒါကြာင့် ကိုယ့်လိုပဲ မိဘမေတ္တာငတ်နေတဲ့သူတွေကို မေတ္တာနဲ့ စောင့်ရှောက်ချင်မိတယ်လေ။ အဓိကတော့မိဘမဲ့ကလေးတွေကိုပေါ့။ ခုတော့ ကိုယ့်ရည်မှန်းချက်လေးတိုင်း တနင်္ဂနွေနေ့ တစ်ရက်ကိုတော့ အသုံးချခွင့်ရနေပြီပေါ့ ။ တကယ်ဖြစ်ချင်တဲ့ တကယ်လိုအပ်နေတဲ့  မိဘမဲ့လေးတွေကိုဖြည့်ဆည်းပေးချင်တာလေ။ ဆက်သွယ်ကောင်းကောင်းမရသေးပေမဲ့  ပြောထားပါတယ်။ လိုအပ်ရင် သူတို့ လေးတွေတွက်တစ်ပတ်တစ်ရက်တော့ အချိန်ပေးချင်တယ်။

စိတ်ညစ်ညစ်နဲ့  ပိုစ့်တစ်ခုရေးမိသွားပြီ။

အားလုံးသာယာချမ်းမြေ့ကြပါစေနော်
မိုး



9 comments:

  1. စိတ်ညစ်ညစ်နဲ့ရေးရင်း မွန်မြတ်တဲ့စိတ်ထားလေးကိုသိခွင့် ရခဲ့ပါတယ်မိုးရေ...
    လေးစားမိပါတယ်ဗျာ..ခင်တဲ့(ချိုကျ)

    ReplyDelete
  2. ကောင်းလိုက်တဲ့ မွန်မြတ်လိုက်တဲ့ စိတ်ကူးလေးပါ မမမိုး... အောင်မြင်ပါစေလို့....း)).... ဆုတောင်းပေးပါတယ်ဗျာ...

    ReplyDelete
  3. ၀ဋ်ကြွေးလို့ မသတ်မှတ်ပါနဲ့ဗျာ .. ကျေးဇူးကြွေးတွေ ဆပ်ရမယ်လေ .. ခုလို မွန်မြတ်တဲ့ စိတ်ကူးလေးတွေက တချိန်ချိန်မှာ ကိုယ်ဖြစ်ချင်တဲ့ အရာတွေ မရည်ရွယ်ပဲ မဆုတောင်းပဲ သူ့အလိုလိုကို ရောက်လာလိမ့်မယ် ... မယုံရင် စောင့်ကြည့်နေ ...း)

    ReplyDelete
  4. မင်္ဂလာပါ..

    အလွန်ကို မွန်မြတ်သန့်စင်တဲ့ ရင်ထဲက မေတ္တာအပြည့်နဲ့ စိတ်ကူးလေးမို့ အောင်မြင်မှာ မုချပါဗျာ။
    ဆထက်တိုးလို့ ဆောင်ရွက်နိုင်ပါစေ။

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  5. စိတ်မညစ်ပါနဲ့ မိုးရေ...
    ကိုယ့်ထက်ဆိုးတဲ့ အခြေနေတွေ လောကမှာ များသားရယ်..
    ပျော်ရွှင်စွာပဲ ဖြတ်သန်းကြတာပေါ့..

    ReplyDelete
  6. အလုပ်တွေသိပ်များနေလို့ အခုမှပဲရောက်ဖြစ်တယ် မိုးရေ။

    ဘယ်အရာမဆို ကြီးမားတဲ့စိတ်ဆန္ဒရှိရင် တစ်နေ့ဖြစ်လာမှာပဲလေ။

    လူတွေအများကြီးရှိတဲ့အထဲက လူနည်းစုပဲ ပုံမှန်လုပ်နိုင်တဲ့ အလုပ်တစ်ခုလုပ်ခွင့်ရတာက အစပေါ့။

    နောက်တော့ တဖြည်းဖြည်းနဲ့ ဒီ့ထက်ပိုလုပ်ခွင့်တွေ ရလာမှာလေ။

    အခုလုပ်ခွင့်ရတာလေးကို တန်ဖိုးထားပြီး ရသလောက်စွမ်းလိုက်ပါအုံးနော်။း)

    ReplyDelete
  7. မွန်မြတ်တဲ့ စိတ်ကို လေးစားမိပါတယ်၊ပျော်ရွှင်အေးချမ်းနိုင်ပါစေ။

    ReplyDelete
  8. ပုံမှန်May 6, 2010 at 7:45 PM

    မွန်မြတ်တဲ့အလုပ်တွေ ဒီထက်ပိုလုပ်နိုင်ပါစေနော်

    ReplyDelete
  9. ကျွန်တော့အထင်ပြောတာပါ ဝဋ်ကြွေး လို့တော့ မတွေးသင့်ပါဘူးလေ။ ကိုယ့် ဘ၀ ကို ကိုယ်တိုင်ကောင်းအောင်လုပ်ချင်ရင် အနုတ်လဏ္ခာအတွေးတွေ မ၀င်အောင် ကျွန်တော်တော့ ရအောင်ထိမ်းတာပဲ။
    မိုးရဲ့ နူးညံ့တဲ့ စိတ်ထားနဲ့ စေတနာ ကိုလေးစားလျက်...
    (ခုတလော ဘယ်မှ ဟုတ်တိပတ်တိ မရောက်ဖြစ်ဘူး ဖြစ်နေတယ် မိုးရေ)

    ReplyDelete