Monday, July 5, 2010

မွှေးပျံ့တဲ့ရနံလေးဆို လူတိုင်းနှစ်သက်ကြတာပါပဲနော်။မွေးရနံဆိုတော့လည်း မွှေးသာမွှေးတယ်။ အမျိုးမျိုးပေါ့ ချိုအီပြီးမွှေးတဲ့သစ်သီးရနံ စူးရှတဲ့ရနံ ပန်းရနံ လန်းဆန်းတဲ့ရနံ အမျိုးမျိုးပါပဲနော်။ ရေမွှေးဝယ်ရင် ဘယ်ရနံနှစ် သက်လည်းမေးရင် ဖြေရတာတော်တော်ခက်ပါတယ်။ မိုးကတော့ အေးပြီးသင်းသင်းလေးဖြစ် နေတဲ့အနံမျိုးကို နှစ်သက်ပါတယ်။ ရနံကလည်းထူးဆန်းပါတယ်နော် အချို့ ရနံတွေက ဆူးရှလွန်းပြီး မူးတတ်သလို သချို့ ရနံတွေကျတော့ အေးချမ်းပြီး လန်းဆန်းသွားသလိုခံစားရတယ်။

ဒါနဲ့ လွန်ခဲ့တဲ့ ၂ လလောက်ကပါ။ ဒီမှာက မိုးတွေကရွာကောင်းတော့ အဝတ်မခြောက်တဲ့တွက် စိတ်ပူရတယ်လေ။ရုံးမသွားခင်လျှော်လို့လည်း မရ ပြန်လာရင်လည်းနေမရှိဆိုတော့ ရုံးပိတ်ရက်လေးကို ပဲတစ်ပတ်တစ်ခါမှ လျှော်ရတာပေါ့။ လေကြောင့်ခြောက်တာထက် နေလေးထိပြီး ခြောက်တာ ကိုပိုသဘော ကျတာ လူတိုင်းပါပဲလေ။ ဒါနဲ့ တရက် နေထွက်လာတဲ့နဲ့ အဝတ်တွေလျှော်မိတာပေါ့။ အဝတ်တွေခြောက်ခါနီးမှာ မိုးကရွာချပါ လေရော။ ဒါနဲ့ ကြည့်လိုက်တော့ တော်တော်ခြောက်နေပြီ တချို့နေရာက အော် မီးပူတိုက်လိုက်ရင်တော့ ခြောက်သွားမှာပါပေါ့။ ဒါနဲ့ သွားစရာကလည်းရှိနေတော့ ပြန်လာမှတိုက်မယ်ပေါ့ ဆိုပြီး ခေါက်ပြီးထားလိုက်မိပါတယ်။ ပြန်လာတော့လည်း မနက်ရုံးတက်ရမယ် စောစောလည်းအိပ်ချင်တာနဲ့  ခပ်ပျင်းပျင်းနဲ့ ခေါက်ထားတဲ့အတိုင်းပဲ ဘီရိုထဲထည့် လိုက်မိပါတယ်။

နောက် ၂ ရက်လောက်ကျမှ အဲဒီထဲက တစ်စုံမီပူတိုက်ပြီး ရုံးသွားတာပေါ့။ ဒါနဲ့ အနံတစ်ခုရတယ်။ ဒါနဲ့ အခန်းထဲမှာကလည်း ဘယ်သူမှမရောက်သေးဖူး မိုးတစ်ယောက်တည်းရှိနေတာဆိုတော့ သေချာတာပေါ့ ဒီအနံက မိုးစီကပဲဆိုတာသိလိုက်ပါတယ်။ ဒါနဲ့ စိတ်တွေလည်းညစ်သွားခဲ့တယ်။ ရုံးလည်းရောက်နေပြီဆိုတော့ဘာမှမတက် နိုင်တော့ဖူးပေါ့ နောက် စီနီယာရောက်လာတော့ ဆွဲပြီးတဲ့ပုံတွေသွားပြတာ စီနီယာကြီးက နှာခေါင်းကို တရှုပ်ရှုပ်လုပ်နေတော့ သေပါပြီး တကယ်ပါ ရှက်လိုက်တာမပြောပါနဲ့ အရှက်ကိုဗြန်းဗြန်းကွဲတာပါပဲ။ အဝတ်တွေသေချာမခြောက်တဲ့ အနံကလည်း တော်တော်ဆိုးပါတယ်။ ဒီထက်ဆိုးတာ အနံခံအာရုံက နောက်ကျမှသိတဲ့ဟာကလည်းပိုးဆိုးပါတယ်။ မိုးကတစ်ခါတစ်လေမှာ အနံက ချက်ခြင်းမရတတ်ဖူး နောက်မှသိရတတ်တယ်လေ။ စောစောကသာသိရင်တော့ ဒီအင်္ကျီဘယ်ဝတ်မလဲနော်။

နောက် ၁၀ တန်းလောက်တုန်းကပါ။ မိုးက စာကိုနံနက်စောစောစာထကျက်ရင် မကျက်ဖြစ်တာက များများ အိပ်ပြီးရင်မထချင်တော့ဖူးဆိုတော့ မအိပ်ခင် ညနက်နက်ထိကျက်တတ်ပါတယ်။ စာမေးပွဲကနီးလာရင် အိပ်လို့ကလည်းကောင်းပေါ့ နေ့ လည်ဆို စာသိပ်မကျက်ချင်ဖူး ဒါနဲ့နေ့လည်ကျတော့ အိပ်ချင်တဲ့ခါအိပ်ပါတယ်။ အိပ်နေရင်လာနိုးတာလည်းမကြိုက်ဖူးလူကြီးတွေကလည်း လာလာနိုးတတ်တာဆိုတော့ တစ်နေ့ အိပ်မယ်ပေါ့ဆိုပြီး အခန်းတံခါးကိုလောခ့်ချ ပြတင်းပေါက်တွေအကုန်ပိတ်ပြီး ပန်ကာလေးဖွင့်ပြီး အိပ်လိုက်တာပေါ့။ အခန်းထဲမှာကြောင်ကို ပိတ်မိနေမှန်းသတိမထားမိဖူးပေါ့။ ဒါနဲ့ ကြောင်ကလည်း ထွက်ပေါက်မရှိတော့ သူ့အစာဟောင်းတွေကို ဘယ်မှာစွန့်သလဲဆိုတော့ မိုးခေါင်းအုပ်ပေါ်မှာ လာစွန့် သွားပါတယ်။ အိပ်နေတော့ ဘာမှမသိဖူးပေါ့ ခေါင်းတစ်ခုလုံးလည်းပေလို့ အမှန်က ကြောင်အနံကတော်တော်ဆိုးတော့ သိသင့်တာပေါ့။ အိပ်ယာထတော့ ဘာတွေလဲ ခေါင်းတစ်ခုလုံး ပစ်ပစ်ချွဲချွဲတွေနဲ့ အန်ချင်ပြီးမူးလာတယ်။ အားးးးးးးးးးးး တော်တော့်ကိုစိတ်ပျက်မိတာပါပဲ။ ရေးနေရင်းနဲ့တောင်ခု အနံရလာသလိုပဲ။ အန်ချင်လာပြီ။ ခေါင်းကိုဘယ်နှစ်ခါ လျှော်လျှော် စိတ်ထဲမသန့် သလိုပဲ တော်တော် ဆိုးတဲ့ကြောင်ပါ။ အဲဒါအိမ်ကလည်း ဟုတ်ဖူး သူများအိမ် ကကြောင်ပါ။ အဲဒီလိုအနံနဲ့ပက်သက်ပြီး စိတ်ဆင်းရဲတာ ၂ ခေါက်ကြုံဖူးပါတယ်။

ဒါကြောင့် မိုးလို အဝတ်အနံထွက်လို့  အရှက်ကွဲတဲ့ ဒုက္ခ ဘယ်သူမကြုံမိစေချင်ဖူးပေါ့။ ခက်တာက အဆောင်ဆိုတော့လည်း အဝတ်မခြောက်လည်း ထားဖို့ နေရာအခက်ခဲတွေကြောင့်လည်း ပါတာပေါ့။

အားလုံးကျမ်းမာပျော်ရွှင်ပြီး သာယာချမ်းမြေ့ပါစေနော်
မိုး

7 comments:

  1. ဖွီးးးးးးးးးး.... ရွံစရာကြီးနော... လျှာလေးနဲ့မြည်းကြည့်လိုက်သေးလား မမမိုး... ဟားဟား... ဖြစ်၇လေ... သနားပါတယ်... ကျွန်တော်က ကြောင်ကိုမုန်းတယ်...


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  2. ဖြည်းဖြည်းထွေးပါ မောင်လေးရဲ့  တံထွေးက ဒီထိးp အဲဒီတုန်းကတော့ စိတ်ညစ်လိုက်တာမပြောပါနဲ့ မျက်နှာတော့မပေပါဖူး တစ်ခေါင်းလုံးတော့ အင်းးးမပြောချင်တော့ပါဖုး တော်သေးတာပေါ့ အဲတုန်းကသာမှောက်အိပ်မိလိုက်လို့ ကတော့ ပန်ပန်ပြောသလိုဖြစ်သွားမှာ...

    ReplyDelete
  3. ဟုတ်ပ မိုးရေ...စာဖတ်နေရင်းတောင် အနံ့ရသလိုပဲ.. :) ကြုံလည်းကြုံတတ်ပ ဟားဟား

    ခင်တဲ့(ချိုကျ)

    ReplyDelete
  4.ုဟုတ်တယ် အစ်မရ ...
    ကျွန်တော်တော့ မသိဘူး ပရုပ်လုံးများများထည့်ထားရင်တော့ အနံပျောက်တယ်လို့ ပြောကြတာပဲ ..

    ReplyDelete
  5. နောက်တစ်ခါ မိုးအနားကပ်လာရင် အနံ့အရင်ခံကြည့်မှ :D

    ReplyDelete
  6. တော်တော်ဆိုးတဲ့ ကြောင်ပဲ

    ReplyDelete
  7. အနံဆိုးကြောင့်ထင်ပါတယ် အရှေ့ ကပေးထားတဲ့မန့် တွေတောင် မရှိတော့ဖူး ပျောက်ကုန်ပြီး ပြေးကုန်တာထင်ပါရဲ့ 

    ReplyDelete